← Chapters

လက်ထပ်ခြင်းကစိတ်ပျက်စရာလား

Vol. 29 Ch. 403

လက်ထပ်ခြင်းကစိတ်ပျက်စရာလား

Vol. 29 Ch. 403

အခန်း (၄၀၃) လက်ထပ်ခြင်းကစိတ်ပျက်စရာလား

"ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ကျန်းလန်ကို နဂါးမျိုးနွယ်တွေဆီ အလည်အပတ်ခေါ်သွားတဲ့အချိန်မှာ အန္တရယ်ဖြစ်ဖို့ သိပ်လွယ်တယ် ၊ ဒီတော့ လူ ဘယ်နှစ်ယောက်သွားဖို့ စီစဉ်ထားလဲ"

ဖုန်းယီရှောက်က မေးလိုက်သည်။

သူနှင့် မော့ကျန်းသုန့်ကတော့ ခရီးထွက်နိုင်မည် မဟုတ်ပေ။

အလယ်တွင်ရှိသည့် တောင်ထွတ် (၇)ခုမှသာ ခရီးထွက်ရမည် ဖြစ်သည်။

ကျိုးကျုန်းထျန်းက သေရည်ဘူးသီးခြောက်ကို ဘေးတွင်အသာချလိုက်ရင်း…

"ကျုပ်ကတော့ လိုက်ရမှာပေါ့"

ခွန်လွန်တောင်တွင် တိုက်ခိုက်ရန်လိုအပ်တိုင်း တိုက်ပွဲကို ဦးဆောင်ရသည်မှာ သူ့တာဝန် ဖြစ်သည်။ ယခုတစ်ကြိမ်လည်း သူမပါ၍ မဖြစ်ပေ။

သူက မင်္ဂလာဇနီးမောင်နှံကို ကာကွယ်ပေးရမည် ဖြစ်၏။

လျိုကျင်းက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း…

"နောက်တစ်ခုက… ဂိုဏ်းတူညီမလေး မြောင်ယွဲ့က အဖွဲ့ကို ဦးဆောင်မယ်"

မြောင်ယွဲ့က သိမ်မွေ့သည့်လေသံဖြင့်…

"ကောင်းပြီ"

တကယ်တော့ သူမ မသွားရလျှင် အကောင်းဆုံးဖြစ်သည်။ နဂါးမျိုးနွယ်များက သူမကို သိပ်အမြင်မကြည်လေရာ ကြိုဆိုကြမည် မထင်ပေ။

မြောင်ယွဲ့က မော့ကျန်းသုန့်နှင့် ကျူးချင်ကို လှမ်းကြည့်လိုက်ရင်း…

"ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ကျန်းလန်က အဓိကပုဂ္ဂိုလ်တွေပဲ မဟုတ်လား ၊ သူတို့နှစ်ယောက် ပေါ့ပေါ့ဆဆနဲ့ ပြဿနာမရှာသရွေ့ ခရီးစဉ်က အဆင်ပြေမှာပါ"

သူမစကား၏ အဓိပ္ပါယ်ကရှင်းသည်။

တပည့်များ ပြဿနာမရှာစေရေး ဆရာများက သွန်သင်ပေးစေလိုခြင်း ဖြစ်သည်။

မော့ကျန်းသုန့်က…

"ကျန်းလန်ကတော့ ဂိုဏ်းတူညီမလေးကို ဘာဒုက္ခမှ ပေးမယ်မထင်ပါဘူး"

အခြားသူများက ကျန်းလန်ကို နားမလည်ကြသော်လည်း မော့ကျန်းသုန့်ကတော့ နားလည်သည်။ အရင်က သူ၏ ပင်ကိုယ်စရိုက်ကိုသာ နားလည်ခဲ့ရပြီး မကြာသေးခင်ကမှ သူ၏တန်ခိုးစွမ်းအားကိုပါ နားလည်ခဲ့ရသည်။

