ငါသာလျှင်ခေါင်းဆောင်ဖြစ်လိမ့်မယ်......
Vol. 10 Ch. 137
ချီချန်း၏ရှင်းပြမှုကြောင့် တိတ်ဆိတ်မှုကြီးစိုးသွားခဲ့လေသည်။
သုံးယောက်စလုံးသည် ကြားသိလိုက်ရသော အကြောင်းအရာများကြောင့် အံ့သြတုန်လှုပ်နေကြရှာသည်။ထိုကဲ့သို့ ရက်စက်ကြမ်ကြုတ်လှသော ကမ္ဘာကြီး၏အမှန်တရားများကို မည်သူမျှ မပြောပြခဲ့ဖူးပေ။
ထိုသတင်းများသာ ပျံ့နှံ့သွားမည်ဆိုပါက တစ်လောကလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြမည်သာ.....
" မြင့်မြတ်တဲ့စစ်တလင်းတွေကသိပ်ကိုထူးခြားတယ်....သေစေလောက်တဲ့အန္တာရာယ်တွေနဲ့အတူ အခွင့်ရေးကောင်းတွေပါဒွန်တွဲတည်ရှိနေတယ်....ကြားထားရသလောက်တော့ အပြင်လောမှာ ဒီအတိုင်းကျင်ကြံနေရာကနေ မြို့စားအဆင့်ကနေ ဘုရင်အဆင့်တက်သွားသူတွေထက် မြင့်မြတ်တဲ့စစ်ပွဲမှာ ပါဝင်ပြီးမှ ဘုရင်အဆင့်တက်သွားတဲ့ မြို့စားအဆင့်တွေပိုများတယ်....."
" ကိုယ်သဘော ကိုယ့်ဆန္ဒနဲ့ စစ်ပွဲထဲလိုက်ပါသွားတဲ့ မြို့စားအဆင့်တွေလည်း ရှိကြတယ်.....ဒါပေမယ့် ကိုယ်သဘောနဲ့ပဲသွားသွား၊စေလွှတ်ခံရလို့ပဲသွားသွား မြင့်မြတ်တဲ့စစ်ပွဲထဲရောက်သွားသူတစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲလေးစားနေမှာပါ....."
ချီချန်းသည် ထိုစကားများကို လီလော့ကို ကြည့်ပြီးပြောလိုက်ခြင်းဖြစ်သည်။ဟုတ်ပေသည်...သူတို့တွေ ကာကွယ်စောင့်ရှောက်ပေးနေ၍သာ မိမိတို့အေးချမ်းစွာ ကျင့်ကြံနေနိုင်ကြသည်မဟုတ်လော။
" သူတို့တွေက သူရဲကောင်းတွေပါ...."
လီလော့ တိတ်ဆိတ်နေသော်လည်း အတွေးထဲတွင်......
// သူရဲကောင်းတွေတဲ့လား....ရွေးချယ်ခွင့်သာရှိမယ်ဆို ဘယ်မိဘကများ သားသမီးတွေကို ပစ်ထားခဲ့ပြီး သေမင်းစစ်တလင်းဆီထွက်သွားပါ့မလဲ...."
"မြင့်မြတ်တဲ့စစ်တလင်းက ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားတဲ့ အဓိက ဉမင်ဆိုပေမယ့်လည်း ဒီတစ်ခုတည်းရှိနေတာမဟုတ်ဘူး အခြားလမ်းကြောင်းဖြစ်တဲ့ ကွန်ရက်လေးတွေကိုလည်း အဆက်မပြတ်ဖွင့်နေကြတယ်.....အဲ့ဒီ့ကွန်ရက်တွေပေါ်လာတိုင်း မိုင်တစ်သောင်းပတ်လည်အတွင်းရှိရှိသမျှ အကုန်သေကြေပျက်စီးရတယ်...ဘယ်အချိန်ဘယ်နေရာမှာ ပေါ်လာမယ်မှန်းလဲ ခန့်မှန်းလို့မရဘူး....."
" တချို့သော ကွန်ရက်တွေက ဗဟိုကျောင်းသားသမဂ္ဂကို ပစ်မှတ်ထားပြီး ပေါ်လာတတ်ကြတယ်...အဲ့အခါကြရင် အဖွဲ့ချုပ်ကနေ အထူးချွန်ဆုံးကျောင်းသားတွေကို အတွေ့အကြုံရဖို့ စေလွှတ်တတ်တယ်...."
