လီလော့၏အကြံအစည်
Vol. 11 Ch. 144
ဝမ်ဟေးကျူကို ပညာပေးရန် စိတ်ထဲတွင် တေးမှတ်လိုက်ပြီဖြစ်သည်။ ဘေးနားတွင် ကျောင်းသားပေါင်းရာချီရှိနေသည့်အတွက် လုချင်းအာကို လတ်တလော လိုက်မရှာနိုင်သေးပေ။
ဒေါင်......
ထိုစဉ် အချက်ပေးသံမြည်လာသောကြောင့် နည်းပြများက......
" ကဲ... အားလုံး ကိုယ်နံပါတ်အတိုင်း ကိုယ်ကျင့်ကြံရမယ့် သစ်ရွက်ဆီသွားကြတော့...."
ရာချီနေသော ကျောင်းသားများသည် စိတ်အားထက်သန်စွာဖြင့် အပင်ပေါ်တက်ရန် လှေကားပေါ်သို့ အစောတလျင်ပြေးသွားကြလေသည်။
လီလော့တို့လည်း ထိုလူအုပ်နောက်ကနေ အသာမှေးလိုက်ခဲ့ကြသည်။မိနစ်အနည်းငယ်အကြာတွင် မြေပြင်ကနေ အတော်မြင့်သည့်နေရာကို ရောက်နေကြပြီဖြစ်သည်။
ကောလိပ်တွင်ရှိသည့် သစ်ရွက်များသည် နန်ဖန်းကျောင်းက သစ်ရွက်များထက် နှစ်ဆခန့်ကြီးမားကျယ်ပြန့်ကြပြီး ဘေးတွင်ရှိသည့် သစ်ရွက်များမှ စွမ်းအင်များကို အာရုံခံမိနေသည်။
" လုံးဝကို အမိုက်စားပဲ...."
လီလော့ အတော်ပင် အံသြနေမှုသည် ဤမျှလောက်ကြီးကျယ်ခမ်းနားသော ကြယ်တာယာခရီးရှည်ကောလိပ်သည် ဗဟိုကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်ကျောင်းတော်တစ်ခုမျှသာရှိသေးပြီး အရင်းမြစ်များ ပိုရရန် အခြားသောကျောင်းတော်များနှင့်ပြိုင်ဆိုင်နေရသေးသည်။
လူသားမျိုးနွယ်စု၏ စွမ်းပကားသည် အံ့ချီးမကုန်အောင် ကြီးကျယ်ခမ်းနားလှပေသည်။
လီလော့ ဟိုငေးဒီငေး လုပ်နေစဉ်တွင် လူအုပ်ကြီးကြားကနေ လုချင်းအာကို လှမ်းမြင်လိုက်ရသည်။
လုချင်းအာသည် ထုံးစံအတိုင်း စကတ်အတိုကို ခြေအိတ်ရှည်အဖြူနှင့်တွဲဖက်ဝတ်ဆင်ထားသောလည်း အပေါ်ရုံအင်္ကျီကို ခါးတွင်ချည်နှောင်ထားသောကြောင့် တနည်းတဖုံ အမြင်ဆန်းနေသည်။
" ဝိုးးဝိုးး ဘယ်သူများလဲလို့ကြည့်နေတာ လက်စသတ်တော့ နန်ဖန်းရဲ့ရွှေရောင်ပန်းပွင့်လေးဖြစ်နေတာကိုး...."
လီလော့၏ခေါ်သံကြောင့် လုချင်းအာ အနားကို ရောက်လာပြီး ရွဲ့တဲ့တဲ့လေသံဖြင့်.....
" အော် လော့လန်သခင်လေးပါလား... သူငယ်ချင်းအသစ်တွေရနေလို့ ကျွန်မတို့လို့ သူငယ်ချင်းဟောင်းတွေကို မေ့သွားပြီထင်နေတာ....."
