← Chapters

လီလော့ရွေးချယ်လိုက်သောနည်းပြ.....

Vol. 10 Ch. 130

လီလော့ရွေးချယ်လိုက်သောနည်းပြ.....

Vol. 10 Ch. 130

လီလော့နံဘေးတွင် ခရမ်းတံဆိပ်ပြားလေးခု ပတ်လည်ဝိုင်းနေသော မြင်ကွင်းကြောင့် ခန်းမထဲရှိ ပရိတ်သတ်များလည်း မှင်သက်နေခဲ့ကြသည်။

လီလော့၏ အမွှာပဲ့တင်ထပ်သံသည် နည်းပြလေးဉီးစလုံးကို လုံလောက်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

အတိအကျဆိုပါက ရှန်ကျင်းရှောင် ကဲ့သို့သော မြို့စားအဆင့်တစ်ဉီးနှင့် မျက်နှာအပျက်ခံနိုင်သည်အထိ ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

လီလော့အတွက် ထိုလေးခုထဲမှ တစ်ခုကိုရွေးလိုက်ရုံဖြင့် ခရမ်းအဆင့်နည်းပြ၏တပည့်ဖြစ်လာပေတော့မည်။

အခြားသော စီနီယာကျောင်းသားများသည် ထိုမြင်ကွင်းကို အံ့သြမှင်သက်စွာ ငေးကြည့်နေကြသည်။

နည်းပြလေးဉီးစလုံးထံမှ ကမ်းလှမ်းချက်ရရှိခြင်းသည် လီလော့ထံတွင် ထူးချွန်သောပါရမီနှင့် ကောင်းမွန်သော အလားအလာများရှိနေသည်ဟူသော အဓိပ္ပါယ်ပင်မဟုတ်လော.....

ထိုမြင်ကွင်းမျိုးသည် မြင်တွေ့နိုင်ရန် သိပ်ခက်ခဲလွန်းသော မြင်ကွင်းမျိုးဖြစ်သည်။

"ဝိုးးး လီလော့ဆိုတဲ့သူက အချဉ်မဟုတ်ဘူးနော်...ကစားပွဲကိုပြောင်းပြန်လှန်နိုင်တဲ့အပြင် နည်းပြတွေကလည်း သူ့အတွက် တိုက်ခိုက်နေကြပြီ....."

ဧကရာဇ်လေးသည် လီလော့၏ တိုက်ပွဲအစအဆုံးကို မျက်လုံးအပြူးသားနှင့်စောင့်ကြည့်နေခဲ့ပြီး လီလော့ အနိုင်ရရှိသွားသောအခါ အတော်ပင် ပျော်ရွှင်နေရှာသည်။

" ဒုကျောင်းအုပ်.....လီလော့ ဘယ်သူ့ကို ရွေးမယ်ထင်လဲ....."

မင်းသမီးကြီးက စုရှင်းကို ထိုသို့မေးလိုက်သောအခါ စုရှင်း ခပ်တိုးတိုးရယ်မောလိုက်ပြီး.........

" ငါလည်း ဘယ်သိပါ့မလဲ.....ဒါပေမယ့် သူ့ရဲ့ သစ်သားချုပ်နှောင်ခြင်းကို ကြည့်ရသလောက်ဆို ဒုတိယပဲ့တင်ထပ်သံက သိပ်အဆင့်မြှင့််မှာ မဟုတ်လောက်ဘူး...ပဲ့တင်ထပ်သံနှစ်ခုပေါင်းလိုက်ရင် အဆင့်နိမ့်အဆင့်ရှစ်ပဲ့တင်ထပ်သံထက်ပိုသန်မာပြီး အဆင့်မြင့်အဆင့်ရှစ်ပဲ့တင်ထပ်သံထက်တော့ အားနည်းလိမ့်မယ်.....ပဲ့တင်ထပ်သံနှစ်ခုရှိတယ်ဆိုတာ အတော်ရှားပါးတဲ့ အခြေနေမို့ နည်းပြတွေ မျက်စိကျရင်လည်း ကျလောက်ပါတယ်လေ......"

မင်းသမီးကြီးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး.......

" ဟုတ်တယ်.....မြို့စားအဆင့်ရောက်မှသာ ပဲ့တင်ထပ်သံနှစ်ခုပိုင်ဆိုင်နိုင်ကြတာ...ဒါတွေကိုသာ ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ပြီဆို သူ့အတွက် အားသာချက်တွေ အများကြီးရှိလာလိမ့်မယ်.....ဒါက အနာဂတ်မှာ မြို့စားအဆင့် ရောက်နိုင်ဖို့ အများကြီး အထောက်အကူပြုနိုင်တယ်......လီလော့က တော်တော်လေး ထူးခြားတယ်....."

