← Chapters

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၃ )

Vol. 18 Ch. 261

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၃ )

Vol. 18 Ch. 261

“ တာအိုအစောင့်အရှောက်လုပ်တဲ့မင်းလည်း ဒဏ်ရာတွေ ပိုရနေမှဖြစ်မှာ ”

သူသည် စကားပြောရင်း ရွှီချင်းကို ထိုးသွင်းချင်ပါသော်လည်း ရွှီချင်းက နောက်ဆုတ်လိုက်သည်။

“ မင်းသမီး၊ မင်းသမီးရဲ့ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ပဲရှိတာ။ ပြီးတော့ မင်းသမီးရဲ့ ပြန်လည်သက်သာနိုင်စွမ်းကလည်း သိပ်နှေးတယ်လေ။ ကျုပ်က မင်းသမီးကို ကာကွယ်ပေးတာ။ လမ်းတစ်လျှောက် ထွက်ပြေးရင်း မင်းသမီးရဲ့ ဒဏ်ရာတွေက ပိုပိုဆိုးလာလို့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မကုနိုင်တော့ဘူး ”

“ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လို့ ကျုပ်က မြန်မြန်ပြန်ကောင်းနိုင်တယ်။ ဒီတော့ ဒဏ်ရာတွေအများကြီး ရနေလို့ မဖြစ်ဘူး။ ဟန်ဆောင်လွန်းအားကြီးသလို ဖြစ်သွားမယ် ”

ခေါင်းဆောင်သည် အချိန်အတော်ကြာသည်အထိ ဆွံ့အနေသည်။

ခေါင်းဆောင် ဆွံ့အနေသည်ကို အခွင့်အရေးယူ၍ ရွှီချင်းသည် ခုန်ထသွားပြီး ထပ်ခါထပ်ခါ ရိုက်နှက်လိုက်သည်။ အဆုံးသတ်တွင် ခေါင်းဆောင်က ရင်ဘတ်ကို ပုတ်၍ ရှောင်တိမ်းလိုက်ပြီး ရွှီချင်းကို မကျေမနပ်ကြည့်လိုက်သည်။ သို့သော် ရွှီချင်း၏ လေးနက်သောအမူအရာကို မြင်၍ သူ သက်ပြင်းချလိုက်သည်။

“ မင်းသမီးနဲ့ တာအိုအစောင့်အရှောက်တို့က နောက်ခံအလိုက်ခံနေရတယ်ဆိုပေမဲ့ အခုလို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ထဲကို ရောက်လာတဲ့အချိန်မှာ အနားယူချိန်မရဘူးဆိုတာ မဖြစ်သင့်ဘူးလေ။ နောက်ယောက်ခံလိုက်သူတွေ သံသယနည်းနည်းဝင်လာလို့ ငါတို့နောက်ကို လိုက်မှာ မဟုတ်ဘူး ”

ရွှီချင်းသည် တွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ်။ ဒါပေမဲ့ မျိုးနွယ်စုပိုင်နက်နဲ့ နီးလာရင် မင်းသမီးရဲ့ ဒဏ်ရာဟောင်းတွေက ပိုပြင်းထန်လာမှ ဖြစ်မှာ။ သေလုမျောပါးဖြစ်နေမှ ချက်ချင်း ကုသဖို့ တားမြစ်နယ်မြေကို ပို့ပေးမှာ ”

ခေါင်းဆောင်သည် ခါးသက်သက်အမူအရာဖြင့် သူ့ဒဏ်ရာများကိုတစ်လှည့် ရွှီချင်းကို တစ်လှည့် ကြည့်လိုက်သည်။ ရွှီချင်း၏ လေးနက်သောအမူအရာကြောင့် သူသည် သက်ပြင်းချ၍ မျက်လုံးများကို မှိတ်လိုက်သည်။

ရွှီချင်း စိတ်သက်သာရာရသွားသည်။ သူ ခုန်ထသွားပြီး ခေါင်းဆောင်ကို နောက်ထပ်ငါးကြိမ်ထိုးသွင်းလိုက်ရာ ခေါင်းဆောင်၏ ဒဏ်ရာများ အလွန် ဆိုးရွားသွားပြီး အားနည်းသွားသည်။ ထိုအခါမှသာ သူ ရပ်လိုက်သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ မကြာခင် သုံးရက် ကျော်လွန်သွားသည်။ နောက်ဆုံးတွင် သူတို့ လိုက်ပါလာသည့် သင်္ဘောပျံကြီးက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်အနီးသို့ ချဉ်းကပ်လာသည်။

မြင်ကွင်းထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကျွန်း ပေါ်လာသောအခါ ရွှီချင်း၏မျက်နှာထား လေးနက်တည်ကြည်သွားသည်။

သူ အသက်ဝဝရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့်အမှားတစ်စုံတစ်ရာမျှ ရှိမနေကြောင်း အတည်ပြုပြီးပါသော်လည်း သူ စိုးရိမ်နေဆဲပင်။ ထို့ကြောင့် အရိပ်လေးကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရှိန်အဝါများအား ထုတ်လွှတ်စေသည်။