သို့သော် သူ ကျန်းလန်ကို စေ့စေ့စပ်စပ် နားလည်နိုင်ခဲ့ပြီလား။ တကယ်တမ်း တွေးကြည့်လျှင်တော့ ရေရေရာရာ မရှိသေးပေ။

ကျန်းလန်က လျှို့ဝှက်ရသည်ကို သဘောကျသည်ဖြစ်လေရာ သူကလည်း များစွာ မေးမြန်းခဲ့ခြင်း မရှိပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးက အန္တရယ်များလေရာ လျှို့ဝှက်နိုင်လေ အန္တရယ်ကင်းလေ ဖြစ်သည်။

ကျူးချင်က…

"ရှောင်ယွိကလည်း စကားနားထောင်တဲ့သူပါ ၊ ဂိုဏ်းတူအစ်မကို အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး"

ရှောင်ယွိက အလွန်လိမ္မာသည့် မိန်းကလေး ဖြစ်သည်။ သူမလက်ထပ်ရမည့်သူ ကျန်းလန် မဟုတ်ဘဲ အခြားသူပြောင်းလဲသွားခြင်းမှလွဲပြီး မည်သည့်စကားမဆို နားထောင်မည့်သူ ဖြစ်သည်။

***

နံနက်ခင်းအချိန်။

ကျန်းလန် ခြံဝင်းထဲတွင် ရှိနေလေသည်။

တောင်ထွတ်တစ်ခုလုံးရှိ အလုပ်များအားလုံးကို သူ (၇)ရက်တိုင်တိုင် ပြုလုပ်ခဲ့ရသည်။

အစီအရင်များကို စစ်ဆေးကြည့်သည့်အခါ မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

မရဏဂူတွင်လည်း မည်သည့်မူမမှန်ခြင်းမှ မတွေပခဲ့ရပေ။ ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ပြီးနောက် မည်သည့်ပြဿနာမှမဖြစ်ခဲ့ဟု ယူဆနိုင်သည်။

မရဏလောကမှ သတ္တဝါးများအနေဖြင့် လွန်ခဲ့သည့် နှစ် (၁၀၀)က သူနှင့်တိုက်ခိုက်ခဲ့ပြီး အတော်လေး အထိနာခဲ့သည်။ ယခုမှ ပြန်လည်နလံထူကာစ ဖြစ်ပေလိမ့်မည်။

နောက်ထပ် နှစ်ပေါင်း (၁၀၀)ဆိုလျှင်တော့ တစ်စုံတစ်ခု ဖြစ်လာနိုင်ခြေရှိ၏။

နတ်မိစ္ဆာများကတော့ အဆက်မပြတ် သတိထားနေရမည့်သူများ ဖြစ်သည်။ သူတို့ကိုကြည့်ရသည်မှာ ငရဲတံခါးမှ တစ်စုံတစ်ခုကို ရယူလိုဟန် ရှိသည်။

မရဏလောကက ခွန်လွန်တောင်ကို ဒုက္ခပေးနိုင်သည်လား။

ဤသည်က အကြောင်းပြချက် မခိုင်လုံပေ။

နတ်မိစ္ဆာများက သူတို့အတွက် အကျိုးမရှိဘဲ ခွန်လွန်ောင်ကို ဒုက္ခပေးရုံသက်သက်ဖြင့်တော့ ငရဲတံခါးကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖွင့်ရန် ကြိုးစားမည် မဟုတ်ပေ။

သူတို့ရည်ရွယ်ချက်က အစပိုင်းတွင် ခွန်လွန်တောင်ကို ပြဿနာများ ဖန်တီးပေးလိုက်ပြီး ငရဲတံခါးမှတစ်စုံတစ်ခုကို ရှာဖွေလိုခြင်း ဖြစ်နိုင်သည်။

နတ်မိစ္ဆာများ ငရဲတံခါးကို ပထမဆုံးတိုက်ခိုက်စဉ်က နတ်ဘုရားရာထူးအကြောင်းကို မည်သူမှ မသိရှိကြသေးပေ။

