ရွေးချယ်ခံရသူများ......
Vol. 10 Ch. 132
တစ်နာရီခန့်အကြာတွင် နည်းပြရွေးချယ်ပွဲပြီးဆုံးပြီဖြစ်သောကြာင့် လီလော့၏ ခြေဖဝါးအောက်တွင် အလင်းရောင်တောက်ပနေသော စက်ဝိုင်းတစ်ခုပေါ်လာခဲ့သည်။
တခဏအတွင်း အမြင်အာရုံများမှုန်ဝါးလာပြီး ရှင်းလင်းစွာပြန်မြင်ရချိန်တွင် ကျောင်းသားသစ်ခန်းမထဲသို့ ပြန်ရောက်နေခဲ့ပြီ။
နားကွဲလုမတတ် ဆူညံစွာအော်ဟစ်အားပေနေကြသည်။
ကျောင်းသားသစ်များကတော့ အချင်းချင်းတွေ့ကြုံခဲ့ရသည်များကို ပြန်လည်ဆွေးနွေးတိုင်ပင်နေကြသည်။
ဒုကျောင်းအုပ်စုရှင်းက ကျောင်းသားသစ်များအားလုံး လူစုံပြန်ရောက်သည့်အခါ.....
" နည်းပြရွေးချယ်ပွဲ ပြီးဆုံးသွားပါပြီ....မင်းတို့တစ်ယောက်ချင်းစီတိုင်းအတွက် ဂုဏ်ယူမိပါတယ်.....မင်းတို့အားလုံး ဒီနေ့ဒီအချိန်ကစပြီး ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့တရားဝင်ကျောင်းသားတွေဖြစ်သွားကြပြီ....."
" ကောလိပ်မှာ မင်းတို့တွေ သန်မာလာအောင်လေ့ကျင့်သင်ယူရတော့မယ်...တကယ့်လက်တွေ့လောကကြီးနဲ့လဲ ထိတွေ့ရတော့မယ်......"
" .ငွေတံဆိပ်ပြားနဲ့ရွှေတံဆိပ်ပြားရထားသူတွေ ကိုယ်ကြိုက်နှစ်သက်တဲ့နည်းပြကိုရွေးချယ်နိုင်အောင် ငွေအဆင့်နည်းပြနဲ့ ရွှေအဆင့်နည်းပြတွေရဲ့ အချက်အလက်တွေကို သေချာစာရင်းလုပ်ပေးထားတယ်....ငွေအဆင့်နည်းပြတစ်ယောက်က တပည့် အယောက်ငါးဆယ်လက်ခံနိုင်ပြီး ရွှေအဆင့်နည်းပြက အယောက်နှစ်ဆယ်လက်ခံနိုင်တယ်....ကိုယ်ရွေးလိုက်တဲ့နည်းပြစီမှာ လူပြည့်နေပြီဆို တခြားတစ်ယောက်ကို ပြောင်းရွေးလိုက်ကြပါ...."
"ပြီးတော့ ခရမ်းအဆင့်နည်းပြ ငါးယောက်ရွေးချယ်လိုက်တဲ့ တပည့်ဆယ့်ငါးယောက်ကိုလည်း ဒီကနေပဲ တဆက်တည်း
ဂုဏ်ပြုစကားပါးလိုက်ပါတယ်....."
မြင့်တက်လာသော ကြေငြာဘုတ်ပေါ်တွင် ခရမ်းအဆင့်နည်းပြများ၏ နာမည်များနှင့်် လက်ခံလိုက်သော တပည့်များ၏နာမည်များကိုပါ ပူးတွဲဖော်ပြထားသောကြောင့် လီလော့အပါအဝင် အားလုံးက စိတ်ဝင်တစားဖတ်ရှုနေကြသည်။
နည်းပြချောင်ရှန်း....ချင်ဇူလု ၊လုချင်းအာ၊ယင်ယွဲ့
နည်းပြ ရှန်ကျင်းရှောင်.....ဝမ်ဟေးကျူ၊ဒူဇီပိုင်ရွှမ်း၊ချီလော့ဇီ
နည်းပြချီချန်း......လီလော့၊ ရှင်းဖူ၊ပိုင်မျန်မျန်
နည်းပြမီအာ.....ပိုင်တုတု၊ချိုးလော့၊ယုလန်
နည်းပြချူဇီ......ရိလီရှ၊ချန်ရဲ၊စီချိုးယင်း
စိတ်ဝင်စားစရာအချက်ပေါင်းများစွာရှိနေသည့်အတွက် တီးတိုးဆွေးနွေးသံများ ဆူညံလာခဲဲပြန်သည်။
လီလော့သည်လည်း ပိုင်မျန်မျန်နှင့် နည်းပြတူနေသည့်အတွက် အံ့သြနေလေ၏။ထို့အပြင် ယုလန်ရေးသားပြုစုထားသော ကျောင်းသားသစ်စာရင်းတွင် အဆင့်ခုနှစ်နေရာတွင်ရှိသည့် အရိပ်ပဲ့တင်ထပ်သံပိုင်ရှင် ရှင်းဖူနှင့်လည်း တစ်ဖွဲ့တည်းဖြစ်နေသည်။
ခရမ်းအဆင့်နည်းပြတပည့်စာရင်းတွင် ယုလန်ကိုမြင်လိုက်ရသည်ကပို၍ပင် အံ့သြစရာကောင်းနေခဲ့သည်။
" ဒီကောင် ဘာလှည့်ကွက်တွေသုံးလိုက်တာလဲမသိဘူး...."