ထိုနည်းအားဖြင့် ရွှီချင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်နှင့် များစွာ ခြားနားခြင်း မရှိတော့ပေ။

ကျင်းဝူလျန့်ဝမ့်လင်အတတ်ကြောင့်လည်း သူသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ မွေးရာပါအစွမ်းဖြစ်သော ရုပ်အလောင်းအဆိပ်ကို ထုတ်လွှတ်နိုင်သည်။ ထိုသို့ဖုံးကွယ်ထားခြင်းကြောင့် သူ၏ရုပ်ဖျက်ခြင်းမှာ ပြီးပြည့်စုံသည်ဟူ၍ ဆိုနိုင်သည်။

ခေါင်းဆောင်၌ ထိုနည်းလမ်းများ မရှိပါသော်လည်း ထိုအခြေအနေအတွက် သူ အချိန်အတော်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့ဟန်တူသည်။ ထို့ကြောင့် ခေါင်းဆောင်အတွက် ရွှီချင်း စိတ်ပူမနေတော့ပေ။

“ နောက်ဆုံးတော့ လွတ်မြောက်ပြီ … အိမ်ကိုပြန်ရောက်ပြီဟေ့ … ”

ခေါင်းဆောင်သည် ရင်ဘတ်ကို ထုနှက်၍ လက်ရန်းကို အားအင်ချိနဲ့စွာ မှီနေသည်။ လေတဟူးဟူး တိုက်ခတ်လာပြီး သွေးစွန်းနေသော ဆံပင်ရှည်များကို ပင့်သပ်သွားလေရာ ထိုဆံပင်ရှည်များအောက်ရှိ လှပချောမွေ့သော မျက်နှာလေး ပေါ်လာသည်။

ဖျော့တော့သောအသားအရေနှင့် မျက်လုံးများထဲရှိ စိတ်ရှုပ်ထွေးဟန်အမူအရာများကြောင့် ခေါင်းဆောင်ကို တတိယမင်းသမီးအစစ်နှင့် ခွဲမရအောင် တူနေစေသည်။ သူက တတိယမင်းသမီး၏ အတွေးလွန်နေသောအဖြစ်အပျက်ကိုပင် ဖမ်းဆုပ်ကာ သရုပ်ဆောင်နိုင်စွမ်းရှိဟန်တူသည်။

ရွှီချင်းသာ ခေါင်းဆောင်၏ ရုပ်ဖျက်ခြင်းကို ကိုယ်တိုင်မမြင်ခဲ့ရဘဲ ခေါင်းဆောင်နှင့်လည်း ရင်းနှီးမနေခဲ့ပါက ယခုလောလောဆယ်တွင် ခေါင်းဆောင်ကို မှတ်မိရန် အလွန့်အလွန် ခက်ခဲမည်ဖြစ်သည်။

“ ငါ့ကိုကာကွယ်ပေးလို့ ကျေးဇူးပါပဲ ”

ခေါင်းဆောင်၏ ခန္ဓာကိုယ်က လဲကျလုနီးပါးဖြစ်နေပြီး ကြင်နာမှုအရိပ်အငွေ့များ ရောယှက်နေသည့် သူ့လေသံက အနည်းငယ် ပျော့နေသည်။

ဘေးရှိ လက်ရန်းကို ကိုင်ထားသော သူ့လက်မှာ တဆတ်ဆတ်တုန်ရီနေသည်။ အနည်းငယ်မျှ စိတ်အေးလက်အေးဖြစ်သွားလျှင်ပင် သူ့ဒဏ်ရာများ ပြင်းထန်လာကာ သူ့အသက်ကို နှုတ်ယူသွားမှာ စိုးရိမ်နေသည့်အလား အစွမ်းကုန် တောင့်ခံနေသည်။

သူ့ဗိုက်၌ နှလုံးသားကို အနည်းငယ် ထိုးဖောက်သွားခဲ့သော အသက်သေစေနိုင်လောက်သည့် ဒဏ်ရာတစ်ခု ရှိသည်။ ယင်းဒဏ်ရာက သူ့နှလုံးသွေးကြောများကိုပင် ထိုးဖောက်နေဟန်တူသည်။

ရွှီချင်းမှာမူ မူလက သူ့တာအိုဝတ်ရုံဖြူမှာ ယခု အပြာရောင်သွေးများဖြင့် စိုရွှဲနေပြီး ဖြူဖျော့ဖျော့ သူ့မျက်နှာက ပို၍ပင် ဖြူဖျော့လာသည်။

ဒဏ်ရာများကို ကြိတ်မှိတ်တောင့်ခံနေရသည့်အလား သူ့အသက်ရှူသံ မတည်မငြိမ်ဖြစ်လာသည်။ လေပြွန်ကို ထိုးခွဲခံထားရသည့်အလား သူ၏ အပြင်းထန်ဆုံးဒဏ်ရာက သူ့လည်ပင်းပေါ်တွင် ရှိသည်။