" အရေးကြုံလာပြီဆို အဖွဲ့ဝင်ကျောင်းတော်တိုင်းကပြိုင်ဆိုင်မှုတွေ သဘောထားကွဲလွဲမှုတွေကို ဘေးချိတ်ထားပြီး ပူးပေါင်းပါဝင်ပေးကြတယ်...."
တသက်လုံးသိမြင်ထားခဲ့သမျှကို ပြောင်းပြန်လှန်ခံရလို ခံစားနေရရှာသော သူ့တပည့်သုံးယောက်ကို သနားစာနာသောအားဖြင့် လေသံကို အနူးညံ့ဆုံးဖြစ်အောင်ထိန်းထားခဲ့ပါသည်။
" ဘာမှစိတ်ပူမနေနဲ့ မင်းတို့တွေ ကလေးသာသာပဲရှိကြသေးတာ...မိုးပြိုလာရင်တောင် ခေါင်းတစ်လုံးပိုမြင့်တဲ့သူတွေထိန်းထားပေးလိမ့်မယ်....."
သုံးယောက်စလုံး အားတင်းပြီး ပြုံးနေကြသည်။ ဟုတ်ပေသည်... ကြားလိုက်ရသော သတင်းအချက်အလက်များသည် မိုးကုပ်စက်ဝိုင်းတမျှ ကျယ်ပြန့်သော်လည်း သူတို့သည် ကိုယ်ပိုင်ပြသာနာများကို ဖြေရှင်းနိူင်ရင်ပင် လုံလောင်အောင် မသန်မာကြသေးပေ။
ကျန်းချင်းအာတစ်ယောက် ထိုအကြောင်းအရာများကို သိလျှက်နှင့် မပြောပြပေးခဲ့ခြင်းကို နားလည်နိုင်ခဲ့လေပြီ။ မလိုအပ်ဘဲ စိတ်သောကများစေမည်သာ အဖတ်တင်လိမ့်မည်။
မည်မျှစိုးရိမ်နေစေကာမူ မိဘများရှိရာဆီလိုက်မသွားနိုင်သေးပေ။
သန်မာသည်ထက် ပိုသန်မာလာအောင်ကြိုးစားရပေဉီးမည်။
အခြားအရာတွေ အသာထား...ကြယ်တာယာခရီးရှည်ကောလိပ်တွင် နံပါတ်တစ်ဖြစ်လာစေရန် အရင်ကြိုးစားရမည်။ငါးနှစ်အတွင်းရောက်ရှိလာမည့် သေခြင်းတရားထက် ဘယ်အရာကများ ကြောက်စရာကောင်းနိုင်ဉီးမည်နည်း။
လူသေတစ်ယောက်တွင် အကြောက်တရားမရှိပေ။
ထိုသို့တွေးလိုက်သည့်အခါ မွန်းကြပ်မှုများ အနည်းငယ်လျော့ပါးသွားခဲ့သည်။
နည်းပြချီချန်းသည် မြင့်မြတ်သောစစ်ပွဲအကြောင်းထပ်မပြောတော့ဘဲ.....
"ဒီနေ့ကစပြီး ငါ့အဆောင်ဘေးကပ်ရပ်က သုံးထပ်အဆောက်အဉီးမှာ မင်းတို့တွေ တစ်ယောက်တစ်ထပ်စီနေရမယ်.....နေ့တိုင်း မင်းတို့ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးမယ်...လိုအပ်ရင် အရင်းအမြစ်တွေပေးမယ်....."
ထိုစကားကြောင့် လီလော့ မျက်လုံးဝင့်ကြည့်လိုက်ပြီး......
" ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေရော ရမှာလားဟင်......ကျွန်တော် အဆင့်ခြောက် ဝိဉာဉ်ရည်လိုအပ်နေလို့ပါ... သိပ်မများပါဘူး... တစ်လကို ဆယ်ပုလင်းလောက်ရရင် တော်ပြီ....."
" ကောလိပ်ကို အလှူအိမ်များမှတ်နေလား...ဘယ်သူက မင်းကို အဲ့လောက်ထိအလကားပေးမှာလဲ....."
" ဒါဆို ငါးပုလင်းလောက်ရော....."
