← Chapters

ကာကွယ်ရေးအတွက် မီးဖိုချောင်သုံးဓား

Vol. 20 Ch. 296

ကာကွယ်ရေးအတွက် မီးဖိုချောင်သုံးဓား

Vol. 20 Ch. 296

“အသေးစား ပြဿနာ ဟုတ်လား”

ရဲ့လင်းချန်က ကျန်းယွင်ရှီကို ကြည့်နေပြီးမှ သူ့ဖုန်းကိုထုတ်၍ TikTok ဗွီဒီယိုအား သူမကို ပြလိုက်သည်။

“ဒါ မင်း ပြောတဲ့ ပြိုင်ဘက် ဟုတ်တယ်မလား”

ထိုTikTok ဗွီဒီယိုကို မြင်ပြီး ကျန်းယွင်ရှီ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ဒဏ်ရာပေါ်သွားသော ကြောင်တစ်ကောင် ကဲ့သို့ မလုံခြုံသလို ခံစားသွားရသည်။

“ယွင်ရှီ၊ ငါက ဝိုင်အလှကုန်ပစ္စည်းဆိုင်ရဲ့ ပိုင်ရှင်လေ၊ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင် မင်း ငါ့ကို အသိပေး သင့်တာပေါ့၊ မင်း တစ်ယောက်တည်း ကိုင်တွယ်စရာ မလိုပါဘူး”

ရဲ့လင်းချန် ပြောလိုက်သည်။ ကျန်းယွင်ရှီကို ထိုသို့ စိတ်အားငယ်နေသော အခြေအနေနှင့် မြင်တွေ့ရသဖြင့် သူ နာကျင်ရသည်။

“ဒါ ငါတို့ဆိုင်နာမည်ကို အတော်လေး ထိခိုက်စေတယ် မဟုတ်လား”

“အတော်လေး ထိခိုက်စေတာ”

ကျန်းယွင်ရှီ နှုတ်ခမ်းကိုက်ထားပြီးနောက် သက်ပြင်းချ၍ ဆက်ပြောလေသည်။

“အစက ငါတို့ဆိုင်က ဖြည်းဖြည်းချင်း တိုးတက်လာတာ၊ မြို့ထဲ တက္ကသိုလ်က လူတွေလည်း လာကြတယ်၊ ဒါပေမဲ့ ငါတို့ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ အလှကုန်ပစ္စည်းဆိုင်တစ်ဆိုင် ဖွင့်လာတယ်လေ၊ ဆိုင်ရှင်က အင်တာနက် ဆယ်လီ တစ်ယောက်ပဲ၊ အဲ့အင်တာနက်ဆယ်လီရဲ့ ဆိုင်က နေ့တိုင်း ဝယ်သူတွေ အများကြီး ဝင်ထွက်နေပြီးတော့ သူတို့ဆိုင် အပြင်မှာတောင် အကြာကြီး တန်းစီရတယ်၊ အဲ့ကတစ်ချို့က မစောင့်နိုင်တော့ ငါတို့ဆိုင်ကို လာကြတယ်၊ မကြာသေးခင်က ဆိုင်ကို လာတဲ့သူတွေ စပြီး ကျလာတာ”

ကျန်းယွင်ရှီ၌ TikTok သုံးရန် အချိန်မရှိပါ။ ရဲ့လင်းချန် ပြလာသော ဗွီဒီယိုကို ကြည့်ပြီးနောက် လူလာတာ နည်းသွားရသည့် အကြောင်းရင်းကို သူမ နားလည်သွားသည်။

တစ်ချိန်တည်းမှာပင် သူမ မတရားသလို ခံစားရသည်။ ဆိုင်က သူမတို့နှင့် ပုံမှန်အတိုင်း ပြိုင်ဆိုင်လျင် အဆင်ပြေပါသည်။ များသောအားဖြင့် ကမ်းလှမ်းမှုများနှင့် ကြော်ငြာတို့ဖြင့် ယှဉ်ပြိုင်တတ်ကြသည် မဟုတ်ပါလော။ သို့သော် သူတို့က TikTok ပေါ်၌ အသရေဖျက်နေသည်ဟု ထင်မထားမိပါ။ လတ်တလော ဝယ်သူ နည်းသွားရသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ထို့အပြင် အချို့သော ဆိုးရွားသည့် ကောလာဟလများကိုလည်း ကြားလိုက်ရသည်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။

