← Chapters

မာန်တက်နေသော ဟူရီဖေး

Vol. 21 Ch. 306

မာန်တက်နေသော ဟူရီဖေး

Vol. 21 Ch. 306

ရဲ့လင်းချန်က သူတို့ ငါးယောက်ကို လှည့်ကြည့်၍ ပြုံးကာ မေးလိုက်သည်။

“မင်းတို့တွေ အချင်းချင်း သိပြီးသား မဟုတ်လား”

မိန်းမလှလေး သုံးယောက်က ငါးစာဖြစ်ပြီး လုရှောင်ပုနှင့် ချန်ချီချီတို့က ငါးမြားချိတ် ဖြစ်ကာ သူတို့ကို နေ့လယ်စာ လိုက်ဝယ်ကျွေးရန်အတွက် သားကောင်တစ်ကောင်ကို ဖမ်းမိရန် စောင့်နေခြင်း ဖြစ်သည်။

“လုရှောင်ပု ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ငါ နင့်ကို ပြောသားပဲ”

အရပ်ပုပုနှင့် မိန်းကလေးက ပြောသည်။

“အဲ့လို စုတ်ပြတ်နေတဲ့ အကြံအစည်က ဘယ်လိုလုပ် ဒီလိုချောမောပြီး ထက်မြက်တဲ့ လူငယ်လေးဆီမှာ အလုပ် ဖြစ်မှာလဲ၊ ကိုလူချောလေး ကျွန်မတို့ ကောင်းကောင်းမွန်မွန် မစားရတာ ရက်နည်းနည်းလောက် ကြာနေပြီမို့လို့ပါ၊ ကျွန်မတို့ မိန်းကလေး သုံးယောက်ကို လိုက်ကျွေးလို့ မရနိုင်ဘူးလား၊ အဲ့နှစ်ယောက်ကို မေ့ထားလိုက်လို့ ရပါတယ်”

“ချန်မိန်ကျား”

လုရှောင်ပုက ချန်မိန်ကျားအား တုန်ယင်စွာဖြင့် လက်ညှိုးထိုးလေပြီး သူ့အမူအရာက ဒေါသမှ ဝမ်းနည်းခြင်းသို့ ချက်ချင်း ပြောင်းလဲသွားလေသည်။

“အီးဟီးဟီး … အစ်ကိုရဲ့ ကျွန်တော့်ကို ချန်မထားခဲ့ပါနဲ့”

“သွားရအောင် ငါ မင်းတို့ကို နေ့လယ်စာ လိုက်ကျွေးမယ်”

ရဲ့လင်းချန်က ပခုံးတွန့်၍ ရယ်မောကာ အနီးအနားမှ စားသောက်ဆိုင်တစ်ဆိုင်သို့ ထွက်သွားလေသည်။

“အား … ရှင်က အကောင်းဆုံးပဲ”

ချန်မိန်ကျားက ချက်ချင်း ထခုန်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါ ဒီမှာ နေ့လယ်စာ စားဖို့ စိတ်ကူးယဉ်ခဲ့တာ၊ တကယ် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“တွေ့လား၊ အဲ့လူက ချမ်းသာတဲ့သူပါလို့ ငါ မင်းကို ပြောခဲ့တယ် မဟုတ်လား၊ ငါ့မျက်လုံးတွေက စူးရှပြီးသားပါ”

လုရှောင်ပုက သူ့ကိုယ်သူ မာန်တက်နေလေသည်။

“အမြင် စူးရှတာက ဘာလုပ်ရမှာလဲ၊ နင် အခုထိ ပိုက်ဆံ မရှိဘူး မဟုတ်လား”

ချန်မိန်မိန်က စိတ်ပျက်သလို အကြည့်လွဲ၍ သူ့အား ပြန်ချေပသည်။

လမ်းတစ်လျှောက်တွင် စကားပြောရင်းဖြင့် မိန်းကလေး သုံးယောက်က ချန်မိန်ကျား၊ လင်းဝမ်ယွီနှင့် ဟူရီဖေး ဖြစ်ကြောင်း ရဲ့လင်းချန် သိလိုက်ရသည်။ သူတို့သည် လုရှောင်ပုကဲ့သို့ ပေကျင်း အနုပညာ ကောလိပ်မှ ကျောင်းသူများ ဖြစ်ပြီး တစ်ခန်းတည်းသားများ ဖြစ်လေသည်။