" မရဘူး.....ကောလိပ်မှာ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းကို အလကားမရနိုင်ဘူး.....မင်း တကယ်လိုအပ်နေတယ်ဆို ပဲ့တင်ထပ်သံပြုပြင်သူခန်းမနဲ့ စကားပြောကြည့်ပေးမယ်....သူတို့ဆီက ထုတ်တာကို ဝယ်လို့ရတယ်....ကျောင်းသားဖြစ်နေတဲ့အတွက် လျှော့စျေးရှိတယ်..... "
ထင်ထားသလို အလုပ်မဖြစ်သည့်အတွက် လီလော့ စိတ်ဓာတ်ကျသွားလေသည်။
" ဒါဆို ကျွန်တော် တခြားဟာတောင်းဆိုလို့ရမလား....."
ချီချန်းတစ်ယောက် တချိန်လုံး ပါးစပ်ပိတ်နေသည့် ရှင်းဖူနှင့် ပိုင်မျန်မျန်တို့ကို တလှည့်ကြည့်လိုက်ပြီး တစ်ခုပြီးတစ်ခု ဆက်တိုက်မေးနေသည့် လီလော့ကို တစ်ချက်ကြည့်လိုက်သည်။
" ပြော..ဘာလဲ.... "
" ကျေးဇူးပြုပြီး တော်ဝင်သစ်စေးရနိုင်မယ့်နည်းလမ်းလေးပြောပြပေးပါ...."
" မင်း တကယ်အကောင်းကြိုက်တတ်တယ်နော်.....တော်ဝင်သစ်စေးက ကောလိပ်ရဲ့ အဖိုးတန်အရင်းမြစ်ဖြစ်တာကြောင့် မင်းဘက်က အကျိုးဆောင်နိူင်မှသာ ဆုလာဒ်အဖြစ်ချီးမြှင့်ပေးကြတာ...."
"ဘယ်လိုမျိုးကို ပြောတာလဲ....."
" အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ မရေမတွက်နိုင်တဲ့ ကျောင်းတော်တွေ၊ကောလိပ်တွေ၊ပါရမီရှင်တွေအများကြီးရှိတယ်...ဘယ်ကျောင်းကများ ကုန်းမြေဆယ်ခုမှာ ထိပ်တန်းနံပါတ်တစ်ကျောင်းတော်မဖြစ်ချင်ဘဲနေပါ့မလဲ....ငါတို့ ကျောင်းတော်မှာလဲ အပြိုင်အဆိုင်တွေရှိတယ်....အရှေ့ပိုင်းနတ်ဘုရားကုန်းမြေရဲ့ အတော်ဆုံးကျောင်းတော်ကို အရင်းမြစ်တွေ ပုံအောပြီးထောက်ပံပေးထားတယ်....ဒါက ကျောင်းတော်တစ်ခုလုံးက ကျောင်းသားတိုင်းအတွက် အကျုံးဝင်တယ်ဆိုတော့ ချန်ပီယံဆုရဖို့ အပြင်းအထန် ပြိုင်ဆိုင်ကြတာပေါ့...အဲ့လိုပြိုင်ပွဲတွေမှာသာ ကျောင်းဂုဏ်ဆောင်နိုင်ခဲ့မယ်ဆို ကျောင်းတော်ဘက်က တော်ဝင်သစ်စေးကို နင်လိုချင်သလောက် ပေးလိမ့်မယ်....."
လီလော့ မျက်စိမျက်နှာပျက်နေလေပြီ ။ဤသည်မှာ နန်ဖန်းကျောင်းတော်တုန်းကလိုပင်။ သို့သော်လည်း နန်ဖန်းကျောင်းတော်သည် ထျန်ရှုစီရင်စု၏ နံပါတ်တစ်ကျောင်းတော်ဖြစ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်နှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။
ထို့အပြင် သူသည် အခုမှ ကြယ်တစ်ပွင့်ကျောင်းသားအဆင့်သာရှိသေးသည့်အတွက် ထိုသို့သောပြိုင်ပွဲများကို ဝင်ပြိုင်နိုင်ဉီးမည်မဟုတ်ပေ။ ကျန်းချင်းအာလို ထူးချွန်သူများနှင့် ကြယ်လေးပွင့်ကျောင်းသားများသာ ထိုအခွင့်အရေးရမည်ဖြစ်သည်။
" နေဉီး...ကျောင်းတွင်းပြိုင်ပွဲတွေမှာ အမှတ် ငါးထောင်ရမယ်ဆိုလည်း တော်ဝင်သစ်စေးရနိူင်တယ်...."
