အိမ်အကူအား ဒုတိယအကြိမ် ဆုံးမခြင်း
Vol. 20 Ch. 295
နှစ်သက်သူ ထောင်ချီပြီး မှတ်ချက်များက ငါးထောင်ကျော်သည်။
ရဲ့လင်းချန် မှတ်ချက်ကဏ္ဍသို့ ဝင်ကြည့်လိုက်သောအခါ Tik Tok အသုံးပြုသူကို အစွမ်းကုန် အားပေးသော စကားများနှင့် တိုးလေသည်။ ထို့အပြင် ထိုသူများသည် တက္ကသိုလ်မြို့နားဝန်းကျင်၌ နေသူများ ဖြစ်ပုံရသည်။
[မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစက စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ကြောင့် ဆိုင်ကို သွားကြည့်ဖို့ စဉ်းစားနေတာ]
[သူတို့ တင်ထားတာတွေက အတုတွေလား၊ လွန်လွန်းတယ်၊ လူ့ကျင့်ဝတ်တွေ ဘယ်ရောက်သွားပြီလဲ]
[ငါ တင်တဲ့လူကို အားပေးတယ်၊ ဒါပေမဲ့ ငါ့အတွက် နေရာလေး လုပ်ပေးလို့ ရမလား၊ ငါ တန်းစီနေတာ သုံးရက် ရှိနေပြီ၊ ဝမ်းနည်းလိုက်တာ…]
[အရှက်ကိုမရှိဘူး၊ ဆိုင်က ဝိုင်ရဲ့နာမည်ကိုတောင် သုံးထားသေးတယ်၊ ဒီဆိုင်ကို ပိတ်သိမ်းလိုက်ဖို့ ငါ ပြင်းပြင်းထန်ထန် အကြံပြုတယ်]
[ဟုတ်တယ်၊ ဝိုင်က နာမည်ကို မှတ်ပုံတင်သင့်တယ်၊ ဒါမှ အခြားသူတွေ တလွဲသုံးပြီး ချောက်ချတာကို ရှောင်လို့ ရမှာ]
…
ထိုTik Tok အသုံးပြုသူက အတော်လေး နာမည်ရှိပုံ ရသည်။ မှတ်ချက်ကဏ္ဍတွင် အားပေးသော အသံများနှင့် ပြည့်နေသည်။ လူတော်တော်များများက ယုံကြည်နေပြီး နောက်ကွယ်မှ အားပေးကြောင်း အော်ဟစ်နေသည်။
ရဲ့လင်းချန် မျက်ခုံးတွန့်သွားသည်။ ထိုဝိုင်အလှကုန်ပစ္စည်းဆိုင်က ကျန်းယွင်ရှီကို သူ စီမံခိုင်းထားသည့်ဆိုင် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။ သူ ဆိုင်ကို သွားခဲသော်လည်း Tik Tok တွင် မြင်ရလိမ့်မည်ဟု ထင်မထားမိပါ။ အထူးသဖြင့် အပုတ်ချခံနေရသည့်အချိန်မျိုးတွင်ပင်။
*အလှကုန်ပစ္စည်း အတုတွေ ဟုတ်လား*
*ဒါ အခြေအမြစ်မရှိတဲ့ ယူဆချက်ပဲ*
ရဲ့လင်းချန်သည် ကျန်းယွင်ရှီကို အခြားသူများထက် ပိုနားလည်ပါသည်။ သူမတွင် အလုပ်ကို အလေးအနက်ထား၍ လုပ်တတ်သော အကျင့်စရိုက် ရှိသည့်အပြင် ဆိုင်ကို လည်ပတ်ရာတွင် အထူး ဂရုစိုက်တတ်သည်။ သူမသည် ၎င်းအား သူမ၏ ဘဝလုပ်ငန်း ပန်းတိုင်အဖြစ် သဘောထားပြီး အခြားသူများထက် ပို၍ အလေးအနက် ထားပေသည်။
တစ်စုံတစ်ယောက်က သူ့ကုန်ပစ္စည်းအား ဤသို့ အပုတ်ချနေသည်ကို သူ ခွင့်မပြုနိုင်ပါ။
သူ အိမ်ပြန်ရောက်သောအခါ ကျန်းယွင်ရှီက အလုပ်မှ ပြန်မရောက်သေးပေ။ ထို့နောက် ရဲ့လင်းချန်သည် သူ့ဝတ္ထု အပိုင်းများကို တင်လိုက်ပြီး သုံးပြည်ထောင်အား လေ့လာခြင်းကို ဆက်၍ ထုတ်လွှင့်သည်။
