← Chapters

လီလော့၏ ဇွဲလုံ့လ.....

Vol. 11 Ch. 146

လီလော့၏ ဇွဲလုံ့လ.....

Vol. 11 Ch. 146

သစ်သားစင်မြင့်ပေါ်တွင် နည်းပြငါးယောက်သည် မြင်တွေ့ဖူးပြီးသားဖြစ်သော အလင်းဖြာမှု အလင်းတန်းများကို ကြည့်ရှုနေကြသည်။

ကြယ်တာယာခရီးရှည်ကောလိပ်တွင် ပထမဆုံးအကြိမ် ရှန်းလိသစ်ပင်ဆီမှ စွမ်းအားများစုပ်ယူရာတွင် အလင်းဖြာနိုင်သောကျောင်းသားဉီးရေသည် တစ်နှစ်လျှင် အယောက်နှစ််ဆယ်၊သုံးဆယ်ခန့်ရှိသည်။

အများအားဖြင့် ခရမ်းအဆင့်တပည့်များသည် အခြားသောကျောင်းသားများထက် အလင်းဖြာနိုင်သူဉီးရေပိုများသည်။

ရှန်ကျင်းရှောင်သည် လက်ဖက်ရည်ကြမ်းသောက်ရင်း လီလော့ရှိရာဆီသာ မမှိတ်မသုန်စောင့်ကြည့်နေသည်။

ယခုချိန်ထိ လီလော့ထံမှ အလင်းတန်းမထွက်လာသေးသော်လည်း လီလော့ကို အထင်မသေးရဲသေးပေ။ လီလော့ထံတွင် ပဲ့တင်ထပ်သံနှစ်ခုရှိသည့်အတွက် အဆင့်ရှစ်သမားများနှင့် တန်းတူအနေအထားတွင်ရှိနေသည်။

လီလော့ထံမှ အလင်းတန်း မထွက်လာခင်တွင် နည်းပြမီအာ၏ အာမေဋိတ်သံကြားလိုက်ရသောကြောင့် အကုန်လုံး ယုလန်ဆီအာရုံရောက်သွားကြသည်။

ယုလန်၏ အလင်းဖြာမှုသည် ပိုင်တုတု၊ဒူဇီပိုင်ရွှမ်းတို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်အထိ တောက်ပနေသည်။

" ကြားထားရသလောက်ဆို ယုလန်က အဆင့်ခြောက်ပဲ့တင်ထပ်သံမဟုတ်လား....ဒီကောင်လေး ကံကောင်းသားပဲ....."

နည်းပြချူဇီက တကယ့်ကို စိတ်ရင်းအမှန်ဖြင့် မှတ်ချက်ပေးလိုက်သည်။

နည်းပြချောင်ရှန်းကလည်း ဝိုက်တစ်ကျိုက်မော့သောက်လိုက်ပြီး.....

" ဒီကောင်လေးရဲ့ အလင်းဖြာမှုက သိမ်မွေ့တယ်...ဒါ ပဲ့တင်ထပ်သံကြောင့်ဖြစ်လာတာမဟုတ်ဘဲ ယုံကြည်မှုကြောင့်ဖြစ်လာတဲ့အလင်းဖြာမှုဆိုတော့ အလယ်အလတ်အဆင့်လို့ သတ်မှတ်လို့ရတယ်...."

ယုလန်သည် ခရမ်းအဆင့်တပည့်များထဲတွင် အားနည်းဆုံးဖြစ်သောကြောင့် အမှီလိုက်ရန်မလွယ်ကူနိုင်ပေ။သို့သော်...ထိုသို့သော ပြင်းပြသည့် ယုံကြည်မှုများရှိနေသည့်အတွက် စိတ်အေးနိုင်ပြီဖြစ်သည်။

ပဲ့တင်ထပ်သံ အဆင့်သည် လူတစ်ဉီး၏ ကျင့်ကြံမှုကို လွယ်ကူချောမွေ့စေနိုင်သော်လည်း မည်၍မည်မျှ အောင်မြင်နိုင်မည်ဆိုသည်မှာ ယုံကြည်မှုနှင့်သာသက်ဆိုင်သည်မဟုတ်ပေလော။

နည်းပြများ ယုလန်ဆီအာရုံရောက်နေချိန်တွင် နည်းပြချီချန်း၏အကြည့်များသည် လီလော့ထံကျရောက်နေသည်။

လီလော့၏ ခန္ဓာကိုယ်ထဲမှာ အလင်းသဲ့သဲ့ စတင်ဖြာထွက်လာပြီဖြစ်သည်။

ကနဉီးအစတွင် အပြာရောင်အလင်းတန်းဖျော့ဖျော့သည် လီလော့၏ခန္ဓာကိုယ်ပေါ်တွင်ရေလှိုင်းများသဖွယ်ရစ်သိုင်းနေပြီး ၎င်းတို့ မှိန်ဖျော့သွားပြီးနောက် အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြန်သည်။

" လီလော့က အလင်းနှစ်ခုဖြာထွက်နေတာပေါ့....ဒါမျိူးက မြင်ရခဲတယ်...."