" အမှတ် ငါးထောင်...ဟုတ်လား...."
" ဘာမှ မထူးဆန်းဘူး....မင်းတို့တွေရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေ၊မစ်ရှင်တွေကနေ အမှတ်တွေရနိုင်တယ်.....လစဉ်စာမေးပွဲတွေအပြင် တခြားကျန်တဲ့နည်းလမ်းတွေအများကြီးရှိသေးတယ်.....ဒီအမှတ်ပေးစနစ်က ကျောင်းသားတွေ ကျင့်ကြံရေးအပိုင်းမှာ ပိုအားစိုက်လာအောင် လှုံ့ဆော်ပေးတဲ့သဘောပဲ......"
" ကျောင်းတွင်းရမှတ်တွေကို လျှော့မတွက်နဲ့.....အဲ့အမှတ်တွေနဲ့ဆိုဒီကျောင်းမှာပဲရှိတဲ့ မြို့စားအဆင့်ပညာရပ်တွေကိုတောင်ဝယ်လို့ရတယ်.....ဒါတွေက မင်းတို့တစ်သက်တာလုံးအတွက်အကျိုးရှိစေမယ့်အရာတွေ...အဲ့တော့ ကြိုးစားပြီး အမှတ်တွေရအောင်စုကြ....."
" လပတ်စာမေးပွဲ.???"
ဟူးး ထင်ထားတာထက်တောင် အမှတ်ရဖို့ခက်နေပြီ ကြည့်ရတာပိုက်ဆံပေးဝယ်ရမယ့်ပုံပဲ.....ဘာပဲဖြစ်ဖြစ် ငါကလော့လန်သခင်လေးပဲဟာ ..ငွေမရှားပါဘူး.....
" ကျောင်းသားတိုင်းရဲ့အမှတ်တွေကို သေချာခွဲဝေပေးထားတယ်...ငွေကြေးနဲ့ရောင်းဝယ်ဖောက်ကားတာမျိုးကို ကျောင်းတော်ဘက်က တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်...ကျောင်းသားတိုင်းကလည်း ဒီအချက်ကို လေးစားလိုက်နာကြတယ်...."
ချီချန်းသည် လီလော့၏ အတွေးကို ကြိုမြင်နေပုံရသည်။
လီလော့ စိတ်ထဲမှာ ဗလောင်ဆူနေပေမယ့် ခပ်တည်တည်နဲ့ ပိုင်မျန်မျန်တို့ဘက်လှည့်လိုက်ပြီး....
" မင်းတို့တွေကြားတယ်နော်...နည်းပြပြောတာတွေ သေချာလိုက်မှတ်ထားကြ....ပြီးတော့မှ အဖွဲ့ကို နာမည်ပျက်အောင်မလုပ်ကြနဲ့....."
ရှင်းဖူတို့နှစ်ယောက် လီလော့ကို ကြောင်အစွာ ကြည့်နေမိတော့သည်။
" နောက်ပိုင်းမစ်ရှင်တွေရှိလာရင် အတူတူပူးပေါင်းလုပ်ဆောင်ရမှာဆိုတော့ မင်းတို့သုံးယောက် ကိုယ့်ဘာသာကိုယ် ညှိနှိုင်းပြီး အဖွဲ့ခေါင်းဆောင်ရွေးလိုက်ကြ....."
" အဖွဲ့ခေါင်းဆောင်..??"
// ဟင့်အင်း..ဒါမျိုးတွေက ကံမကောင်းတဲ့ကောင်တွေပဲရကြတဲ့ရာထူးတွေ..ကိုယ့်ဘာကိုယ် အေးအေးနေပါရစေ....//
လီလော့ သတိကြီးကြီးထားပြီး ငြိမ်နေလိုက်တယ်....ဒါ့အပြင် ဘယ်သူ စလှုပ်ရှားမလဲစောင့်ကြည့်နေသေးတယ်....
ထိုအချိန်မှာ ရှင်းဖူဘက်က လှုပ်ရှားလာပြီး.....
" ကျွန်တော်....ခေါင်းဆောင်မလုပ်ဘူး...."
" ကျွန်မရောပဲ...."
" ကဲ..ဟိုနှစ်ယောက်က မလုပ်ချင်ဘူးဆိုမှတော့ နင်ပဲခေါင်းဆောင်လုပ်လိုက်တော့...."
လီလော့၏အပြုံးများအေးခဲကုန်လေသည်။