ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့် ကောလဟလများ
Vol. 29 Ch. 404
အခန်း (၄၀၄) ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့် ကောလဟလများ
ရှေးဟောင်းဧကရာဇ်သုတစာအုပ်က အမှန်တော့ ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့် ကောလဟလအကြောင်းများကို ရေးသားထားခြင်း ဖြစ်သည်။
ဆရာဖြစ်သူပေးသည့် ရှေးဟောင်းဧကရာဇ်သုတစာအုပ်စာအုပ်နှင့် ခွန်လွန်တောင်စာကြည့်တိုက်တွင် တွေ့ခဲ့ရသည့် ရှေးဟောင်းဧကရာဇ်သုတစာအုပ်က အတူတူပဲလားဆိုသည်ကိုတော့ ကျန်းလန် မသိရှိပေ။
ဘာပဲဖြစ်ဖြစ် ဆရာဖြစ်သူပေးသည့််စာအုပ်ကို ဖတ်ရှုသည်က သူ့အတွက်ပိုပြီး စိတ်ချရသည်။ ၎င်းစာအုပ်သာ အစစ်အမှန်မဟုတ်ပါက ဆရာဖြစ်သူက သိမ်းဆည်းထားမည် မဟုတ်ပေ။
ကျန်းလန် စာအုပ်ကို ဖွင့်လိုက်သည်။
ဤသို့သောမှတ်တမ်းစာအုပ်များကို သူက အလေးအနက်ထားကာ ဖတ်ရှုလေ့ရှိသည်။
အမှန်တော့ "ရှေးဟောင်းဧကရာဇ်" ဆိုသည့် စကားလုံးက သူ့ကို အချိန်အတော်ကြာ စိတ်ရှုတ်ထွေးနေစခဲ့သည်။
နတ်ဘုရားရာထူးတိုင်းတွင် "ရှေးဟောင်းဧကရာဇ်" ဆိုသည့် အမည်က ထိပ်ဆုံးတွင် ပါရှိတတ်သည်။ ထိုအရာက လူတစ်ယောက်၏စိတ်ကို မည်သို့မှ မတတ်နိုင်စွာ သိချင်စိတ် ဖြစ်ပေါ်လာစေသည်။
စာမျက်နှာအနည်းငယ်ဖတ်ကြည့်ပြီးနောက် ဤစာအုပ်က ရှေးဟောင်းဧကရာဇ်ဆိုသည့် ဝေါဟာရကို ရှင်းပြခြင်းမရှိဘဲ ကောလဟလများကိုသာ မှတ်တမ်းအဖြစ် ရေးသားထားသည်ကို သိလိုက်ရသည်။
ပထမဆုံးရေးသားထားသည်မှာ ဟိုးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူအချို့သည် အနောက်ဘက်စွန့်ပစ်နယ်မြေရှိ သဲကန္တာရတစ်ခု၏ မြေအောက်တွင် အဆောက်အဦအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အဆောက်အဦများထဲတွင် ဘီလူးရုပ်ကြီးများ ရှိနေသည်။
ဘီလူးရုပ်များ၏ ရင်ဘတ်အလယ်ဗဟိုတွင် စာလုံးများ ရေးထွင်းထားသည်။ ထိုစာလုံးများထဲတွင် လူသားများ နားလည်နိုင်သည့်စာလုံးမှာ "ရှေးဟောင်းဧကရာဇ်" ဆိုသည့် စာလုံးပင် ဖြစ်သည်။
အချို့လူများ ခန့်မှန်းကြသည်ကတော့ မြေအောက်မှတွေ့ရသည့် အဆောက်အဦများမှာ ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ဆက်စပ်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ရမည်ဟူ၍ ဖြစ်သည်။
သို့သော် မည်သူမှ မှန်ကန်စွာ မခန့်မှန်းနိုင်ခဲ့ကြပေ။