// နေစမ်းပါဉီး...သူပြောနေတဲ့ သူငယ်ချင်းအသစ်တွေဆိုတာ ဘယ်သူတွေတုန်း..."
" မဟုတ်တာတွေပြောပြန်ပြီ....အခုမှ စခင်တဲ့သူတွေနဲ့ မင်းတို့လို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ယှဉ်လို့ ဘယ်ရမလဲ...."
"ဒါဆိုပြောဉီး နင်နဲ့ငါ့ကြားမှာ ဘာတွေများရှိလို့လဲ...."
" ရဲဘော်ရဲဘက်လေ...ကျောက်ခွော်တို့ ယုလန်တို့လို ရဲဘော်ရဲဘက်တွေပေါ့....ငါစဉ်းစားထားတာတစ်ခုရှိတယ်...ငါတို့လေးယောက်ပေါင်းပြီး နန်ဖန်းရဲ့သူရဲကောင်းလေးဖော်ဆိုပြီး အဖွဲ့ဖွဲ့လိုက်ကြမလား...ဒါဆို ငါတို့ကိုဘယ်သူမှလာထိရဲမှာမဟုတ်ဘူး...."
သူမသည် လီလော့ကို အရူးတစ်ယောက်ကို မြင်နေရသလို စိုက်ကြည့်လိုက်ပြီး သူမ နေရာဆီ ဉီးတည်ထွက်ခွာသွားလေတော့သည်။
" စောက်ရူးကောင် လီလော့....ဘာတဲ့..နန်ဖန်းရဲ့သူရဲကောင်လေးဖော်...နင်တို့သုံးယောက်သာ နန်ဖန်းရဲ့ အရူးသုံးဖော်ဆိုပြီး တစ်ဖွဲ့ ဖွဲ့လိုက်ကြ....."
အလျင်စလို ထွက်ခွာသွားသော လုချင်းအာကိုကြည့်ပြီး လီလော့ ကြောင်အနေလေသည်။
" ဘာတုန်းဟ...အဆိပ်မင်းသမီးလေးအကြောင်းတောင် မမေးလိုက်ရဘူး....ဘာတွေအလျင်လိုပါလိမ့်.....နန်ဖန်းရဲ့ သူရဲကောင်းလေးဆးဖော်က ဘာများမှားနေလို့လဲ...သူနဲ့အတူရောနေဖို့ဆို ဒီနည်းလမ်းပဲရှိတာ....ထားလိုက်ပါတော့.. စိတ်မကြည်ဘူးနဲ့တူတယ်...နောက်တော့မှပဲမေးကြည့်တော့မယ်....."
ဤသို့ဖြင့် မိမိကျင့်ကြံရမည့်နေရာကိုရှာရန် သစ်သားလှေကားလေးအတိုင်း တက်လာခဲ့လိုက်သည်။
ခရမ်းရောင်သစ်ရွက်များမှာ ဖြာထွက်လာသော စွမ်းအင်များသည် ခရမ်းရောင်အခိုးငွေ့များသဖွယ် ရစ်သိုင်းနေကြသည်။
ထိုခရမ်းရောင်အခိုးအငွေ့များသည် သဘာဝစွမ်းအင်များဖြစ်ကြသည်။
ထိုအချိန်တွင် သူ့ဘေးနားသို့ လူတစ်ယောက် ရောက်လာခဲ့သည်။
ကောလိပ်တစ်ခုလုံးတွင် မျက်နှာပေါ်တွင် အနက်ရောင်အစင်းကြောင်းများရှိနေသူဟူ၍ ချင်ဇူလုတစ်ယောက်သာရှိသည်။
ဟုတ်ပေသည်။ ထိုသူသည် ချင်ဇူလုပင်ဖြစ်သည်။
" မင်း ဒီမှာ ဘာလို့ ရပ်နေလဲတော့ သေချာမသိပေမယ့် ငါ့ရဲ့ ထက်မြက်လှတဲ့ဉာဏ်ရည်နဲ့ တွေးကြည့်လိုက်မယ်ဆို မင်း နေရာရှာမတွေ့လို့ မဟုတ်လား..."