အင်တာနက် ဆယ်လီဆိုင်၏ ဝယ်သူ လာနှုန်းက ပြည့်ကျပ်နေသဖြင့် အချို့သော ဝယ်သူများက ကျန်းယွင်ရှီ၏ ဆိုင်သို့ လာကြသည်။ သို့သော် ဤသည်ကို ကျန်းယွင်ရှီက သူတို့ ဝယ်သူများကို ခိုးနေသည်ဟု မြင်သွားလေသည်။ ယင်းက သူတို့ အငြိုးထားရသည့် အကြောင်းရင်းပင်။

ဝယ်သူများနှင့် ပြည့်နေတာတောင်မှ သူတို့က အခြားအလှကုန်ပစ္စည်းဆိုင်များထံ ပါသွားခွင့် မပြုနိုင်ချေ။ ဤသည်က သဘောထား သေးသိမ်လွန်းလှသည်။ ထို့အပြင် သူတို့က သူ၏ ကျော်ကြားမှုကိုပါ အသုံးချပြီး စိတ်ရှိသလို အပုပ်ချနေသည်။ ယင်းကား အောက်တန်းကျသော တိုက်ခိုက်မှုပင်တည်း။

“ငါ မနက်ဖြန် ဆိုင်လာပြီး ငါတို့ သိက္ခာကို ပြန်ဆယ်မယ်”

ရဲ့လင်းချန်က မျက်မှောင်ကြုတ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

အစက သူ ဘေးဖယ်ချင်နေခဲ့သည်။ သူ့တွင် လုပ်စရာများက ပြည့်နေပြီ ဖြစ်ပြီး လျပ်တပြတ် ပေါ်လာသည့် ဆုံးဖြတ်ချက်ကြောင့် အလှကုန်ပစ္စည်းဆိုင်ဖွင့်ကာ ကျန်းယွင်ရှီအား စီမံခိုင်းခဲ့သည်။ သို့သော် ဤပြဿနာ ပေါ်လာသဖြင့် သူ ဝင်ပါရန် အချိန်တန်လေပြီ။

ဆိုင်ဖွင့်ပြီးပြီဆိုကတည်းက သူ အကောင်းဆုံး ပြုလုပ်ရပေမည်။ ထို့အပြင် အလှကုန်သည် အမြတ်များသော လုပ်ငန်းဖြစ်ပြီး အလွန် အမြတ်အစွန်း ရပေသည်။

*အင်တာနက် ဆယ်လီရဲ့ ဆိုင်ဖြစ်တာ အဲ့လောက် ခက်လို့လား*

“လင်းချန် နင် ဒီကိစ္စကို စိတ်ပူစရာ မလိုပါဘူး၊ ငါ ဖြေရှင်းနိုင်ပါတယ်”

ကျန်းယွင်ရှိက ပြောလိုက်သည်။

“ငါတို့ ကုန်ပစ္စည်းတွေက ချို့ယွင်းချက် မရှိဘူး၊ သူတို့က ငါတို့ကို အဲ့လို နာမည်ပျက်အောင် ပြောဆိုမှတော့ နောက်ဆုံးကျရင် သူတို့လည်း ပေါ်လာမှာပဲ၊ ပစ္စည်းအစစ်တွေက သူတို့ဘာသာ ရပ်တည်နိုင်တယ်”

“မင်းက ရိုးလွန်းတယ်၊ အခုခေတ်က မင်း သူတို့နဲ့ အွန်လိုင်းပေါ်ကနေ ပြောလို့မရဘူး”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ သူသည် ဆိုက်ဘာ အနိုင်ကျင့်မှုများကို မြင်ဖူးကြုံဖူးသည်။ မုန်းတီးသူများက နေရာတိုင်း၌ ရှိနေသည်။ သူတို့၏ ဈေးကွက်ပစ်မှတ်က မြို့တွင်း တက္ကသိုလ်ဖြစ်သည်။ အကယ်၍ သူတို့၏ နာမည်သာ ပျက်စီးသွားပါက လုပ်ငန်း၏ အနာဂတ်က ရုန်းကန်ရပေလိမ့်မည်။

