← Chapters

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၄ )

Vol. 18 Ch. 262

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထူးဆန်းသော သတင်းစကား ( ၄ )

Vol. 18 Ch. 262

ထိုလက်ကြီးများသည် ဓာတ်နှောများကို စုပ်ယူနေပြီး ယင်းလက်ကြီးများထံမှ ကြိုးများ ဆန့်ထွက်နေကာ ထိုကြိုးများသည် ပင်လယ်ပြင်တွင် မျောနေသော လှေများနှင့် ချိတ်ဆက်ထားသည်။

ထိုနေရာသည် ဆိပ်ကမ်းတစ်ခုဖြစ်သည်မှာ မြင်ရုံဖြင့် သိသာလှပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ကမ်းရိုးတန်းတစ်ခုလုံးမှာ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ဟန်တူသည်။

ဤနေရာရှိ ကောင်းကင်ကြီးကို မည်းမှောင်သော တိမ်စိုင်များက လွှမ်းခြုံထားသည်။

တဖျပ်ဖျပ်လက်နေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များလည်း ရှိပြီး ကျင့်ကြံသူများ အချိန်တိုင်း တည်နေရာရွှေ့ပြောင်းနေကြသည်။

ကျွန်းတစ်ကျွန်းလုံး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ စစ်သင်္ဘောများစွာနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များဖြင့် ပြည့်နှက်နေသည်။

ပေါက်ကွဲသံများနှင့် တဝုန်းဝုန်းမြည်ဟည်းသံများကို ရံဖန်ရံခါ ကြားရတတ်ပါသော်လည်း လူသံသူသံများကို ရှားရှားပါးပါး မကြားရပေ။

ကုန်းမြေသည်လည်း အနက်ရောင်အဆင်းရှိပြီး ကမ်းရိုးတန်းဒေသရှိ မှိုပွင့်ကြီးများကဲ့သို့ ဧရာမမှိုပွင့်ကြီးတစ်ပွင့်၏ ဖုံးလွှမ်းခြင်း ခံထားရသည်။ သို့သော်လည်း အရောင်ကွဲပြားပြီး ဆိပ်ကမ်းရှိ မှိုပွင့်အများစုက အနီရောင်ဖြစ်သည်။

ထိုကျွန်းပေါ်၌ သစ်ပင်ကြီးအများစုသည်လည်း ပေါက်ရောက်နေသည်။

ထိုသစ်ပင်များသည် ခြောက်ကပ်ညှိုးနွမ်းနေပြီး သိပ်သည်းထူထပ်သော ဓာတ်နှောများကို ထုတ်လွှတ်နေသည်။ ထိုသစ်ပင်ကြီးများကြားတွင် မရေမတွက်နိုင်သော ခြင်နက်များ လူးလာပျံသန်းနေ၏။

သွေးကဲ့သို့ နီစွေးသောအဆင်းရှိသည့် မြစ်ကြီးများလည်း ရှိသည်။

လောကကြီးတစ်ခုလုံးက ငရဲဘုံရောက်သွားသည့်အလားပင်။ ထိုမြင်ကွင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းပြီး အဖက်ဖက်သို့ ပျံနှံ့နေသည့် ကြောက်မက်ဖွယ်ဖိအားတစ်ရပ်လည်း ရှိသည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ သင်္ဘောပျံကြီး ဝေဟင်ပြင်၌ ရပ်နေစဉ် အောက်ရှိ ကမ်းရိုးတန်းမှ ခေါင်းတလားများ လေထဲသို့ ရုတ်ခြည်း ပျံတက်လာသည်။

ထိုခေါင်းတလားများ သင်္ဘောအနီးသို့ ရောက်သွားပြီး ဝိုင်းထားလိုက်သည်။

စုစုပေါင်းခေါင်းတလားအိုကြီး ဆယ့်ခြောက်ခုက သင်္ဘောပျံကြီးကို ဝင်္ကပါတစ်ခုအသွင်ဖြင့် ဝိုင်းထားသည်။

ယင်းခေါင်းတလားအိုကြီးများထံမှ အနက်ရောင်လျှပ်စီးအလင်းများ ဖြာထွက်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။

ယင်းနောက် ရွှီချင်းနှင့် ခေါင်းဆောင်တို့ရှေ့ရှိ ခေါင်းတလားတစ်လုံးမှာ ချက်ချင်း တုန်ခါသွားပြီး အဖုံးပွင့်သွားကာ တစ်ကိုယ်လုံး အနက်ရောင်မြူခိုးငွေ့များဖြင့် ဖုံးလွှမ်းထားသော အဏ္ဏဝါရုပ်အလောင်းတစ်လောင်း ထွက်လာသည်။

