← Chapters

လီလော့၏အကြံအစည်

Vol. 11 Ch. 144

လီလော့၏အကြံအစည်

Vol. 11 Ch. 144

ဝမ်ဟေးကျူကို ပညာပေးရန် စိတ်ထဲတွင် တေးမှတ်လိုက်ပြီဖြစ်သည်။ ဘေးနားတွင် ကျောင်းသားပေါင်းရာချီရှိနေသည့်အတွက် လုချင်းအာကို လတ်တလော လိုက်မရှာနိုင်သေးပေ။

ဒေါင်......

ထိုစဉ် အချက်ပေးသံမြည်လာသောကြောင့် နည်းပြများက......

" ကဲ... အားလုံး ကိုယ်နံပါတ်အတိုင်း ကိုယ်ကျင့်ကြံရမယ့် သစ်ရွက်ဆီသွားကြတော့...."

ရာချီနေသော ကျောင်းသားများသည်  စိတ်အားထက်သန်စွာဖြင့် အပင်ပေါ်တက်ရန် လှေကားပေါ်သို့ အစောတလျင်ပြေးသွားကြလေသည်။

လီလော့တို့လည်း ထိုလူအုပ်နောက်ကနေ အသာမှေးလိုက်ခဲ့ကြသည်။မိနစ်အနည်းငယ်အကြာတွင် မြေပြင်ကနေ အတော်မြင့်သည့်နေရာကို ရောက်နေကြပြီဖြစ်သည်။

ကောလိပ်တွင်ရှိသည့် သစ်ရွက်များသည် နန်ဖန်းကျောင်းက သစ်ရွက်များထက် နှစ်ဆခန့်ကြီးမားကျယ်ပြန့်ကြပြီး ဘေးတွင်ရှိသည့် သစ်ရွက်များမှ စွမ်းအင်များကို အာရုံခံမိနေသည်။

" လုံးဝကို အမိုက်စားပဲ...."

လီလော့ အတော်ပင် အံသြနေမှုသည် ဤမျှလောက်ကြီးကျယ်ခမ်းနားသော ကြယ်တာယာခရီးရှည်ကောလိပ်သည် ဗဟိုကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်ကျောင်းတော်တစ်ခုမျှသာရှိသေးပြီး အရင်းမြစ်များ ပိုရရန် အခြားသောကျောင်းတော်များနှင့်ပြိုင်ဆိုင်နေရသေးသည်။

လူသားမျိုးနွယ်စု၏ စွမ်းပကားသည် အံ့ချီးမကုန်အောင် ကြီးကျယ်ခမ်းနားလှပေသည်။

လီလော့ ဟိုငေးဒီငေး လုပ်နေစဉ်တွင် လူအုပ်ကြီးကြားကနေ လုချင်းအာကို လှမ်းမြင်လိုက်ရသည်။

လုချင်းအာသည် ထုံးစံအတိုင်း စကတ်အတိုကို ခြေအိတ်ရှည်အဖြူနှင့်တွဲဖက်ဝတ်ဆင်ထားသောလည်း အပေါ်ရုံအင်္ကျီကို ခါးတွင်ချည်နှောင်ထားသောကြောင့် တနည်းတဖုံ အမြင်ဆန်းနေသည်။

" ဝိုးးဝိုးး ဘယ်သူများလဲလို့ကြည့်နေတာ လက်စသတ်တော့ နန်ဖန်းရဲ့ရွှေရောင်ပန်းပွင့်လေးဖြစ်နေတာကိုး...."

လီလော့၏ခေါ်သံကြောင့် လုချင်းအာ အနားကို ရောက်လာပြီး ရွဲ့တဲ့တဲ့လေသံဖြင့်.....

" အော် လော့လန်သခင်လေးပါလား... သူငယ်ချင်းအသစ်တွေရနေလို့ ကျွန်မတို့လို့ သူငယ်ချင်းဟောင်းတွေကို မေ့သွားပြီထင်နေတာ....."

