← Chapters

ကုန်းရှန်ကျွင်း

Vol. 10 Ch. 133

ကုန်းရှန်ကျွင်း

Vol. 10 Ch. 133

နည်းပြရွေးချယ်ပွဲ ပြီးဆုံးသည့်အခါ ဒုကျောင်းအုပ်စုရှင်းက မင်းသမီးကြီးတို့ဘက်လှည့်ကာ.....

" နည်းပြရွေးချယ်ပွဲကို တက်ရောက်ချီးမြှင့်ပေးကြတဲ့အတွက် ကျောင်းတော်ကိုယ်စား ကျွန်မကပဲ ကျေးဇူးတင်ပါရစေ"

" ဒုကျောင်းအုပ်က သိပ်ကြင်နာတတ်တာပဲ.... တကယ်ဆို ကျွန်မကလည်း ဒီကျောင်းက ကျောင်းသူပါပဲ...."

" နန်းတော်ထဲမှာ သိပ်ပျင်းဖို့ကောင်းတယ်....ကျောင်းတော်မှာ ပျော်စရာတွေအများကြီးရှိတယ်ဆိုတော့ ဒီမှာ မကြာ မကြာလာလေ့ကျင့်လို့ရမလားဟင်...."

" ကျွန်မတို့ ကျောင်းတော်က သန်မာပြီး အရည်အချင်းရှိသူတိုင်းအတွက် အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေပါတယ်...အဆင့်အတန်းမခွဲခြားထားပါဘူး....ဧကရာဇ်ရဲ့ အရည်အချင်းအရဆို ကျောင်းတော်မှာ ဝင်ခွင့်ရဖို့ ခက်ခဲမယ်မထင်ဘူး....ဒါပေမယ့် ကျောင်းတော်ကိုရောက်လာရင်တော့ ကိုယ်ရေးအချက်အလက်တွေသေချာ ဖုံးကွယ်ထားရမယ်နော်....."

ဧကရာဇ်လေး၏ မျက်ဝန်းများသည် မျှော်လင့်ချက်များကြောင့် တလက်လက်တောက်ပနေသည်။

မင်းသမီးကြီးက ဧကရာဇ်လေးကို ခပ်ဖွဖွ ခေါင်းပုတ်လိုက်ပြီး.....

" ဒါပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းနေတဲ့အတွက် အချိန်မှန်မှန် ဆေးသောက်နေရတယ်.... ရှပြည်ထောင်စုတစ်ခွင်မှာ သူ့ကို ကုသပေးနိုင်မယ့်သူလိုက်ရှာနေတာလဲ နှစ်ပေါင်းမနည်းတော့ဘူး ....အခုထိမတွေ့သေးဘူး...."

" ကျွန်မလည်း ဒီအ​ခြေနေကို နည်းနည်းပါးပါး သိထားပါတယ်....ဧကရာဇ်ရဲ့ရောဂါကမွေးရာပါဆိုတော့ ရေ၊အလင်း ဒါမှမဟုတ်သစ်သားပဲ့တင်ထပ်သံရှိသူတွေပဲကုသပေးနိူင်မှာ ဒါ့အပြင် ကုသပေးမယ့်သူကလည်း အနည်းဆုံးမြို့စားအဆင့်လောက်ရှိမှဖြစ်မယ်.....စောနကပြောလိုက်တဲ့ ပဲ့တင်ထပ်သံတစ်မျိုးတည်းရှိတဲ့မြို့စားအဆင့်တွေက ရှာရမခက်ပေမယ့် အဲ့သုံးမျိုးထဲက နှစ်မျိုးစလုံးရှိတဲ့ မြို့စားအဆင့်ကအတော်ရှာရခက်တယ်...."

