← Chapters

လောကကြီး၏အမှန်တရား....

Vol. 10 Ch. 136

လောကကြီး၏အမှန်တရား....

Vol. 10 Ch. 136

လသာဆောင်လေးအတွင်း အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်နေသည်။

နည်းပြချီချန်းသည် စွမ်းအားများသုံးပြီး ပတ်ဝန်းကျင်သို့ အသံများ မပျံ့လွှင့်သွားအောင် စည်းချလိုက်ပြီဖြစ်သည်။

ကြည့်ရသည်မှာ မြင့်မြတ်သောစစ်ပွဲသည် မြို့စားအဆင့်များအတွက်ပင် အရေးကြီးသောအရာတစ်ခုဖြစ်နေလောက်သည်။

နည်းပြကို စိတ်အနှောက်အယှက်ဖြစ်အောင်မေးလိုက်သည့် လီလော့ကို ရှင်းဖူနှင့် ပိုင်မျန်မျန်တို့က ဘုကြည့်ကြည့်နေလေ၏။

မြင့်မြတ်သောစစ်ပွဲအကြောင်းကို ယောင်ဝါးဝါးမျှသာကြားဖူးထားခဲ့ကြသည်။ ဤသည်မှာ သူတို့လက်လှမ်းမှီနိုင်သောအရာမဟုတ်ခဲ့ပေ။

" မင်း မိဘတွေကြောင့်လား... "

လီလော့ ခေါင်းညိတ်ပြလိုက်သည့်အခါ ချီချန်း သက်ပြင်းချလိုက်ပြီး.....

" ငါပြောမယ့်အကြောင်းအရာတွေကို နားထောင်ပြီးရင် မင်းတို့ရင်လေးသွားလိမ့်မယ်....."

" ဒီလောကကြီးရဲ့အမှန်တရားကို သိကြလား....."

ထိုမေးခွန်းကြောင့် လီလော့တို့သုံးယောက်စလုံး သိချင်စိတ်ပြင်းပြလာကြသည်။

" အရင်ဆုံး ငါတို့နေနေတဲ့ လောကကြီးအကြောင်းပြောပြမယ်....မင်းတို့အားလုံး ရှပြည်ထောင်စုကို သိကြတယ်မဟုတ်လား...ရှပြည်ထောင်စုရဲ့အနီးအနားမှာဘာတွေရှိလဲ....အဲ့တာတွေရဲ့အလွန်မှာ ဘာတွေရှိလဲဆိုတာ သိကြရဲ့လား....."

လီလော့တို့အဖို့ ရှပြည်ထောင်စုတစ်ခုလုံးကိုပင် နှံ့စပ်အောင်မသိကျွမ်းနိူင်သေးခင်မှာ ရှပြည်ထောင်စု၏အလွန်တွင်ရှိနေသောအရာများအကြောင်း အမေးခံလိုက်ရသည့်အတွက် ဖြေရခက်နေကြသည်။

"ရှပြည်ထောင်စုက အရှေ့ပိုင်းနတ်ဘုရာကုန်းမြေမှာတည်ရှိနေတဲ့ နယ်မြေလေးတစ်ခုပါ.....ရှပြည်ထောင်စုထဲမှာ သန်မာတဲ့ အင်အားစုတွေရှိတဲ့အတွက် ငါတို့မှာ ရန်သူမရှိဘူး....ဒါပေမယ့် ငါတို့လိုအင်အားကြီးတဲ့ နယ်မြေသုံးခုရှိနေသေးတယ်...အဲ့တာတွေက ရွှေခြင်္သေ့ရုံးတော်၊ သဲသံမဏိအင်ပါယာနဲ့ သန့်စင်သောနေမင်း မင်းဆက်တွေပဲ.... "

" အရှေ့ပိုင်းနတ်ဘုရားကုန်းမြေအပြင်ဘက်မှာ နောက်ထပ်ကုန်းမြေတိုက်ကြီး ကိုးခုရှိနေသေးတယ်....ငါတို့ရဲ့ အရှေ့ပိုင်းနတ်ဘုရားကုန်း​​မြေအပါဝင်တိုက်ကြီးဆယ်တိုက်စလုံးက လူသားမျိုးနွယ်တွေ အုတ်မြစ်ချနေထိုင်ခဲ့တဲ့နေရာ....."

