သင်ခန်းစာ နံပါတ်တစ်....
Vol. 10 Ch. 140
နည်းပြချီချန်းသည် လီလော့၏ ခန္ဓာကိုယ်ကို သေချာအာရုံခံစစ်ဆေးပြီးနောက် ဗလာမျက်ဝန်းများနှင့်စိုက်ကြည့်နေလေသည်။
"ဟမ်...နင့်မှာ တကယ်ပဲ ပဲ့တင်ထပ်သံနှစ်ခုရှိနေတာပဲ...ပထမပဲ့တင်ထပ်သံက အဆင့်ခြောက်ပဲရှိပေမယ့် အဆင့်ခုနှစ်လောက်နီးနီးသန့်စင်တယ်...ဒုတိယပဲ့တင်ထပ်သံကလည်း အဆင့်လေးပဲရှိပေမယ့် ထူးထူးခြားခြား သန့်စင်လွန်းနေတယ်.....နင် ရှားပါးတဲ့ရတနာတွေသုံးထားတယ်မဟုတ်လား...."
" နည်းနည်းပါးပါးပါ....."
လီလော့သည် လော့လန်အိမ်တော် သခင်လေးဖြစ်သည့်အပြင် မြို့စားအဆင့်နှစ်ဉီး၏ သားဖြစ်နေသောကြောင့် ထိုသို့ ပြန်ဖြေသည်ကို အံ့သြမနေတော့ပေ။
" လီလော့...နင့်ရဲ့ ဒုတိယပဲ့တင်ထပ်သံက အဆင့်သိပ်မမြင့်ပေမယ့် ပဲ့တင်ထပ်သံနှစ်ခုရှိနေတာကိုက ကြီးမားတဲ့အားသာချက်ဖြစ်နေပြီ....မြို့စားအဆင့်မရောက်ခင် ဘယ်သူမှ ပဲ့တင်ထပ်သံနန်းတော်နှစ်ခု မဖွင့်နိုင်ကြသေးဘူး....."
"နှစ်ခုစလုံးကို အပြည့်အဝ ကျွမ်းကျင်တဲ့အဆင့်ထိ မသုံးနိုင်သေးရင်တောင် ထူးခြားတဲ့အားသာချက်တွေလောက်တော့ သုံးနိုင်မှဖြစ်မယ်....ပဲ့တင်ထပ်သံနှစ်ခုစလုံးထုတ်သုံးကြည့်လိုက်...."
လီလော့သည် ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုစလုံးကို ထုတ်ဖော်လိုက်သည့်အခါ အခန်းထဲတွင် အပြာရောင်နှင့် အစိမ်းရောင်အလင်းတန်းများ လင်းလက်လာသည်။
မြို့စားအဆင့်မရောက်ခင် ပဲ့တင်ထပ်သံနှစ်ခုထုတ်သုံးနိုင်သူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သောကြောင့် ပိုင်မျန်မျန်နှင့် ရှင်းဖူတို့ကလည်း စိတ်ဝင်တစား ကြည့်နေကြသည်။
" အင်း...နင့်မှာ ပဲ့တင်ထပ်သံနှစ်ခုရှိနေပေမယ့် ဒါတွေကို တစ်ခုတည်းဖြစ်အောင် မပေါင်းစည်းနိုင်သေးဘူးမဟုတ်လား....အဲ့တော့ နင့်မှာ ပဲ့တင်ထပ်သံနှစ်ခုသမားစစ်စစ်လို့ ပြောလို့မရသေးဘူး....စစ်မှန်တဲ့ ပဲ့တင်ထပ်သံနှစ်ခုရှိသူတိုင်းက အဲ့နှစ်ခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်းပြီး မူရင်းနှစ်ခုထက် သာလွန်တဲ့စွမ်းရည်တွေရှိအောင်ထုတ်သုံးနိုင်ရတယ်...."
" လက်ရှိမှာ နင်က ရေပဲ့တင်ထပ်သံသုံးချင်ရင် ရေပဲ့တင်ထပ်သံပညာရပ်တွေသုံးရတယ်....သစ်သားပဲ့တင်ထပ်သံသုံးချင်ရင်လည်း အဲ့လိုပဲ....ဒါက အချိန်ကုန်ပြီး သိပ်အသုံးမဝင်ဘူး....နင် အဲ့လို အကူးအပြောင်းလုပ်နေတဲ့အချိန်မှာ ပြိုင်ဘက်က လွယ်လွယ် အနိူင်ယူသွားလိမ့်မယ်...."
ဟုတ်ပေသည်။ လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုသည် သီးခြားစီရှိနေပြီး အချင်းချင်း အနှောက်အယှက်မဖြစ်သော်လည်း ပေါင်းစည်းနေခြင်းမဟုတ်ပေ။
" ပေါင်းစပ်ထားတဲ့ပဲ့တင်ထပ်သံနှစ်ခုကို မျက်မြင်တွေ့ဖူးချင်လား...."
