← Chapters

ပဲ့တင်ထပ်သံပညာရပ်များပေါင်းစပ်အသုံးပြုခြင်း.......

Vol. 10 Ch. 129

ပဲ့တင်ထပ်သံပညာရပ်များပေါင်းစပ်အသုံးပြုခြင်း.......

Vol. 10 Ch. 129

" ပဲ့တင်ထပ်သံနှစ်ခု......"

ယခုချိန်တွင် ပိုင်ရွှမ်းသည် မနာလိုဖြစ်ခြင်း၊ဒေါသထွက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း စသည့်ခံစားချက်မျိုးစုံကို ရောပွှမ်းခံစားနေရသည်။

သူတို့နှစ်ဉီးစလုံးသည် အိမ်တော်သခင်လေးများဖြစ်ကြသော်လည်း လီလော့သည် ​ဝေးလံခေါင်သီလှသော ထျန်ရှုတွင် ကြီးပြင်းခဲ့ရပြီး ဗလာနန်းတော်ရှိခဲ့ဖူးသူဖြစ်သောကြောင့် အမြဲတစေ အထင်မြင်သေးနှိမ့်ချနေခဲ့မိသည်။

လီလော့ ထျန်ရှုတွင် ပထမရသည် ကြားခဲ့စဉ်ကလည်း အလယ်အလယ်တန်းစား စီရင်စုတစ်ခု၏ ချန်ပီယံဖြစ်သောကြောင့် ပိုင်ရွှမ်း သိပ်အရေးမထားခဲ့မိပေ။

လီလော့ထံတွင် ပဲ့တင်ထပ်သံရှိနေပြီဆိုသော်လည်း အဆင့်​ခြောက်သာရှိသည့်အတွက် အလားအလာသိပ်မကောင်းနိုင်ပေ။ သူသည် လီလော့ထက် ကျင့်ကြံမှုအဆင့်ရော ပဲ့တင်ထပ်သံအဆင့်ပါ သာလွန်နေသည်မဟုတ်ပေလော။

လီလော့၏ မိဘနှစ်ပါးစလုံး ထူးချွန်ကြ

သည်ကို မည်သို့မျှ မငြင်းနိုင်ခဲ့ပေ။ လီတိုင်ရွှမ် သူ့အဖေကို ဆယ့်ရှစ်ကြိမ်ရိုက်နိုင်ခဲ့သည်မှာ ရှပြည်ထောင်စုတစ်ခုလုံးသိထားသော အမှန်တရားတစ်ခုဖြစ်နေခဲ့သည်။

ဤသည်မှာ အရင်မျိုးဆက်၏ ရန်ကြွေးဖြစ်နေသောကြောင့် သူသာလီလော့ကို ပြန်ရိုက်နိုင်မည်ဆိုပါက ဖခင်အတွက် ရှုံးကြွေးပြန်ဆပ်နိုင်ပြီဟု မှတ်ယူထားခဲ့ပါသည်။

ဒူဇီအိမ်တော်သခင်လေးအနေဖြင့် လော့လန်အိမ်တော်သခင်လေးကို အနိုင်ပိုင်းနိုင်ပြီဟူ၍.......

လီလော့ဘက်က အမွှာပဲ့တင်ထပ်သံထုတ်မပြခင်အထိ သူ့အကြံအစည်များ ချောမွေ့နေခဲ့ပါသေးသည်။

သို့သော်လည်း မမျှော်လင့်ထားသောအရာများကြောင့် ခဲလေသမျှ သဲရေကျဖြစ်ကုန်လေပြီ။

"မဖြစ်ရဘူး......"

ပိုင်ရွှမ်း ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ပုဆိန်ကြီးကို လွှဲယမ်းကာ သစ်ကိုင်းများကို အပိုင်းပိုင်း ခုတ်ပိုင်းလိုက်ပြီး လီလော့ကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

လီလော့ကလည်း လျင်သည်။

" ကျားအဆင့်ပညာရပ်...သစ်ပင်များနှင့်ချုပ်နှောင်ခြင်း......."