သုံးပြည်ထောင်အား လေ့လာခြင်း၏ ကျော်ကြားမှုသည် ဆက်လက် တိုးမြင့်လျက်ရှိပြီး ကြည့်ရှုသူများစွာကို ပို၍ ဆွဲဆောင်နေသည်။ တိုးမြင့်လာသော ကျော်ကြားမှုနှင့်အတူ ထုတ်ဝေသူ အချို့က ပန်ဒါ ထုတ်လွှင့်ရေးထံ ဆက်သွယ်ပြီး စာအုပ်အဖြစ် ထုတ်ဝေခွင့်ကို ရရှိရန် ကြိုးစားကြလေသည်။
သုံးပြည်ထောင်အား လေ့လာခြင်းကို ရုပ်သံထုတ်လွှင့်ရန် ထုတ်လွှင့်ခွင်ကို ရချင်သည့် ရုပ်သံထုတ်လွှင့်ရေး ဌာနများပင် ရှိလေသည်။
ယင်းသည် သာမန် ထုတ်လွှင့်ရေး ပလက်ဖောင်းတစ်ခုက မှန်းထားသည်ထက်ပင် ကျော်လွန်နေသေးသည်။
တိုက်ရိုက် ထုတ်လွှင့်မှုများက ကျော်ကြားသော်လည်း အကြောင်းရာ အများစုသည် ရုပ်သံဖန်သားပြင်နှင့် အတော်လေး ကွာခြားနေဆဲပင်။ ရှင်းရှင်းပြောရလျင် ၎င်းက ရုပ်သံ ထုတ်လွှင့်ရန် မဖြစ်နိုင်ပေ။
သို့သော် သုံးပြည်ထောင်အား လေ့လာခြင်းက မတူချေ။ ယင်းသည် အပြုသဘောဆောင်သော အားထုတ်မှုနှင့် ပြည့်နှက်နေပြီး ကြည့်ရှုသူများအား သမိုင်း သင်ပေးသလို ဖြစ်သည်။ ယင်းသည် ယဉ်ကျေးမှုစာပေထံမှပင် အသိအမှတ်ပြုခြင်း ခံထားရသည်။ ရုပ်သံ၌ ထုတ်လွှင့်ရန် ပြဿနာ မဖြစ်နိုင်ပါ။
ညကိုးနာရီတွင် ရဲ့လင်းချန်သည် တိုက်ရိုက် ထုတ်လွှင့်မှုမှ ထွက်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာသည်။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း ကျန်းယွင်ရှီက အိမ်ပြန်မလာသေးပေ။ ဧည့်ခန်းတွင် မီယာကို တစ်ယောက်တည်း ဖိနပ်မစီးဘဲ ဆိုဖာပေါ်ထိုင်၍ တီဗွီ ကြည့်နေသည်။ သူမက ခေါင်းအုံးတစ်လုံးကိုပင် ဖက်ထားလိုက်သေးသည်။
မကြာသေးခင်က မီယာကိုသည် ပိုကောင်းသော အမူအကျင့်များ ပြလာပြီး ထွက်ပြေးရန် မစဉ်းစားတော့ချေ။ ရဲ့လင်းချန်ကို ကူညီ၍ အိမ်သန့်ရှင်းရေး လုပ်ပေးရသည်မှလွဲလျင် သူမ၌ အားလပ်ချိန် များနေ၏။
ကျန်းယွင်ရှီ ဆိုင်အတွက် အလုပ်လုပ်နေရပြီး ရဲ့လင်းချန်ကလည်း ကျောင်းတက်နေရသည်။ သူတို့နှစ်ယောက်လုံး အလုပ်များနေသဖြင့် မီယာကိုကို မစောင့်ကြည့်နိုင် ဖြစ်နေခဲ့သည်။
*ဒါ ဘယ်လို အိမ်အကူမျိုးလဲ၊ ဒါ ဘဝကို ပျော်ပျော်နေတဲ့ လူတစ်ယောက်ပုံ ဖြစ်နေပြီ*
ရဲ့လင်းချန် လာနေသည်ကို မြင်သောအခါ မီယာကို၏ တည်ငြိမ်နေသော မျက်နှာက မည်းမှောင်လာသည်။ သူမက ဟွန်းခနဲ အသံပြု၍ ရဲ့လင်းချန်၏ အကြည့်ကို ရှောင်သွားသည်။
“ဟ … ဒါ မင်းသခင်ကို ဆက်ဆံတဲ့ပုံလား”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူသည် ကြက်တောင်မွေးကို ကောက်ယူ၍ လက်ထဲ ဝှေ့ယမ်း နေလိုက်သည်။
“မင်း ထပ်ဆုံးမခံဖို့ လိုနေပြီနဲ့တူတယ်”
“ရဲ့လင်းချန် အရမ်း လွန်မလာနဲ့”
