← Chapters

ပဲ့တင်ထပ်သံဖြာထွက်ခြင်း

Vol. 11 Ch. 142

ပဲ့တင်ထပ်သံဖြာထွက်ခြင်း

Vol. 11 Ch. 142

ရေကန်နံဘေးတွင်.....

ကျန်းချင်းအာသည် ရှုတင်းတင်းဖြစ်နေသော လီလော့ကို ရယ်မောပြီးကြည့်နေသည်။ ထိုအချိန်တွင် ရဲချူတင်းကိုလည်း မေ့သွားကြပြီဖြစ်သည်။

လီလော့ စနောက်နေမှန်း သူမသိပါသည်။

" အိမ်တော်မှာ အငြင်းပွားမှုတွေဖြစ်ရင် ဖြေရှင်းဖို့သုံးတဲ့နည်းလမ်းကို မှတ်မိသေးရဲ့လား...ငါတို့တွေ တိုက်ခိုက်ရေးခန်းမထဲမှာ သွားရှင်းကြမလား....."

" နေ..နေပါ...အေးဆေးညှိနှ်ိုင်းလို့ရတဲ့ဟာကို..ဘယ်လိုတွေ တိုက်ခိုက်ချင်စိတ်ပြင်းပြနေတာလဲ...ငါ့အမေ နင့်ကို ဘယ်လိုပျိုးထောင်ပေးခဲ့လဲမသိဘူး...."

" ဟင်းးဟင်းး ခုနကကောင်လေးက ကြယ်နှစ်ပွင့်ခန်းမက ကျောင်းသားတွေထဲမှာ အတော်လေးနာမည်ကြီးတယ်...ထိပ်တန်းသုံးယောက်စာရင်းဝင်တယ်....ငါတို့တွေ မစ်ရှင်အတွက် ကျောင်းသားသစ်တွေလိုတုန်းက သူ့ကိုခေါ်ဖူးတယ်..ဒါ့ကြောင့်သိနေတာပါ...."

" အစ်မချိုင်ဝေနဲ့ အစ်မယန်လင်းချီတို့က ကောလိပ်ကိုရောက်ရင် နင့်(ကျန်းချင်းအာ)ရဲ့ နာမည်ကြီးကျော်ကြားမှုကို လက်တွေ့မြင်ရလိမ့်မယ်လို့ပြောဖူးတယ်...ဒါမျိုးကိုပြောတာပဲဖြစ်ရမယ်...."

ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်ပြောချင်တော့သောကြောင့် ကျန်းချင်းအာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။

" မြို့စားအဆင့်မြန်မြန်ရောက်ဖို့တစ်ခုပဲ ဆန္ဒရှိတယ်...ဒါမှသာ နင့်ကိုရောအိမ်တော်ကိုပါကာကွယ်ပေးနိုင်မှာ...ပြီးတော့ ဆရာနဲ့ဆရာမတို့အတွက်လည်း စုံစမ်းရဉီးမယ်...."

ကျန်းချင်းအာက ပြောပြောဆိုဆိုနဲ့ လီလော့ရဲ့ဆံပင်တွေကို ဆွဲဖွဖို့ လက်လှမ်းလိုက်သည့်အခါ လီလော့က သူမလက်ကို ဖမ်းကိုင်ထားလိုက်သည်။

သူမ အံ့သြနေသော်လည်း မရုန်းခဲ့ပေ။

" ကြည့်ပါလား...မင်း ဒီလိုလေး နည်းနည်းလောက် ရှက်သွေးဖြာနေမယ်ဆို သိပ်ကိုကြည့်ကောင်းတာပဲ...."

" ရှက်သွေးဖြာတယ်...???ကောင်းပြီလေ နင် ငါ့ကို နိူင်အောင်တိုက်နိုင်ရင် နင့်ဆန္ဒကိုဖြည့်စည်းပေးမယ်...."

// ထူးချွန်ထက်မြက်လွန်းတဲ့ သတို့သမီးလောင်းလေးကြောင့် ဘဝကြီးက ပိုပိုပြီးခက်ခဲလာတယ်....//

ထိုအချိန်တွင်  အဖွဲ့သားများရှိရာဆီပြန်သွားနေသော ရဲချူတင်း၏ မျက်နှာပေါ်တွင် အစောပိုင်းကလို တက်ကြွနေမှုများ စိုးစဉ်းမျှမရှိတော့ပေ။

" အစ်ကိုရဲ...ဟိုကောင်​လေးက စီနီယာကျန်းနဲ့ စေ့စပ်ထားတဲ့ လော့လန်အိမ်တော်သခင်လေး မဟုတ်လား...."

ရဲချူတင်း ခေါင်းသာညိတ်ပြလိုက်သည်။

" အနေနီးလို့ပါကွာ...ပြီးတော့ စီနီယာကျန်းက သူ့မိဘတွေပေါ်မှာ ကျေးဇူးကြွေးတင်နေတာလဲပါမှာပေါ့..."