ထိုသို့ပြောရခြင်းမှာ ယုလန်ကို ခရမ်းအဆင့်နည်းပြ၏တပည့် မဖြစ်စေချင်၍မဟုတ်ပါ။
ကျောင်းသားသစ်စာရင်းထဲတွင် ယုလန်ထက် အစစရာရာသာလွန်သူပေါင်းများစွာရှိနေသည်မဟုတ်လော။
ယုလန်၏ ပဲ့တင်ထပ်သံသည် အဆင့်ခြောက်သာရှိသည့်အတွက် သာမာန်ဆန်သည်ဟုဆိုရပေမည်။
သို့သော်လည်း ခရမ်းအဆင့်နည်းပြ မျက်စိကျအောင် မည်သို့ဆွဲဆောင်ခဲဲ့မှန်း သိချင်စိတ်ပြင်းပြနေမိသည်။
ယုလန်ကလည်း လူအုပ်ကြီးထဲကနေ စာရင်းကို ဖတ်ကြည့်နေရင်း ကြေကွဲနေရှာသည်။
" သေစမ်းကွာ...ဟိုကောင်လီလော့က ပိုင်မျန်မျန်နဲ့တစ်ဖွဲ့တည်းကျတယ်.....လီလော့၏ ကြည့်ကောင်းတဲ့ရုပ်ရည်ကိုသာ ပိုင်မျန်မျန် နေ့တိုင်းမြင်နေရမယ်ဆို ငါ့အတွက် အခွင့်ရေးရှိမှာမဟုတ်တော့ဘူး...."
လုချင်းအာကလည်း လီလော့နဲ့ နည်းပြမတူသည့်အတွက် စိတ်မကောင်းဖြစ်နေရှာသည်။ တဆက်တည်းမှာလည်း လီလော့နှင့် ပိုင်မျန်မျန် နည်းပြတူနေသည့်အတွက် အတော်ဒေါသထွက်နေလေသည်။
ပိုင်မျန်မျန်သည် ပုရိသတိုင်းပစ်ကြွေလောက်သည့် နူးညံသိမ်မွေ့သူလေးဖြစ်သည်။
ချင်ဇူလုကလည်း အဖွဲ့တူနှစ်ယောက်နာမည်ကိုဖတ်ကြည့်ပြီး အတော်စိတ်ပျက်နေရှာသည်။
လုချင်းအာ၊ယင်ယွဲ့...နှစ်ယောက်စလုံး မိန်းမတွေချည်းပဲ......
ဘယ်လိုတွေ စီမံလိုက်တာလဲ...ဒီမိန်းမနှစ်ယောက်နဲ့ အတူကျင့်ကြံ၊အတူ မစ်ရှင်တွေလုပ်ရမယ်ပေါ့.....သေသာသေလိုက်ချင်တော့တယ်.....
စီချိုးယင်းကလည်း လီလော့နာမည်ကိုမြင်လိုက်သည့်အတွက် အတော်အံ့သြနေသည်။
"လောကကြီးမှာ ဘာတွေဖြစ်ကုန်တာလဲ....နည်းပြချီချန်းက လီလော့ကို ဘာလို့ရွေးလိုက်တာလဲ....."
ကျန်သောကျောင်းသားများကတော့ ထိုဆယ့်ငါးယောက်ကို မနာလိုအားကျသောအကြည့်များနှင့်သာကြည့်နေကြသည်။
"အဖွဲ့ ငါးဖွဲ့ထဲမှာ နည်းပြရှန်ကျင်းရှောက်ရဲ့အဖွဲ့က အသန်မာဆုံးပဲ....ကျောင်းသားသစ်စာရင်းအရဆို ဝမ်ဟေးကျူက အဆင့် ၂၊ ဒူဇီပိုင်ရွှမ်းက အဆင့် ၄၊ ချီလော့ဇီက အဆင့် ၁၅.....ဆိုတော့ အကောင်းဆုံးအဖွဲ့လို့သတ်မှတ်လို့ရတယ်...."