စုရှင်း၏ ရှင်းပြချက်ကြောင့် မင်းသမီးကြီး မျက်နှာညှိုးသွားရှာသည်။ထိုပဲ့တင်ထပ်သံသုံးမျိုးစလုံးရှိသူကို ဘယ်အရပ်ကသွားရှာရမည်နည်း။

" စိတ်ဓာတ်မကျပါနဲ့..တစ်ယောက်ယောက်တော့တွေ့အောင်ရှာနိုင်မှာပါ....."

ကိုယ်စားအုပ်ချုပ်သူမင်းသားကြီးက မင်းသမီးကြီးကို အားပေးစကားပြောလိုက်သည်။

ဧကရာဇ်ငယ်လေးကလည်း အစ်မဖြစ်သူရဲ့ ဝတ်ရုံစကို လှမ်းဆွဲလိုက်ပြီး....

" စိတ်မကောင်းမဖြစ်ပါနဲ့....ကျွန်တော် အသားကျနေပါပြီ......"

" ဟေးးး ခဏနေဉီး...လီလော့ရဲ့ ဒုတိယပဲ့တင်ထပ်သံက သစ်သားပဲ့တင်ထပ်သံမဟုတ်လား...ဒါဆို သူ မြို့စားအဆင့်ရောက်လို့ နောက်ထပ်နန်းတော်တစ်ခုထပ်ဖွင့်နိုင်ရင် ကျွန်တော့်အတွက် အခွင့်ရေးရှိနိုင်တယ်မဟုတ်လား....."

ဧကရာဇ်လေး၏ သတိပြုမှုကြောင့် စုရှင်းလည်း အတော်အံ့သြသွားပြီ.....

"  ဖြစ်တော့ဖြစ်နိုင်တယ်..ဒါပေမယ့် လီလော့က အခုမှ ဆရာသခင်အဆင့်ပဲရှိသေးတာဆိုတော့ မြို့စားအဆင့်ရောက်ဖို့ ဘယ်​လောက် အချိန်ကြာဉီးမယ်မသိဘူး.....ဒါ့အပြင် သူရဲ့နောက်ထပ် ပဲ့တင်ထပ်သံကလည်း အလင်းပဲ့တင်ထပ်သံဖြစ်မယ်လို့ ဘယ်သူမှ တထစ်ချမပြောနိုင်ဘူး....."

" ဒါပေမယ့်လည်း ကျွန်မတို့မှာ မျှော်လင့်ချက်ရှိသေးတယ်မဟုတ်လား...."

မင်းသမီးကြီး၏ မျက်ဝန်းများသည် မျှော်လင့်ချက်များကြောင့် တောက်ပလင်းလက်နေသည်။

" ဟုတ်တယ်...သူ့ကို စောင့်ကြည့်ထားရမယ်....ဒါပေမယ့် စောင့်ကြည့်ရုံပဲစောင့်ကြည့်ရမယ်နော်....သိပ်ပြီးတော့မျှော့်လင့်ချက်မထားနဲ့...မျှော်လင့်ထားသလိုမဖြစ်လာတဲ့အခါ ပိုနာကျင်ရတယ်....."

မင်းသားကြီးက လူကြီးပီပီ အကျိုးသင့်အကြောင်းသင့်ရှင်းပြပေးနေသည်။

ဟုတ်ပေသည် ဤသည်မှာ ဆင်ခြင်တုံတရားရှိရှိ စဉ်းစားတွေးခေါ်ရမည့်အရာဖြစ်သောကြောင့် မင်းသမီးကြီး နာခံစွာခေါင်းညိတ်ပြလိုက်သည်။

စကားအနည်းငယ်ပြောဆိုကြပြီးနောက် မင်းသမီးကြီးရော မင်းသားကြီးကပါ လီလော့ရှိရာဆီ တစ်ချက်ကြည့်ပြီးမှသာ ပြန်သွားခဲ့ကြသည်။

..................................................................