အနီးအနားရှိ သစ်ပင်များအားလုံးသည် အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာကြပြီး ၎င်းတို့ထံမှ သစ်ကိုင်းများသည် ပိုင်ရွှမ်းကို ချုပ်နှောင်ရန် တိုးဝင်လာကြသည်။

ထိုသစ်ကိုင်းများတွင် ပါဝင်နေသောစွမ်းအားပမာဏအရ လီလော့၏ သစ်သားပဲ့တင်ထပ်သံ အဆင့်သိပ်မမြင့်မှန်း ပိုင်ရွှမ်း သဘောပေါက်သွားခဲ့သည်။

" မဖြစ်စလောက်အရာလေးတွေနဲ့ ငါ့ကို ချုပ်ထားချင်တယ်ပေါ့....ဟားးးးဟားးးး"

ပိုင်ရွှမ်းသည် သစ်ကိုင်းများကို စိမ်ပြေနပြေခုတ်ပိုင်းရင်း လီလော့ထံသို့ တစ်လှမ်းချင်း လှမ်းလာနေသည်။

လီလော့သည်လည်း သိပ်မအံ့သြနေခဲ့ပေ။ သစ်သားပဲ့တင်ထပ်သံသည် အဆင့်လေးသာ ရှိသေးသည့်အတွက် ကျားအဆင့်ပညာရပ်ထုတ်သုံးထားသည့်တိုင် ပိုင်ရွှမ်းကို ချိန်းခြောက်နိုင်မည်မဟုတ်ပေ။

ဤသည်မှာ အစမျှသာရှိပါသေးသည်။

လီလော့ လက်နှစ်ဖက်ကိုပူးကပ်လိုက်ပြီး .......

" ကျားအဆင့်ပညာရပ်.....ရေစေးပညာရပ်....."

လီလော့ထံမှ ထွက်ပေါ်လာသော အပြာရင့်ရောင်စွမ်းအားများသည် ရေစီးကြောင်းများသဖွယ် သစ်ကိုင်းများပေါ်သို့ စီးဝင်သွားခဲ့လေသည်။

ဝှစ်.......

အစိမ်းရောင်နှင့် အပြာရောင်ရောစပ်နေသော သစ်ကိုင်းများသည် ပိုင်ရွှမ်းထံသို့ ထပ်မံတိုးဝင်သွားကြပြန်သည်။

ဤတစ်ကြိမ်တွင် သစ်ကိုင်းများသည် ယခင်ကထက် ပိုမိုတောင့်တင်းခိုင်မာနေသောကြောင့် အလွယ်တကူ မခုတ်ဖြတ်နိုင်တော့ပေ။

သစ်ကိုင်းကို ခုတ်ပိုင်းလိုက်သည့်အခါ ထွက်ကျလာသောရေစက်များ ပုဆိန်ကြီးပေါ်ကျဆင်းလာသောအခါ ပုဆိန်ကြီးသည် ယခင်ကထက် ပိုမိုလေးလံလာသည်။

" ရေစေးပညာရပ်???"

ပိုင်ရွှမ်း လန့်နေပြီ။ သစ်ပင်ချုပ်နှောင်ခြင်း သက်သက်သည် သိပ်အစွမ်းမထက်သော်လည်း ရေစေးပညာရပ်နှင့် တွဲဖက်အသုံးပြုလိုက်သည့်အခါ သစ်ကိုင်းများသည် ရေစိမ်ထားသလိုဖြစ်နေပြီး ပိုမိုတောင့်တင့်ခိုင်မာလာကြသည်။

ဝှစ်.....ဝှစ်....

များပြားလှသော သစ်ကိုင်းများ ပျံဝဲလာနေသည်ကို မြင်သော်လည်း ပိုင်ရွှမ်း ရှောင်တိမ်းမနေတော့ပေ။ ထို့​ကြောင့်ပြင်းထန်သောရိုက်ချက်ကြောင့် ပုခုံးတစ်ခုလုံးစုတ်ပြတ်သွားပြီး သွေးများစီးကျလာသည်။

သွေးထွက်လာသောကြောင့် ပိုင်ရွှမ်း ပူထူလာပြီး စစ်ပုဆိန်ကြီးကို နောက်တစ်ကြိမ်ထပ်မံလွှဲယမ်းလိုက်ပြန်သည်။