လီလော့ လောဘတကြီး ခေါင်းညိတ်လိုက်လေသည်။
ချီချန်း လက်ဖဝါးမြှောက်ပြီး စွမ်းအားများထုတ်ဖော်လိုက်သည့်အခါ အခန်းတစ်ခုလုံးတွင် ရေသံများပြည့်နှက်သွားလေသည်။
အပြာရောင်စွမ်းအားများသည် တဖြည်းဖြည်းနှင့် ဆယ်မီတာခန့်မြင့်မားသော သက်ရှိ ကျားတစ်ကောင်အဖြစ်ဖွဲ့စည်းနေသည်။
ထိုကျားရဲကြီးသည် အပြာရင့်ရောင်ရှိသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်စိမ်းများသဖွယ် တလက်လက်တောက်ပနေသည်။ ကျားရဲဟိန်းဟောက်သံထဲတွင် ပင်လယ်လှ်ိုင်းသံများပါရောယှက်ပါဝင်နေသည်။
" ငါရဲ့ ပထမပဲ့တင်ထပ်သံကို မင်းတို့လည်း သိပြီးလောက်မှာပါ.... ရေပဲ့တင်ထပ်သံလေ.....ဒုတိယပဲ့တင်ထပ်သံကို သိကြလား...."
" သားရဲပဲ့တင်ထပ်သံ??"
" ဟုတ်တယ်.... အဆင့်ခုနှစ် အဆင့်မြင့် ကျောက်စိမ်းကျားရဲပဲ့တင်ထပ်သံ....."
// .ဒီလောက်ထိရဲရဲတောက် သတ္တိရှိနေတာ လက်စသတ်တော့ နည်းပြက ကျားမေမေကြီးဖြစ်နေတာကိုး....//
" ဒီကျောက်စိမ်းရေပြာကျားရဲက ငါ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကို ပေါင်းစပ်ထားတာ...ရေပဲ့တင်ထပ်သံရဲ့ ပျော့ပြောင်းညှင်သာမှုနဲ့ ကျားရဲရဲ့ ခက်ထန်ကြမ်းတမ်းမှုနှစ်ခုစလုံးပါဝင်နေတာကြောင့် ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့်လောက်ကို လက်နဲ့တစ်ချက်ပုတ်လိုက်ရုံနဲ့ အမှောက်သိပ်နိုင်တယ်...."
ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီး အဆင့်များ မည်မျှသန်မာသည်ကို သိနေသည့်အတွင် ရိုက်ချက်တည်းချက်တည်းနှင့် အမှောက်သိပ်နိုင်သည်ဆိုပါက ကျောက်စိမ်းရေပြာကျားရဲ၏ အစွမ်းကို တွေးကြည့်ရန်ပင်မလိုတော့ပေ၏။ဤသည်မှာ ပေါင်းစပ်ထားသော ပဲ့တင်ထပ်သံများ၏ စွမ်းအားအစစ်အမှန်ပင်ဖြစ်သည်။
သူ၏ သီးခြားဖြစ်နေသော ပဲ့တင်ထပ်သံစွမ်းအားများသည် ယခုချိန်တွင် အားနည်းနေသည်ဆိုသော်လည်း စိတ်ဓာတ်ကျစရာမလိုပေ။ သူ့ထံတွင် ပဲ့တင်ထပ်သံနှစ်ခုရှိနေသည့်အတွက် ကြိုးစားကျင့်ကြံမည်ဆိုပါက ထိုအဆင့်သို့ အလွဲဧကန်ရောက်ရှိနိုင်ပေမည်။
" ပဲ့တင်ထပ်သံနှစ်ခုနဲ့ ကျင့်ကြံရာမှာ အဆင့်သုံးဆင့်ရှိတယ်...ပထမအဆင့်...အသေးအမွှားတွေကိုအရင်ပေါင်းစပ်ရမယ်...ဒုတိယအဆင့် နှစ်ခုကနေ တစ်ခုဖြစ်အောင်ပေါင်းစပ်ရမယ်...တတိယအဆင့်က အာရုံခံနိူင်စွမ်းအားကောင်းရမယ်...ပုံမှန်တိုင်းဆို တတိယအဆင့်ကသူ့အလိုလိုအောင်မြင်ပြီးသားဖြစ်သွားကြတာပဲ....ဒါတွေက မြို့စားအဆင့်တွေအတွက် သတ်မှတ်ထားတဲ့အရာတွေ...သိပ်ပြီး ခေါင်းစားခံမနေနဲ့....."
" ပထမအဆင့်သာအောင်မြင်သွားမယ်ဆို ပဲ့တင်ထပ်သံနှစ်ခုကို အချိန်တခဏလောက်တော့ပေါင်းစည်းနိုင်လာလိမ့်မယ်...ဒီလောက်ဆို ဆရာသခင်အဆင့်တွေကြားမှာ ရေထဲကငါးလို အဆင်ပြေနေလိမ့်မယ်..."