ခန်းမထဲတွင် လူပေါင်းများစွာ ပြည့်ကြပ်ရှုပ်ထွေးနေသောကြောင့် ယုလန်တို့ကို လိုက်ရှာမည့်အစီအစဉ်ကို လက်လျှော့လိုက်ကာ ယန်လင်းချီနှင့် ကျန်းချင်းအာတို့ဆီသာ လျှောက်လာခဲ့လိုက်သည်။

လီလော့ဖြတ်လျှောက်လာသည့် လမ်းတစ်လျှောက်တွင် အကုန်လုံးက ခိုးကြောင်ခိုးဝှက်တစ်ဖုံ ပေါ်ပေါ်တင်တင်တစ်မျိုး အကဲခတ်နေကြပြီး အကြောင်းအရာမျိုးစုံကို ဆွေးနွေးနေကြသည်။

အများစုမှာ ကျန်းချင်းအာအကြောင်းများသာဖြစ်ကြပြီး အချို့ကတော့ ခရမ်းအဆင့်နည်းပြရွေးချယ်လိုက်သည့် လီလော့အကြောင်းများသာပင်....

" ဂုဏ်ယူပါတယ် လီလော့ရေ ၊နင်ကတော့အကုန်လုံးကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပြန်ပြီ...... "

ယန်လင်းချီက ငွေကိုင်းမျက်မှန်လေးကို ပင့်ကာ ဂုဏ်ပြုစကားဆိုလိုက်သည်။

" ငါလည်း နာမည်မကြီးချင်ပါဘူး...အနိုင်ရသွားတယ်ဆိုပေမယ့်လည်း ဘယ်လောက်များအဖိုးတန်နေလို့လဲ...ဒူဇီပိုင်ရွှမ်းသာ ငါ့ကို တွန်းချဖို့လုပ်ရင်း သူကိုယ်တိုင်ပြုတ်ကျသွားတာ....."

" တော်ပြီ..တော်လောက်ပြီ....."

ယန်လင်းချီက လီလော့အကြောင်းသိနေသည့်အတွက် စကားစဖြတ်လိုက်လေသည်။

ကျန်းချင်းအာကတော့......

" မဆိုးပါဘူး.....နည်းပြချီချန်းရဲ့တပည့်ဖြစ်လာတာကောင်းတယ်ဆိုပေမယ့်လည်း ပေါ့ဆမနေနဲ့ဉီး....ရှန်ကျင်းရှောင်က ဒီလောက်နဲ့ရပ်သွားမှာမဟုတ်ဘူး....."

ဟုတ်ပေသည်။ မည်သို့ပင်ဆိုစေ ရှန်ကျင်းရှောင်သည် မြို့စားအဆင့်ကျွမ်းကျင်သူတစ်ဉီးဖြစ်သည့်အတွက် ကောလိပ်တွင် လုပ်ပိုင်ခွင့်အာဏာတစ်ချို့ရှိပေလိမ့်မည်။ ထိုသို့သောလူစားမျိုးနှင့် ရန်ညှိုးဖွဲ့ခြင်းမှာ ကောင်းသည့်အရာတော့မဟုတ်ပေ။

သို့သော်လည်း သူသာ နည်းပြချီချန်းနားတွင် ကပ်နေမည်ဆိုပါက ရှန်းကျင်းရှောင် ဘာမှလုပ်နိူင်မည်မဟုတ်ပေ။

အနောက်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်​အတွက် လီလော့ လှည့်ကြည့်လိုက်သည်။

ကျောင်းသားတစ်စုသည် လူအုပ်ကြီးကြားရနေ အေးရာအေးကြောင်း ဖြတ်လျှောက်လာနေကြသည်။ထိုကျောင်းသားများ၏ ကျောင်းဝတ်စုံပေါ်တွင် ကြယ်လေးလုံးတံဆိပ်များတပ်ဆင်ထားကြသည်။

