← Chapters

အင်တာနက်ပေါ်၌ ဆူညံပွက်လောရိုက်ခြင်း

Vol. 21 Ch. 301

အင်တာနက်ပေါ်၌ ဆူညံပွက်လောရိုက်ခြင်း

Vol. 21 Ch. 301

ကျောက်ဟွေဖန့်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ အချင်းချင်း ဖက်နေကြသည်ကို ကြည့်ပြီး လူအုပ်ကြီးသည် မျက်ရည်မကျဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

ထိုမြင်ကွင်းက လူတော်တော်များများကို ဖမ်းစားသွားသည်။

တိုက်ရိုက် ထုတ်လွှင့်မှုတွင်းမှ မှတ်ချက်များ ပြန်ငြိမ်ကျသွားပြီး အော်ဟစ်နေကြလေသည်။

[ငါ ငိုနေပြီ၊ ငါ တကယ် ငိုနေပြီ၊ အဟင့် ဟင့် ဟင့် … ဒါက သိပ်ကို ကြည်နူးဖို့ ကောင်းလွန်းတယ်]

[မင်း ပြန်နုပျိုသွားတော့ ငါ့ကို ချစ်ဦးမှာလား]

[ဒါက အချစ်စစ် ဖြစ်မယ်ထင်တယ်၊ တစ်ယောက်ရဲ့လက်ကို တစ်ယောက်တွဲပြီး အတူတူ အိုမင်းသွားကြတာလေ]

[ကြည်နူးဖို့ ကောင်းလိုက်တာ၊ ငါလည်း ပြန်နုပျိုပြီး ငါ့ယောက်ျားရှေ့ လျှောက်သွားပြီး သူ အံ့ဩအောင် လုပ်ချင်လိုက်တာ]

[ဒီဆိုင်က ဘယ်မှာလဲ၊ ငါ သူ့ကို မျက်ရည်လည်ရွဲနဲ့ တောင်းပန်ရမယ်ဆိုရင်တောင်မှ တစ်ခါလေးတော့ ကူညီပေးဖို့ ပြောမှရမယ်၊ အဟင့် ဟင့် ဟင့် …]

…

“အန်တီကျောက် မငိုပါနဲ့တော့၊ အန်တီ ဆက်ငိုနေရင် မိတ်ကပ် ပျက်သွားလိမ့်မယ်”

ကျန်းယွင်ရှီက သူမကို သတိပေးလိုက်သည်။

“မိန်းကလေး ယွင်ရှီ၊ ငါ မင်းကို ကျေးဇူးတင်ပါတယ်”

ကျောက်ဟွေဖန့်က ကျန်းယွင်ရှီကို စိတ်ရင်းအတိုင်း ကျေးဇူးတင်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

“ငါ့ကို နောက်တစ်ခါ ပြန်ငယ်သွားအောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ မင်း မိတ်ကပ်ကို ဖျက်ပေးလို့ ရပါပြီ၊ ငါ ကျေနပ်သွားပါပြီ”

“ဖျက်မလို့လား”

ကျန်းယွင်ရှီ သတိလက်လွတ် ဖြစ်သွားလေသည်။

ကျောက်ဟွေဖန့်က ခေါင်းညိတ်ပြပြီး ပြုံးကာ ပြုံးလိုက်သည်။

“အင်း … ငါ့ပုံစံကြောင့် ငါ့ယောကျ်ားအိုကြီး ဘယ်လောက် ထိတ်လန့်သွားလဲ မင်း အမြင်ပဲလေ၊ အန်တီက အိုနေပါပြီ၊ ငါ့ယောက်ျားနဲ့ ဒီလိုမျိုး ပျော်နေပြီးသားပါ၊ ငါ့ရဲ့ အကြီးမားဆုံးဆန္ဒက သူနဲ့အတူတူ အိုမင်းသွား ချင်တာပဲ၊ ကျေးဇူးတင်ပါတယ်”

“ကောင်းပါပြီ”