နည်းပြချောင်ရှန်းက တအံတသြချီးမွှမ်းလိုက်သည်။

" နှစ်ခုဆိုပေမယ့် တောက်ပမှုက ကျန်းချင်းအာမပြောနဲ့ ချင်ဇူလုနဲ့တောင် မယှဉ်နိုင်သေးဘူး...."

ဤသည်မှာ ရှန်ကျင်းရှောင်၏မှတ်ချက်ဖြစ်သည်။

ဟုတ်ပေသည်။ ကျန်းချင်းအာ၏အလင်းဖြာမှုသည် နေမင်းကြီးသဖွယ် စူးရှတောက်ပလွန်းသဖြင့် မည်သူမျှ မယှဉ်နိုင်ခဲ့ပေ။

အကယ်၍ လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုစလုံးသာ အဆင့်ရှစ်ဖြစ်မည်ဆိုပါက ကျန်းချင်းအာနှင့် ယှဉ်နိုင်လိမ့်မည်။

ချီချန်းဘက်က ဘာမျှ မတုံ့ပြန်လာသည့်အတွက် ရှန်ကျင်းရှောင် လီလော့ပေါ် အာရုံစိုက်မနေတော့ပေ။

အလင်းဖြာမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အများစုမှာ ခရမ်းအဆင့်တပည့်များဖြစ်ကြသည်။

အလင်းဖြာနိုင်သူများသည် ကောင်းချီးပေးခံလိုက်ရသလို များပြားလှသော သဘာဝစွမ်းအင်များကို စုပ်ယူနေပြီး ပဲ့တင်ထပ်သံများကို ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်သည်။

အလင်းဖြာမှုသည် ပျှမ်းမျအားဖြင့် ဆယ်မိနစ်ခန့်သာ ကြာချိန်ရှိသည်။

ရာစုနှစ်၏ပါရမီရှင် ကျန်းချင်းအာပင်လျှင် မိနစ်နှစ်ဆယ်သာ အလင်းဖြာနိုင်ခဲ့သည်။

......................................................................

ပိုင်တုတု ကျေနပ်မှုအပြည့်ဖြင့် မျက်လုံးပြန်ပွင့်လာသည်။ ယခုဆို သူမ၏ကျင့်ကြံမှုသည် တလတာကျင့်ကြံလိုက်သလို ပိုမိုအားကောင်းလာပြီဖြစ်သည်။

သူမ ယုလန်ကိုလှမ်းကြည့်လိုက်သည့်အခါ ယုလန်၏ အလင်းဖြာမှုပြီးဆုံးပြီဖြစ်သောကြောင့် ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများမှိန်ဖျော့နေပြီဖြစ်သည်။

" သူ လုပ်နိူင်ခဲ့တာပဲ...."

ယုလန်သည် ခရမ်းအဆင့်တပည့်များထဲတွင် အားအနည်းဆုံးဖြစ်သော်လည်း အလင်းဖြာနိုင်အောင် ကြိုးစားအားထုတ်နိုင်ခဲ့သည်။

" မဆိုးပါဘူး...."

....................................................................

ယုလန်သည်လည်း ကျေနပ်အားရစွာ မျက်လုံးပြန်ဖွင့်လိုက်ပြီး.....

" ဝိုးးးးငါ စည်းတံဆိပ်ဆယ်ခုအဆင့်ရောက်သွားပြီ...."

အလင်းဖြာမှုသည် အချိန်တခဏအတွင်း ကျင့်ကြံမှုများ မြင့်တက်လာစေသည်။ နောက်ထပ်ကြိုးစားကျင့်ကြံမည်ဆိုပါက အချိန်တိုအတွင်း ဆရာသခင်အဆင့်သို့တက်လှမ်းနိုင်တော့မည်သာ။

အလင်းဖြာမှုများပြီးဆုံးသွားသောကြောင့် အလင်းတန်းများ တဖြည်းဖြည်းမှိန်​ဖျော့ပျောက်ကွယ်သွားသော်လည်း ဆက်ဘက်တောက်ပနေသော အလင်းတန်းတစ်ခုရှိနေသေးသည်။

ဤသည်မှာ လီလော့သာပင်....

တဖြည်းဖြည်းနှင့် အချိန်ဆယ့်ရှစ်မိနစ်ခန့်ကြာလာသောအခါ နည်းပြများအားလုံး မျက်ကလူးဆန်ပြာဖြစ်ကုန်ကြလေသည်။

" ဆယ့်ရှစ်မိနစ်ရှိနေပြီ.....သူ ကျန်းချင်းအာရဲ့စံချိန်ကို ချိုးနိုင်တော့မယ်ထင်တယ်...."

ရှန်ကျင်းရှောင် ထိန်းမရအောင် မျက်နှာပျက်နေသော်လည်း ချီချန်းကတော့ သူနှင့် ဆန့်ကျင်ဘက်ပင်။

နည်းပြများအားလုံးသည် တောက်ပမှု မစူးရှသော်လည်း အချိန်အကြာကြီး အလင်းဖြာနိုင်သော လီလော့ကိုသာ မမှိတ်မသုန်စောင့်ကြည့်နေကြလေသည်။

All Chapters