ကြားလိုက်ရသည့် သတင်းအချက်အလက်များသည် မှင်သက်အံ့သြဖွယ်ကောင်းလွန်းလှသည်။ရှပြည်ထောင်စုကို ကမ္ဘာကြီးတစ်ခုအဖြစ်မှတ်ယူထားခဲ့သမျှ အခုမှသာ မည်မျှသေးငယ်မှန်း နားလည်သဘောပေါက်ခဲ့ရသည်။

"အဲ့ဒီ့အင်အားကြီးနယ်မြေသုံးခုစလုံးမှာ ကြယ်တာယာခရီးရှည်ကောလိပ်နဲ့ ခွန်အားချင်းတူတဲ့ ကျောင်းတော်တွေရှိတယ်....ဘာ့ကြောင့် အဲ့လိုကျောင်းတော်တွေရှိနေရတာလဲ သိလား....."

" ဗဟိုကျောင်းသားသမဂ္ဂဖွဲ့ချင်လို့ပဲ...."

ထိုအဖြေစကားကြောင့် သုံးယောက်စလုံး ထိတ်လန့်သွားခဲ့ကြသည်။

" ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့???"

" ဟုတ်တယ်....ဗဟိုကျောင်းသားသမဂ္ဂက ကုန်းမြေတိုက်ကြီးဆယ်ခုစလုံးမှာ အင်အားအကြီးအဆုံးအဖွဲ့ပဲ....ငါတို့ ကောလိပ်ကလည်း အဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်ကျောင်းတော်တစ်ခု....."

ရိုက်ချက်ပြင်းလှပေသည်။ ကြယ်တာယာခရီးရှည်ကောလိပ်သည် သူတို့အတွက် ဖြိုဖျက်မရနိုင်အောင် ကြီးကျယ်ခမ်းနားလှပြီဟုထင်နေချိန်တွင် ၎င်းသည် ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့၏အဖွဲ့ဝင်မျှသာ ရှိသေးသည်။

ထိုသို့ဆိုပါက အဖွဲ့ချုပ်သည် မည်မျှအထိ အစွမ်းထက်မည်နည်း။တွေးဆမရတော့ပေ။

ထိုအချိန်တွင် လီလော့ တစ်ခုတွေးလိုက်မိသည်။

// ဒါဆို အဖွဲ့ချုပ်ကဘာလို့ရှိနေရတာလဲ....တိုက်ကြီးဆယ်ခုကို အုပ်စိုးဖို့လား.....//

" ဗဟိုကျောင်းသားသမဂ္ဂ ဘာလို့တည်ရှိနေရသလဲ သိချင်နေကြတယ်မဟုတ်လား.....ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က အ​ခြားတည်ရှိမှုတစ်ခုကြောင့် တည်ရှိနေရတာ....."

" အဲ့တာဘာလဲ....."

" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတော့ လူသားမျိုးနွယ်ကျင့်ကြံသူတိုင်းအတွက် ရွှေခေါတ်တစ်ခေါတ်ပေါ့...အဲ့တုန်းကဆို နည်းပညာတွေ မယုံန်ိုင်လောက်အောင်ထွန်းကားခဲ့တယ်...ဒီလိုနဲ့ လူသားတွေကိုယ်တိုင် သဘာဝတရားကြီးကို ချိုးဖောက်လာခဲ့ကြတာကြောင့် ဆိုးရွားတဲ့ ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့တယ်....ငါတို့နေထိုင်တဲ့ကမ္ဘာကြီးကနေ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်လာခဲ့တယ်...."

" ရောင်ပြန်ဟပ်ခံရတဲ့ကမ္ဘာကို အရိပ်ကမ္ဘာလို့ခေါ်တယ်....."

