← Chapters

ကတိစကားတစ်ခွန်း၏ ဒုတိယအဆင့်......

Vol. 10 Ch. 134

ကတိစကားတစ်ခွန်း၏ ဒုတိယအဆင့်......

Vol. 10 Ch. 134

ကုန်းရှန်ကျွင်း၏ အာရုံများက လီလော့ထံတွင် လုံးဝရှိမနေသော်လည်း လီလော့နှင့်ကျန်းချင်းအာတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာလေသည်။

"ဂျူနီယာကျန်း.....ကိုယ် ကျင့်ကြံတဲ့ဆီအာရုံရောက်နေလို့ နည်းပြရွေးချယ်ပွဲ မမှီလိုက်ဘူး...ဒါပေမယ့် ဂျုနီယာလီလော့က နည်းပြချီချန်းဆီက ရွေးချယ်ခံလိုက်ရတယ်ဆို....."

ကုန်းရှန်ကျွင်းက ပြောနေရင်းကနေ လီလော့ဘက်လှည့်လိုက်ပြီး.....

" မင်းရဲ့ အရည်အချင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်....."

လီလော့သည်မည်သို့ တုံ့ပြန်ရမည်ကို ခဏလောက်စဉ်းစားပြီးမှသာ.....

" စီနီယာက သိပ်ကိုကြင်တာတတ်တာပဲ....ကံကောင်းလို့သာ ရွေးချယ်ခံလိုက်ရတာပါဗျာ...."

ကျန်းချင်းအာကတော့ မူပိုင်အေးတိအေးစက်အမူအရာဖြင့်သာ......

" ဒါက ကျောင်းသားသစ်တွေရဲ့ ရွေးချယ်မှုပါ....စီနီယာသူ့ကို ချီးကျုးနေစရာမလိုပါဘူး...."

"ဟားးဟားး ဂျူနီယာကျန်းရေ လူတိုင်းက မင်းလို အဆင့်ကိုးပဲ့တင်ထပ်သံရှိနေတာမှမဟုတ်တာ....မင်းကို တပည့်တော်ရဖို့အတွက် နည်းပြအချင်းချင်း တိုက်ခိုက်ခဲ့တာမျိုးက နှစ်တစ်ရာအတွင်း တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး....."

ကုန်းရှန်ကျွင်းသည် ရုပ်ခံရှိသည့်အပြင် အပြောဆိုပြေပြစ်သူဖြစ်သည့်အတွက်  သူ့အတွေးများကို သိနေသည့်တိုင် ကျန်းချင်းအာဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်ခဲ့ပေ။

" စီနီယာကုန်း....ကျန်းချင်းအာရဲ့သတို့သားလောင်းကို လျှော့မတွက်နဲ့...သူက ဖုံးကွယ်တဲ့နေရာမှာသိပ်တော်တာ....အမွှာပဲ့တင်ထပ်သံဆိုတာ အဆင့်ကိုးပဲ့တင်ထပ်သံလိုပဲ ရှားပါးတယ်မဟုတ်လား....."

ထိုစကားကို ပြောလိုက်သူသည် အနီရောင်ဆံသားများနှင့် ပုရိသတိုင်းကို ပြင်းပြစွာဆွဲဆောင်နိူင်သော ဒူဇီဟုန်လျန်သာပင်.....

" ဒူဇီဟုန်လျန်....နင်က နင့်မောင်လောက်တောင် မစွမ်းဆောင်နိုင်ခဲ့ဘူးနော်...နင်က ငါနဲ့စတိုက်ကတည်းက ရှုံးသွားတာမဟုတ်လား....."

ဒူဇီဟုန်လျန်သည် ကျန်းချင်းအာကို လူသတ်ချင်သော အကြည့်များနှင့်စိုက်ကြည့်နေသည်။

ရန်ပွဲဖြစ်တော့မည့်အရိပ်အယောင်ကြိုမြင်နေသော ကုန်းရှန်ကျွင်းက.....

" ဟုန်လျန်....ကျောင်းသားသစ်တွေရှေ့မှာ ငါတို့ကို မျက်နှာသာပေးတဲ့အနေနဲ့ ရန်စကားတွေမပြောဘဲနေပေးလို့ရမလား...."