ဝိုင်အလှကုန်ပစ္စည်းသာ အရှုံးပေါ်ပါက ကျန်းယွင်ရှီအတွက် ကြီးမားသော ရိုက်ချက်တစ်ခု ဖြစ်သွားမည်မှာ မလွဲမသွေပင်။

“စိတ်အေးအေးထားပါ၊ ငါ မနက်ဖြန် မင်းအတွက် ဒီကိစ္စကို လာရှင်းပေးမယ်၊ အဲ့လောက် မရှုပ်ထွေးပါဘူး”

ရဲ့လင်းချန်က ရယ်၍ ပြောလိုက်သည်။ ဤသို့သော ပြဿနာမျိုးကို ဖြေရှင်းရန် အလွယ်ဆုံးနည်းက ခွန်အားကို ပြလိုက်ခြင်းပင်။

ခွန်အားချင်း ယှဉ်လျင် သူ့ကဲ့သို့ ပါရမီရှင်တစ်ယောက်က ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါ။

သူသည် ရုပ်ပြောင်းရုပ်လွှဲ ပညာကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။ သာမန် မိတ်ကပ်လေးက သူ့အတွက် ကလေး ကစားစရာလိုပင်။

ကျန်းယွင်ရှီနှင့် စကားစမြည် ပြောပြီးနောက် ရဲ့လင်းချန် အပေါ်တက်၍ နားလေသည်။

ထိုအခိုက်တွင် မီယာကိုက ရဲ့လင်းချန်၏ ခုတင်ပေါ်၌ တစ်ယောက်တည်း လှဲနေသည်။ ရဲ့လင်းချန်၏ ခြေသံ နီးကပ်လာသည်ကို ကြားပြီး သူမမျက်နှာက နီသထက် နီလာကာ ရင်တဒိတ်ဒိတ် ခုန်လာ၏။

*အဲ့မျိုးမစစ်ကောင် မကောင်းတဲ့အတွေးမျိုး တွေးလာရင် ငါ သူ့ကို အသက်နဲ့ရင်းပြီး တိုက်ခိုက်ပစ်မယ်”

မီယာကို၏ အတွေးထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးနေသည်။ သူမမျက်လုံးများက တင်းမာလာပြီး စောင်အောက်၌ လက်ကို တင်းနေအောင် ဆုပ်ထားမိသည်။ သူမလက်ထဲ၌ မီးဖိုချောင်သုံး ဓားတစ်လက် ကိုင်ထားလေသည်။

အခန်းမီးများ လင်းလာသည်။ ရဲ့လင်းချန်က ခုတင်ပေါ်က လှဲနေသော မီယာကိုကို လှမ်းကြည့်သည်။ သူမ တစ်ကိုယ်လုံးက စောင်အောက်၌ မြုပ်နေပြီး ခေါင်းလေးသာ ပေါ်နေကာ သူ့ကို ပြန်စိုက်ကြည့်နေ၏။

“မင်း လုပ်တာ တော်တယ်၊ သွားလို့ရပြီ”

ရဲ့လင်းချန်က ပြောလိုက်သည်။

“ဟင်”

မီယာကို သတိလက်လွတ် ဖြစ်သွားသည်။ သူမစိတ်ထဲ၌ ဖြစ်နိုင်ချေများစွာကို တွေးမိသော်လည်း ရဲ့လင်းချန်က သူမကို ထွက်သွားခိုင်းလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။

*သူ ခဏလောက် နေပြီး ငါ့ကို အရင် စနေသင့်တာ မဟုတ်ဘူးလား*

“နင် ငါ့ကို သွားခိုင်းတာလား”

မီယာကို မေးလိုက်သည်။

“မင်းက ဆက်နေပြီး ငါ့ကို ခုတင်ပေါ်မှာ ပြုစုချင်တာလား”

ရဲ့လင်းချန် ရယ်လိုက်သည်။

“ဆုတောင်းလေ”

မီယာကိုက မကျေမနပ် ပြောပြီး ခုတင်ပေါ်မှ ချက်ချင်း ခုန်ထသည်။ တစ်ချိန်တည်းမှာပင် မီးဖိုချောင်သုံးဓား ပေါ်လာပြီး လက်ခနဲ ဖြစ်သွားလေသည်။