" ချင်ဇူလုက လူသစ်စာရင်းမှာ အဆင့်တစ်ဆိုပေမယ့် လုချင်းအာနဲ့ ယင်ယွဲ့တို့က အဆင့် ၁၅ အောက်တွေဆိုတော့ ချင်ဇူလုကို ဆွဲချနေသလိုဖြစ်နေတယ်..."
" ယုလန်က ဘယ်သူလဲ...တခါမှလဲ မကြားဖူးဘူး....."
" နည်းပြချူဇီတို့အဖွဲ့လည်း အတော်လေးသန်မာပါတယ်....ရိလီရှက အဆင့်၅၊ ချန်ရဲက အဆင့် ၆၊စီချိုးယင်းက အဆင့် ၁၃...."
"........."
"လီလော့က နည်းပြချီချန်းကိုရွေးလိုက်တယ်....."
ယန်လင်းဇီပျော်နေသလို ကျန်းချင်းအာလည်း အခုမှသာ စိတ်သက်သာရာရသွားခဲ့သည်။
ယခုဆို လီလော့အတွက် နည်းပြရွေးရမည့်ပြသာနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။နည်းပြချီချန်းသည် ရေပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည့်အတွက် အစကတည်းက သူမကိုသာ လီလော့အတွက် နည်းပြအဖြစ်ရွေးပေးချင်ခဲ့သည်။ ထို့အပြင် ချီချန်သည် ရှန်းကျင်းရှောင်နှင့် မတည့်သည့်အတွက် လီလော့အပေါ် ကာကွယ်ပေးပြီးသားလည်းဖြစ်သွားပြီဖြစ်သည်။
သို့သော်လည်း လီလော့ဘက်ကသာ ထူးချွန်သေယအရည်များကို မထုတ်ပြနိုင်ပါက ချီချန်းဘက်က ထိုသို့ရွေးချယ်လိမ့်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာနှင့် လီလော့ဘက်က ဒူဇီပိုင်ရွှမ်းနှင့်ရေကုန်ရေခမ်းတိုက်ခိုက်ပြီး အရည်ချင်းများ ထုတ်ပြနိုင်ခဲ့သည်။
" ခရမ်းအဆင့်နည်းပြတွေ ရွေးလိုက်တဲ့ဆယ့်ငါးယောက်စာရင်းထဲမှာ မပါတဲ့သူတွေ သိပ်လည်း စိတ်ဓာတ်ကျမနေပါနဲ့...မင်းတို့သာ ကောင်းကောင်းကြိုးစားအားထုတ်ပြီး ကိုယ်ပိုင်အရည်အချင်းတွေ ထုတ်ပြနိုင်မယ်ဆို ခရမ်းအဆင့်နည်းပြတွေက မင်းတို့ကို အပိုထပ်ဆောင်းရွေးချယ်ပါလိမ့်မယ်.....ကြယ်တာယာခရီးရှည်ကောလိပ်မှာ ပတ္တမြားမှန်ရင် နွံမနစ်စေရပါဘူး....."
ဒုကျောင်းအုပ် စုရှင်း၏ အပြီးသတ်မိန့်ခွန်းကြောင့် ကျောင်းသားအားလုံး စိတ်ဓာတ်တက်ကြွလာခဲ့ပြန်သည်။
ဟုတ်ပေသည်။ သူတို့လျှောက်လမ်းရမည့်လမ်းခရီးမှာ အတော်ပင်ရှည်လျားလွန်းလှပါသည်။ တတ်စွမ်းသမျှ ကြိုးစားနေသ၍ ခရမ်းအဆင့်နည်းပြများထံမှ မျက်နှာသာပေးမှုများ ရလာနိုင်သည်မဟုတ်လော။
ကျောင်းသားသစ်ပေါင်းများစွာထဲတွင် ရွက်ပုန်းသီးများလည်း ရှိနေပေလိမ့်မည်။
ယခင် စီနီယာကျောင်းသားများထဲတွင်လည်း ရွှေအဆင့်နည်းပြတပည့်အဖြစ်မှ ခရမ်းအဆင့်နည်းပြတပည့်အဖြစ် ရာထူးတိုးသွားကြသည့် သာဓကများလည်း ရှိနေပါသေးသည်။
အရွေးချယ်ခံ ဆယ့်ငါးယောက်စလုံး သန်မာသည်မှာ မှန်သော်လည်း ဤသည်မှာ အစပိုင်းမျှသာရှိသေးသည်။ အနာဂတ်ကို မည်သူကြိုတင်သိနိုင်မည်နည်း။
ကိုယ်စီ ကိုယ်စီနည်းပြများရွေးချယ်ပြီးသွားပြီဆိုပါက သူတို့အတွက် တရားဝင်ကျောင်းသားဘဝစတင်ရပေတော့မည်။