အနုပညာ ကောလိပ်မှ မိန်းမလှလေးများ မွေးထုတ်ပေးသည်က ငြင်းမရသော အချက်ပင်။ သူမတို့ သုံးယောက်၏ အသွင်အပြင်က ရုပ်ရှင်မင်းသမီး ဖြစ်လာရန် လုံလောက်သည်ထက်ပင် ပိုနေလေ၏။

ဤအင်တာဗျူးအတွက် သူတို့သည် သူတို့၏ အသုံးစရိတ် အများစုကို အဝတ်အစားနှင့် မိတ်ကပ်တွင် သုံးစွဲခဲ့ကြပြီး တစ်နေ့ချင်းစီအား အုတ်ဂျုံယာဂုဖြင့် မနည်း ဖြတ်သန်းနေရသည်။ ထို့အပြင် ပေကျင်းမြို့လယ်မှ အစားအသောက်များက ဈေးကြီးလွန်းသည်။ လက်ရှိ အခြေအနေတွင်သာမက သူတို့၌ ပိုက်ဆံ ရှိလျင်တောင်မှ ဤနေရာ၌ ပိုက်ဆံ ဖြုန်းရဲမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် အဆက်မပြတ် ဆာလောင်နေကြလေသည်။

စားသောက်ဆိုင်ထဲ ဝင်လိုက်ပြီးနောက် ခြောက်ယောက်လုံး ခန်းမထဲ၌ နေရာယူလိုက်ကြပြီး စားပွဲထိုးက သူတို့ကို ချက်ချင်း မီနူးစာအုပ် ယူလာပေးသည်။

“ဒါ၊ ဒါ၊ ဒါ ပြီးတော့ ဒီဟာ …”

ရဲ့လင်းချန်က ဈေးနည်းသော ဟင်းပွဲများစွာကို လက်ညှိုးထိုးပြသည်။ သို့သော် လုရှောင်ပုတို့က ယင်းကို လုံးဝ အရေးမစိုက်ပါ။ တစ်ယောက်ယောက်က သူတို့ကို ဤနေရာ၌ လိုက်ကျွေးရုံနှင့်တင် သူတို့ ကျေနပ်ပါသည်။

သို့သော် ရဲ့လင်းချန်က ဤသို့ ဆက်ပြောသည်။

“ငါ အဲ့ဒါတွေ မလိုချင်ဘူး၊ ကျန်တဲ့ဟင်းတွေအားလုံးကို တစ်ပွဲစီ ချပေးပါ”

“ဘာ”

ငါးယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားပြီး ရဲ့လင်းချန်အား ပြူးကြည့်ကြသည်။

“အစ်ကိုရဲ့၊ မလိုပါဘူး၊ ကျွန်တော်တို့ အဲ့လောက် အများကြီး မလိုပါဘူး၊ ဒါ အရမ်း အကုန်အကျ များတယ်”

လုရှောင်ပုက ချက်ချင်း ပြောလေသည်။

“ကျွန်တော်တို့ အဲ့လောက် အများကြီး မစားနိုင်ဘူး၊ အရမ်း ဖြုန်းတီးရာ ကျသွားပြီ”

ချန်ချီချီက ဝင်ပြောပြီး စားပွဲထိုးကို ပြန်ခေါ်ရန် ပြင်လိုက်သည်။

“ထိုင်ပြီး ဟင်းကို အေးအေးဆေးဆေး စားပါ၊ ငါ မင်းတို့အတွက် သက်သက် မှာတာ မဟုတ်ပါဘူး၊ တစ်ချို့ ဟင်းပွဲတွေက ငါ ပါဆယ်သယ်သွားဖို့ စဉ်းစားထားပြီးသားပါ”