မြူခိုးများကြောင့် ထိုအဏ္ဏဝါရုပ်အလောင်း၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ လူသားပုံစံရှိသည်ကိုသာ အကြမ်းဖြင်း ပြောနိုင်သည်။

သူက အပြင်သို့ ထွက်လာပြီးနောက် ရွှီချင်းနှင့် ခေါင်းဆောင်ကို စူးရှပြတ်သားစွာ ကြည့်လိုက်သည်။

ထိုသူထံမှ အခြေတည်နှောင်းပိုင်းအဆင့် စွမ်းအားအငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်မသွင်းရသေးပါသော်လည်း ဓမ္မတံခါးကိုးဆယ်မှ ထွက်ပေါ်လာသည့်ဖိအားကြောင့် ရွှီချင်း၏ ရင်ထဲ လေးလံသွားရသည်။

ထိုသူသည် အောက်ဘက်ရှိ ဆိပ်ကမ်းကို တာဝန်ယူရသည့်ကျင့်ကြံသူဖြစ်သည်မှာ သိသာသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့ကြောင့် သူ ပေါ်လာခြင်း ဖြစ်ပေသည်။

ရွှီချင်းသည် သူ သင်ခဲ့ရသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ နှုတ်ဆက်နည်းအတိုင်း အရိုအသေပေးရန် ခေါင်းငုံ့လိုက်သည်။

ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် ရွှီချင်းနှင့် ခေါင်းဆောင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းဆောင်ကို ခပ်သြသြလေသံဖြင့် ပြောလိုက်သည်။

“ တတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”

“ ခမည်းတော် ဘယ်မှာတုံး ”

ခေါင်းဆောင်က လက်ရန်းကို ကိုင်၍ အေးတိအေးစက် မေးမြန်းလိုက်သည်။

“ ဘုရင်ကြီးက စစ်မြေပြင်ကိုရောက်နေလို့ ပြန်မရောက်သေးပါဘူး ”

“ ဒါဆို ငါ့မြင်တာကို နင်က ဘာလို့ ဒူးမထောက်တာတုံး။ နောက်ပြီးတော့ ဒီလိုဟန့်တားတာက ဘာသဘောလဲ ”

ခေါင်းဆောင်က ပုလဲနက်ကို ချက်ချင်း ထုတ်၍ ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ပစ်ပေါက်လိုက်သည်။

ထိုမျိုးနွယ်ဝင်၏ ကိုယ်ပေါ်တွင် ပုလဲနက် ပေါက်ကွဲသွားသည်။

ထိုမျိုးနွယ်ဝင် တုန်ခါသွားပါသော်လည်း ဒဏ်ရာမရပေ။ သူက မျက်နှာသေဖြင့် ခေါင်းဆောင်ကို ကြည့်၍ ခေါင်းငုံ့ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။

ယင်းကဲ့သို့ တိုက်ခိုက်လိုက်ခြင်းကြောင့် ခေါင်းဆောင်၏ ဒဏ်ရာများ ထလာပြီး သူ သွေးတစ်ပွက် အန်လိုက်ပါသော်လည်း ကြိတ်မှိတ်၍ တောင့်ခံလိုက်သည်။

“ ငါ့ကို ဘိုးဘေးရုပ်အလောင်းရုပ်တုဆီ ပို့ပေး။ င့ါဒဏ်ရာတွေ ကုချင်တယ် ”

“ ဘုရင်ကြီး ထွက်မသွားခင်တုန်းက မင်းသမီးပြန်ရောက်လာရင် နန်းတော်ထဲကို တစ်ခါတည်းပို့ပြီး အပြင်ထွက်ခွင့်မပေးနဲ့လို့ မှာသွားခဲ့ပါတယ် ”

တတိယမင်းသမီး၏ တောင်းဆိုချက်ကို သက်စောင့်မီးလုံးသုံးလုံးပိုင်ရှင် အခြတည်အဆင့်ကျင့်ကြံသူက တည်ငြိမ်စွာ ဖြေလိုက်သည်။ ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးပတ်လည်ရှိ ခေါင်းတလားများအားလုံးထံမှ ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါ ထွက်ပေါ်လာသည်။

တချိန်တည်းမှာပင် လျှပ်စီးနက်များက သင်္ဘောပျံကြီးနှင့်လည်း ချိတ်ဆက်သွားပြီး ရှေ့သို့ လမ်းပြပေးလိုက်သည်။