ရဲချူတင်းက ထိုသို့ပြောလာသူတွေကို လက်ခါပြလိုက်ပြီး......

" ထင်ရာမြင်ရာတွေပြောမနေကြနဲ့...ကောလဟာလတွေဆိုတာ ယုံရတာတွေမဟုတ်ဘူး.....မြို့စားအဆင့်နှစ်ယောက်က သူတို့သားကို ဘယ်လောက်ပဲ တုန်နေအောင်ချစ်ချစ် ဒါမျိုးတော့ လုပ်မှာမဟုတ်လောက်ဘူး....."

ပါးစပ်ကထိုသို့ပြောနေသော်လည်း ရဲချူတင်း စိတ်ထဲတွင် ခုနကစကားများသာ တဝဲဝဲလည်နေခဲ့သည်။

" အစ်ကိုရဲ...အစ်ကိုရဲက လီလော့ထက် အစစအရာရာသာလွန်နေတာပဲဟာ....ဒါ့ကြောင့်မို့လဲ စီနီယာကျန်းက မစ်ရှင်အတူလုပ်ဖို့ခေါ်တာပေါ့....."

" ဟုတ်တယ်....အစ်ကိုရဲသာ စီနီယာကျန်းကို ပိုးပန်းနိုင်မယ်ဆို ကျုပ်တို့ ကြယ်နှစ်ပွင့်ခန်းမကလူတွေ ရောက်ရာအရပ်မှာ ခေါင်းမော့ရင်ကော့နိုင်တော့မှာဗျ....."

ရဲချူတင်းတစ်ယောက် ပီတိဖြာနေသောလေသံဖြင့်......

" သွား...လေ့ကျင့်စရာရှိတာမလေ့ကျင့်ဘဲ ပါးစပ်ဖွာနေကြတယ်....ဒုက္ခရောက်တော့မှာပဲ... "

ထိုသို့ပြောလိုက်ပြီး ရေကန်နံဘေးကိ တစ်ချက်လှည့်ကြည့်လိုက်သည့်အခါ ကျန်းချင်းအာနှင့် လီလော့တို့သည် ပြုံးရွှင်စွာစကားပြောနေကြဆဲပင်...ကျန်းချင်းအာ၏ ယခုလို နူးညံ့သိမ်မွေ့နေမှုကို တစ်ခါမှမမြင်တွေ့ခဲ့ရဖူးပေ။

ရဲချူတင်း၏ အကြည့်များ တင်းမာခက်ထန်လာပြီး လှည့်ထွက်သွားလေတော့သည်။

..........................................................................

လီလော့ အဆောင်သို့ ပြန်ရောက်သောအခါ ရှင်းဖူတစ်ယောက်တည်း နံနက်စာစားနေသည်ကို မြင်လိုက်ရသည်။

ခေါင်းစွပ်ဆောင်းထားသောကြောင့် မျက်နှာအမူအရာကို သေချာမမြင်ရသေးသော်လည်း စားပွဲအောက်မှ ရှင်းဖူ၏ခြေထောက်များသည် တဆတ်ဆတ်တုန်ရီနေရှာသည်။

လီလော့ ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး ထမင်းစားစားပွဲရှိရာဆီလျှောက်လာခဲ့လိုက်သည်။

" ခေါင်းဆောင်....နံနက်စာစားပြီးပြီလား...."

ပိုင်မျန်မျန်၏ အမေးကို လီလော့က မုန့်ထုပ်လေးထောင်ပြလိုက်ပြီး.....

" နံနက်စာလာပို့တဲ့သူရှိလို့ စားပြီးသွားပြီ...."

"အော်... စီနီယာကျန်းချင်းအာ လာပို့သွားတာလား...ခုနက တွေ့လို​က်တယ်...စီနီယာက တကယ်ချောတယ်နော်...."

ထိုအချိန်တွင် နည်းပြချီချန်း ရောက်လာပြီး......

" နံနက်စာစားပြီးရင် ရှန်းလိသစ်ပင်တွေဆီသွားကြမယ်....."

သုံးယောက်စလုံး ကတမ်းကတန်းပြင်ဆင်လိုက်ကြသည်။

နည်းပြချီချန်းက သူတို့ရှေ့ကို ခရမ်းရောင်ကျောက်စိမ်းပြားသုံးခု ပစ်ပေးလိုက်ပြီး.....

"ကောလိပ်မှာ သစ်ရွက်အမျိုးအစား လေးမျိုးရှိတယ်...နင်တို့ မြင်ဖူးခဲ့တဲ့ ကြေး၊ငွေ၊ရွှေ အပြင် ခရမ်းကျောက်စိမ်းဆိုတဲ့ အမျိုးအစားတစ်ခုပိုနေတယ်...ခရမ်းကျောက်စိမ်းသစ်ရွက်တွေက ခရမ်းအဆင့်နည်းပြ တပည့်တွေအတွက် သီးသန့်လုပ်ပေးထားတာ....ငါပေးလိုက်တဲ့ ကျောက်စိမ်းပြားပေါ်မှာ ကိုယ်ကျင့်ကြံရမယ့် သစ်ရွက်နံပါတ်ရေးပေးထားတယ်....."