ဒူဇီပိုင်ရွှမ်းကို လီလော့ မျှားနှင့်ပစ်ပြီး စကားလုံးများနှင့် တရစပ်ထိုးနှက်ခဲ့သည့်အကြောင်းကို စဉ်းစားမိလိုက်သည့်အခါ မင်းသမီးကြီး ပြုံးလိုက်မိသည်။

လီလော့သည် ကျန်းချင်းအာနှင့် လုံးဝကို ဆန့်​ကျင့်ဘက်ဖြစ်နေသည်။

ကျန်းချင်းအာသည် ပြိုင်ဘက်များအပေါ် လှည့်ကွက်များမသုံးဘဲ တိုက်ရိုက်အနိူင်ယူတတ်သူဖြစ်သည်။ လီလော့ကတော့ ဒုက္ခတောထဲကနေ ကိုယ့်ကိုကိုယ်ကယ်တင်နိုင်ရန် တစ်ဖက်လူကို စကားနားထိုး၍ အနိုင်ယူတတ်သူဖြစ်သည်။

လီလော့သည် ပြိုင်ဘက်ကို ဘယ်လိုနိုင်နိုင် အနိူင်ရလျှင်ပြီးရောဆိုသည့် လူစားမျိုးပင်.....

........................... .........................................

ခန်းမထဲတွင် လူအများက လီလော့အကြောင်း တရေးတယူဆွေးနွေးနေကြစဉ်တွင် လီလော့နှင့် မနီးမဝေးတွင်ရှိနေကြသော

နည်းပြလေးဉီးအနက်မှ ခပ်ဝဝအမျိုးသားတစ်ဉီးသည် ရှန်ကျင်းရှောင်ကို တွေ့လိုက်သည့်အခါ ပြုံးလိုက်ပြီး.....

" နည်းပြရှန်...လီလော့က ထင်ထားတာထက်တောင် အဖိုးတန်နေသေးတယ်နော်...."

ရှန်ကျင်းရှောင် ထိုသူကို လျစ်လျူရှုထားလိုက်သည်။ လီလော့ဘက်က ပဲ့တင်ထပ်သံနှစ်ခုထုတ်ပြလိုက်ကတည်းက သူ့အစီအစဉ်များ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

လီလော့သာ သာမာန်အဆင့်​ဖြင့် ရွေးချယ်ပွဲအောင်မြင်ခဲ့သောကျောင်းသားတစ်ဉီးဖြစ်နေပါက မည်သူမျှ သူနှင့် မျက်နှာအပျက်ခံပြီး ကမ်းလှမ်းကြမည်မဟုတ်ပေ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အပြန်အလှန်လေးစားကြရမည်မဟုတ်လော။

သို့သော်လည်း လီလော့သည် ဂုဏ်ထူးအပြည့်ဖြင့်အောင်မြင်သောကျောင်းသားဖြစ်နေသည့်အတွက် မျက်နှာပျက်ရမည်ဆိုလည်း မမှုနိုင်ကြတော့ပေ။

ဤတစ်ကြိမ်တွင် ရှန်ကျင်းရှောင်အတော်ပင် အထိနာသွားခဲ့လေပြီ။

အမွှာပဲ့တင်ထပ်သံသည် အဆင့်ကိုးပဲ့တင်ထပ်သံနှင့်သိပ်မကွာသည့်အတွက် လီလော့ကို တပည့်အဖြစ်လက်ခံနိူင်သောနည်းပြသည် မြို့စားအဆင့်တစ်ယောက်ကို များမကြာမီမွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။

ရှန်ကျင်းရှောင်သည် ခရမ်းတံဆိပ်ပြားလေးခုထွက်ပေါ်လာချိန်မှစ၍ အရှုံးကို လက်ခံလိုက််ရပြီဖြစ်သည်။

လီလော့သည် ရှန်ကျင်းရှောင်ကို အနေကြပ်အောင်မလုပ်တော့ဘဲ ခရမ်းတံဆိပ်ပြားလေးခု၌သာအာရုံစိုက်ထားခဲ့သည်။

" ကျွန်တော် ဘယ်လိုရွေးရမလဲ မသိဘူး...."