// ဟမ်...နောက်ထပ် ကမ္ဘာတစ်ခုရှိနေသေးတာလား...အဲ့ကမ္ဘာကလူတွေ ဘယ်လောက်သန်မာကြလဲ....//

" အရိပ်ကမ္ဘာစတင်ကြီးထွားလာတုန်းက ပြသာနာကြီးကြီးမားမားမရှိခဲ့ဘူး။ ဒါပေမယ့် လူသားတွေရဲ့ ဆိုးယုတ်တဲ့ အကြံအစည်အတွေးအခေါ်တွေကို အဲ့ကမ္ဘာကြီးကနေ တိတ်တဆိတ်စုဆောင်းပြီး အခြားအရာတွေကို မွေးဖွားပေးလိုက်တယ်.....အဲ့ဒီ့အရာတွေက လူသားတွေဆီက စွမ်းအားတွေကို ဆက်ခံပြီး အလျင်အမြန်ကြီးထွားလာခဲ့ကြတယ်....."

" အဲ့ဒီ့အရာတွေကို မမြင်နိုင် မထိတွေ့နိူင်တဲ့အပြင် ဖျက်စီးလို့လဲမရဘူး။ ဒါ့အပြင် အဲ့အရာတွေက လူသားတွေရဲ့ စိတ်ကိုဖောက်လွှဲဖောက်ပြန်ဖြစ်အောင်လွှမ်းမိုးနိုင်ကြတယ်....အဲ့တာတွေက ကပ်ပါးပိုးကောင်တွေလိုပဲ....သူတို့တွေ ပေါ်လာပြီဆို ကပ်ဘေးဆိုက်သလို အရာအားလုံး ဖျက်ဆီးခံရတော့တာပဲ....."

" လူသားတွေရဲ့ ဆိုးယုတ်မှုက မွေးဖွားလာတဲ့အရာတွေကပဲ လူသားတွေကို ဂုဏ်သရေညှိုးနွမ်းစေခဲ့တယ်....."

" နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြပြီးမှသာ လူသားမျိုးနွယ်စုဘက်ကနေ ကမ္ဘာနှစ်ခုကို ဖြတ်တောက်နိုင်ဖို့ ကြီးမားတဲ့စွမ်းအင်ပမာဏတွေ စုဆောင်းနိုင်ခဲ့ကြတယ်....ကမ္ဘာနှစ်ခုကို အဆက်အသွယ် ဖြတ်နိုင်ခဲ့ပြီဆိုပေမယ့်လည်း အပြည့်အဝတော့ မဟုတ်ခဲ့ဘူး။ မြင့်မြတ်တဲ့ စစ်တလင်းတွေက  အရိပ်ကမ္ဘာနဲ့ ငါတို့ကမ္ဘာကို ချိတ်ဆက်ပေးထားတဲ့နေရာတွေပဲ..."

" သတ်ဖြတ်မှုတွေ ဘယ်တုန်းကမှ မရပ်တန့်ခဲ့ကြဘူး...ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်တည်ရှိနေရတာလည်း အရိပ်ကမ္ဘာလက်ကနေ လူသားမျိုးနွယ်ကို ကာကွယ်ပေးဖို့အတွက်ပါ....."

လီလော့ရဲ့ အာခံတွင်းတစ်ခုလုံး​ခြောက်သွေးသလိုခံစားနေရသည်။

" ဒါဆို ဘုရင်အဆင့်နဲ့ မြို့စားအဆင့်တွေအားလုံး မြင့်မြတ်တဲ့စစ်ပွဲထဲဝင်ပြီး အရိပ်ကမ္ဘာကဟာတွေနဲ့ တိုက်ခိုက်နေကြတာပေါ့...ဟုတ်လား...."

" ဟုတ်တယ်....မြင့်မြတ်တဲ့စစ်တလင်းက မင်းတို့ထင်ထားတာထက်တောင် ပိုရက်စက်သေးတယ်....ဒါကြောင့်မို့ မြို့စားအဆင့်နဲ့ ဘုရင်အဆင့်တွေပဲ ဝင်ပါခွင့်ရတာ....စစ်ပွဲထဲရောက်သွားတဲ့ မြို့စားဆယ်ယောက်မှာ တစ်ယောက်တောင် အသက်ရှင်ဖို့မလွယ်ဘူး...."

