← Chapters

ရှောင်တခင် စစ်ဆေးခြင်း

Vol. 21 Ch. 304

ရှောင်တခင် စစ်ဆေးခြင်း

Vol. 21 Ch. 304

ဆုပေးပွဲ အပြီးတွင် ရဲ့လင်းချန်သည် ပညာရှင်တစ်ယောက်အဖြင့် အသိအမှတ် ပြုခံရပြီး ဘွဲ့တစ်ခု ထပ်တိုး သွားလေသည်။ အချို့လူများအတွက် သူ့ဦးခေါင်းထက်တွင် မရေတွက်နိုင်သော လိုချင်စရာ ဘွဲ့များ မြင်နေရသည်ဟု ခံစားမိနေကြပြီး သူ့ကို အနီးကပ်ကြည့်ရန်ပင် သူတို့အတွက် ခက်ခဲနေသည်။

ရဲ့လင်းချန်သည် ဆုတံအိပ်အား ကိုင်တွယ်ပြီးနောက် အတော်လေး လေးသည်ဟု ခံစားမိလိုက်သည်။ ဆုတံဆိပ်အား ရွှေအစစ်ဖြင့် ပြုလုပ်ထားသည်ကို သူ စိတ်ထဲမထားပါ။ ဒါကို သူ့မိဘများကို သူ ပြချင်ရုံသာ ဖြစ်သည်။

မနက် ဆယ်နာရီသာ ရှိသေးပြီး ဘာမှ လုပ်စရာ ထွေထွေထူးထူး မရှိသဖြင့် သူ တက္ကစီစီး၍ ပေကျင်းမြို့၏ မြို့လယ်ခေါင်သို့ ဦးတည်သွားလိုက်သည်။

ပြီးခဲ့သည့် အခေါက်က ရှောင်ဖေးဖေးက သူ့ကို ရုပ်ရှင် ရိုက်ကူးရေး ကုမ္ပဏီတစ်ခု တည်ထောင်ရန် အကြံပြု ခဲ့သည်။ သူမ၏ စွမ်းဆောင်ရည်က မယုံကြည်နိုင်စရာပင်။ ရက်အနည်းငယ်အတွင်းမှာပင် ကုမ္ပဏီအား မှတ်ပုံတင် ပြီးသွားလေသည်။

ကုမ္ပဏီ အရွယ်အစားက ကြီးသည်ဟု မဆိုနိုင်ပါ။ သေးသည်ဟုပင် သတ်မှတ်နိုင်ပေသည်။

ပေကျင်းမြို့၏ မြို့လယ်ခေါင်မှ ဆိုင်မျက်နှာစာများသည် ရွှေထက်ပင် ပိုတန်ဖိုးကြီးလေသည်။ သန်းဆယ်ချီ ပစ်ပေးလျင်တောင်မှ တစ်နေရာရရန် ခက်ပေသည်။ ထို့အပြင် ကုမ္ပဏီ လည်ပတ်ရေးအတွက် ဘဏ္ဍာရေးငွေ ဖယ်ထားရန်လည်း လိုအပ်ပေသေးသည်။

ထိုနေရာသို့ ရောက်သောအခါ အတော်လေး သေးသော ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့လိုက်ရသဖြင့် ရဲ့လင်းချန် အတော်လေး အံ့ဩသွားရသည်။ သူ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပါ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ အခြေအနေကို နားလည်မှု နည်းခဲ့ကြောင်း သိလိုက်ရသည်။ ဤသည်ကိုသာ သူ စောစော သိခဲ့လျင် ပို၍ ရင်းနှီးမြှုပ်နှံမိမှာပင်။

ကုမ္ပဏီအတွင်းသို့ လျှောက်လာသောအခါ အတွင်းပိုင်း အပြင်အဆင်များက အခြေအနေကောင်းသည်ကို တွေ့လိုက်ရသည်။ နံရံနှင့် ကြွေပြားများကို အသစ် ပြင်ဆင်ထားသည်။ ဧည့်သည်များကို ကြိုဆိုရန် ကြိုဆို လက်ခံရေး ဝန်ထမ်း သုံးယောက်ပင် ရှိသည်။