သူ အနည်းငယ် ပြန်သက်သာလာခဲ့ပါသော်လည်း စကားများမပြောနိုင်ပေ။ သေချာကြည့်ပါက သူ့ဝတ်ရုံအနားသတ်များတွင် သွေးများ တွဲခိုနေသည်ကိုပင် မြင်နိုင်သည်။

ခေါင်းဆောင်၏ စကားများကို ကြားသောအခါတွင် ရွှီချင်းသည် ခံစားချက်မရှိသည့်အလား မျက်နှာသေဖြင့် ဒဏ်ရာများကို လျစ်လျူရှုကာ လက်နှစ်ဖက်ဆုပ်၍ ခေါင်းဆောင်ကို အရိုအသေပေးလိုက်သည်။

ထိုအချိန်၌ ရှေ့တူရှုမှ ပြင်းထန်သော စွမ်းအင်အငွေ့အသက်တစ်မျိုး ဝင်ရောက်လာကာ သူတို့သင်္ဘောကို ချက်ချင်း လွှမ်းခြုံသွားသည်။

လေထဲတွင် သူတို့ သင်္ဘော ရပ်သွားသည်။

ထိုစွမ်းအင်အငွေ့အသက်သည် ကျင့်ကြံသူတစ်ယောက်မှ ထုတ်လွှတ်လိုက်ခြင်း မဟုတ်ဘဲ မန္တန်အစီအရင်မှ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အကာအကွယ်မန္တန်အစီအရင် ဖြစ်သည်။

ယခု စစ်ပွဲအချိန်ဖြစ်နေ၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ မန္တန်အစီအရင်ကို အချိန်ပြည့်အသက်သွင်းထားသည်။ ယင်းမန္တန်အစီအရင်သည် အပြင်လူများ ဝင်ရောက်ခြင်းကို ဟန့်တားပေးပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်ထဲရှိ အစီအမံများကိုလည်း ပို၍ အရှိန်အဟုန် မြှင့်တင်ပေးသည်။

ထိုမန္တန်အစီအရင်မှ စစ်ဆေးခြင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ထိုးဖောက်ဝင်ရောက်ရာ၌ ပထမအဆင့်စမ်းသပ်ချက်ဖြစ်သည်ကို ရွှီချင်း သိသည်။

သို့သော်လည်း ထိုအဆင့်အတွက် ရွှီချင်းနှင့် ခေါင်းဆောင်တို့က ပြင်ဆင်ထားပြီး ဖြစ်သည်။ မန္တန်အစီအရင်စွမ်းအား ပျံ့လွင့်လာသည်နှင့် တုံ့ပြန်သည့်အနေဖြင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်က စွမ်းအင်အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်သည်။ ရွှီချင်းသည်လည်း အတူတူပင်၊ ပုလင်းလေးကို ဖွင့်၍ တူညီသော စွမ်းအင်အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

မန္တန်အစီအရင်က သူတို့ကို ချက်ချင်း ဖြတ်ကျော်သွားပြီး သူတို့ကို အသိအမှတ်ပြုလိုက်သည်။

ယင်းဖြစ်ရပ်ကြောင့် ခေါင်းဆောင်၏ ကြိုတင်ပြင်ဆင်မှုများကို ရွှီချင်း အထင်ကြီးသွားသည်။

သူက အောက်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျွန်းကို ကြည့်လိုက်သည်။

ယင်းကျွန်းသည် ယခင်က သူမြင်ခဲ့သည့် ကျွန်းများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေပြီး ဒေသကြီးတစ်ခုနှင့် ဆင်တူသည်။

ဤနေရာသည် ကမ်းရိုးတန်းဖြစ်ပြီး ဝိညာဉ်မှိုပင်များနှင့် ဆင်တူသော အပင်ကြီးများစွာ ပေါက်ရောက်နေသည်။

ထိုအပင်ကြီးများသည် အနက်ရောင်အဆင်းရှိပြီး ကြောက်ခမန်းဖိအားများနှင့်အတူ သိပ်သည်းထူထပ်သော အလောင်းအဆိပ်များကို ထုတ်လွှတ်နေသည်။

ထိုအနက်ရောင်ဝိညာဉ်မှိုပင်တိုင်းက ပေတစ်ထောင်ကျော်ရှည်သည်။

တစ်ချက်ကြည့်ရုံဖြင့် ကမ်းရိုးတန်းရေနက်ထဲတွင် အပင်တစ်ရာခန့် ပေါက်နေသည်ကို မြင်နိုင်သည်။

မှိုပင်တစ်ပင်စီပေါ်၌ အရိုးများဖြင့် တည်ဆောက်ထားသော ဆိပ်ကမ်းများစွာ ရှိသည်။

ထိုဆိပ်ကမ်းများ၌ ခေါင်းတလားသဖွယ် စစ်သင်္ဘောအများအပြား ထွက်ခွာရန် စောင့်ဆိုင်းနေသည်ကို မြင်နိုင်သည်။

ထိုမှိုပွင့်ကြီးများအောက်တွင် မရေမတွက်နိုင်သော လက်ကြီးများ ကြီးထွားနေပြီး မြေပြင်နှင့် ပင်လယ်ထဲသို့ ညွတ်ကျနေသည်။

All Chapters