မီယာကိုက ရဲ့လင်းချန်ကို အေးစက်စွာ စိုက်ကြည့်သည်။
“ငါတို့ သဘောတူညီချက်ကို ငါ အကုန် လုပ်ပြီးပြီ၊ ငါ့ဂိုဏ်းကလူတွေ ရောက်လာမယ့်အချိန်ကို စောင့်နေလိုက်၊ နင် နောင်တရလိမ့်မယ်”
“ဟမ့် မင်းဂိုဏ်းက လူတွေ ဟုတ်လား”
ရဲ့လင်းချန် စိတ်လှုပ်ရှားသွားသည်။
“ခဏလောက် မဆုံးမလိုက်မိတာနဲ့ မင်းက ဦးမော့လာပြီပေါ့လေ၊ သူတို့ကို စောင့်နေစရာ မလိုဘူး၊ ငါ အခုပဲ မင်းကို သင်ခန်းစာ ပေးမယ်”
“နင် ဘာလုပ်တာလဲ၊ မဆင်မခြင် မလုပ်နဲ့နော်၊ ငါ နင့်ကို ပြန်ချမှာ”
ရဲ့လင်းချန်က ဒေါကန်နေသော ကျားတစ်ကောင်ကဲ့သို့ သူမထံ လာနေသည်ကို မြင်ပြီး မီယာကို ကြောက်လန့်ကာ ဖြူဖျော့သွားပြီး ဆိုဖာပေါ်မှ ထခုန်ကာ ဖိနပ်စီးချိန်ပင် မရဘဲ အနောက်သို့ ခြေဗလာဖြင့် ထွက်ပြေးလေသည်။
သို့သော် ဤနေရာသည် ရဲ့လင်းချန်၏ ပိုင်နက် ဖြစ်သည်။ သူမ သူ့ထံမှ ပြေးမလွတ်နိုင်ပါ။ သူမ အိမ်ထဲ၌ အော်ဟစ်နေစဉ်မှာပင် သူမနှင့် ရဲ့လင်းချန်ကြားမှ အကွာအဝေးက ကျဉ်းမြောင်းလာ၏။
“ငါ နင့်ကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်၊ ထွက်သွား”
မီယာကိုက ကြောက်လန့်တကြား အော်ဟစ်သည်။ ထို့နောက် သူမက ခြေထောက်တစ်ဖက်ကို မြှောက်၍ ရဲ့လင်းချန်ကို ကန်လေသည်။
သူမသည် အိမ်၌ ရိုးရှင်းသော ညအိပ်ဝတ်စုံကိုသာ ဝတ်ထားသည်။ ၎င်းက ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာ ရှိသည်။ သူမခြေထောက်ကို ထိုသို့ မြှောက်လိုက်သောအခါ ဂါဝန်က မြောက်တက်သွားပြီး အရောင်လေး တစ်ရောင်ကို မြင်လိုက်ရသည်။
ရဲ့လင်းချန် သူမကို တစ်ချက်ကြည့်ပြီး နှလုံးခုန်နှုန်းမမှန် ဖြစ်သွားလေသည်။ ထို့နောက် သူမခြေထောက်ကို သူ လှမ်းဖမ်းလိုက်သည်။
“မင်းက လက်တုံ့ပြန်ရဲတာလား၊ အပြစ်ပေးတဲ့အနေနဲ့ မင်းခြေထောက်ကို ဒီအတိုင်း နှစ်နာရီ မြှောက်ထား”
မီယာကိုက ဘာဖြစ်သွားသလဲ သတိထားမိသွားပြီး ရဲ့လင်းချန်ကို စိုက်ကြည့်သည်။
“အရှက်မရှိတဲ့ သေနာကြီး”
“အရှက်ကင်းပြီး အကြမ်းဖက်တယ်၊ မင်း တဖြည်းဖြည်း မာန်တက်လာတာပဲ၊ ငါ မင်းအပေါ် သိပ်ကောင်းနေခဲ့ မိတယ် ထင်တယ်”
ရဲလ့င်းချန်က တွေဝေမနေဘဲ မီယာကိုကို ပြန်ချကာ သူမလက်ဝါးကို အတင်း ဖြန့်လိုက်ပြီး ကြက်တောင်မွေးဖြင့် သူမလက်ဝါးကို ရိုက်လိုက်သည်။
“အား … မကောင်းဆိုးဝါးကြီး၊ ငါ့ကိုလွှတ်”
မီယာကိုက ရဲ့လင်းချန်ကို လူသတ်မတတ် စိုက်ကြည့်နေပြီး သူမခန္ဓာကိုယ်က မသိမသာ တုန်နေကာ သူ့ကို ကိုက်လိုက်ချင်သည့် စိတ်ကို ထိန်းနေရသည်။
“တစ်ယောက်ယောက်က အခုထိ အရှုံးမပေးသေးဘူးပဲ”