"ရှေးဟောင်းဧကရာဇ်နန်းတော်" သည် မည်သည့်နေရာမှ ဆင်းသက်လာသနည်း။ သို့မဟုတ် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ မည်သူမှ မသိရှိခဲ့ကြပေ။
ကျန်းလန် စာအုပ်ကို ဆက်ဖတ်ကြည့်သည်။
သူ သိပ်ပြီးနားမလည်သော်လည်း ဖတ်ရှုရင်းဖြင့် သဲလွန်စတစ်ခုတစ်လေ ရရှိနိုင်သည်။ သို့မဟုတ် အနီးစပ်ဆုံး မှန်းဆကြည့်နိုင်သည်။
ထို့ပြင် နတ်ဘုရားရာထူးများသည် ရှေးဟောင်းဧကရာဇ်နန်းတော်မှ ဆင်းသက်လာသည့်အရာများဖြစ်ကြောင်း သူ နားလည်နိုင်သည်။
သူ ရရှိထားသည့် နတ်ဘုရားရာထူးက "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" မှ ဖြစ်သည်။
သို့သော် ထိုနေရာက မည်သို့သောနေရာမျိုးဖြစ်သည်ကို သူ မသိရှိပေ။
ထိုသို့စဉ်းစားမိတော့ ကျန်းလန် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ အဆုံးမရှိသောကောင်းကင်ပြင်ထက်တွင် မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။
သို့သော် သူ၏နတ်ဘုရားရာထူးနှင့် ရှေးဟောင်းဧကရာဇ်နန်းတော်၏ တည်နေရာကို သူ သိရှိနိုင်သည်။
သူ သွားလိုသည်ဆိုလျှင် စိတ်အာရုံဖြင့် ထိုနေရာသို့ သွားရောက်နိုင်သည်။
သို့သော် သူ၏ တန်ခိုးစွမ်းအားဖြင့် ရှေးဟောင်းဧကရာဇ်နန်းတော်အတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
အထဲသို့ ဝင်နိုင်လျှင်တော့ အခြေအနေများကို ပိုမိုနားလည်ကောင်း နားလည်နိုင်ပေမည်။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး ရှေးဟောင်းဧကရာဇ်သုတစာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။
နောက်တစ်ကြိမ် သူ ဖတ်ရှုရသည်က -
ရွာတစ်ရွာတွင် ဖြစ်၏။
ထိုရွာမှ မိန်းမပျိုများနှင့် ယေကျ်ားပျိုများကို လူတစ်စုက လာရောက် ခေါ်ဆောင်သွားလေ့ရှိသည်။
ထိုသူများက ရွှေရာင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး ထူးခြားဆန်းကျယ်သည့် တန်ခိုးစွမ်းအားများနှင့်လည်း ပြည့်ဝကြသည်။
ထို့ကြောင့် ရွာသားများမှာ ခုခံနိုင်ခြင်း မရှိခဲ့ကြသလို ဖမ်းဆီးခေါ်ဆောင်သွားကြသူများမှာလည်း တစ်ယောက်မှ ရွာသို့ ပြန်ရောက်မလာခဲ့ကြပေ။
ထိုသူများက မိန်းမပျို သို့မဟုတ် ယေကျ်ားပျိုးတစ်ယောက်ယောက်ကို ခေါ်ဆောင်သွားတိုင်း သင်္ကေတတစ်ခု ချန်ထားခဲ့သည်။
အစပိုင်းတွင်တော့ ထိုသင်္ကေတက မည်သည့်အရာကို ကိုယ်စားပြုမှန်း မသိခဲ့ကြပေ။ နောက်ပိုင်းတွင် ရွာသို့ရောက်လာသည့် လူတစ်ယောက်က ထိုသင်္ကေတမှာ "ရှေးဟောင်းဧကရာဇ်နန်းတော်" ကို ကိုယ်စားပြုကြောင်း ပြောပြခဲ့သဖြင့် သိရှိခဲ့ကြရသည်။