ကျန်းယွင်ရှီ ခေါင်းညိတ်လိုက်သည်။

ထိုမြင်ကွင်းက များစွာသော လူတို့၏ စိတ်နှလုံးကို ကြည်နူးပီတိ ဖြစ်သွားစေသည်။

ရဲ့လင်းချန် ထွက်သွားရန် ပြင်နေသည်ကို မြင်ပြီး လူအုပ်ကြီးက သွေးပျက်သွားလေသည်။ ဤသို့ ဒဏ္ဍာရီလာ မိတ်ကပ် နည်းပညာနှင့်ဆိုလျင် သူသည် ဆန်းကြယ်မှုများပင် ပြုလုပ်နိုင်နေလေပြီ။ အမျိုးသမီးတစ်ယောက် အနေဖြင့် တစ်ခါလောက် နတ်သမီးလေးလို ဖြစ်ခွင့်ကို ဘယ်သူက မလိုချင်ဘဲ နေမည်နည်း။

“သူဌေးရေ ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို မိတ်ကပ် ပြင်ပေးပါ၊ ကျွန်မ ဘယ်ဈေးဖြစ်ဖြစ် ပေးပါ့မယ်”

လူအုပ်ကြီးက ရဲ့လင်းချန်ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လေသည်။

“ကျုပ် ခင်ဗျားတို့ကို ဆိုင်ရဲ့ စည်းမျဉ်း ပြောပြီးပါပြီ၊ တစ်လနေရင် ကျုပ် ပြန်လာမှာပါ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောပြီး ထွက်လာလိုက်သည်။

သူ ထွက်သွားချင်လျင် လူအုပ်ကြီးက လူပိုခေါ်လာလျင်တောင်မှ သူ့ကို တားနိုင်စွမ်း ရှိမည် မဟုတ်ပါ။ သူသည် လူအုပ်ကြီး၏ မြင်ကွင်းထဲမှ အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင် လူအုပ်ကြီးက သတိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့၏ တောက်လောင်နေသော အကြည့်များက ကျန်းယွင်ရှီပေါ် ကျရောက်လာ၏။

“ဆိုင်ရှင်ရေ၊ ဒီမှာ ကျွန်မ credit card နဲ့ ဝယ်ဖြည့်ရင် ဘာပရိုမိုးရှင်းများ ရှိမလဲ၊ ကျွန်မတို့ တစ်နှစ်ကို ဘယ်လောက် ဖြည့်ဖို့ လိုလဲ”

“ဆိုင်ရှင်ရေ၊ ကဒ်လက်ခံလား၊ ကျွန်မ ယွမ်တစ်သောင်း ဖြည့်ချင်တယ်”

“ဆိုင်ရှင်ရေ ကျွန်မကို အရင် မိတ်ကပ် လုပ်ပေးပါ၊ ကျွန်မ မျက်ခုံးတက်တူး လုပ်ချင်လို့”

“ချီးပဲ အနောက်လူတွေ မတွန်းနဲ့လေ၊ တန်းစီတယ်ဆိုတာ ဘာလဲ မသိဘူးလား၊ ငါ သည်းမခံနိုင်တော့ဘူး”

‘မင်းက ယောက်ျားလေးလေ၊ ဒါကို မိတ်ကပ်ပြင်ဖို့ လာတာလား၊ မင်း ရူးနေလား”

“အဲ့တော့ ဘာဖြစ်လဲ၊ ယောက်ျားလေးနဲ့ ပြန်မငယ်ရဘူးလို့ တားမြစ်တာလား၊ ယောက်ျားလေးတွေလည်း မိတ်ကပ် မလိမ်းရဘူးလို့ ဘယ်သူ ပြောလဲ”

…

အဖြစ်အပျက်က ထိန်းမရ ဖြစ်နေပြီး လူတိုင်းက ပိုက်ဆံသုံးရန် ရန်ဖြစ်နေကြသည်။

အနီးအနားရှိ အခြား အလှကုန်ပစ္စည်းဆိုင်အတွင်း၌ …

“ချီးပဲ၊ နင် အခုထိ ဒီမှာ မိတ်ကပ် လာလုပ်နေသေးတာလား၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်က ဒီနားလေးမှာလေ၊ နင် ကံကောင်းတဲ့သူ ဖြစ်ချင်ဖြစ်သွားမှာ”