“မင်း ငါ့အခန်းထဲကို သောက်ကျိုးနည်း မီးဖိုချောင်သုံးဓား ယူလာတာလား”

ရဲ့လင်းချန် နားဝေတိမ်တောင် ဖြစ်သွားသည်။

“ဒါ ငါ တစ်ချိန်လုံး သယ်ထားတဲ့ လက်နက်လေးပါ၊ ငါနဲ့အတူ ဓားကို အမြဲဆောင်ထားတာလေ၊ အံ့ဩသွားရင်တော့ စိတ်မကောင်းပါဘူး”

မီယာကိုက ခနဲ့တဲ့တဲ့ ပြောလိုက်ပြီး ရဲ့လင်းချန်၏ အခန်းထဲမှ အထက်စီးဖြင့် ထွက်သွားသည်။

နောက်တစ်နေ့တွင် ရဲ့လင်းချန်က အိပ်ရာမှ စောစောထပြီး ရှောင်ချင်နှင့် ရှောင်ဟွေကိုခေါ်ကာ ပန်းခြံထဲ၌ မနက်ခင်း လေ့ကျင့်ခန်း သွားလုပ်သည်။

ရဲ့လင်းချန်နှင့် အဆက်မပြတ် လေ့ကျင့်နေရသောကြောင့် ဝံပုလွေပေါက်လေး နှစ်ကောင်သည် ခန္ဓာကိုယ် ပို၍ သန်မာလာပြီး အလွန် လျင်မြန်စွာ ကြီးထွားလာ၏။သူတို့က ရဲ့လင်းချန်၏ ဒူးခေါင်းနားအထိပင် အရပ်မြင့် လာကြသည်။ ထို့အပြင် ဆာဖာရီဥယျာဉ်တွင်း၌ ခွေးအခြောက်ကောင်နှင့် တိုက်ခိုက်ခဲ့ရသဖြင့် သူတို့၏ တိုက်ပွဲကို ဆာလောင်နှုန်းက တိုးလာသည်။ သူတို့သည် ပန်းခြံတွင်းမှ တိရစ္ဆာန်လေးများကို မကြာခဏ ခြောက်လှန့်၍ နှောင့်ယှက်တတ်သည်။ မကြာသေးခင်က သစ်ပင်များ၌ နားနေသော ငှက်အရေအတွက်ပင် လျော့လာ၏။

နောက်ဆုံးတွင် ရဲ့လင်းချန်က သူတို့ကို အချင်းချင်း ပြန်တိုက်စေလိုက်သည်။ သူတို့သည် တိုက်ပွဲတွင်း၌ ဈာန်ဝင်လာပြီး အပြန်အလှန် ကိုက်ဖဲ့ကုတ်ခြစ်ကာ အံ့ဩစရာကောင်းသော တိုက်ပွဲမျိုး ဖြစ်နေပြီး ရက်စက်မှုက ခြင်္သေ့တစ်ကောင်နှင့် တိုက်ခိုက်နေသော ကျားတစ်ကောင်နှင့် တူလှသည်။

သူတို့၏ မနက်ခင်း လေ့ကျင့်ခန်းပြီးသော် ရဲ့လင်းချန်က ဝိုင်အလှကုန် ပစ္စည်းဆိုင်သို့ တန်း၍ ဦးတည်သွားလေသည်။

ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်ပြီး ကျောင်းသားများ အပြင်ထွက်ကာ လျှောက်လည်ကြသည်။ မြို့တွင်း တက္ကသိုလ်၌ ပေါများတတ်သည့် တစ်ခုတည်းသော အရာမှာ ကျောင်းသားများ ဖြစ်လေသည်။ သူတို့အားလုံးက အဖွဲ့လိုက် လမ်းလျှောက်နေကြပြီး ပျော်ရွှင်စွာ စကားစမြည် ပြောကာ လမ်းတစ်လျှောက် ရယ်မောနေကြသည်။ ဘားများ၊ လမ်းဘေးဆိုင်များ၊ ဈေးဆိုင်များ၊ အင်တာနက်ဆိုင်များနှင့် ဂိမ်းဆိုင်များက နေရာတိုင်း၌ ရှိနေကာ လူအပြည့်ပင်။ အဝတ်အစားနှင့် အသုံးအဆောင်များ ဝယ်နေကြသော အတွဲများလည်း ရှိကာ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခု ပေါ်လွင်နေလေသည်။