" နောက်တစ်ခု ထပ်ပြောမယ်...နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်နိုင်အောင် နေ့တိုင်းဖိအားပေးရမယ်...ဒါမှ စွမ်းအားနှစ်ခုပေါင်းစပ်တဲ့ခံစားချက်နဲ့အလွယ်တကူရင်းနှီးလာမှာ..."
" ကျေးဇူးတင်ပါတယ် နည်းပြ...."
မြို့စားအဆင့်တစ်ဉီး၏ လမ်းညွှန်မှုနှင့်သာဆို မိမိတစ်ဉီးတည်း စမ်းတဝါးဝါးလေ့ကျင့်သည်ထက်များစွာ အဆင်ပြေချောမွေ့လာမည်သာ.......
" ပြီးတော့ နင်လည်း ပဲ့တင်ထပ်သံပြုပြင်တဲ့ပညာရပ်ကို သင်ယူနေတယ်မဟုတ်လား....ငါက အဆင့်ခုနှစ်ပဲ့တင်ထပ်သံပြုပြင်သူလက်မှတ်ရထားပြီးတဲ့အပြင် ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှာလဲ ရာထူးတစ်နေရာရထားတယ်...နင့်မှာ သိချင်တာတွေရှိရင် လာမေးလို့ရတယ်...."
// နည်းပြရယ် ကျွန်တော် နည်းပြနားမှာပဲ ကော်လိုကပ်နေလို့ရမလားဟင်....//
အဆင့်ခုနှစ်ပဲ့တင်ထပ်သံပြုပြင်သူများသည် ရှပြည်ထောင်စုတွင် ထိပ်တန်းအဆင့်ဖြစ်သတ်မှတ်ခံရသူများဖြစ်ကြသည်။
အကယ်၍ ဝိဉာဉ်ရည်ထုတ်လုပ်ရေး စံအိမ်များသည် ထိပ်တန်းစံအိမ်ဆယ်ခုစာရင်းဝင်နိုင်ရန် အဆင့်ခုနှစ်ပဲ့တင်ထပ်သံပြုပြင်သူများသည် အဓိကကျသောအခန်းဏ္ဍကနေပါဝင်နေကြသည်။
// ကျင့်ကြံမှုကလည်း မြို့စားအဆင့်ဖြစ်တဲ့အပြင် အဆင့်ခုနှစ်ပဲ့တင်ထပ်သံပြုပြင်သူလက်မှတ်ပါရထားသေးတယ်တဲ့..ဒါမျိုးကို နည်းပြလို့မခေါ်ရဘူး...နတ်သမီးလို့ခေါ်ရမှာ....//
နည်းပြချီချန်းသည် ရှင်းဖူနှင့် ပိုင်မျန်မျန်တို့ကို လိုအပ်ချက်များထောက်ပြလမ်းညွှန်ပြီးနောက် တစ်နေ့တာ သင်ခန်းစာပို့ချမှုကို ရပ်နားလိုက်လေသည်။
" ကဲ...ဒီနေ့တော့ ဒီလောက်နဲ့ပဲရပ်လိုက်ကြမယ်...နောက်နေ့တွေလဲ ဒီအတိုင်းပဲဆက်သွားကြမယ်...ငါ့မှာ မင်းတို့အတွက် တင်းကြပ်တဲ့တောင်းဆိုချက်တွေမရှိဘူး...ဒါပေမယ့်် လကုန်ရက်တိုင်းမှာ အဖွဲ့လိုက်ပြိုင်ပွဲတွေရှိတယ်....အဆင့်ကောင်းရင် ကျောင်းတွင်းရမှတ်တွေပိုရမယ်...."
" ရွှေအဆင့်အဖွဲ့တွေဆီကနေ သုံးကြိမ်ကျော်တက်ခံရတဲ့ ခရမ်းအဆင့်အဖွဲ့ကို အညံ့ဆုံးအသင်းအဖြစ်ထုတ်ပယ်လိမ့်မယ်...ဒါပေမယ့် ပိုင်မျန်မျန်လို ထူးချွန်တဲ့ပဲ့တင်ထပ်သံပြုပြင်သူတွေကတော့ ချွင်းချက်အဖြစ်အခွင့်ရေးရလိမ့်မယ်...."
ခရမ်းအဆင့်နည်းပြ၏တပည့်ဖြစ်ခွင့်ရပြီဆိုသော်လည်း စိတ်အေးသက်သာစွာနေနိုင်ရန် အချိန်မရှိပေ။
ခရမ်းအဆင့်နည်းပြ၏ လမ်းညွှန်မှုများကို သိရှိပြီးနောက် ဘယ်သူကများ ဒီအခွင့်အရေးကို လက်လွှတ်ပေးချင်ကြမည်နည်း။
// ယုလန်တစ်ယောက်တော့ အန္တာရာယ်ပတ်လည်ဝိုင်းနေလောက်ပြီ....အဆင်ပြေဖို့ပဲမျှော်လင့်ရတော့မှာပဲ....//