“ဝိုင်အလှကုန်ပစ္စည်းဆိုင်မှာ မြန်မြန် သွားတန်းစီ၊ အဲ့သူဌေးရဲ့ အံ့ဩစရာကောင်းတဲ့ မိတ်ကပ် ပညာနဲ့ဆိုရင် အဲ့အလှကုန် ပစ္စည်းဆိုင်က သာမန်ဆိုင်လေး မဟုတ်တော့ဘူး၊ အာမခံချက် ရှိတယ်”

“ကျွန်မ တောင်းပန်ပါတယ် ဆိုင်ရှင်ရေ၊ ကျွန်မ မိတ်ကပ် မလုပ်တော့ဘူး၊ ကျွန်မ မိတ်ကပ်လုပ်ဖို့ ဝိုင်အလှကုန် ပစ္စည်းဆိုင်ကိုပဲ သွားတော့မယ်”

“ဒီဝိုင်အလှကုန် ပစ္စည်းဆိုင်က ဘာလဲ၊ ဘာလို့ နင်တို့ အဲ့ကို သွားနေတာလဲ”

ဘာမှမသိသော လူတစ်ယောက်က မေးလာသည်။

“နင် ဘာမှမသိဘူးလား၊ ဒီ TikTok ဗွီဒီယိုကို ကြည့်လိုက်”

“သေစမ်း၊ ငါတို့ ဘာကို စောင့်နေတာလဲ၊ မြန်မြန်သွားကြစို့”

အစက လူတန်းရှည်ကြီး ဖြစ်နေသော ဆိုင်က လျင်မြန်စွာပင် ဟာလာဟင်းလင်း ဖြစ်သွားလေသည်။ ဆိုင်ရှင်က မြင်ကွင်းကိုကြည့်ပြီး မျက်နှာ ဖြူရော်လာကာ သွေးအန်လုနီးပါး ဖြစ်လာ၏။

ယနေ့သည် ဝိုင်အလှကုန် ပစ္စည်းဆိုင်အတွက် အလုပ်အများဆုံးနေ့ ဖြစ်ပေလိမ့်မည်။ ဆိုင်တွင် တန်းစီးနေသော လူတန်းက ရှည်လျားပြီး အပြင်ပင် ရောက်နေလေသည်။ သူတို့က မိတ်ကပ် ပြင်ရန် စောင့်နေသူများ မဟုတ်လျင် ငွေဖြည့်ရန် ဆန္ဒရှိနေသူများ ဖြစ်ကာ မျက်လုံးများ အရောင်တောက်လျက် ရှိသည်။

ကျန်းယွင်ရှီ တောက်လျှောက် အလုပ်များလျက် ရှိပြီး ကြည်နူးစိတ်နှင့် ဝမ်းနည်းစိတ်တို့ ရောပြွမ်းလျက် ရှိနေသည်။ ဤသို့သာ ဆက်ဖြစ်နေပါက သူမဆိုင်သည် ထပ်ချဲ့ရလောက်ပြီး ဝန်ထမ်းများ ထပ်ခန့်ရလောက်သည်။

ယနေ့ညနေတွင် ထိုအဖြစ်အပျက်က ရေပန်းအစားဆုံး သတင်း ဖြစ်လာပြီး Tencent သတင်းနှင့် ဝေ့ပေါ်သတင်း တွင်ပင် အတင်ခံရလေသည်။

[မိတ်ကပ်က သင့်ရဲ့ နုပျိုတဲ့ လက်တွဲဖော်ကို ပြန်ပြနိုင်မယ်ဆိုရင် သင် ဘာလုပ်မလဲ]

တစ်ချိန်တည်းမှာပင် သတင်းတွင် အန်တီကျောက်၏ ယခင်နှင့် ယခုပုံကို ယှဉ်တွဲပြထားပြီး ဓာတ်ပုံဟောင်းကိုပါ ပြသထားလေသည်။

ထိုသတင်း ထွက်လာသည်နှင့် ချက်ချင်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

[ဒါ တမင် ကြော်ငြာတာလား ဒါမှမဟုတ် အဲ့လောက် အံ့ဩစရာ ကောင်းတဲ့ မိတ်ကပ် ပညာရှင် ရှိတာလား]

