သံမဏိသွေး ယုလန်.....
Vol. 10 Ch. 127
လီလော့တို့ တိုက်ခိုက်နေသည့်နေရာနှင့် အတော်ဝေးသည့် တောအုပ်ထဲတွင်.........
တောအုပ်တစ်ဝက်လောက်က ရေခဲများဖုံးလွှမ်းနေပြီး ကျန်တစ်ဝက်လောက်ရှိ သီးပင်စားပင်မှန်သမျှ အဆိပ်သင့်ညှိုးရော်နေကြလေပြီ။
တောအုပ် အလယ်တွင် လူနှစ်ယောက် မျက်နှာချင်းဆိိုင် မတ်တပ်ရပ်နေကြသည်။
လုချင်းအာသည် သူမ၏ လက်ချောင်းလေးများကို ငုံ့ကြည့်နေသည်။ သူမ၏ လက်ပေါ်တွင် အစိမ်းရောင်ပဲ့တင်ထပ်သံစွမ်းအားများ ရစ်သိုင်းနေပြီး သူမ၏ ကိုယ်ပိုင်စွမ်းအားများကို တမြည့်မြည့်တိုက်စားနေသည်။
ဤသည်မှာ သူမ တွေးထင်ထားသည့် အတ်ိုင်းဖြစ်နေသောကြောင့် အံ့သြမနေခဲ့ပေ။
ပုခုံးအထိ ရေခဲများ ဖုံးလွှမ်းနေသော ဝမ်ဟေးကျူကလည်း သူမကို မျက်မှောင်ကြုံ့၍ ကြည့်နေသည်။
" ဒီလောက်အထိ လုပ်မှဖြစ်မှာလား သူငယ်ချင်းလေး ချင်းအာ.....မင်းရဲ့ ရေခဲအကျဉ်းထောင်က ငါ့ကို ခဏလောက်ပဲ ထိန်းထားနိူင်မှာနော်....ငါ့ရဲ့ အဆိပ်စွမ်းအားတွေက မင်းရဲ့ ခန္ဒာကိုယ်တစ်ခုလုံးကို ပျက်စီးစေလိမ့်မယ်...."
" နင့်ကို ခဏထိန်းထားနိူင်ရုံနဲ့တင် လုံလောက်နေပြီ....."
" တန်လို့လား....ကောလိပ်က နင့်ကို အဆိပ်ဖြေဖို့ ကူညီပေးမယ်ဆိုပေမယ့်လည်း အချိန်အကြာကြီးနာကျင်နေရလိမ့်မယ်...ငါ့ကို ခဏလောက် တားနိုင်ဖို့အတွက် အခုလို ရင်းလိုက်ရတာ တန်ရဲ့လား....."
" ကျေနပ်တယ်...."
" ဟားးး ဟားး သူငယ်ချင်းလေး ချင်းအာ...ငါနင့်ကို ပို သဘောကျလာမိပြီ ...ငါနဲ့ တွဲဖို့ နည်းနည်းလေးတောင် မစဉ်းစားပေးနိူင်ဘူးလား....နောက်ခံအသိုင်းအဝိုင်း၊ အရည်အချင်း၊အလားအလာ..အကုန် လီလော့ထက် သာတယ်ပါတယ်ကွာ...."
" ဒါပေမယ့် နင်က သူ့လောက်မှ ရုပ်မချောတာ...."
"........."
ဝမ်ဟေးကျူ၏ အပြုံးတွေ အေးခဲနေခဲ့လေသည်။
.......................................................................
" အားးးး"
ယုလန်သည် တကိုယ်လုံး တဆတ်ဆတ်တုန်ရီနေသော်လည်း မြေပြင်ပေါ် မျက်မှာအပ်ထားရာကနေ ကုန်းထနေရှာသည်။
သို့သော်လည်း ပြင်းထန်လှသော ကန်ချက်ကြောင့် မီတာအနည်းငယ်ခန့် လွှင့်ပျံသွားပြီး မြေကြီးပေါ် မျက်နှာအပ်နေရပြန်သည်။
"ကျောက်စိမ်းပြား ပြန်ပေးစမ်း...."
ပိုင်တုတု ဘက်က ထိုသို့အော်ဟစ်နေသော်လည်း ယုလန်က ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင်ဆုပ််ကိုင်ထားပြီး......
" မပေးဘူး....သတ်ရဲရင် သတ်ပစ်လိုက်.... "
ပိုင်တုတု ဒေါသထွက်လာသောကြောင့် ယုလန်၏ ဉီးခေါင်းကို လက်သီးနှင့် ထိုးလိုက်လေသည်။
" အားးးးး ကယ်ကြပါဉီး...ဒီမှာ လူသတ်နေပါတယ်ဗျို့! !!"
" အရှက်မရှိတဲ့ကောင်....."