ယခုတော့ အင်အားကြီးအုပ်စုများအားလုံးက နတ်ဘုရားရာထူးများနှင့် စတင်ချိတ်ဆက်မိနေကြပြီး ခွန်လွန်တောင်က သူတို့အားလုံးထက် ခြေတစ်လှမ်းသာနေကြောင်းကိုလည်း ရိပ်မိကြပြီး ဖြစ်သည်။

သို့ဖြစ်ရာ ငရဲတံခါးကို ဖျက်စီးပစ်ရန် မလိုအပ်တော့ဟု အထင်ရောက်စရာ ရှိသည်။ သို့ပေသိ နတ်မိစ္ဆာမျာကတော့ နည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားနေဆဲပင်။

"ဝှစ်…"

ကျန်းလန် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးနေစဉ် ဆရာဖြစ်သူထံမှ ပေးပို့လိုက်သည့်စာက လေထဲတွင် ပေါ်လာသည်။

နဝမတောင်ထွတ်အစွန်းသို့ လာရောက်ရန် ဆရာဖြစ်သူက သူ့ကို ခေါ်လိုက်ခြင်း ဖြစ်၏။

"ကြည့်ရတာ မင်္ဂလာပွဲကိစ္စ သတင်းပေးဖို့ ဖြစ်နိုင်တယ် ၊ တောင်သခင်တွေ ဘယ်လိုဆုံးဖြတ်ကြလဲ မသိဘူး"

ကျန်းလန် ခန့်မှန်းမှုတစ်ခု ပြုလုပ်လိုက်သည်။ သို့သော် ဆရာဖြစ်သူ၏စကားကို နားထောင်ကြည့်ရပေဦးမည်။

သူ ချက်ချင်းပင် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။

လွန်ခဲ့သည့်နှစ်များအတွင်း ရှောင်ယွိက ဝိညာဉ်ဆေးရည်များလောင်းပေးလေ့ရှိသည့်အတွက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးမှာ အဆင်ပြေပြေ ရှိနေခဲ့သည်။

သို့သော် သားရဲဥလေးက အရင်အတိုင်း ငြိမ်သက်နေဆဲဖြစ်ပြီး ရေသဖန်းပင်လေးကလည်း ညှိုးလျော်နေဆဲပင်။ သူတို့ လုံးဝ လန်းဆန်းတက်ကြွနေခြင်း မရှိကြသည့်တိုင် သတ္တိရှိရှိဖြင့် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်။

နှစ်ပေါင်း ငါးရာ ခြောက်ရာခန့်ရှိပြီဖြစ်သော်လည်း ထိုအရာလေးများက ကောင်းကောင်မွန်မွန်အသက်ရှင်နေခဲ့ကြသည်။ သားရဲဥလေးကတော့ အကောင်ပေါက်လာမည့်လက္ခဏာမပြသေးပေ။

ဆရာဖြစ်သူ သူ့ကိုပေးခဲ့သည့် လက်ဆောင်များကတော့ အခြားအရာများနှင့်မတူ ဆန်းကျယ်လွန်းပေစွ။

***

ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်သည်နှင့် မော့ကျန်းသုန့်ကို နှုတ်ဆက်လိုက်သည်။

"ဆရာ…"

မော့ကျန်းသုန့်က ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…

"မင်္ဂလာပွဲကိစ္စကတော့ ဆုံးဖြတ်ပြီးပြီ"

သူက ဆက်ပြောသည်။

"မင်းတို့နှစ်ယောက် နောက်ထပ် (၁၁)နှစ်ကြာရင် လက်ထပ်ကြရလိမ့်မယ် ၊ အချိန်သိပ်မလိုတော့ဘူး ၊ ဒီတော့ မင်းရဲ့ ကျင့်ကြံခြင်းကို စုစည်းပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း ပိုမိုနားလည်အောင် ကြိုးစားပါ ၊ အချိန်တွေက ကုန်မြန်တယ်လေ"