// နေစမ်းပါဉီး...သူပြောနေတဲ့ သူငယ်ချင်းအသစ်တွေဆိုတာ ဘယ်သူတွေတုန်း..."

" မဟုတ်တာတွေပြောပြန်ပြီ....အခုမှ စခင်တဲ့သူတွေနဲ့ မင်းတို့လို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ယှဉ်လို့ ဘယ်ရမလဲ...."

"ဒါဆိုပြောဉီး နင်နဲ့ငါ့ကြားမှာ ဘာတွေများရှိလို့လဲ...."

" ရဲဘော်ရဲဘက်လေ...ကျောက်ခွော်တို့ ယုလန်တို့လို ရဲဘော်ရဲဘက်တွေပေါ့....ငါစဉ်းစားထားတာတစ်ခုရှိတယ်...ငါတို့လေးယောက်ပေါင်းပြီး နန်ဖန်းရဲ့သူရဲကောင်းလေးဖော်ဆိုပြီး အဖွဲ့ဖွဲ့လိုက်ကြမလား...ဒါဆို ငါတို့ကိုဘယ်သူမှလာထိရဲမှာမဟုတ်ဘူး...."

သူမသည် လီလော့ကို အရူးတစ်ယောက်ကို မြင်နေရသလို စိုက်ကြည့်လိုက်ပြီး သူမ နေရာဆီ ဉီးတည်ထွက်ခွာသွားလေတော့သည်။

" စောက်ရူးကောင် လီလော့....ဘာတဲ့..နန်ဖန်းရဲ့သူရဲကောင်လေးဖော်...နင်တို့သုံးယောက်သာ နန်ဖန်းရဲ့ အရူးသုံးဖော်ဆိုပြီး တစ်ဖွဲ့ ဖွဲ့လိုက်ကြ....."

အလျင်စလို ထွက်ခွာသွားသော လုချင်းအာကိုကြည့်ပြီး လီလော့ ကြောင်အနေလေသည်။

" ဘာတုန်းဟ...အဆိပ်မင်းသမီးလေးအကြောင်းတောင် မမေးလိုက်ရဘူး....ဘာတွေအလျင်လိုပါလိမ့်.....နန်ဖန်းရဲ့ သူရဲကောင်းလေးဆးဖော်က ဘာများမှားနေလို့လဲ...သူနဲ့အတူရောနေဖို့ဆို ဒီနည်းလမ်းပဲရှိတာ....ထားလိုက်ပါတော့.. စိတ်မကြည်ဘူးနဲ့တူတယ်...နောက်တော့မှပဲမေးကြည့်တော့မယ်....."

ဤသို့ဖြင့် မိမိကျင့်ကြံရမည့်နေရာကိုရှာရန် သစ်သားလှေကားလေးအတိုင်း တက်လာခဲ့လိုက်သည်။

ခရမ်းရောင်သစ်ရွက်များမှာ ဖြာထွက်လာသော စွမ်းအင်များသည် ခရမ်းရောင်အခိုးငွေ့များသဖွယ် ရစ်သိုင်းနေကြသည်။

ထိုခရမ်းရောင်အခိုးအငွေ့များသည် သဘာဝစွမ်းအင်များဖြစ်ကြသည်။

ထိုအချိန်တွင် သူ့ဘေးနားသို့ လူတစ်ယောက် ရောက်လာခဲ့သည်။

ကောလိပ်တစ်ခုလုံးတွင် မျက်နှာပေါ်တွင် အနက်ရောင်အစင်းကြောင်းများရှိနေသူဟူ၍ ချင်ဇူလုတစ်ယောက်သာရှိသည်။

ဟုတ်ပေသည်။ ထိုသူသည် ချင်ဇူလုပင်ဖြစ်သည်။

" မင်း ဒီမှာ ဘာလို့ ရပ်နေလဲတော့ သေချာမသိပေမယ့် ငါ့ရဲ့ ထက်မြက်လှတဲ့ဉာဏ်ရည်နဲ့ တွေးကြည့်လိုက်မယ်ဆို မင်း နေရာရှာမတွေ့လို့ မဟုတ်လား..."