ပိုင်တုတု၏ တစ်သက်တာတွင် ယုလန်လောက် အရှက်မဲ့သူဟူ၍ မတွေ့ခဲ့ဖူးပေ။ ဒေါသထွက်လွန်းလို့ အားပါပါနဲ့သာ ရိုက်နှက် ထိုးကြိတ်နေလေတော့သည်။
" ဖူးးးးးးး"
ယုလန်၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသောကြောင့် ပိုင်တုတု ဆက်မရိုက်ရဲတော့ပေ။
" နင်...နင် အဆင်ပြေရဲ့လား......"
ယုလန်သည် ငါးသေတစ်ကောင်သဖွယ် မလှုပ်တော့သောကြောင့် ပိုင်တုတုတစ်ယောက် အသက်ရှိမရှိ စမ်းကြည့်ဖို့ ပြင်လိုက်သည်။
ပိုင်တုတု အနားကပ်လာသည့်အခါ သေနေပြီထင်ရသော ယုလန်သည် သူမကို ရေဘဝဲတစ်ကောင်သဖွယ် တင်းကြပ်စွာဖက်တွယ်လိုက်သောကြောင့် နှစ်ယောက်သား မြေပြင်ပေါ်တွင် လုံးထွေးနေကြလေသည်။
ဘုန်းးးးးး
ပိုင်တုတု၏ ပြင်းထန်လှသော အစိမ်းရောင်စွမ်းအားများကြောင့် ယုလန် အဝေးသို့ လွှင့်စင်သွားပြီး ကျောက်တုံးတစ်ခုနှင့်ဆောင့်မိသွားလေသည်။
တိုက်မိသည့် အရှိန်ကြောင့် ယုလန်၏မျက်နှာတပြင်လုံး ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေရှာသည်။
ပိုင်တုတု၏မျက်နှာတစ်ခုလုံး ဒေါသကြောင့် စိမ်းပြာနေပြီး သွေးစွန်းသွားသော
အဝတ်အစားများကို သေချာစွာပြန်စစ်ဆေးနေလေ၏။
" ငါ နင့်ကိို သတ်ပစ်မယ်....."
ပိုင်တုတု ထိုသို့အော်ဟစ်လိုက်ပြီး ယုလန်ကို လှံရှည်နှင့် လှမ်းထိုးလိုက်လေသည်။
ယုလန်ကလည်း မျက်ရည်အဝဲသားနဲ့.......
" သတ်လိုက်ပါ....ငါ့မှာ အသက်ရှစ်ဆယ်အရွယ် အမေအိုကြီးနဲ့ လူမမယ် မောင်နှမဆယ်ယောက်ရှိနေသေးတယ်...ဒါပေမယ့် ငါ သေရမှာ မကြောက်ဘူး....."
ပိုင်တုတု၏ လှံရှည်သည် ယုလန်၏ မျက်ခုံးနားတွင် ရပ်တန့်နေလေသည်။
" ဘယ်အမေမျိုးက အဲ့သလောက်မွေးနိုင်မှာလဲ....."
သူမ ထိုသို့ ပြောလိုက်ပြီးသည်နှင့် ယုလန်၏လက်ကောက်ဝတ်ကို လှံနှင့်ထိုးကာ ကျောက်စိမ်းပြားကို ပြန်ယူလိုက်ပြီး ခါးတွင် ပြန်ချိတ်ထားလိုက်သည်။
" ငါ့ ညီမနဲ့ဝေးဝေးနေ....မဟုတ်လို့ကတော့ နင့်ကိုခွေးစာကျွေးပစ်မယ်....."
သူမ လှည့်ထွက်ရန်ပြင်လိုက်သည့်အခါ သူမ၏ ခြေကျင်းဝတ်ကို လက်တစ်ဖက်က ဆုပ်ကိုင်ထားနေသည်။
ယုလန်ကလည်း လက်ကျန်ခွန်အားတွေကို စုစည်းပြီး......
" မင်းကို ဘယ်သူက သွားခွင့်ပေးသေးလို့လဲ....."
သူမလှည့်ကြည့်လိုက်သည့်အခါ သွေးသံတရဲရဲနှင့် ဒဏ်ရာဗလပွရထားသော်လည်း သူမကို တားဆီချင်နေသေးသည့် ယုလန်ကြောင့် ခံစားချက်များ ရှုပ်ထွေးကုန်လေ၏။
ဤလူသည် အရှက်မဲ့သော်လည်း လေးစားဖွယ်ကောင်းအောင် ဇွဲရှိသူတစ်ဉီးဖြစ်သည်။
" နင့်နာမည် ဘယ်လိုခေါ်လဲ...."
" ယုလန်...."