ရဲ့လင်းချန်က ပြုံး၍ ရှင်းပြလိုက်သည်။

သူတို့ ငါးယောက်သည် ထိုင်နေသော်လည်း မျက်လုံးများက ထိတ်လန့်သော အရိပ်အယောင်များ ပြနေဆဲပင်။ လုရှောင်ပုက ကျန်လူများကို ပါးစပ်လှုပ်ရုံမျှ ခပ်တိုးတိုး ပြောလိုက်သည်။

“ယွမ်တစ်သောင်းတောင်”

ထိုဟင်းပွဲက အနည်းဆုံး ယွမ်တစ်သောင်း ကျလေသည်။

ယင်းက သူတို့ ထင်ထားသည်ထက်ပင် များနေ၏။ သူတို့ စုဆောင်း၍ ဝယ်ထားသော အဝတ်အစားများတောင်မှ ယွမ်တစ်သောင်း မရှိပေ။

“ဝါး … အရပ်လည်းရှည်၊ ပိုက်ဆံလည်း ရှိပြီးတော့ ချောလိုက်တာ”

ချန်မိန်ကျားက ရဲ့လင်းချန်ကို စိုက်ကြည့်နေပြီး သူမမျက်လုံးအိမ်က အသည်းပုံစံ ပြောင်းသွားလေသည်။ သူမ ခန္ဓာကိုယ်က အလိုလို ရဲ့လင်းချန်အနားသို့ တိုးသွားသည်။

“ချန်မိန်ကျား၊ ဣန္ဒြေရရ နေစမ်း၊ မင်းတံတွေးက အစ်ကိုရဲ့ရဲ့ ကိုယ်ပေါ် ကျတော့မယ်”

လုရှောင်ပုက မကျေနပ်ဟန်ဖြင့် သူမကို သတိပေးသည်။

“နင်က ဘာလို့ အရေးစိုက်နေတာလဲ၊ လင်းချန်တောင် ဘာမှမပြောတာကို”

ချန်မိန်ကျားက လုရှောင်ပုကို မကျေမနပ် တစ်ချက်ကြည့်ပြီး ရဲ့လင်းချန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။

“လင်းချန် နင့်မှာ ကောင်မလေး ရှိလားဟင်၊ ရှိတယ်ဆိုရင် နောက်တစ်ယောက် ပြောင်းချင်လား၊ နင် တစ်ယောက်ထက်ကော ပိုချင်လား၊ ငါက သဘောထား ကြီးပါတယ်”

“အား … ချန်မိန်ကျား၊ ကျေးဇူးပြုပြီး နင့်မကောင်းတဲ့စိတ်ကို ထိန်းပါဦးဟ၊ ငါ့ကိုသာ သတ်လိုက်ပါတော့”

လုရှောင်ပုက ခနဲ့လေသည်။

“မင်း အနာဂတ်မှာ ခင်ပွန်း ရှာမယ်ဆိုရင် စိတ်နေစိတ်ထား ကောင်းတဲ့သူကို ရှာမှရမှာ၊ မဟုတ်ရင် မြင်းတွေလို လွတ်လွတ်လပ်လပ် ပြေးချင်နေတဲ့စိတ်နဲ့ ဦးထုပ်စိမ်း‌ ဆောင်းပေးဖို့ပဲ တွေးနေရင် ဘယ်သူက အဲ့ဒါကို သည်းခံနိုင်မှာလဲ”

“လုရှောင်ပု”

ချန်မိန်ကျားက လုရှောင်ပုကို ဘုကြည့်ကြည့်လေသည်။

“သုတေသနတွေအရဆိုရင် စိတ်နေစိတ်ထားက အသက်ရှည်ခြင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါတယ်၊ စိတ်နေစိတ်ထား ကောင်းလေ အသက်ပိုရှည်လေပဲ”

ချန်ချီချီက ဝင်ပြောသည်။

“ဟားဟား ငါ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး၊ ဒါပေမဲ့ အကြားအမြင် ဆရာမ ပြောတာကတော့ ငါက အသက် တစ်ရာ့သုံးဆယ်ရောက်ရင် အခက်အခဲ ကြုံလိမ့်မယ်တဲ့”