တိတ်တိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။ချင်ဇူလုသည် ဘာတစ်ခွန်းမှ မပြောဘဲ ခရမ်းကျောက်စိမ်းပြားကို သာထုတ်ပေးလိုက်သည်။

" ဟေး...ဒီတစ်ခါတော့ မလဲပေးတော့ဘူးနော်...."

ထိုအခါ ချင်ဇူလု ခေါင်းတဗြင်းဗြင်းကုပ်လိုက်ပြီး.....

" ကူရှာပေးပါ...."

လီလော့က ချင်ဇူလုရဲ့ကျောက်စိမ်းပြားကို တစ်ချက်ကြည့်လိုက်ပြီး.....

"ဒီကနေ လျှောက်သွားပြီး ရှစ်ခါ ကွေ့ပြီးရင် ညာဘက်က တတိယကိုင်းကိုသွားလိုက်..."

ချင်ဇူလု တခဏလောင်ငြိမ်ကျသွားပြီး....

" လိုက်ပို့ပေးပါလား...."

" ဟာ...သေချာရှင်းပြပြီးပြီလေကွာ...မင်း ခေါင်းထဲမှာတိုက်ဖို့ခိုက်ဖို့ကလွဲရင် ဘာမှမရှိဘူးလား....."

ချင်ဇူလု ခေါင်းငိုက်စိုက်ချပြီး လှည့်ထွက်သွားပြန်တော့လည်း လီလော့ စိတ်မ​ကောင်းဖြစ်နေမိသည်။

" လာ..လာ..မြန်မြန်လာ..အချိန်မရှိဘူး...."

လီလော့ သူ့ကို ကျော်တက်လိုက်ပြီး ရှေ့ကနေ ဉီးဆောင်လမ်းပြပေးလိုက်တော့သည်။

မိနစ်အနည်းငယ်ခန့်ကြာသောအခါ ချင်ဇူလု၏နေရာကို ရှာတွေ့ပြီဖြစ်သောကြောင့်....

" ဒီမှာ.. မင်းနေရာ...."

" ကျေးဇူးပါ....မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုက အရမ်းမိုက်တာပဲ....ငါနဲ့ လက်ရည်စမ်းကြည့်မလား....."

// ဘယ်လိုကောင်လဲကွာ...ကျေးဇူးတင်တဲ့နည်းလမ်းကြီးကလဲ ရှားမှရှားပဲ....//

" မင်း ခေါင်းတွေဘာတွေ ထိခိုက်ထားဖူးလား....ထားလိုက်ပါတော့.. ငါ့နာမည်က လီလော့... ပွင့်ပွင့်လင်းလင်း တစ်ခါတည်းပြောထားလိုက်မယ်....ငါ မင်းကို ကြောက်တယ်.....ဉီးနှောက်အစား ကြွက်သားတွေ

ချည်းပဲရှိတဲ့သူကို ဝေးဝေးကရှောင်တယ်...."

ထို့နောက် လီလော့ မိမိနေရာဆီ ပြန်လာခဲ့လိုက်သည်။

ခရမ်းရောင်တောက်ပနေသော သစ်ရွက်ပေါ်တွင် သစ်သားဖြင့်ပြုလုပ်ထားသော ကြာပန်းသဏ္ဍာန်ထိုင်ခုံတစ်ခုရှိနေသည်။

လီလော့ ထိုထိုင်ခုံပေါ် ဝင်ထိုင်လိုက်သောအခါ နှလုံးခုန်သံများ နှေးကွေးလာပြီး မျက်လုံးများ ပိတ်ကျသွားလေသည်။

ကျင့်ကြံမှု စတင်ခဲ့လေပြီ...........

All Chapters