ကုန်းရှန်ကျွင်း၏လေသံ ခပ်ဆတ်ဆတ်ဖြစ်နေသောကြောင့် ဒူဇီဟုန်လျန် ပါးစပ်ပိတ်နေခဲ့ ပြီး ကုန်းရှန်ကျွင်းကို နူးညံ့သောအကြည့်များနှင့်ငေးကြည့်နေခဲ့သည်။

ကျန်းချင်းအာက ဘာကိုမှ ဂရုစိုက်မနေဘဲ ကုန်းရှန်ကျွင်းကို နှုတ်ဆက်စကားဆိုပြီးသည်နှင့် လီလော့​တို့နှင့်အတူ ထွက်ခွာသွားခဲ့လေသည်။

ဒူဇီဟုန်လျန်ကလည်း ခြေဆောင့်ပြီး ထွက်လာခဲ့လိုက်သည်။

မောင်ဖြစ်သူက လီလော့ကို ရှုံးခဲ့သည့်အပြင် သူမကလည်း ကျန်းချင်းအာကို ပြသာနာမရှာနိုင်ခဲ့သောကြောင့် သူမ အတော်စိတ်ညစ်နေပြီဖြစ်သည်။

ကျန်းချင်းအာနှင့် ဒူဇီဟုန်လျန်တို့ မရှိတော့သည့်အခါတွင် ကုန်းရှန်ကျွင်းမျက်နှာပေါ်၌ အေးစက်သော အငွေ့အသက်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

// အမွှာပဲ့တင်ထပ်သံတဲ့လား....လော့လန်အိမ်တော်သခင်လေးက ကောလဟာလတွေနဲ့တခြားဆီပါလား....//

" အရှင့်သား....အရှင့်သားကသာ ကျန်းချင်းအာနဲ့ထိုက်တန်တာပါ....လီလော့နဲ့စေ့စပ်ထားတာကိုဖျက်သိမ်းပစ်ဖို့ အရှင့်သားများ နည်းလမ်းတွေရှိတယ်မဟုတ်လား...."

ထိုသို့​ပြောလိုက်သော နောက်လိုက်ကို ကုန်းရှန်ကျွင်း ခေါင်းခါပြလိုက်ပြီး....

" မင်းက အမြင်ကျဉ်းလွန်းတယ်.... ကျန်းချင်းအာလို လူမျိုးကို စေ့စပ်ပွဲတစ်ခုလောက်နဲ့ ချုပ်ထားလို့မရဘူး....ဒီစေ့စပ်ပွဲက တကာ်ဆို ဘာအဓိပ္ပါယ်မှမရှိမှန်း လူတိုင်းသိနေတာပဲ....ငါလိုချင်တာ ကျန်းချင်းအာရဲ့ စိတ်နှလုံးသား..အဲ့အတွက်လည်း အချိန်ပေးပြီး စောင့်ဆိုင်းနိူင်တယ်....လီလော့ကိုတော့ သွားထိလို့မရဘူး....လီလော့ကို ပစ်မှတ်ထားလိုက်ရင် ကျန်းချင်းအာဆီက အမုန်းတွေပဲပြန်ရလိမ့်မယ်...."

" ဒါ့ကြောင့်မို့ လီလော့နဲ့ အနီးကပ်ဆုံးရှိနေပေးရမယ်....ကျန်းချင်းအာနဲ့ နီးစပ်ဖို့ဆို လီလော့နဲ့လည်း ရင်းနှီးနေမှဖြစ်မယ်...."

" ဒီနည်းလမ်းက သေချာပေါက် ခက်ခဲပေမယ့်လည်း ငါလိုချင်တာမရမချင်း ကြမ်းရမ်းပြနေလို့မဖြစ်ဘူး....."

" အချိန်တန်ရင် ဖားလား ငါးလား ကွဲပြားလာလိမ့်မယ်....ငါ့အရည်အချင်းတွေကိုလည်း ကျန်းချင်းအာ သေချာပေါက်သိလာလိမ့်မယ်...."