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ကဲ့…"

(၁၁)နှစ်။

(၁၁)နှစ်ဆိုသည့်အချိန်က ကြာမြင့်ခြင်း မရှိပေ။

လူသားများအတွက် ရှည်လျားသည့် အချိန်ကာလတစ်ခု ဖြစ်သည့်တိုင် အင်မော်တယ်များအတွက်တော့ ခဏမျှသာ ဖြစ်သည်။

ကျန်းလန်က…

"ကျွန်တော်တို့ တစ်ခုခု ပြင်ဆင်ထားဖို့ လိုသေးလား ဆရာ…"

လက်ထပ်မင်္ဂလာပွဲဆိုသည်က စေ့စပ်ပွဲနှင့် မတူညီပေ။

သူကလည်း အတွေ့အကြုံမရှိသည်ဖြစ်လေရာ ဆရာဖြစ်သူကို ရှင်းရှင်းလင်းလင်း မေးမြန်းထားရန် လိုအပ်သည်။

အကယ်၍ ခမ်းနားသည့်မင်္ဂလာပွဲကြီးတွင်တစ်စုံတစ်ခု မှားယွင်းသွားပါက သူ့အနေဖြင့် အရှက်အကြီးကြီးကွဲမည် ဖြစ်သည်။

မော့ကျန်းသုန့် တစ်ခဏမျှ တိတ်ဆိတ်နေ၏။

ကျန်းလန် : “……”

အချိန်ကြာမြင့်စွာ စဉ်းစားနေပြီးမှ မော့ကျန်းသုန့်က စကားဆိုလာသည်။

"လောလောဆယ်တော့ ဘာမှ ပြင်ဆင်စရာမရှိဘူး ထငတာပဲ ၊ သူတို့ဘက်က ဘာပြင်ဆင်ရမလဲ အကြောင်းကြားတဲ့အထိ စောင့်ကြတာပေါ့"

ခွန်လွန်တောင်တွင် ဤသို့ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲမျိုးကို အရင်က တစ်ခါမှ မကျင်းပဖူးခဲ့ပေ။ ထို့ကြောင့် ပြင်ဆင်စရာ များစွာလိုအပ်သည်။

ဂေါ်မစွံတောင်သခင်များကလည်း အတွေ့အကြုံ ရှိကြသည်မဟုတ်ပေ။

မော့ကျန်းသုန့်က…

"စကားမစပ်… မင်းနေတဲ့အိမ်က အတော်ဟောင်းနေပြီ ၊ မင်္ဂလာပွဲအမီ အသစ်ပြန်ဆောက်ထားလိုက်ဦး"

ကျန်းလန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

သူလည်း စဉ်းစားထားပြီးသားပင်။ အိမ်က အမှန်တကယ် ပြန်လည်ဆောက်လုပ်ရန် လိုအပ်သည်။

မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဒါနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ထပ်ရတာ မင်းကို နစ်နာစေတာမျိုး ရှိခဲ့သလား"

မော့ကျန်းသုန့်က စူးစမ်းသည့်အကြည့်ဖြင့် ကျန်းလန်ကို ကြည့်နေသည်။ သူက တပည့်ဖြစ်သူ၏ စိတ်ရင်းအမှန်ကို သိလိုသည်။

အစောပိုင်းကာလများတွင် ကျန်းလန်က လက်ထပ်ရန် တွန့်ဆုတ်နေခဲ့သည်။ သို့သော် လုန်ယွိနှင့် လက်ဆက်ပေးရန် အသင့်တော်ဆုံး ဆက်ခံသူတပည့်မှာလည်း ကျန်းလန် တစ်ယောက်တည်းသာ ရှိသည်။