“ဟဲလို ဒီကို လျှောက်လွှာတင်ဖို့ လာတာလားရှင့်”

ကြိုဆိုရေးဝန်ထမ်းတစ်ဦးက မေးလေသည်။

“ရှင် ဒီမှာ ထားခဲ့လို့ ရပါတယ်၊ ကျွန်မတို့ သုံးရက်အတွင်း ဆက်သွယ်ပါ့မယ်”

“ငါက ရဲ့လင်းချန်ပါ”

ရဲ့လင်းချန်က ခေါင်းခါ၍ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ဒါရိုက်တာရဲ့လား”

ကြိုဆိုရေး ဝန်ထမ်း သုံးဦးလုံး ကြက်သေ သေသွားပြီးမှ ချက်ချင်း ထရပ်လေသည်။

“မင်္ဂလာ နံနက်ခင်းပါ ဒါရိုက်တာရဲ့”

ရှောင်ဖေးဖေးက သူတို့ကို ရဲ့လင်းချန်အကြောင်း အကျဉ်းချုံး ပြောပြထားပုံ ရသည်။

“ဒါရိုက်တာရဲ့ ဒီမှာ ဘာရှာသလဲ သိခွင့်ရှိမလား”

တစ်ယောက်က မေးလာသည်။

“ငါ ဒီအတိုင်း လာကြည့်ရုံ သက်သက်ပါပဲ၊ အစ်မဖေးဖေးက ဘယ်မှာလဲ”

“ဒါရိုက်တာရှောင်က တတိယထပ်မှာပါ”

ကြိုဆိုရေးဝန်ထမ်းက ရဲ့လင်းချန်ကို ရှေ့မှ လမ်းပြသည်။

“ဒါရိုက်တာရဲ့ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ”

လမ်းတစ်လျှောက်တွင် ရဲ့လင်းချန်က ကုမ္ပဏီ၏ အခြေအနေကို လေ့လာစမ်းစစ်လေသည်။

ကုမ္ပဏီသည် စထောင်ခါစသာ ရှိသေးပြီး နေရာအများစုက မခန့်ရသေးပေ။ ထို့ကြောင့် သူတို့ အဆောတလျင် ဝန်ထမ်း ခေါ်ယူနေခြင်း ဖြစ်လေသည်။ ပထမထပ်သည် အခြားသူများကို ကြိုဆိုရန်အတွက် ဖြစ်ပြီး ဒုတိယထပ်အား ရွေးချယ်ခြင်း လုပ်ငန်းစဉ်ကို အောင်သော အလုပ်လျှောက်သူများကို အင်တာဗျူးရန်အတွက် အသုံးပြုပြီး တတိယထပ်တွင် ရုံးခန်းများနှင့် အစည်းအဝေးခန်းများ ထားရှိထားသည်။

ရိုးရှင်းသော အပြင်အဆင်ဖြစ်ပြီး ကုမ္ပဏီတစ်ခု၏ လစ်ဟာနေမှုက ပေါ်လွင်နေသည်။

သို့သော် ဒုတိယထပ်ကို ဖြတ်လာစဉ်တွင် ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားရသည်။ လူမရှိသောကြောင့် မဟုတ်ဘဲ လူများလွန်း၍ ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဒုတိယထပ်တွင် အခန်းငယ်များစွာ ခွဲထားသည်ကို တွေ့ရလေသည်။ ၎င်းတို့အား တစ်ဦးချင်း အင်တာဗျူးအတွက် အသုံးပြုရန် ပြင်ထားခြင်း ဖြစ်ပေသည်။ အခြား ဧရိယာများတွင်လည်း လူများဖြင့် ပြည့်နေပြီး မတ်တပ်ရပ်လျင်ရပ် မရပ်လျင် ထိုင်နေကြသည်။ သူတို့အားလုံး စိုးရိမ်တုန်လှုပ်နေကြပြီး အချို့ဆိုလျင် သူတို့၏ အင်တာဗျူး စွမ်းရည်ကို ပြန်လေ့ကျင့်နေလေသည်။