ထိုလေးယောက်စလုံး သူ့ကိုတစ်နေရာရာကနေ ကြည့်နေမှန်း သိနေသောကြောင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။

တဆခဏမျှ တိတ်ဆိတ်နေပြီး​နောက် အမျိုးသမီးတစ်ဉီး၏ စကားသံကို လီလော့ကြားလိုက်ရသည်။

" ငါ့နာမည်က ချီချန်းပါ.....နည်းပြလေးယောက်စလုံးက မင်းအတွက် သင့်တော်ပေမယ့် ငါက ရှန်းကျင်းရှောင်နဲ့ မတည့်တာတစ်ခုပဲ သူတို့ထက်သာတယ်.....မင်းနဲ့ဒူဇီပိုင်ရွှမ်း စတိုက်ကတည်းက ငါ စောင့်ကြည့်နေခဲ့တာ....အမှန်တိုင်း ပြောရရင် မင်း သူ့ကိုရှုံးခဲ့မယ်ဆို ငါမင်းကို ရွေးမှာ မဟုတ်ဘူး.....အဲ့လို မရွေးတာကလည်း နင့်မှာ အရည်အချင်းမပြည့်မှီလို့ပဲ ....ရှန်ကျင်းရှောင်နဲ့မဆိုင်ဘူး....."

ကျန်သုံး​ယောက်ဆီမှ မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။ မည်သို့ပင်ဆိုစေ သူတို့သည် မြို့စားအဆင့်များဖြစ်ကြသောကြောင့် မာနရှိကြသူများဖြစ်သည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ကို ခယကမ်းလှမ်းကြမည်မဟုတ်ပေ။

ချီချန်း ပြောခဲ့တာတွေနဲ့တင်လုံလောက်နေလေပြီ။

လီလော့သည် ချီချန်းပြောခဲ့သမျှကို သေချာစွာသုံးသပ်ပြီးနောက် လူရှာမတွေသည့်အတွက် တံဆိပ်ပြားသုံးခုဘက်လှည့်ကာ ဉီးညွှတ်လိုက်ပြီး.......

" ကျွန်တော့်ကို အခုလို ကမ်းလှမ်းပေးခဲ့တဲ့အတွက် ဆရာတို့ကို ကျေးဇူးတင်ပါတယ်......"

လီလော့ဘက်ကရွေးချယ်လိုက်ပြီဖြစ်သောကြောင့် တံဆိပ်ပြားသုံးခုစလုံးသည် အလင်းတစ်ချကခနှင့်အတူ ပျောက်ကွယ်သွားလေ​တော့သည်။

လီလော့က ကျန်ရှိနေသေးသည့် တံဆိပ်ပြားကို သေချာစွာ ဉီးညွှတ်အရိုသေပြုလိုက်ပြီး.....

"တပည့်လီလော့က နည်းပြကို ဂါရဝပြုလိုက်ပါတယ်....."

ဤသို့ဖြင့် ကြယ်တာယာခရီးရှည်ကောလိပ် တွင် ခရမ်းအဆင့်နည်းပြတစ်ယောက်ကိုရွေးချယ်နိုင်ခဲ့လေပြီ။

သူတို့နှစ်ဉီး၏ ဆရာတပည့်ဆက်ဆံရေးသည် လီလော့ ကြယ်သုံးပွင့် သို့မဟုတ် ကြယ်လေးပွင့်ခန်းမရောက်သည်အထိ ရှည်ကြာနေဉီးမည်သာ..........

ခရမ်းတံဆိပ်ပြားသည် လီလော့၏ လက်ဖဝါးပြင်ပေါ်သို့ ညှင်သာစွာသက်ဆင်းလာခဲ့သည်။

" ရှန်ကျင်းရှောင်....နင် အခုထွက်သွားလို့ရပြီ.....ဒီမှာနင့်နဲ့ဆိုင်တာ ဘာမှမရှိဘူး...."

ရှန်ကျင်းရှောင်က ခပ်ထေ့ထေ့ပြုံးလိုက်ပြီး သူနှင့်အတူ သတိလစ်နေသော ဒူဇီပိုင်ရွှမ်းကိုပါ ခေါ်ဆောင်သွားခဲ့လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတော့မှသာ  တံဆိပ်ပြားကိုသေချာစွာ ကြည့်မိလေသည်။

တံတိပ်ပြား၏ အလယ်တွင် "ချီ " ဟုသောစကားလုံးကို လှပသပ်ရပ်စွာရေးထွင်းထားသည်။

" ချီချန်း......"

ခရမ်းအဆင့်နည်းပြတစ်ဉီးရွေးချယ်ပြီးပြီဖြစ်သော​ကြောင့် သူ့တွင်နောက်ခံအင်အားရှိလာပြီဖြစ်သည်။ အနာဂတ်တွင် နည်းပြချီချန်းကို ကောင်းမွန်စွာ ဆက်ဆံပေးရမည်။

နည်းပြထံမှ တံဆိပ်ပြားရပြီးပြီဖြစ်သောကြောင့် ရွေးချယ်ပွဲပြီးဆုံးချိန်ကိုသာ ထိုင်စောင့်နေရန်သာလိုတော့သည်။

" ကျောက်ခွော်၊ ယုလန်နဲ့ ကျန်တဲ့သူတွေ အဆင်ပြေရဲ့လားမသိဘူး....."

All Chapters