ရဲ့လင်းချန်၏ နှုတ်ခမ်းက ကော့ညွန့်လာပြီးနောက် မီယာကို၏ လက်ဝါးကို သုံးချက် ထပ်ရိုက်လိုက်သည်။
“ဟွန့်”
မီယာကို ချက်ချင်း ငြိမ်သွားပြီး မကျေနပ်သံပြုကာ နှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားလေသည်။
“ဘယ်လိုလဲ၊ မှတ်ပြီလား”
ရဲ့လင်းချန် မေးလိုက်သည်။
“အင်း …”
မီယာကို ချီတုံချတုံဖြင့် ပြန်ဖြေသည်။
“မင်း ငါ့ကို ဘယ်လို ခေါ်သင့်တာလဲ”
ရဲ့လင်းချန် ထပ်မေးလိုက်သည်။ မီယာကို ခေါင်းလေးစောင်း၍ တုံ့ဆိုင်းစွာ ပြန်ဖြေသည်။
“သ...သ…သခင်”
“ငါ မင်းကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ အပေါ်တက်ပြီး ငါ့အိပ်ရာ ပြင်ပေး”
ရဲ့လင်းချန်က တင်းမာသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
မီယာကိုက ရဲ့လင်းချန်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်နေလေသည်။
“ဟုတ်တယ်လေ၊ ငါ ထပ်ပြောဖို့ လိုတာလား”
ရဲ့လင်းချန်က သူမကို အေးစက်စက် ကြည့်၍ ကြက်တောင်မွေးကို မြှောက်လိုက်သည်။
“ကောင်းပြီလေ၊ ငါ သွားမယ်”
မီယာကိုက ကြောက်လန့်နေသော အကြည့်ဖြင့် ခပ်သွက်သွက် သဘောတူသည်။
မီယာကို အပေါ်ထပ် တက်သွားသည်ကို ကြည့်ပြီး ရဲ့လင်းချန်က ကျေနပ်သလို ခေါင်းညိတ်လိုက်သည်။
*အခုမှပဲ ဟုတ်သွားတော့တယ်*
ထိုအချိန်မှာပင် ကျန်းယွင်ရှီ ပြန်ရောက်လာ၏။ သူမ၏ မျက်လုံးများက ပင်ပန်းဟန် ပေါ်နေပြီး တံခါးကို တိတ်တိတ်လေး ဖွင့်လေသည်။
ရဲ့လင်းချန်ကို ဧည့်ခန်း၌ မြင်လိုက်ရသောအခါ သူမ အံ့ဩသွားသည်။
“လင်းချန် နင် အခုထိ ဒီမှာ ရှိနေသေးတာလား၊ မီယာကို … ဘယ်မှာလဲ”
“သူ့တာဝန်တွေကို သူ လုပ်နေတယ်”
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။
ကျန်းယွင်ရှီ၏ မောပန်းနေသော မျက်နှာကို ကြည့်ပြီး ရဲ့လင်းချန်၏ နှုတ်ခမ်းများ တွန့်သွားသည်။
*အိမ်အကူဖြစ်တဲ့ မီယာကိုကတော့ အေးဆေးနေတယ်၊ ဒါက … မမျှတဘူး*
“ဪ … နောက်ကျနေပြီလေ၊ နင် အပေါ်တက်ပြီး မနားတော့ဘူးလား”
ကျန်းယွင်ရှီက ဆက်ပြောသည်။
“ခဏလောက် နေဦးမယ်၊ အခုတလော အလှကုန်ပစ္စည်းဆိုင် အခြေအနေ ဘယ်လို ရှိလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“ပြေပါတယ်၊ ငါတို့ တိုးတက်အောင် လုပ်နေတုန်းပဲ”
ကျန်းယွင်ရှီ ပြန်ဖြေလိုက်ပြီးနောက် သူမမျက်လုံးတွင်း၌ စိုးရိမ်နေသော အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။
ကျန်းယွင်ရှီက မျက်လုံးချင်းမဆုံဘဲ အဆင်ပြေဟန်ဆောင်၍ ပြောလိုက်သည်။
“လုပ်ငန်းလုပ်ရင် ပြိုင်ဘက်တွေနဲ့ တိုးတာကတော့ ရှောင်မရဘူးလေ၊ အသေးစား ပြဿနာလေးပါပဲ၊ အရမ်း မကြီးပါဘူး”
…