လူအုပ်ထဲတွင် အတော်လေး ချောမောသော ယောက်ျားလေးများနှင့် ချစ်စရာကောင်းသော မိန်းကလေးများ ရှိနေသည်။ အချို့ဆိုလျင် … တစ်မူထူးခြားသည်ဟုပင် ဆိုနိုင်ပေ၏။

“သူတို့အားလုံးက အင်တာဗျူးအတွက် ဒီရောက်လာကြတာလား”

ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်”

ကြိုဆိုရေးဝန်ထမ်းက ခေါင်းညိတ်၍ ရှင်းပြလေသည်။

“ဒါရိုက်တာရဲ့၊ သူတို့ရဲ့ အနုပညာရှင် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့လူတွေ အများကြီးပါပဲ၊ တိုက်ရိုက် ထုတ်လွှင့်တဲ့ စတူဒီယိုမှာတောင်မှာ လူများပါတယ်၊ အင်တာနက် အနုပညာရှင် တစ်ယောက်ရဲ့ အဆင့်အတန်းက မက်ချင်စရာပဲလေ၊ ကျွန်မတို့လို တရားဝင် ရုပ်ရှင် ရိုက်ကူးရေး ကုမ္ပဏီ တစ်ခုကိုဆို ပိုလို့တောင် လာကြပါသေးတယ်”

သူမအသံတွင် ဂုဏ်ယူနေသော အရိပ်အယောင် ပါရှိနေ၏။

“အဲ့ဒါအပြင်ကိုမှ ကျွန်မတို့ ကုမ္ပဏီကို ဒါရိုက်တာရှောင်က တည်ထောင်တာလေ၊ အနုပညာနယ်ပယ်ထဲမှာ ဒါရိုက်တာရှောင်ရဲ့ အဆင့်အတန်းက ထိပ်တန်းပဲလေ၊ ပြီးတော့ သူရဲ့ မိတ်ဆွေကောင်းတစ်ချို့ကပါ ကုမ္ပဏီကို ဝင်လာကြတယ်၊ မရေတွက်နိုင်တဲ့ လူတွေက ကျွန်မတို့ ကုမ္ပဏီထဲ ဝင်နိုင်ဖို့ အိပ်မက် မက်နေကြပြီ၊ ရှင် ခုနက တွေ့လိုက်တာက အင်တာဗျူး လာဖြေတဲ့ သူတွေပဲ ရှိသေးတယ်၊ ကျွန်မတို့ တစ်နေ့ကို လျှောက်လွှာ တစ်ထောင်လောက် အသာလေး လက်ခံရတယ်၊ ပြီးတော့ အဲ့လူတွေက ကိုယ်တိုင် လာလျှောက်တဲ့သူတွေပဲ ရှိသေးတယ်၊ အွန်လိုင်းကနေ လျှောက်တဲ့သူတွေနဲ့ပါ ပေါင်းလိုက်ရင် အများကြီးပဲ”

ရဲ့လင်းချန် ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ယင်းက တကယ်ကို မှန်လှပေသည်။

ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုနှင့် စာချုပ် ချုပ်လိုက်သည်နှင့် အနုပညာရှင်တစ်ဦးအဖြစ် သူတို့၏ အသက်မွေးဝမ်းကြောင်းက အာမခံချက် ရှိသွားလေပြီ။ အဆိုးဆုံးအနေဖြင့် အပိုဇာတ်ကောင်အဖြစ်သာ ရပလောက်သည်။ ကံကောင်းလျင် နာမည် အကြီးအကျယ်ပင် ရနိုင်လောက်၏။

သူတို့ စကားပြောနေစဉ်မှာပင် ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ ရုံးခန်းတံခါးဝသို့ ရောက်လာသည်။

သူက လက်ဝှေ့ယမ်း၍ ကြိုဆိုရေး ဝန်ထမ်းအား ထွက်သွားစေလိုက်သည်။ ထို့နောက် သူသည် ပြတင်းမှန်မှ တစ်ဆင့် အထဲကို ကြည့်လိုက်သည်။

အခန်းထဲတွင် ရှောင်ဖေးဖေးနှင့် အစ်မလင်းတို့က စာရွက်စာတမ်း အပုံလိုက်ကို သေချာ ဖတ်ရှုနေကြပြီး ရံဖန်ရံခါ၌ ရေသောက်ကြလေသည်။