ထိုအခါမှသာ သုံးယောက်စလုံး ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်ကြသည်။

ကြယ်တစ်ပွင့်ခန်းမ၊ မြောက်ပိုင်းဇုန်၊ အကိုင်း ၉၇၊သစ်ရွက် ၅.......

" ကောလိပ်မှာရှိတဲ့ ရှန်းလိသစ်ပင်က သိပ်ကြီးလွန်းလို့ ခန်းမတိုင်းကို ဇုန်တစ်ခုစီပေးပြီး သီးခြားသတ်မှတ်ပေးထားရတယ်....ကြယ်ပွင့်အရေအတွက်များလေ သူတို့ကျင့်ကြံရတဲ့ အပိုင်းမှာ စွမ်းအင်သိပ်သည်းမှုပိုများလေပဲ..."

" နောက်ပြီး နင်တို့တွေ ရှန်းလိသစ်ပင်မှာ ပဖမဆုံးအကြိမ် ကျင့်ကြံမယ်ဆို ကံကောင်းရင်ဖြစ်ဖြစ်၊ ပါရမီထူးချွန်ရင်ဖြစ်ဖြစ် ပဲ့တင်ထပ်သံအလင်းတန်းဖြာထွက်လာနိုင်တယ်...သိပ်တော့မစိုးရိမ်နဲ့ ဒါက ရှန်းလိသစ်ပင်ရဲ့ အပိုလက်ဆောင်တစ်ခုသက်သက်ပဲ...."

" ပဲ့တင်ထပ်သံအလင်းတန်းဖြာထွက်တယ်??"

"ရိုးရိုးရှင်းရှင်းပြောရမယ်ဆို စ့မ်းအင်သိပ်သည်းမှုသိပ်များတဲ့နေရာမှာ ပထမဆုံးအကြိမ် စတင်ကျင့်ကြံမယ်ဆို မင်းတို့ခန္ဓာကိုယ်ထဲကို သဘာဝစွမ်းအင်တွေ အပြည့်ဖြည့်စည်းနိုင်တယ်....အဲ့လိုဖြည့်စည်းပေးတဲ့လုပ်ငန်းစဉ်က ကောင်းချီးပေးခံရသလိုပဲ....ဒါ့ကြောင့် တစ်ချို့တွေဆို ကျင့်ကြံမှုအဆင့်တွေ ခုန်တက်သွားကြတယ်...ဒါက နှစ်တိုင်းဖြစ်နေကြမို့ သိပ်ထူးဆန်းမနေတော့ဘူး.....မရတော့လည်း ဘာမှမဖြစ်ပေမယ့် ရလာရင်တော့ ပိုကောင်းတာပေါ့....."

" ခရမ်းကျောက်စိမ်းသစ်ရွက်တွေက အဲ့လိုဖြစ်လာဖို့ အလားအလာပိုများစေတယ်...."

သုံးယောက်စလုံး ကျောက်စိမ်းပြားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။ ခရမ်းအဆင့်နည်းပြ တပည့်ဖြစ်ရခြင်းသည် ကောင်းချီးပေးခံရခြင်းပင်....အစပိုင်းမှာတင် ဤမျှလောက်အထိ ကောင်းမွန်သောအရာများနှင့် တွေ့ကြုံနေရပြီဖြစ်သည်။

" ပဲ့တင်ထပ်သံအလင်းဖြာမှုက ခွန်အားပေါ်မူတည်ပြီး တောက်ပမှုနဲ့ ကြာချိန်တွေ ကွဲပြားတတ်ကြတယ်...."

နည်းပြချီချန်းက လီလော့ကို မပွင့်တပွင့် ပြုံးပြလိုက်ပြီး......

" ရာစုနှစ်အတွင်းမှာ ကျန်းချင်းအာရဲ့ အလင်းဖြာမှုကအတောက်ပဆုံးပဲ....ရှမြို့တော်ထဲက နေရာတော်တော်များများကနေတောင်မြင်လိုက်ရတယ်...."

ရှင်းဖူနှင့် ပိုင်မျန်မျန်တို့ကလည်း....

// စီနီယာကျန်းချင်းအာကတကယ်တော်တာပဲ....//

လီလော့ မူမပျက်အောင် ထိန်းနေရသည်။

// ဘာလိုပဲဖြစ်ဖြစ် မျှားခေါင်းက ငါ့ဘက်ပဲလှည့်လာနေတော့တာပဲ....//

မည်သို့ပင်ဖြစ်စေ ကျန်းချင်းအာလို လူမျိုးနှင့် စေ့စပ်ထားရသည့်အတွက် လူတကာက နှိုင်းယှဉ်ရန် အသင့်စောင့်ဆိုင်းနေကြပြီဖြစ်သည်။

// ငါ့ရဲ့နာကျင်မှုတွေကို နားလည်ပေးနိူင်မယ့် သူ မရှိတော့ဘူးလား....//

All Chapters