သို့သော် ထိုရွာသည် မကြာခင် ပျောက်ကွယ်သွားခဲ့ပြီး ယခု သိရှိရသည့် အချက်အလက်များကို ပျက်စီးနေသည့် မှတ်တမ်းမှတ်ရာအချို့မှ စုစည်းထားခဲ့သည်ဟု ဆိုသည်။
ကျန်းလန်က စာအုပ်ကို ဆက်ဖတ်ပြန်သည်။
စာအုပ်ထဲတွင် ရှေးခေတ်အကြောင်းအရာများနှင့်ပတ်သက်သည့် ကောလဟလများစွာကို ရေးသားထားသည်။
နောက်ထပ်သိသာထင်ရှားမှုတစ်ခုမှာ ကောင်းကင်ထက်တွင် ထူးခြားသည့် မြင်ကွင်းတစ်ခုကို တွေ့ မြင်ခဲ့ကြရခြင်း ဖြစ်သည်။
ထိုသူက ထိပ်တန်းအဆင့် အကြီးအမှူးတစ်ယောက် ပုံစံမျိုးဖြစ်သည်။
ရွှေရာင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ရွှေရာင်ဦးရစ်သရဖူကို ဆောင်းထားကာ ခန့်ညားသည့် ရောင်ဝါများ ထွက်ပေါ်လျှက် ရှိ၏။
ထိုသူသည် ကောင်းကင်ထက်တွင် လမ်းလျှောက်ဖြတ်သန်းသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ထိုသူက ပျက်သုဉ်းတစ်စပြင်လောကကြီးမှ သူတော်စင်တစ်ပါး ဖြစ်ဟန်တူသည်။
ဤသည်က ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ဘာမှမသက်ဆိုင်သည့်အဖြစ်အပျက်ဟု ထင်ရသော်လည်း အချို့သော ကောလဟလများကို အခြေခံ၍ ...
ထိုသူဝတ်ဆင်ထားသည့် ရွှေရာင်ဝတ်ရုံထက်တွင် ရေးသားထားသော သင်္ကေတများ ရှိလေသည်။
ထိုသင်္ကေတများကို ဘာသာပြန်ဆိုလိုက်မည်ဆိုလျှင် "ရှေးဟောင်းဧကရာဇ်" ဟု အဓိပ္ပါယ်ရသည်။
ကျန်းလန်သည် ထိုဧကရာဇ်အကြောင်းကို စိတ်ဝင်စားသွားသည်။ နတ်ဘုရားရာထူးများ ဆင်းသက်လာမှုသည် ထိုဧကရာဇ်နှင့် ဆက်စပ်နေသလား မဆိုနိုင်ပေ။
သေချာသည့်အချက်တစ်ခုမှာ -
ယခင်အချိန်များတုန်းက ရှေးဟောင်းဧကရာဇ်နန်းတော်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် တည်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းဧကရာဇ်နန်းတော်သည် ပျက်သုဉ်းတစ်စပြင်လောကြီးတွင် ထွက်ပေါ်လာခဲ့ဖူးသော်လည်း ယခုတော့ မရှိတော့ပေ။
စာအုပ်ထဲတွင်တော့ နတ်ဘုရားရာထူးများနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။
ရှေးဟောင်းဧကရာဇ်နန်းတော် မည်မျှ ထူးခြားကြောင်းနှင့် မည်မျှ လျှို့ဝှက်ဆန်းကျယ်ပြီး ကြောက်မက်ဖွယ်ရာကောင်းကြောင်းကိုသာ သွယ်ဝိုက်၍ ဖော်ပြထားသည်။
နတ်ဘုရားရာထူးများ၏ အမည်နာမများရှေ့တွင် "ရှေးဟောင်းဧကရာဇ်နန်းတော်" ဟု ပါရှိသည်။ သို့ဖြစ်ရာ ကောလဟလများသည်လည်း အမှန်တရား ဖြစ်နိုင်သည်။
သို့ပေသိ အသေးစိတ်အချက်အလက်များကိုတော့ မသိရှိရသေးပေ။