လင်းဝမ်ယွီက ဖြတ်ပြောသည်။

“ဘာပြဿနာ ဖြစ်မှာမို့လို့လဲ၊ မင်းအုတ်ဂူ ပျက်စီးမှာလား”

ရဲ့လင်းချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ တစ်ဝိုင်းလုံး အားပါးတရ ရယ်မောကြလေ၏။

“အစ်ကိုရဲ့၊ ခင်ဗျားက စကားပြော ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ လေးစားမိပါတယ်”

တစ်ခဏအတွင်းမှာပင် တစ်ဖွဲ့လုံး ပိုရင်းနှီးလာကြသည်။ ဟင်းပွဲများ လာကြပေးပြီးနောက် သူတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောပြီး စားသောက်ကြသည်။ တဖြည်းဖြည်းနှင့် စားသောက်၍ ပြီးသွားလေသည်။

“ဟေ့ အလှလေး မင်း ဘာတွေ အဲ့လောက် ပြောနေတာလဲ၊ ငါတို့လည်း ပျော်ရအောင် မမျှဝေချင်ဘူးလား”

ထိုစဉ် အနီးအနား စားပွဲဝိုင်းတစ်ခုမှ ယောက်ျားလေးတစ်ယောက်က သူတို့ကို စကားပြောလာသည်။ ကြောင်တောင်တောင် အသံက အားလုံးကို မျက်မှောင်ကြုတ်သွားစေ၏။

“မင်း ငါတို့ကို ပြောနေတာလား”

ချန်ချီချီက ထိုလူကို စိုက်ကြည့်သည်။

“အတိအကျ ပြောရရင်တော့ ငါ ဒီမိန်းမလှလေးကို ပြောနေတာ”

ထိုလူက ရယ်၍ ရဲ့လင်းချန်နှင့် ကျန်ယောက်ျားလေး နှစ်ယောက်ကို လျစ်လျူရှုထားလေသည်။

“ငါတို့က ဒီနားက အားကစား အကယ်ဒမီက ကျောင်းသားတွေလေ၊ ဒါရိုက်တာတွေက ငါတို့ အကယ်ဒမီကို ခဏခဏ လာပြီး သရုပ်ဆောင်အတွက် ကင်းထောက်လုပ်သလို ရုပ်ရှင်လာရိုက်တတ်တယ်၊ ငါ ဒါရိုက်တာ တစ်ချို့နဲ့ ရင်းနှီးတယ်၊ ငါ ဒီမိန်းမလှလေး သုံးယောက်ကို အဆက်အသွယ်ရအောင် ကူညီပေးနိုင်မလားလို့လေ”

“မလိုဘူး ရတယ်”

“ငါ့ကို အဲ့လောက် မြန်မြန် မငြင်းနဲ့လေ၊ ငါတို့ WeChat မှာ တစ်ယောက်နဲ့ တစ်ယောက် အပ်ထားကြတာပေါ့၊ သရုပ်ဆောင် မင်းသမီးတစ်ယောက်ရဲ့လမ်းက မလွယ်ဘူးနော်၊ မပြောကြတဲ့ စည်းကမ်းတွေ အများကြီးပဲ၊ မင်း အဲ့လမ်းပေါ် ရောက်တော့မှာ နားလည်လာလိမ့်မယ်”

‘ဪ … ဒါဆိုလည်း ရှင့်ဖုန်း ကျွန်မကို ပေး”

ဟူရီဖေးက ရုတ်တရက် ပြောလာသည်။

“ဟဲဟဲဟဲ”

ထိုလူက နောက်သလို ရယ်နေပြီး ဟူရီဖေး လက်လျှော့လိုက်ပြီဟု ထင်ကာ မာန်တက်နေသည်။ ထို့နောက် သူ့ဖုန်းကို လှမ်းပေးလိုက်သည်။