" ယုလန်...နင်က အရူးပဲ....ဒီနေရာက ကောလိပ်ပိုင်နက်သာ မဟုတ်ရင် ငါနင့်ကို သတ်ပစ်လိုက်ပြီ....နင် ငါ့ရဲ့ စိတ်ရှည်သည်းခံမှုကို ခဏ ခဏလာဆွမနေနဲ့.... နင် လီလော့အတွက် လုပ်ပေးနေတာမဟုတ်လား....နင့်အတွက် တန်လို့လား...သူက လော့လန်အိမ်တော်သခင်လေးနော်....နင့်ဘက်ကသာ သူ့ကို ညီအစ်ကိုတစ်ယောက်လို သဘောထားနေပေမယ့် သူ့အတွက်ဆို နင်က နယ်ရုပ်လေးတစ်ခုသာသာပဲရှိတာ....."
" ကောင်မလေး....ငါ့လို အတွေ့ကြုံများတဲ့သူ က နင့်လို ရွှေအိမ်စံမင်းသမီးလေးထက်တော့ သာပါသေးတယ်...."
" ဟိုတုန်းက ငါ့မိဘတွေက မိသားစုစီးပွားရေးအပျက်ခံပြီး ငါ့ကို နန်ဖန်းကျောင်းတော်ဆီပို့ပေးခဲ့တယ်....အဲ့တုန်းကဆို ဆရာတွေ သင်ပေးတဲ့ ပဲ့တင်ထပ်သံပညာရပ်တွေကို ငါတစ်ခုမှ မသိခဲ့သလို နားလည်း နားမလည်နိုင်ခဲ့ဘူး.....လီလော့ကသာ ငါ့ကို အစစအရာရာသင်ပြပေးပြီး ကျောင်းဆက်တက်ဖို့ ခွန်အားတွေပေးခဲ့တာ.....နင့်အတွက်တော့ ဒီလောက်လေးက ဘာမှမဟုတ်ပေမယ့် ငါကတော့ ဒါတွေ အမြဲအမှတ်ရနေပြီး လီလော့ကို ညီအစ်ကိုတစ်ယောက်အဖြစ် ထာဝရသတ်မှတ်ထားပြီးသား....."
" သူ ငါ့အပေါ် ဘယ်လို သတ်မှတ် သတ်မှတ် ငါ့အတွက်အရေးမကြီးဘူး....ပိုင်တုတု နင်ဒီနေရာကနေ ထွက်သွားရင် ငါ......."
" ငါလည်း သေပစ်လိုက်မယ်....."
" ဟဲ့ နင်ရူးနေလား...နင် သေ သေမသေသေ ဘယ်သူက ဂရုစိုက်နေမှာလဲ....ထွက်သွားစမ်း...."
ပိုင်တုတု ယုလန်ကို ကန်ထုတ်လိုက်သော်လည်း သေစေလိုသေယ ဆန္ဒမရှိခဲ့ပေ။
ယုလန်က သူမ ခြေထောက်ကို ထပ််ကိုင်လိုက်ပြီး.....
"ပိုင်တုတု..... နတ်ဆိုးဆန်တဲ့ နင့်လုပ်ရပ်တွေကို အမှတ်ရနေစေရမယ်...ကောလိပ်ကို စရောက်ရောက်ချင်းနေ့မှာ အပြစ်မရှိတဲ့ ကျောင်းသားတစ်ယောက်ကို သတ်ပစ််လိုက်တယ်.....ငါ သေရင်တောင် သရဲဘဝနဲ့ နင့်ကို ခြောက်လှန့်နေဉီးမှာ....."
" ပါးစပ်ပိတ်ထားစမ်း......"
သူမ ရှောင်ထွက်လိုက်ပြီး နီးစပ်ရာကျောက်တုံးတစ်ခုပေါ်ထိုင်ချလိုက်ပြီး......
" အခုနေသွားလို့လဲ မှိီမှာမဟုတ်တော့ဘူး....လီလော့ ရှုံးနေလောက်ပြီ...."
" ကောင်းလိုက်တာ....ကျောင်းသားသစ်စာရင်းရဲ့ ထိပ်တန်းအဆင့်သုံး ကျောင်းသူကို တားထားနိုင်ပြီဆိုတော့...ဇာတ်လမ်းကောင်တစ်ပုဒ်ဖြစ်လာမှာသေချာတယ်...."
" နင့်နေရာမှ တခြားသူသာဆို အကောင်းတိုင်း ရှိနေတဲ့ နေရာတောင်ရှိမှာ မဟုတ်လောက်ဘူး...... "
" မင်း ဘယ်သူ့ကို သရုပ်ဆောင်ပြနေတာလဲ....ငါကရောဘာလို့ အကောင်းတိုင်းမကျန်ရမှာလဲ....."
ညီမဖြစ်သူ ရုပ်အချောသလောက် သူကတော့ ဒေါသကြီးလိုက်တာ......
တခဏအကြာတွင် ယုလန်ထံမှ ဘာအသံမှမကြားတော့သောကြောင့် လှည့်ကြည့်လိုက်သောအခါ ယုလန်တစ်ယောက် သွေးအိုင်ထဲတွင် သတိလစ်နေလေပြီ......
"ဒီကောင်စုတ်ကတော့လေ......"