ဤအကြောင်းများကို အသိရှိဆုံးသူကတော့ ဧကရာဇ်ရှီးဟယ်သာ ဖြစ်နိုင်သည်။ သို့သော် ထိုပုဂ္ဂိုလ်သည် ခွန်လွန်တောင်တွင် မည်သို့သောနေရာကို ရယူထားကြောင်း မသိရှိသေးပေ။
ထို့ကြောင့် သူ မစုံစမ်းရဲပေ။ မဟုတ်ပါက ထောင်ချောက်ထဲတန်းဝင်သွားနိုင်သည်။
တန်ခိုးစွမ်းအားမြင့်မားလာသည့်အချိန်မှသာ ထိုအရာများကို စုံစမ်းရန် ကြိုးစားရမည် ဖြစ်သည်။
လက်ရှိတွင်တော့ ဆရာဖြစ်သူ ပေးအပ်သည့် စာအုပ်များကို ဖတ်ရှုနိုင်ပြီး ဤသည်ကပင် သူ့အတွက် လုံလောက်လေသည်။
ကျန်းလန် စာအုပ်ကို ပိတ်လိုက်သည်။
ညမိုးချုပ်ပြီဖြစ်လေရာ ကျင့်ကြံရန် အချိန်ကျပြီ ဖြစ်သည်။
ရွှေခန္ဓာကျင့်စဉ်အောင်မြင်ရန် သူ ကျင့်ကြံရမည်ဖြစ်သည်။ သို့မှသာ တာ့လော်အင်မော်တယ်အဆင့်သို့ အဆင့်တက်ရောက်နိုင်ပေလိမ့်မည်။
အောင်မြင်မှုက လက်တစ်ကမ်းအလိုဖြစ်သည့်တိုင် သူ အားမလျှော့လိုက်နိုင်ပေ။အချိန်မီမကျင့်ကြံလျှင် နောက်ကျသွားနိုင်သည်။
အချိန်ရောက်သည်နှင့် ကျန်းလန် ကျင့်ကြံမှုကို စတင်လိုက်သည။
(၁၁)နှစ်ဆိုသည့်အချိန်က တာ့လော်အင်မော်တယ်အဖြစ် အဆင့်တက်ရန် မလုံလောက်လေရာ အလျင်စလို ကျင့်ကြံစရာတော့ မလိုအပ်ပေ။ အချိန်ယူရမည် ဖြစ်သည်။
ဖြည်းဖြည်းမှန်မှန်ဖြင့်သာ ကျင့်ကြံသွားရန် လိုအပ်သည်။
***
နောက်တစ်နေ့နံနက်။
ကျန်းလန် ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုတော့ မရဏဂူထဲတွင် ထားခဲ့လိုက်သည်။
ထိုအရာလေးများ မရဏအငွေ့အသက်များနှင့် မထိတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် ထားခဲ့ခြင်း ဖြစ်၏။
နောက်တစ်ခေါက်ကျမှသာ နေဆာလှုံပေးရန် အပြင်ထုတ်ခဲ့ရေပမည်။
ကျန်းလန် ခြံဝင်းထဲရောက်သည်နှင့် "ရှေးဟောင်းဧကရာဇ်သုတ" စာအုပ်ထဲမှ ဒဏ္ဍာရီများကိုဖတ်ရှုရန် စာအုပ်ကို ဖွင့်လိုက်သည်။
တိကျသည့်မှတ်တမ်းများ မဟုတ်သော်လည်း လူတစ်ယောက်၏ ကျင့်ကြံခြင်းကို မထိခိုက်စေသည့် ဒဏ္ဍာရီများဖြစ်သဖြင့် ဖတ်ရှုရန် ကောင်းမွန်လေသည်။
သို့သော် ကျန်းလန် စာအုပ်ကို ဖွင့်လိုက်စဉ်မှာပင် ခြံဝင်းဆီသို့ တစ်စုံတစ်ယောက် ပြေးဝင်လာသည်ကို သတိပြုလိုက်မိသည်။
အခြားသူ မဟုတ်ပေ။
သစ်သားဓားကို လက်တွင်ကိုင်ထားသည့် ရှောင်ယွိပင် ဖြစ်၏။
"ဂိုဏ်းတူမောင်လေး"
သူ့ကို အော်ခေါ်ပြီး ရှောင်ယွိက ကျောက်သားစားပွဲနားသို့ ရောက်ချလာသည်။
ကျန်းလန်က သူမကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း...