သို့သော် ထိုအခိုက်မှာပင် ဟူရီဖေး၏ လက်က ပြေလျော့သွားပြီး ဖုန်းက ကြမ်းပြင်ပေါ် ဒေါက်ခနဲ ကျသွားသည်။ မျက်နှာပြင် ချက်ချင်း အက်သွားပြီး အက်ရာများက ပင့်ကူအိမ်ကဲ့သို့ ပျံနှံ့သွားလေသည်။

“အိုးအိုး … ကျွန်မ စိတ်မကောင်းလိုက်တာ၊ ကျွန်မ လက်ချော်သွားတယ်”

ဟူရီဖေးက အပြစ်ကင်းစင်သော အမူအရာဖြင့် တောင်းပန်လေသည်။

“နင့်မှာ နောက်ဖုန်းတစ်လုံး ရှိလား၊ ငါ ပြန်အပ်ပေးမယ်”

ထိုလူ၏ မျက်နှာ ရှုံ့မဲ့သွားသည်။ သူ ခေါင်းခဲသွားသော်လည်း သူ့သူငယ်ချင်းကို နောက်ဖုန်းတစ်လုံး တောင်၍ ဟူရီဖေးကို ပေးလိုက်သည်။

“ဒေါက်”

“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မလက်က ထပ်ချော်သွားတာ …”

ဟူရီဖေးက သူမ လက်နှစ်ဖက်ကို ဆုပ်လိုက်လေသည်။

“ရှင်တို့သုံးယောက်မှာ နောက်တစ်လုံး ရှိသေးတယ်မလား”

“မင်း ငါ့ကို လာကစားနေတာလား”

ထိုလူ၏ မျက်နှာက မည်းမှောင်လာပြီး ရိပ်မိသွားလေသည်။ သူက ဟူရီဖေးကို အန္တရာယ်ပေးတော့မည့်ဟန်ဖြင့် ကြည့်လေသည်။

ဟူရီဖေးက သရုပ်ဆောင်မေဂျာမှ ကျောင်းသူဖြစ်မှန်း သိသာလှသည်။ သူမ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ယခင်နှင့်မတူဘဲ ခန့်မှန်းမရ ဖြစ်သွားသည်။ သူမက တင်ပါးပေါ် လက်တင်၍ ခြိမ်းခြောက်သော အရှိန်အဝါမျိုး ပေါ်လွင်လာသည်။

“အဲ့တော့ ဘာဖြစ်လဲ၊ ငါ့ရှေ့မှာ မပြောကြတဲ့ စည်းကမ်းတွေ ရှိတယ်ဆိုပြီး ပြောဖို့ ကြိုးစားတဲ့လူတွေကို ငါ မုန်းတယ်”

“ယီးပဲ၊ ဒီည မပြောကြတဲ့ စည်းကမ်းတွေက ဘာလဲဆိုတာ မင်း သိအောင် ငါ ပြမယ်ကွ”

ယောက်ျားလေး သုံးယောက်က စားပွဲကို ဖြန်းခနဲ ရိုက်၍ ထရပ်လေသည်။

“လူကြီးမင်းတို့ ကျေးဇူးပြုပြီး စိတ်ထိန်းကြပါ၊ အေးအေးဆေးဆေး ပြောပြီး လက်မပါအောင် ရှောင်ပေးကြ ပါခင်ဗျာ”

ရုတ်ရုတ်သဲသဲ ဖြစ်လာသဖြင့် မန်နေဂျာက ပြေးလာပြီး သူတို့ကို စိတ်ထိန်းရန် ပြောလေသည်။

“ဘေးဖယ်နေစမ်း”

သူတို့ထဲက တစ်ယောက်က မန်နေဂျာကို တွန်းထုတ်သည်။

“ငါတို့ ပိုင်နက်ထဲမှာ ဘယ်သူမှ ဒီလို မချေမငံ လာဆက်လို့မရဘူးကွ”

“သူတို့ဆီ အတူတူ တက်ကွာ”

“ဟိုက်ယား…”

“ဂျွတ်”

…

All Chapters