"......."

"ပြန်ကြမယ်..."

........................................................................

" ကုန်းရှန်ကျွင်းကို ကြည့်ရတာ ကြေကွဲနေသလိုပဲနော်....."

လီလော့က နောက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ကျန်းချင်းအာကို ပြောလိုက်သည်။

ကုန်းရှန်ကျွင်းသည် ကျန်းချင်းအာကို စိတ်ဝင်စားနေသော်လည်း အပြစ်ဆိုစရာမရှိအောင် ပြုမူနေနိုင်ခဲ့သည်။ လီလော့ကိုလည်း မထိပါးသလို မည်သို့မျှလည်း အတိုက်ခံမပြုခဲ့ပေ။

" ဟဲ့...သူက ဆရာကြီးလေ...နင့်လို ကလေးပေါက်စမှမဟုတ်တာ...."

ကုန်းရှန်ကျွင်းသည် တော်ဝင်မျိုးနွယ်ဖြစ်ပြီး ဖခင်ကလည်း ရှပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားအုပ်ချုပ်ပေးနေရသူဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း အမာခံခုနှစ်ယောက်ထဲတွင် အသန်မာဆုံးသူဖြစ်နေသည့်အတွက် လီလော့ ဘယ်နည်းနှင့်မျှ မယှဉ်သာနိုင်ခဲ့ပေ။

" ဟုတ်မှာပေါ့....သူဘာသာ ဆရာကျကျမကျကျ..သူသိပ်ဖြစ်ချင်နေတဲ့အရာကို ကျွန်တော်က ဟိုးပဝေဏသီကတည်း လုပ်ပြီးနေပြီ....."

လီလော့အပြောကြောင့် ယန်လင်းချီအတော် အံ့သြနေမိသည်။

ဟုတ်ပေသည်။ကုန်းရှန်ကျွင်းသည် ကျန်းချင်းအာနှင့် စေ့စပ်နိုင်ရန် တတ်နိုင်သမျှကြိုးစားနေသော်လည်း လီလော့ကတော့ ငါယ်စဉ်တောင်ကျေး အာပေတူးဘဝကတည်းက ကျန်းချင်းအာနှင့်စေ့စပ်ပြီးနေခဲ့ပြီ။

ယန်လင်းချီ...." အင်းပါ အခုလို ကိုယ့်ကိုကိုယ်​​ ဖြည့်တွေးနိုင်တာ တစ်မျိုးကောင်းပေမယ့်......"

" အဲ့တော့ဘာဖြစ်လဲ...ကျွန်တော့်ဘက်က ဘာများ တတ်နိုင်မှာဟုတ်လို့လဲ....သူက စတော်ကြီးလေ....."

ကျန်းချင်းအာက လမ်းလျှောက်နေရင်းကနေ ရုတ်တရက်နောက်လှည့်လိုက်ပြီး......

"နင့်ကိုယ်နင် အရမ်းကြီး နှိမ့်ချမနေနဲ့....ကုန်းရှန်ကျွင်းက တော်ဝင်မျိုးနွယ်ဖြစ်တော့ရော ဘာအရေးလဲ....ဘုရင်အဆင့်ကျွမ်းကျင်သူတွေရှေ့ရောက်ရင် တိုင်းပြည်ဧကရာဇ်တောင် ဉီးညွှတ်ကြရတာပဲ.....တော်ဝင်မိသားစုတွေ ကြယ်တာယာခရီးရှည်ကောလိပ်ကို လွယ်လွယ်မထိရဲကြဘူး....ခွန်အားရှိသူ ဘုရင်ပဲ....သူ့ဘာသာ အမာခံခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ချင်ဖြစ်မယ် သူက ငါတို့ထက်အသက်တစ်နှစ်ပဲပိုကြီးတာ....နင့်မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတယ်မလား...နင်သူ့ကို အမှီမလိုက်န်ိုင်ဘူးလို့ ဘယ်သူပြောနိုင်လည်း ငါ့အတွက်တော့ နင်ဆိုတဲ့လီလော့က ဘယ်သူနဲ့မှ နှိူင်းမရတဲ့သူ....."