ထိုကျောင်းသားများသည် မာနထောင်လွှားနေကြခြင်းမဟုတ်ဘဲ ဤကျောင်းတော်မှာ သူတို့၏ ကိုယ်ပိုင်အိမ်ရာကဲ့သို့ ရင်းနှီးကျွမ်းဝင်နေသောကြောင့်သာ အခုလို လျှောက်လာကြခြင်းဖြစ်သည်။

ထိုကျောင်းသားတစ်စုကို ဉီးဆောင်လာသူသည် နွေဉီးလေပြည်ကဲ့သို့ အေးမြမှုပေးစွမ်းနိုင်သော ခန့်ညားချောမောသည့် လုလင်ပျိုတစ်ဉီးဖြစ်ပြီး ထိုလူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပါက လေးစားကြည်ညိုချင်စိတ်များဖြစ်ပေါ်လာလိမ့်မည်။

ထိုလုလင်ပျို၏ ဆံပင်များသည် မှတ်မိလွယ်သည့် ရွှေရောင်ဖြစ်နေသည်။

နောက်လိုက်နောက်ပါတစ်သိုက်ခြံရံလာသောလုလင်ပျိုသည် ကြယ်စင်အပေါင်းဝန်းရံထားသည့် နေမင်းကြီးပမာ တောက်ပခန့်ညားလွန်းပါသည်။

ထိုလုလင်ကို သိနေသော စီနီယာအချို့က ကျောင်းသားသစ်များကို ထိုသို့ရှင်းပြပေးနေသည်။

" မင်းတို့တွေ သူ့ကို မသိဘူးမဟုတ်လား....သူက ကိုယ်စားအုပ်ချုပ်သူမင်းသားကြီးရဲ့သား ကုန်းရှန်ကျွင်း.....သူက မင်းသမီးကြီးနဲ့ အသက်အတူတူပဲ....."

" ပြီးတော့ သူက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အမာခံခုနှစ်ယောက်ထဲက တစ်ယောက်ဆိုလည်း မမှားဘူး....အမာခံဆိုတဲ့ဂုဏ်ပုဒ်က အဆင့်အမြင့်ဆုံးကျောင်းသားတွေသာရနိူင်တဲ့ဂုဏ်ပုဒ်ပေါ့......"

" အမာခံခုနှစ်ယောက်ထဲမှာ​တောင် ကုန်းရှန်ကျွင်းကအသန်မာဆုံးပဲ.... "

သေချာသ်ိလိုက်ရချိန်တွင် ကျောင်းသားသစ်များအားလုံး မှင်သက်သွားကြလေသည်။

မင်းသားကြီးရဲ့သားဆိုတော့ အပြင်မှာတွေ့ရင် အရှင့်သားလို့ခေါ်ရမှာပေါ့.......ဒါပေမယ့်လည်း ကုန်းရှန်ကျွင်းကို မင်းသားဆိုတဲ့ဂုဏ်ပုဒ်ထက် အသန်မာဆုံးကျောင်းသားအဖြစ် ပိုလေးစားကြတယ်......

အတော်တကာ့အတော်ဆုံးတွေစုနေတဲ့ ကျောင်းရဲ့ အသန်မာဆုံးကျောင်းသားဆိုတော့.....တွေးသာကြည့်ကြတော့.....

အကုန်လုံးရဲ့ အကြည့်အောက်မှာတင် ကုန်းရှန်ကျွင်းက လီလော့တို့ရှိရာဆီ တည့်တည့်လျှောက်လာနေသည်။

ကုန်းရှန်ကျွင်းက ငါ့ကိုမှမသိတာ ဘာလို့ ငါ့ဆီလာရမှာလဲ......

ယန်လင်းချီ တီးတိုးပြောလိုက်သည့်စကားကြောင့် လီလော့ သေချင်စိတ်ပေါက်သွားခဲ့လေသည်။

" ဟဲ့....ဟိုမှာ နင့်ရည်းစားလုဖက်နောက်တစ်ယောက်လာနေပြီ..... "

All Chapters