ဖန်းးး.ဖန်းးးဖန်းးးး

များပြားလှသော သစ်ကိုင်းများသည် မြွေနှင့်တူသော ကြာပွတ်များသဖွယ် ပြင်းထန်စွာရိုက်ခတ်နေသောကြောင့် ပိုင်ရွှမ်းခုခံနိုင်စွမ်း ကျဆင်းလာသည်။

လီလော့သည် ခပ်မြူးမြူး အမူအရာနှင့် သစ်ကိုင်းအချို့ကို မျှားတံများသဖွယ် ဖန်တီးလိုက်ပြီး တစ်ချောင်းချင်းစီ စိမ်ပြေနပြေ ပစ်လွှတ်နေသည်။

ထိုမျှားတံများသည် ကျယ်လောင်သော လေခွင်းသံနှင့်အတူ သစ်ကိုင်းများကြားကနေ ပိုင်ရွှမ်းဆီ ဉီးတည်ပျံသန်းသွားကြလေသည်။

ထိုမျှားချက်များသည် မသေစေနိုင်သော်လည်း ပိုင်ရွှမ်းကို အကြီးအကျယ် အရှက်ကွဲစေခဲ့ပါသည်။

လီလော့သည် ပိုင်ရွှမ်းကို အနီးကပ်မတိုက်ခိုက်တော့ဘဲ မျှားတံများကိုသာ တလစပ်ပစ်လွှတ်နေသောကြောင့် ပိုင်ရွှမ်းကို ကြည့်ရသည်မှာ  ဖြူကောင်နှင့်ပင်တူနေလေပြီ။

ပိုင်ရွှမ်း ဒေါသပုန်ထနေလေပြီ။

" လီလော့...မင်း ယောက်ကျားပီပီသသ မျက်နှာချင်းဆိုင်မတိုက်ရဲဘူးလား!!!!"

ရေစိမ်ထားသလို ဖြစ်နေသော သစ်ကိုင်းများကြောင့် အင်အားဆုတ်ယုတ်သလို ဖြစ်လာနေသောကြောင့် ပိုင်ရွှမ်း ထိတ်ထိတ်ပြာပြာဖြစ်နေခဲ့သည်။

လီလော့၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် ပိုင်ရွှမ်း အခြေနေမကောင်းနိုင်တော့ပေ။

အနီးကပ်တိုက်ခိုက်မည်ဆိုပါက လီလော့ကို ကောင်းစွာဖိနှိပ်ထားနိူင်သော်လည်း ယခုလို လှည့်ကွက်များကြောင့် ကစားပွဲသည် တဖက်သတ်ဆန်စွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ခွေးမသား.....

ဖန်းးးးး

အဆုံးမရှိနိုင်အောင် များပြားလှသော သစ်ကိုင်းများသည် ပိုင်ရွှမ်း၏ ​ခြေလက်များကို တင်းကြပ်စွာ ရစ်ပတ်ထားသောကြောင့် ပုဆိနိကြီးလည်း မြေခနေရှာပြီး သူကိုယ်တိုင်လည်း ခေါင်းတစ်လုံးသာ မြင်နေရတော့သည်။

မည်သို့ပင် ရုန်းကန်နေပါစေ ရေစေးပညာရပ်နှင့် ပေါင်းစပ်ထားသော သစ်ကိုင်းများသည် တန်ချိန်ပေါင်းများစွာ လေးလံနေသောကြောင့် နည်းနည်းမျှ လှုပ်မရတော့ပေ။

လီလော့က ပုဆိန်ကြီးကို ကောက်ကိုင်လိုက်ပြီး.......

" ကဲ....ငါ အခု မင်းရှေ့ကို ရောက်နေပြီ....လာတိုက်လေ...လာပါ..... မျက်နှာချင်းဆိုင် မျှမျှတတ တိုက်ကြမယ်လေကွာ....."

ပိုင်ရွှမ်း အော်ဟစ်ရန်ပြင်လိုက်သော်လည်း သစ်ကိုင်းအချို့က သူ့ပါးစပ်ကို တင်းကြပ်စွာပိတ်နှောင်ထားသည်။

" ဒူဇီအိမ်တော်သခင်လေးနဲ့ လော့လန်အိမ်တော်သခင်လေးတို့ရဲ့တိုက်ပွဲမှာ ဒူဇီအိမ်တော်သခင်လေး အပြတ်အသတ်အနိုင်ပိုင်းခံလိုက်ရပြီ......"