တိတ်တိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။ချင်ဇူလုသည် ဘာတစ်ခွန်းမှ မပြောဘဲ ခရမ်းကျောက်စိမ်းပြားကို သာထုတ်ပေးလိုက်သည်။
" ဟေး...ဒီတစ်ခါတော့ မလဲပေးတော့ဘူးနော်...."
ထိုအခါ ချင်ဇူလု ခေါင်းတဗြင်းဗြင်းကုပ်လိုက်ပြီး.....
" ကူရှာပေးပါ...."
လီလော့က ချင်ဇူလုရဲ့ကျောက်စိမ်းပြားကို တစ်ချက်ကြည့်လိုက်ပြီး.....
"ဒီကနေ လျှောက်သွားပြီး ရှစ်ခါ ကွေ့ပြီးရင် ညာဘက်က တတိယကိုင်းကိုသွားလိုက်..."
ချင်ဇူလု တခဏလောင်ငြိမ်ကျသွားပြီး....
" လိုက်ပို့ပေးပါလား...."
" ဟာ...သေချာရှင်းပြပြီးပြီလေကွာ...မင်း ခေါင်းထဲမှာတိုက်ဖို့ခိုက်ဖို့ကလွဲရင် ဘာမှမရှိဘူးလား....."
ချင်ဇူလု ခေါင်းငိုက်စိုက်ချပြီး လှည့်ထွက်သွားပြန်တော့လည်း လီလော့ စိတ်မကောင်းဖြစ်နေမိသည်။
" လာ..လာ..မြန်မြန်လာ..အချိန်မရှိဘူး...."
လီလော့ သူ့ကို ကျော်တက်လိုက်ပြီး ရှေ့ကနေ ဉီးဆောင်လမ်းပြပေးလိုက်တော့သည်။
မိနစ်အနည်းငယ်ခန့်ကြာသောအခါ ချင်ဇူလု၏နေရာကို ရှာတွေ့ပြီဖြစ်သောကြောင့်....
" ဒီမှာ.. မင်းနေရာ...."
" ကျေးဇူးပါ....မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုက အရမ်းမိုက်တာပဲ....ငါနဲ့ လက်ရည်စမ်းကြည့်မလား....."
// ဘယ်လိုကောင်လဲကွာ...ကျေးဇူးတင်တဲ့နည်းလမ်းကြီးကလဲ ရှားမှရှားပဲ....//
" မင်း ခေါင်းတွေဘာတွေ ထိခိုက်ထားဖူးလား....ထားလိုက်ပါတော့.. ငါ့နာမည်က လီလော့... ပွင့်ပွင့်လင်းလင်း တစ်ခါတည်းပြောထားလိုက်မယ်....ငါ မင်းကို ကြောက်တယ်.....ဉီးနှောက်အစား ကြွက်သားတွေ
ချည်းပဲရှိတဲ့သူကို ဝေးဝေးကရှောင်တယ်...."
ထို့နောက် လီလော့ မိမိနေရာဆီ ပြန်လာခဲ့လိုက်သည်။
ခရမ်းရောင်တောက်ပနေသော သစ်ရွက်ပေါ်တွင် သစ်သားဖြင့်ပြုလုပ်ထားသော ကြာပန်းသဏ္ဍာန်ထိုင်ခုံတစ်ခုရှိနေသည်။
လီလော့ ထိုထိုင်ခုံပေါ် ဝင်ထိုင်လိုက်သောအခါ နှလုံးခုန်သံများ နှေးကွေးလာပြီး မျက်လုံးများ ပိတ်ကျသွားလေသည်။
ကျင့်ကြံမှု စတင်ခဲ့လေပြီ...........