သူတို့ ဘယ်လောက် ကြာအောင် လုပ်နေလဲ မသိသော်လည်း သူတို့အရှေ့မှ စာရွက်ပုံက တောင်ပူစာတစ်ခုမျှ ရှိသည်။

ရဲ့လင်းချန် ရုတ်တရက် မကောင်းသလို ခံစားလိုက်ရသည်။ နောက်ကွယ်မှ သူဌေးတစ်ဦးအဖြစ် နေသောကြောင့် သူက တာဝန်မယူသလို ဖြစ်နေ၏။

ဘယ်အရာကမှ မလွယ်ကူပါ။ ကျန်းယွင်ရှီ၏ အလှကုန် ပစ္စည်းဆိုင်ဖြစ်စေ၊ ယခု ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်စေ နောက်ကွယ်မှ ကြိုးစားအားထုတ်မှုများနှင့် ခက်ခဲကြမ်းတမ်းမှုများကို ဘယ်တော့မှ အပြင်လူများ သိမည် မဟုတ်ပေ။

သူကိုယ်တိုင်သာ မမြင်တွေ့မိလျင် ဤမျှ ဖြေရှင်းစရာ ကိစ္စရပ်များစွာ ရှိလိမ့်မည်ဟု သိလာမည် မဟုတ်ပါ။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာ၏။

“ဝင်ခဲ့ပါ”

ရှောင်ဖေးဖေးက ခေါင်းပင် မော့မကြည့်ဘဲ ပြောလိုက်သည်။

“ဇာတ်ညွှန်းကို ဘယ်ဘက်မှာထားပြီး လျှောက်လွှာဆို ညာဘက်မှာ ထားပါ၊ အခြား ဘာကိစ္စဖြစ်ဖြစ် အလယ်မှာ ထားလိုက်”

တစ်အောင့်ကြာသည်အထိ ဘာသံမှ ထွက်မလာသောကြောင့် သူမ မျက်မှောင်ကြုတ်သွားပြီး ခေါင်းမော့ လိုက်သည်။

“မင်း…”

သူမ စကားပင် မဆုံးလိုက်ဘဲ ကြက်သေ သေသွားပြီး အိပ်မက် မက်နေသည်ဟု ထင်မှတ်မိသွားသည်။ ထို့နောက်တွင်မှ သူမ တအံ့တဩ မေးလေသည်။

“လင်းချန်ပါလား၊ နင် … နင် ဘာလို့ ဒီကို ရောက်နေတာလဲ”

အစ်မလင်းသည်လည်း ခေါင်းမော့လာပြီး ရဲ့လင်းချန်ကို စူးစမ်းသလို ကြည့်သည်။

“အစ်မဖေးဖေး၊ အစ်မ ပိန်သွားတယ်”

ရဲ့လင်းချန်က ရှောင်ဖေးဖေးနား လျှောက်သွားပြီး ဝမ်းနည်းမိသွားသည်။ ထို့နောက် သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လေသည်။

“ဒါ ကျွန်တော့်အမှားပါ”

ရှောင်ဖေးဖေးက သူမအိပ်မက်သည် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရန် ဖြစ်သည်ဟု ပြောဖူးသည်ကို သူ ပြန်အမှတ်ရလိုက်သည်။ သူမ ယခင်ကထက် ပို၍ အလုပ်များလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

“လင်းချန်၊ ဒါ ငါ့ဘာသာ ရွေးချယ်ထားပါ၊ နင်ရဲ့ အကူအညီ ရတာနဲ့တင် ငါ ကျေနပ်ပါပြီ”

ရှောင်ဖေးဖေးက ပြုံး၍ ပြောသည်။

“ကုမ္ပဏီတစ်ခုက စထောင်ပြီးတာနဲ့ အလုပ်များတာ ရှောင်လွှဲမရတဲ့ ကိစ္စပဲလေ၊ လုပ်ငန်း လည်ပတ်မှုတွေ စနစ်တကျ ဖြစ်သွားတာနဲ့ အားလုံး အဆင်ပြေပါပြီ”