ပိုင်ရွှမ်း ဒေါသထွက်လွန်းလို့ မေ့လဲတော့မလို ဖြစ်နေလေပြီ။

ပိုင်ရွှမ်း မျက်ဖြူဆိုက်နေသည်ကို မြင်လိုက်မှသာ လီလော့က သစ်ကိုင်းများကို ဖြေလျှော့ပေးလိုက်သည်။

ပိုင်ရွှမ်း မြေပြင်ပေါ်တွင်ထိုင်ပြီး ခက်ခဲစွာ အသက်ရှူနေရရှာသည်။

အကယ်၍ ပိုင်ရွှမ်းသာ ဒီထက်ပိုပြီး တောင့်ခံနိုင်မည်ဆိုပါက လီလော့ ရှုံးနိမ့်ရတော့မည်ဖြစ်သည်။ သစ်သားပဲ့တင်ထပ်သံသည် အဆင့်လေးသာရှိသေးသည့်အတွက် စွမ်းအားသိပ်မပြင်းသေးပေ။

ထိုအချိန်တွင် သူတို့နှစ်ဉီးရှေ့သို့  ရှန်ကျင်းရှောင် ရောက်လာခဲ့သည်။

" အိုးး နည်းပြရှန်ရောက်လာပြန်ပြီပဲ.....နေ့လည်စာရော စားပြီးပြီလား....."

" လီလော့...မင်းမှာ ပဲ့တင်ထပ်သံနှစ်ခုရှိတာကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ...ငါမင်းကို လျှော့တွက်လိုက်မိပြီ....."

" ဟားးး ဟားးး ဘယ်သူကများ မလိုအပ်ဘဲ ဝှက်ဖဲတွေ ထုတ်ပြနေမှာလဲဗျာ....."

" မင်းက လီတိုင်ရွှမ်နဲ့တိုင်တန်လန်တို့ရဲ့သား ပီသပါပေတယ်....."

" နည်းပြရှန်မှာ ဘာအစီစဉ်များရှိနေသေးလဲ....."

ရှန်ကျင်းရှောင် ဘာမှပြန်မဖြေသော်လည်း အကြည့်များထဲတွင် သတ်ဖြတ်လိုစိတ်များ ကြီးစိုးနေသည်။

ရှန်ကျင်းရှောင်သည် တုံးအသူမဟုတ်ပေ။ခရမ်းအဆင့်နည်းပြတစ်ဉီး၏ လုပ်ပိုင်ခွင့်ထက်ကျော်လွန်သည့်အရာများကို ပြုလုပ်လိုက်မည်ဆိုပါက မြို့စားအဆင့်ဖြစ်နေပါစေ မည်သူမျှလက်ခံလိမ့်မည်မဟုတ်ပေ။

" ခင်ဗျားမှာ ဘာအစီအစဉ်မှ မရှိတော့ဘူးဆို ဒီတစ်ခါ ကျုပ်အလှည့်ပဲ....."

လီလော့သည် မြေပြင်ပေါ်ထိုင်ချလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ ကျယ်လောင်လှသော အသံဖြင့်.......

" ဝေးးးးး ကျန်တဲ့ခရမ်းအဆင့်နည်းပြတွေ ဘာလုပ်နေကြတာလဲ....ကျုပ်အခု ပြသလိုက်တဲ့စွမ်းရည်တွေက ခင်ဗျားတို့အတွက် မလုံမလောက်သေးဘူးလား....!!!!!!"

လီလော့၏ အော်သံသည် တောအုပ်တခွင် ပဲ့တင်ထပ်မြည်ဟီးနေလေသည်။

သိပ်မကြာခင်မှာပင် ကောင်းကင်ပေါ်ကနေ ခရမ်းတံဆိပ်လေးခု ကျဆင်းလာပြီး လီလော့နံဘေးတွင် ဝဲပျံနေကြသည်။

တကယ်တမ်းတွင်လည်း ကျန်နည်းပြလေးဉီးည် ထိုအချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ လီလော့သည်

အမွှာပဲ့တင်ထပ်သံပိုင်ရှင်တစ်ဉီးဖြစ်နေသောကြောင့် မည်သူမျှ ရှန်ကျင်းရှောင်ကို ဂရုစိုက်မနေတော့ပေ။

All Chapters