[ဒါ ပြုပြင်ထားတဲ့ပုံ မဟုတ်တာ သေချာလား၊ သက်ကြီးပိုင်း တစ်ယောက်ကို အသက် နှစ်ဆယ် ပိုငယ်သွားအောင် မိတ်ကပ်နဲ့ လုပ်နိုင်တယ်လား]

[ဒီမိတ်ကပ်ပညာရှင်က အံ့ဩဖို့ကောင်းတယ်၊ အနုပညာရှင်တွေရဲ့ သီးသန့် မိတ်ကပ် ပညာရှင်တွေတောင်မှ မယှဉ်နိုင်ဘူး]

[သူတို့ ဝိုင်အလှကုန် ပစ္စည်းဆိုင်လို့ နာမည်ပေးရဲတာ မဆန်းပါဘူး၊ ဒီသူဌေးက တကယ်ကို အပုန်းတော်တာပဲ၊ တကယ်ကို နတ်ဘုရားလို လူဖြစ်လိမ့်မယ်]

[မင်းတို့တွေ သတိမထားမိဘူးလား၊ ဆိုင်ရှင်က တကယ် လှတာကွ၊ တကယ်လို့ အမှတ်တစ်ရာက အမှတ်ပြည့် ဆိုရင် သူက အနည်းဆုံး ၉၅ မှတ်ပဲ]

[ချီးပဲ အခု မင်းပြောမှပဲ ဟုတ်တယ်ကွ၊ သူက အင်တာနက် ဆယ်လီတွေထက်တောင် ပိုလှတယ်]

…

တဖြည်းဖြည်းနှင့် လူပြောနည်းသွားသော်လည်း ဝိုင်အလှကုန် ပစ္စည်းဆိုင်က လူအများ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေ၏။

ထိုနာမည်က မှတ်မိရန် လွယ်ကူလွန်းနေသည် မဟုတ်ပါလော။ ဝိုင်၏ နာမည်ကို မှည့်ခေါ်ထားသော ဆိုင်တစ်ဆိုင်ပင်။

တစ်ချိန်တည်းမှာပင် ဝိုင်အလှကုန်ပစ္စည်းဆိုင်၏ ဝေ့ပေါ်ကို ဖော်လိုလုပ်သူက အလွန်တရာ များပြားလာ၏။ နေ့တစ်ဝက် အတွင်း ဖော်လိုလုပ်သူ ငါးသိန်းသို့ ရောက်ရှိသွားပြီး မြန်မြန်ဆန်ဆန် တိုးလာနေလေသည်။

မိတ်ကပ်လောက၌ နောက်ထပ် အံ့အားသင့်ဖွယ် လူတစ်ယောက် မွေးဖွားလာပြီဖြစ်ကြောင်း လူတိုင်း သိလိုက်လေသည်။ ထိုသူကလည်း ဝိုင်ဟု ခေါ်တွင်၏။

ရဲ့လင်းချန် အိမ်ပြန်ရောက်ချိန်တွင် မီယာကိုက နေ့လယ်စာ ပြင်ဆင်ထားပြီးပြီ ဖြစ်ပြီး ရဲ့လင်းချန် ပြန်အလာကို အိမ်အကူ ဝတ်စုံဖြင့် စောင့်နေလေသည်။

သူမက ရဲ့လင်းချန်ကို ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေသည်။ လောင်းကစားဘုရင်၏ တပည့်က အခြားသူ တစ်ယောက်၏ အိမ်အကူအဖြစ် အဆုံးသတ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လတ်တလော ဆုံးမသော အဖြစ်များကြောင့် အလုပ်ကြမ်းများကို တစ်ခါမှ မလုပ်ဖူးသော သူမလက်များက ယခု ချက်ပြုတ် တတ်နေလေပြီ။

“အရသာက နည်းနည်းတော့ လိုနေသေးတုန်းပဲ၊ ဒါပေမဲ့ အခု ငါ့အတွက် မျိုချဖို့ လက်ခံနိုင်လောက်ပါတယ်၊ နည်းနည်းလေး တိုးတက်လာတယ်”