ထို့ကြောင့် စေ့စပ်ပွဲက ရှောင်လွှဲမရနိုင်ခဲ့ပေ။

ယခုအချိန်မှ မင်္ဂလာပွဲကို ရှောင်လွှဲရန် နည်းလမ်းမရှိတော့သော်လည်း ကျန်းလန်နှင့် လုန်ယွိသည်လည်း အတော်လေး ရင်းနှီးကျွမ်းဝင်ဟန် ရှိကြလေရာ မော့ကျန်းသုန့်က ကျန်းလန်၏ စိတ်ရင်းအမှန်ကို မေးလိုက်ခြင်း ဖြစ်သည်။

"မနစ်နာပါဘူး"

ကျန်းလန်က တွန့်ဆုတ်မနေဘဲ ချက်ချင်းဖြေလိုက်သည်။

***

ဆရာဖြစ်သူထံမှ ပြန်လာပြီးနောက် ကျန်းလန် ခြံဝင်းဆီသို့ ရောက်လာခဲ့သည်။

"နောက်ထပ် ဆယ့်တစ်နှစ်နေရင် လက်ထပ်ရမယ်ဆိုတော့ အချိန်အများကြီး ရှေ့တိုးသွားတာပဲ"

ရေရွတ်ရင်း ကျန်းလန်က ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်လိုက်သည်။

အလင်းတိုင် (၇)တိုင်သာ ထွန်းညှိရသေးသည်။

သို့ဆိုလျှင် ခွန်လွန်တောငာ်က နောက်ထပ် အလင်းတိုင်များကို မထွန်းညှိတော့ဘဲ လက်လျှော့လိုက်ပြီလား။

"ကြည့်ရတာ ခွန်လွန်တောင်က ဂိုဏ်းတူအစ်မကို ခွန်လွန်တောင်နဲ့ ချည်နှောင်ဖို့ အလျှင်လိုနေပြီထင်တယ်"

ကျန်းလန် တွေးလိုက်သည်။

"သတင်းကြားတာတော့ နဂါးမျိုးနွယ်တွေဘက်ကလည်း မင်္ဂလာကိစ္စအတွက် အလျှင်လိုနေပုံရတယ် ၊ ဒါပေမဲ့ သူတို့က ဘာကိစ္စအလျှင်လိုနေတာလဲ မသိဘူး"

အဋ္ဌမမင်းသားနှင့်ပတ်သက်မည်ဟု ခန့်မှန်းမိသော်လည်း အကြောင်းရင်းအမှန်ကို မသိရှိပေ။

နဂါးမျိုးနွယ်များဘက်တွင် အခြားသောလှုံ့ဆော်မှုများလည်း ရှိနေနိုင်သည်။ လုန်ယွိနှင့်သူ လက်ထပ်ပြီးလျှင် သူတို့အတွက် အကျိုးအမြတ် ချက်ချင်းရနိုင်ဟန် ရှိသည်။

သိရှိရန်လည်း သိပ်ကြာမည် မဟုတ်တော့လေရာ ယခုအချိန်မှတော့ အလျင်လိုစရာ မရှိတော့ပေ။

မင်္ဂလာလက်ထပ်ပွဲကို ရှေ့တိုးလိုက်သည့်အတွက်လည်း အံ့အားသင့်ခြင်း မဖြစ်မိပေ။ မင်္ဂလာပွဲ အချိန်စောခြင်းကို သူ့ဘက်မှ မကန့်ကွက်မှတော့ တောင်သခင်များက မြန်နိုင်သမျှမြန်မြန် ပြုလုပ်လိုသည်မှာ သဘာဝကျသည်။

"ဒီကိစ္စ ဂိုဏ်းတူအစ်မသိသွားရင် ဘယ်လိုနေမလဲ မသိဘူး"

ကျန်းလန် သိချင်သွားမိသည်။

သူမ ရေကန်ထဲတွင် ရေစိမ်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားကောင်း ကြိုးစားနေပေလိမ့်မည်။