"ဂိုဏ်းတူအစ်မ"
ဟု နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ဘာလုပ်နေတာလဲ"
ရှောင်ယွိက သူမနံဘေးတွင်ထိုင်နေသည့်ကျန်းလန်ကို ပြုံးပြရင်း မေးသည်။
ကျန်းလန်ကလည်း ဖုံးကွယ်ထားစရာအကြောင်းမရှိလေရာ ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည်။
"စာဖတ်နေတာပါ"
ရှောင်ယွိက...
"စာအုပ်တွေအများကြီးပဲ ၊ ကျွန်မကို တစ်အုပ်ပေး"
"ရော့..."
ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း ရေးသားထားသည့် အရိုးရှင်းဆုံးသာမန်စာအုပ်တစ်အုပ်ကို ကျန်းလန်က ရှောင်ယွိအား ပေလိုက်သည်။
ဤသို့သောစာအုပ်ကို ဖတ်ရှုခြင်းက ရှောင်ယွိ၏ ကျင့်ကြံခြင်းအဆင့်ကို ထိခိုက်မည် မဟုတ်ပေ။
ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် နတ်ဘုရားရာထူးနှင့််ဆိုင်သည့် စာအုပ်များက ရှောင်ယွိဖတ်ရန် မသင့်တော်ပေ။ သူမနှင့်အလှမ်းဝေးလွန်းသည်။
ရှောင်ယွိက လျှောက်မစပ်စုနေတော့ဘဲ ကျန်းလန်ကို မှီပြီးထိုင်ကာ စာဖတ်နေတော့သည်။
ကျန်းလန်လည်း မည်သည့်စကားမှ မပြောတော့ဘဲ သူ့စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။
ခဏအကြာတွင် ရှောင်ယွိ၏အသံထွက်ပေါ်လာ၏။
"ကျွန်မ ရုတ်တရက် နဝမတောင်ထွတ်ကို ဘာလို့ရောက်လာရလဲ သိလား"
ကျန်းလန်က...