ကျောင်းသားများသည် အကြီးဆုံး ဝယ်သူအမျိုးအစားထဲမှ တစ်ခုပင်။

ဝိုင်အလှကုန်ပစ္စည်းဆိုင်နားသို့ သူ နီးလာသည်နှင့်အမျှ အရှေ့မှ ကျယ်လောင်သော အငြင်းပွားသံကို သူ ကြားလိုက်ရသည်။

ရဲ့လင်းချန် အာရုံစိုက်၍ ကြိုးစားကြည့်လိုက်သောအခါ ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ တံခါးရှေ့၌ လူများ ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။ အငြင်းပွားသံက ထိုလူအုပ်ထဲမှ လာခြင်းပင်။

သူ အနားသို့ လျှောက်သွားပြီး လူအုပ်ကြီးကို တိုးကာ အရှေ့သို့ တက်သွားလိုက်သည်။

လူအုပ်ကြီးသည် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ တံခါးကို ပိတ်ဆို့ထားသည်။ လူအုပ်အလယ်တွင် ခေါင်းကြီးကြီးနှင့် နားရွက်ကားကား အမျိုးသားတစ်ယောက် ရပ်နေ၏။ ထိုလူဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ဆိုင်ရှေ့ကို လက်ညှိုးထိုး၍ အော်ဟစ် ပြောဆိုနေသည်။

“ရိုက်စား၊ ဒီဆိုင်က ရိုက်စားဆိုင်”

လူလတ်ပိုင်းအရွယ် အမျိုးသမီးက အော်ဟစ်သည်။

“ငါ မနေ့ကမှ ဒီကနေ မိတ်ကပ် ပြင်သွားတာ၊ အိမ်ရောက်ပြီး ညလည်းရောက်ရော ငါ့မျက်နှာ တစ်ညလုံး ယားယံ လာတယ်၊ ငါ ဒီမနက် အိပ်ရာထတော့ ငါ့မျက်နှာက ပျက်စီးသွားပြီ၊ ကြည့် … ငါ့မျက်နှာက ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြနေတယ်၊ ငါ့လည်ပင်းတစ်ခုလုံးတောင်မှ နီနေပြီ၊ ဒီဆိုင်က သုံးတဲ့ အလှကုန်ပစ္စည်းတွေက အရည်အသွေးနိမ့်တဲ့ ထုတ်ကုန်တွေပဲ၊ အားလုံးက အတုတွေ”

“ငါ မနေ့က TikTok သုံးရင်း ဒီဆိုင်ကို တွေ့ခဲ့တယ်၊ ဒီဆိုင်က ကုန်ပစ္စည်းအတုတွေ သုံးတယ်လို့ ပြောထားတာ၊ ကြည့်ရတာ မှန်နေတဲ့ပုံပဲ”

“ချီးပဲ၊ ဒါ လွန်လွန်းသွားပြီ၊ ဒီဆိုင်က ယုတ်မာလွန်းတယ်၊ ဆိုင်ရှင်က အမှိုက်ပဲ”

“အလှကုန်ပစ္စည်းတွေက တစ်ခုခုမှားသွားရင် လူတစ်ယောက်ရဲ့ မျက်နှာကို ဖျက်ဆီးနိုင်တဲ့ အထိအခိုက်မခံတဲ့ အရာတွေပဲ၊ အဲ့ဒါက မိန်းကလေးတစ်ယောက်အတွက် သိပ်အရေးကြီးတာ၊ သူတို့ ဘယ်လိုလုပ် ဒီလို လုပ်နိုင်တာလဲ”

“ငါတို့ ဒီဆိုင်မှာ မိတ်ကပ်မပြင်ဖို့ သတိပေးခံလိုက်ရလို့ တော်သေးတယ်၊ ငါတို့ ကံကောင်းသွားတယ်”

“ကိုယ့်လူတို့ ၊ ဒီဆိုင်နဲ့ ဝေးဝေးနေဖို့ ငါတို့ အနီးအနားက လူတွေကို အသိပေး မျှဝေမှကို ဖြစ်မယ်၊ ဒါ ရိုက်စားပဲ”

“ဒီနေရာကို ပိတ်ပစ်လိုက်”

…

All Chapters