လီလော့တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေလေပြီ။

" ဒါဆို ကျွန်တော့်မိဘတွေ ဘာလို့သွားကြတာလဲ... "

" မြို့စားအဆင့်တွေ ဘုရင်အဆင့်တွေမှ စစ်ပွဲထဲကို မသွားရင် ငါတို့ကမ္ဘကြီးတစ်ခုလုံး ကျူးကျော်ခံရပြီး ပျက်ဆီးနေလောက်ပြီ "

" ဒါဆို ဘာလို့ ကျွန်တော့်မိဘတွေသွားကြတာလဲ....."

အကယ်၍ မြင့်မြတ်သောစစ်တလင်းသည် ဤမျှအထိ သေခြင်းတရားပြည့်လွှမ်းနေပါက၊ မြို့စားအဆင့်ကျွမ်းကျင်သူပင် မိမိကိုယ်ကို မကာကွယ်နိုင်ပါက သူ့မိဘနှစ်ပါးသည် အဘယ်ကြောင့် ကျန်းချင်းအာနှင့်သူ့ကို ဆာလောင်နေသောကျားရဲများကြားတွင် ပစ်ထား၍ စစ်ပွဲအတွင်း ဝင်ရောက်ခဲ့ကြသနည်း။

" မင်း ဘာတွေတွေးနေလဲ ငါနားလည်ပါတယ်.....သေနိုင်ချေသိပ်များတဲ့အတွက် မြို့စားအဆင့်တိုင်းမှာ သွားရဲတဲ့သတ္တိမရှိကြဘူး....."

" တစ်ချိန်တုန်းက လူသားတွေ စစ်ပွဲထဲ မဝင်တော့ဖို့ ဆုံးဖြတ်လိုက်ကြတယ်..အဲ့တုန်းကဆို အရိပ်ကမ္ဘာကဟာတွေ အမြန်နှုန်းနဲ့ ပျံနှံ့လာပြီး ကုန်းမြေတိုက်ကြီးတွေကို ကပ်ဘေးဆိုက်စေခဲ့တယ်...."

" နှစ်ပေါင်းများစွာ လေ့လာပြီးချိန်မှာ စစ်ပွဲအတွင်းမှာ ရှိနေတဲ့ မြို့စားအဆင့်နဲ့ ဘုရင်အဆင့်တွေ သတ်မှတ်ထားတဲ့အရေအတွက်အောက် လျော့လာတာနဲ့ ပျံ့နှံ့မှုစတင်လာတာကို ရှာတွေ့ခဲ့ကြတယ်....ဒါ့ကြောင့် စစ်ကူထပ်ပို့ဖို့ကလွဲရင် ရွေးချယ်စရာမရှိတော့ဘူး...ဟုတ်တယ် အများစုကို စစ်ကူပို့ခဲ့ကြရတယ်...."

ဤသည်မှာ လူသားမျိုးနွယ်ကို ကာကွယ်ပေးရန် အဆုံးမရှိသော မြို့စားအဆင့်နှင့် ဘုရင်အဆင့်များကို ထိုးကျွေးနေရသည်နှင့်တူနေသည်။

"မြင့်မြတ်တဲ့စစ်ပွဲက သိပ်ကို အန္တရာယ်များလွန်းတာကြောင့် စစ်ကူပို့မယ့်သူတွေကို မဲနှိုက်ရွေးချယ်ခဲ့ကြတယ်....."

" အဲ့တာကို သေခြင်းတရားလက်မှတ်လို့ခေါ်တယ်....လက်မှတ်ကို နှစ်မျိုးခွဲခြားထားတယ်...အဖြူရောင်ဆို အသက်ရှင်ခွင့်ရမယ်...အနက်ရောင်ဆို သေဆုံးရမယ်....ဆိုလိုချင်တာက အနက်ရောင်ကျရင် စစ်ပွဲထဲသွားရမယ်....."

" မင်း မိဘနှစ်ပါးစလုံး အနက်ရောင်ကတ်တွေ ရွေးမိခဲ့ကြတယ်....သူတို့လည်း မင်းကိုထားခဲ့ပြီး မသွားချင်ပါဘူး.....အနက်ရောင်သေမင်းကတ်ကို ဘယ်သူမှ မဖီဆန်နိုင်ဘူး....ဖီဆန်ခဲ့ရင်လည်း ကုန်းမြေဆယ်ခုလုံးမှာ ပုန်းစရာမြေမရှိဖြစ်သွားလိမ့်မယ်...."

All Chapters