ညနေခင်းနေရောင်ခြည်သည် သူမအပေါ် နွေးထွေးစွာ လွှမ်းခြုံလျက်ရှိသည်။သူမ၏နောက်ဘက်တွင် ခမ်းနားလှသော အဆောက်အဦများ၊ မြင့်မားခန့်ထည်လှသော ရှန်းလိသစ်ပင်ကြီးများရှိနေသည်။

ထိုမြင်ကွင်းကြောင့် ယန်လင်းချီလျှင်ပင် ကျန်းချင်းအာ၏ အလှတရားတွင် နစ်မြောသွားလေတော့သည်။

ကျန်းချင်းအာသည် လီလော့အပေါ် အမြဲတစေ ကြင်နာစွာဆက်ဆံပေးခဲ့သည်။ ကျန်းချင်းအာနှင့် ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်သည့် အတွက် သူမ(ကျန်းချင်းအာ) အားပေးနှစ်သိမ့်ဖူးသည့်ယောက်ကျားသားဆိုလို့ လီလော့တစ်ယောက်သာတွေ့ဖူးသေးသည်။

" အစ်မကြီးချင်းအာ ဘာကို​ပြောချင်တာလဲ...."

"နင် ငါ့ကို ကတိပေးထားတာ မှတ်မိသေးရဲ့လား....ပထမအဆင့်အနေနဲ့ ကြယ်တာယာခရီးရှည်ကောလိပ်မှာ ကျောင်းတက်ခွင့်ရခဲ့ပြီဆိုတော့...ဒုတိယအဆင့်အနေနဲ့ နင့်ကိုကျောင်းသားသစ်တွေထဲမှာ အသန်မာဆုံးသူဖြစ်နေစေချင်တယ်....ကုန်းရှန်ကျွင်းက အစွမ်းထက်ပေမယ့် သူ့မှာ ငါတို့ထက် အသက်ပိုကြီးတာကလွဲရင် ဘာမှထူးခြားနေတာမျိုးမရှိမှန်း လူတိုင်းကိုသိစေချင်တယ်....သူ့ဘာသာသူ ကိုယ်စားအုပ်ချုပ်သူရဲ့သားမကလို့ ဘာကြီးပဲဖြစ်ဖြစ် ငါတို့ရဲ့လော့လန်အိမ်တော်သခင်လေးကလည်း သူ့ထက်ကို နည်းနည်းလေးမျှ ရှုံးစရာအကြောင်းမရှိဘူး..... "

" ဟမ်....ကျောင်းသားသစ်တွေထဲမှာ အသန်မာဆုံး ဖြစ်အောင်ကြိုးစားရမယ်...အဲ့လောက်ထိလိုလို့လား...."

//အဆင့် ၄ ဒူဇီပိုင်ရွှမ်းကို အနိုင်ရဖို့ ဝှက်ဖဲတွေ အကုန်သုံးခဲ့ရတယ်....သူ့ရှေ့မှာ သုံးယောက်ရှိသေးတယ်လေ...သုံးယောက်စလုံးကလည်းပါချီပါချက်တွေမှမဟုတ်တာ.....တကယ့်ကို ကပ်ဘေးဆိုက်သလိုပါပဲလား....ငါ့လက်ရှိအနေအထားလေးကိုပဲကျေနပ်တယ်...ကျောင်းသားသစ်တွေကြားမှာ အတော်ဆုံးဖြစ်လာရင် အာရုံစိုက်ခံရလိမ့်မယ်....ဒါမျိုးတွေ မကြိုက်ပါဘူးဆို..... //

" နင်သာ အောင်မြင်သွားရင် ငါ ဆုချမယ်...."

" ဘာရမှာလဲ...."

" နင်နဲ့ လုချင်းအာ အကြည်စိုက်နေကြတာကို မသိချင်ယောင်ဆောင်နေပေးမယ်လေ..   "

// ကျန်းချင်းအာ....နင့်ကိုနင် သိပ်ချောလွန်းလို့ အဆဲမခံရဘူးများထင်နေသလား....//

All Chapters