ထိုဖြစ်ရပ်ကို ရွှီချင်းနှင့် ခေါင်းဆောင်တို့ မျှော်လင့်ထားသည်ဖြစ်ပြီး သူတို့အစီအစဉ်ထဲတွင် ယင်းအတွက် အဖြေရှိပေသည်။

ခေါင်းဆောင်က သွေးတစ်ပွက်အန်လိုက်ရာ အားပျက်ကာ သေခါနီးလက္ခဏာများ သိသိသာသာ ပေါ်လာသည်။ သူက သက်စောင့်မီးလုံးသုံးလုံးပိုင်ရှင်ကျင့်ကြံသူကို ကြည့်၍ ရုတ်တရက် ချိုသာစွာ ပြုံးလိုက်သည်။

“ ကောင်းပြီလေ။ ငါ နန်းတော်ထဲ သေသွားလဲ ဘာမှမဖြစ်ဘူး။ ငါ ပြန်ရှင်လာရင် နင်နဲ့ နင့်အဖွဲ့ကလူတွေအကုန်လုံးကို ဝါးမျိုဖို့ အကြောင်းပြချက်ရသွားတာပေါ့။ ပျော်ဖို့ကောင်းလိုက်တာ။ မြန်မြန်လေးလုပ်လေ ”

တတိယမင်းသမီးအဖြစ် ရုပ်ဖျက်ထားသော ခေါင်းဆောင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အလွန် ချစ်စဖွယ်ကောင်းကာ လှပသည်။

သို့သော်လည်း သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ နှိုင်းယှဉ်၍မရအောင် ရက်စက်ကြမ်းကြုတ်လှသည်။

ပုန်းကွယ်နေသော နောင်တတရားများနှင့် ရူးသွပ်ခြင်းများ အပြင်သို့ တဖြည်းဖြည်းပျံ့နှံ့လာသည့်အလား ဖြစ်နေပေရာ နှောင်းပိုင်းအခြေတည်အဆင့်ကျင့်ကြံသူက ခြေလှမ်းများကို ရပ်လိုက်သည်။

တတိယမင်းသမီး၏ စရိုက်ကို သူ သိထားပြီး အပြင်ထွက်သည့်အခါတိုင်း ကြိမ်ဖန်များစွာ သူ့သေတွင်းသူ တူးလေ့ရှိသည်ကို သူ သိသည်။ တတိယမင်းသမီး ပြန်ရှင်လာသည့်အခါတိုင်း တတိယမင်းသမီး ပို၍မြန်ဆန်စွာ ပြန်ရှင်လာရန် ဘုရင်ကြီးက သူ့လူတချို့အား ဝါးမျိုစေသည်ကိုလည်း သူ သိသည်။

သူ အတန်ကြာ ငြိမ်သက်နေပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်း အခု ထွက်သွားလို့ရပြီ ”

ရွှီချင်း၏ မျက်နှာ အေးစက်တင်းမာသွားပြီး သူ့ကိုယ်ထဲမှ အလောင်းအဆိပ်များ မမြင်နိုင်သော မုန်တိုင်းတစ်ခုပမာ ဘေးပတ်လည်သို့ လွင့်ပျံသွားသည်။ ထို့နောက် သူက ခပ်ရှရှလေသံဖြင့် ပြောလိုက်သည်။

“ ငါ့ဆုကြေးငွေကို အလစ်သုတ်ချင်တာလား ”

ရွှီချင်း၏စကား ဆုံးသည်နှင့် သူ့နောက်မှ မည်းနက်တောက်ပြောင်သော ခေါင်းတလားတစ်လုံး ချက်ချင်း ပွင့်လာပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက် ပြေးထွက်လာသည်။ သက်စောင့်မီးလုံးနှစ်လုံး စွမ်းအားအငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး ကြောက်ခမန်းလိလိမြန်ဆန်စွာ ပြေးထွက်လာရာ ရွှီချင်းအနားသို့ ချက်ချင်း ရောက်သွားသည်။

ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အမျိုးသမီးသည် အသက်ရှင်စဉ်အခါက ရေသူမမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ခဲ့သည်။

ရွှီချင်းအနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် သူ့ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ နှောင်းပိုင်းအခြေတည်အဆင့်ကျင့်ကြံသူမှာ မင်းသမီးကို ပြန်ခေါ်လာသည့်အတွက် ရွှီချင်း ရရှိမည့်ဆုကြေးငွေများကို အလစ်သုတ်ချင်နေသည်မှာ သိသာသည်။

ရွှီချင်း၏အကြည့် အေးစက်သွားသည်။ ထိုအမျိုးသမီး အနီးရောက်သည်နှင့် သူ့နောက်ကျောကို ရိုက်ချလိုက်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

All Chapters