"ဂိုဏ်းတူအစ်မ ဘာလို့ ရုတ်တရက် ရောကလာရတာလဲ"
ထိုမေးခွန်းကိုကြားတော့ ရှောင်ယွိက ချက်ချင်းခုန်ထလာပြီး ကျန်းလန်ရှေ့သို့ ရောက်လာသည်။
"ကျွန်မ ဒီကိုလာဖို့ အကြောင်းပြချက် လိုသေးလို့လား"
ကျန်းလန် : "……"
"ခစ်ခစ်……
ရှောင်ယွိက သဘောကျစွာဖြင့် ရယ်မောလိုက်ပြီးနောက် ကျန်းလန်ကိုမှီကာ ပြန်ထိုင်ရင်း စာအုပ်ဆက်ဖတ်နေ၏။
ရှောင်ယွိ ခံစားချက်တွေများနေပြီဟု ကျန်းလန် တွေးလိုက်သည်။ သို့သော် သူမကို ကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေကြောင်း ခံစားမိနိုင်သည်။
ကျန်းလန်လည်း အပိုစကားဆက်မပြောတော့ဘဲ မည်သည့်ထူးခြားချက် ရှိ မရှိ စာအုပ်သာ ဆက်ဖတ်နေတော့သည်။
မွန်းတည့်ချိန်အထိ စာဖတ်နေသည့်တိုင် ထူးခြားချက်တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိပေ။
သို့ရာတွင် သူ့ကို အံ့အားသင့်စေသော အရာတစ်ခုရှိသည်။
ရှေးဟောင်းဧကရာဇ်နန်းတော်က အနောက်ဘက်စွန့်ပစ်နယ်မြေတွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ကြောင်း ကောလဟလများ ရှိခဲ့သည်။ နောက်ပိုင်းတွင် နန်းတော်သည် ပျက်သုဉ်းတစ်စပြင်လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်ဟု ဆိုကြ၏။
နေရာတိုင်းတွင် ရှေးဟောင်းဧကရာဇ်နန်းတော်က အရိပ်ပမာ ရှိနေသည်။
အရှေ့ဘက်စွန့်ပစ်နယ်မြေတွင် ရှေးဟောင်းဧကရာဇ်နန်းတော်မှ ဆင်းသက်လာသည့် ကျင့်စဉ်တစ်ခု ယနေ့တိုင် ရှိနေသေးသည်။ တောင်ပိုင်းစွန့်ပစ်နယမြေတွင်တော့ တောင်တစ်တောင်ကို ဖြတ်သွားသည့် လမ်းတစ်လမ်းသည် ရှေးဟောင်းဧကရာဇ်နန်းတော်က ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ပိုင်းစွန့်ပစ်နယ်မြေတွင်တော့ ကောလဟလများအရ ရှေးဟောင်းဧကရာဇ်နန်းတော်က စစ်တပ်တစ်တပ်စေလွှတ်ပြီး လူမျိုးစုတစ်ခုကို အမြစ်ပြတ်သုတ်သင်ခဲ့ဖူးသည်ဟု ဆိုသည်။
အလယ်ပိုင်းလွင်ပြင်ဒေသတွင် အကျော်ကြားဆုံးကောလဟလမှာ ရှေးဟောင်း ဧကရာဇ်နန်းတော်မှ လူများနှင့်အတူ အလယ်ပိုင်းမှ လူအချို့ အတူတကွ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
အနောက်ဘက်စွန့်ပစ်နယ်မြေတွင်တော့ ရှေးဟောင်းဧကရာဇ်နန်းတော်မှ ပလ္လင်တစ်ခု ကျန်ရစ်ခဲ့ပြီး ထိုပလ္လင်က မည်သည့်နေရာတွင် အသုံးပြုသည်ကို မသိနိုင်ပေ။
သို့သော်လည်း ကျန်းလန်ကို အတော်လေးကို စိုးရိမ်သွားသည့် အရာတစ်ခု ရှိနေသည်။
စာအုပ်ထဲတွင် -
"ရှေးဟောင်းဧကရာဇ်နန်းတော်သည် တစ်ခုတည်းသောအင်အားစု မဟုတ်ပေ။ ပြောရမည်ဆိုလျှင် များစွာသော အပိုင်းများဖြင့် ဖွဲ့စည်းထားသည်။ အပိုင်းတိုင်းတွင် ပြုလုပ်ရမည့် ကိုယ်ပိုင်တာဝန်တစ်ခုစီရှိသည်။
ကောလဟလများက တစ်ခုလုံးကို ရုပ်လုံးမဖော်နိုင်သလို ရှေးဟောင်းဧကရာဇ်နန်းတော်သည်ပင် အပိုင်းတစ်ခု၏ နာမည်အပြည့်အစုံ မဟုတ်နိုင်ပေ။ ထိုအပိုင်း၏ အခြားသော နာမည်အပြည့်အစုံတစ်ခု ရှိနေသင့်သေးသည်။"
ဟူ၍ ရေးသားထားခြင်းပင်။