“အစ်မဖေးဖေး၊ ကျွန်တော်တို့ ဘဏ္ဍာရေးက နည်းနေတာကို ဘာလို့ ကျွန်တော့်ကို မပြောတာလဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“နင် ရူးနေလား”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲသည်။

“ငါတို့ ဒီအတွက် ပိုက်ဆံတွေ အများကြီး ရင်းနှီးပြီးပြီလေ၊ ဒီအရွယ်အစား အရှေ့မျက်နှာစာက ပေကျင်းမှာ ကြီးနေပြီလို့ ပြောလို့ရတယ်၊ ပြီးတော့ ငါတို့ ဇာတ်ညွှန်းရေးဆရာတွေ၊ သရုပ်ဆောင်တွေ ခန့်ဖို့ လိုသလို ဇာတ်ညွှန်းတွေ ဝယ်ဖို့လိုတယ်၊ အဲ့ဒါအားလုံးက ပိုက်ဆံကုန်မှာလေ”

“အစ်မက ဒါကို ကြီးတယ်လို့ ပြောတာလား၊ အခြား ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာက ကိုယ်ပိုင် အဆောက်အဦးတွေ ရှိပြီးတော့ အက စတူဒီယိုခန်းတွေ၊ အသံသွင်းခန်းတွေ၊ နားနေခန်းတွေနဲ့ အခြားဟာတွေ အများကြီး ရှိတယ်၊ ပြီးတော့ ဒီကုမ္ပဏီအတွက် ကျွန်တော်တို့ လုံခြုံရေးကလည်း ချို့ယွင်းနေသေးတယ်၊ အနည်းဆုံးတော့ လုံခြုံရေး ဝန်ထမ်းတွေ ငှားသင့်တယ်မလား”

ရဲ့လင်းချန်က ဆက်တိုက် ပြောသည်။

လမ်းတစ်လျှောက်တွင် ဒုတိယထပ်နှင့် တတိယထပ်တွင် လုံခြုံရေးဝန်ထမ်း နှစ်ယောက်သာ ရှိသည်ကို သူ တွေ့ခဲ့သည်။ ရှောင်ဖေးဖေးက နာမည်ကြီး အနုပညာရှင် ဖြစ်သော်လည်း ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲပြီးနောက် သူမ ဒီလောက်ထိ ခက်ခဲသွားလိမ့်မည်ဟု သူ ထင်မထားမိပါ။

သာမန် အနုပညာရှင်များကိုပင် သက်တော်စောင့်တစ်ဖွဲ့က အမြဲ အဖော်ပြုလေ့ ရှိသည်။

“ပိုက်ဆံက နင့်ပေါင်ပေါ် အလိုလို ကျလာတယ်လို့များ နင် ထင်နေလား”

ရှောင်ဖေးဖေး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ငါတို့ လက်ရှိတွေနဲ့တင် ဒီကုမ္ပဏီကို အပြည့် မဖြည့်နိုင်တာ၊ အဲ့ဒါက ပိုက်ဆံကုန်ရုံပဲ ရှိမယ်၊ ငါတို့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေအတွက် သုံးဖို့ လိုလာရင် အပြင်ကနေ သူတို့တွေကို ငှားလိုက်လို့ ရတာပဲ၊ အဲ့ဒါ အလုံခြုံဆုံး နည်းလမ်းပဲ”

ရဲ့လင်းချန် ထပ်ပြောရန် ကြိုးစားသော်လည်း ရှောင်ဖေးဖေးက ပြုံး၍ ဟန့်တားသည်။

“အဆင်ပြေပါတယ် ရဲ့လင်းချန်၊ နင် ချမ်းသာတယ်ဆိုရင်တောင်မှ ပိုက်ဆံကို ထင်တိုင်းကြဲပြီး မသုံးသင့်ဘူး၊ ငါတို့ လက်ရှိ ပြင်ဆင်ထားတာက စနစ်ကျပါတယ်၊ ကုမ္ပဏီက ပိုက်ဆံ စရှာနိုင်တော့မှ ချဲ့ဖို့တွေးလည်း နောက်မကျ သေးပါဘူး”

ရဲ့လင်းချန် သက်ပြင်းချလိုက်ပြီး သူမနှင့် ပြိုင်မငြင်းတော့ချေ။

All Chapters