မက်မွန်တောရှေ့တွင်မတ်တတ်ရပ်ရင်း ကျန်းလန် အိမ်ကို တစ်ချက်အကဲခတ်နေသည်။

အိမ်က တကယ်ပင် ဟောင်းနွမ်းအိုဟောင်းနေပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တော့ နှစ်ပေါင်းများစွာတာရှည်ခံအောင် ဆောက်လုပ်ရပေလိမ့်မည်။

ဘယ်လိုပုံစံပြန်ဆောက်ရမည်လဲဟု ရှောင်ယွိထံမှ ထင်မြင်ချက် တောင်းဆိုရဦးမည် ဖြစ်သည်။

သူမ၏ ထင်မြင်ယူဆချက်များက လက်ခံရန် ခဲယဉ်းသော်လည်း လေးစားသမှုဖြင့် မေးမြန်းရမည် ဖြစ်သည်။

ထို့နောက် "ရှေးဟောင်းဧကရာဇ်သုတ" စာအုပ်ကို ကျန်းလန် ဖတ်ရှုနေလိုက်သည်။ လုပ်စရာရှိသည့်အလုပ်များအားလုံး လုပ်ပြီးသွားပြီ ဖြစ်သည်။

သူက ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အလျင်လိုစရာမရှိသဖြင့် စာအုပ်ဖတ်နေခြင်း ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်ကမိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ပြီး ဖြစ်သည်။ နောက်ထပ် အနှစ်ခြောက်ဆယ်အတွင်း ပြီးပြည့်စုံသော ရွှေခန္ဓာ ရရှိတော့မည်ဖြစ်သည်။

သို့ဖြစ်ရာ တာ့လော်အင်မော်တယ်အဆင့်သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။

***

ကျောက်စိမ်းရေကန်။

လုန်ယွိသည် ကျောက်စိမ်းရေကန်၏ နက်ရှိုင်းသည့်တစ်နေရာတွင် ပုန်းအောင်းနေရင်း ရေများကို စူးစိုက်ကြည့်နေသည်။

ယခုပဲ မင်္ဂလာပွဲနှင့်ပတ်သက်သည့် သတင်းကို ကြားသိခဲ့ရသည်။

နောက်ထပ် အချိန် (၁၁)နှစ်အကြာတွင် သူမ ကျန်းလန်နှင့် လက်ထပ်ရပေတော့ညမ်။ သူ ကြောက်ရွံ့ပြီး မျှော်လင့်ချက်မဲ့နေသလို ခံစားရသည်။

ပြီးတော့… အနည်းငယ်လည်း ပျော်ရွှင်နေမိသည်။

သူမစိတ်ထဲ ဘာတွေးနေမှန်းပင် သူမ သေသေချာချာ မသိရှိတော့ပေ။

သို့သော်…

လက်ထပ်ရမည်ကို သူမရင်ထဲ စက်ဆုပ်နေခြင်း မဖြစ်မိပေ။

နှစ်ပေါင်းရာနှင့်ချီပြီး သူမ ကျန်းလန်နှင့် သိကျွမ်းရင်းနှီးခဲ့သည်။ သူတို့နှစ်ယောက် မကြာခဏမတွေ့ဆုံဖြစ်ကြသည့်တိုင် ကျန်းလန် မည်သို့သောလူစားဖြစ်ကြောင်း သူမ သိရှိသည်။

နောက်တစ်ချက်မှာ ကျန်းလန်သည် မကြာခဏ ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိတတ်သည်။

ထိုအကြောင်းစဉ်းစားမိသည့်အခါ လုန်ယွိ မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်မိ၏။

ဖြစ်နိုင်ခြေတစ်ခုကို သူမ စဉ်းစားမိသည်။

အကယ်၍ ကျန်းလန် ယခုအချိန်တွင် ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားပါက အချိန် (၁၀)နှစ်မှ အနှစ် (၂၀) အထိ ကြာမြင့်ပေလိမ့်မည်။

"……"

All Chapters