ရဲ့လင်းချန်က စားရင်း ဆန်းစစ်ဝေဖန်လေသည်။

သူ တစ်ချက် ကြည့်လိုက်သောအခါ မီယာကိုက ချက်ချင်း အထာပေါက်ပြီး သူ့ပန်းကန်ထဲကို အသားတစ်တုံး ထည့်ပေးလေသည်။ သူမက နှုတ်ခမ်းစူ၍ တစ်ကိုယ်တည်း တွေးနေ၏။

*များများစား၊ နင် နင်ပြီးသေဖို့ ငါ မျှော်လင့်တယ်*

“အင်း … မင်းအမြင်လည်း တိုးတက်လာပြီပဲ”

ရဲ့လင်းချန်က သူ့အဆုံးအမအပေါ် ကျေနပ်လျက် ရှိသည်။

စားသောက်ပြီးသွားသော် ရဲ့လင်းချန်က မီယာကိုကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“အခုကစပြီး မင်း ယွင်ရှီနဲ့အတူ အလှကုန်ပစ္စည်းဆိုင်လိုက်ပြီး သူ့ကို ကူပေးရမယ်”

“အလှကုန်ပစ္စည်းဆိုင်လား”

မီယာကိုက ရဲ့လင်းချန်ကို စူးစမ်းသလို ကြည့်ပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ပျော်ရွှင်နေလေသည်။ ဘယ်နေရာပဲ ဖြစ်ဖြစ် မကောင်းဆိုးဝါး ရဲ့လင်းချန်နား၌ နေရသည်ထက် ပိုကောင်းပါသည်။ ကျန်းယွင်ရှီ နားဆိုလျင် သူမ အနည်းဆုံးတော့ ဖိနှိပ်ခံရသလို ခံစားရမည် မဟုတ်ပါ။

“ဟုတ်တယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“မင်း တော်တော်လေး လုပ်နိုင်စွမ်း ရှိတယ်၊ မင်းရဲ့ အဓိက တာဝန်က အဲ့မှာ ဘေးကင်းအောင် လုပ်ဖို့ပဲ၊ မင်း ကောင်းကောင်း လုပ်နိုင်ရင် ငါ မင်းကို လောင်းကစား ပညာနဲ့ ကွန်ဖူး သင်ပေးဖို့ စဉ်းစားမယ်”

ယနေ့ အဖြစ်အပျက်အပြီးတွင် ဝိုင်အလှကုန် ပစ္စည်းဆိုင်၌ အလုပ်လုပ်နေသူအားလုံးက အမျိုးသမီးများ ဖြစ်သည်ကို သူ သတိထားလိုက်မိသည်။ အကယ်၍ တစ်ယောက်ယောက်က ပြဿနာ လာရှာပါက တကယ် အန္တရာယ် များပေလိမ့်မည်။ မီယာကိုကဲ့သို့သောသူက သူတို့အနား၌ ရှိနေသဖြင့် သူ ကောင်းကောင်း အသုံးချ ရပေမည်။

လေ့လာခဲ့သည့် ဤကာလအတွင်း မီယာကိုက သူမအပြုအမူမှလွဲလျင် ကတိတည်သောလူ ဖြစ်ကြောင်း သူ သတိပြုမိသည်။ သူမက ယုံကြည်ရပြီး စည်းကမ်းရှိသောသူ ဖြစ်ပေသည်။

“နင် ငါ့ကို သင်ပေးမှာလား”

မီယာကိုက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေပြီး သူမမျက်ဝန်းတွင် စိတ်အားထက်သန်မှုများ ပေါ်လွင်နေ၏။

သူမ ရဲ့လင်းချန်နှင့် အချိန်ကုန်တာ ကြာလာလေ သူက မတွေးတတ်လောက်အောင် ဆန်းကြယ်သူ ဖြစ်ကြောင်း သူမ ပိုခံစားမိလာသည်။ သူ့အရှေ့တွင် သူမသည် ပြန်မခုခံနိုင်ဘဲ သူ ဖိနှိပ်သည်ကိုသာ ခံခဲ့ရသည်။

“မင်း လောင်းကစား နတ်ဘုရားကို ကြည့်ဖူးလား”

ရဲ့လင်းချန်က ပြုံး၍ မေးလိုက်သည်။

All Chapters