ပွင့်လန်းခြင်းအဆင့်......
Vol. 11 Ch. 147
ကျောင်းသားအများစုသည် သူတို့၏ ပထမဆုံးသော ကျင့်ကြံမှု လေ့ကျင့်ချိန်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ခရမ်းကျောက်စိမ်းသစ်ရွက်ပေါ်မှ ကျောင်းသားများကို ထိတ်လန့်စွာကြည့်နေကြလေ၏။နှစ်ရောင်ခြယ် အလင်းတန်းသည် ယခုထိ ဖြာထွက်နေဆဲပင်.....
ထိပ်တန်းပါရမီရှင်များဖြစ်သော ချင်ဇူလုနှင့် ပိုင်တုတုတို့ပင် ထိုမြင်ကွင်းကြောင့် အံသြမှင်သက်နေမိကြသည်။ ၎င်းတို့ကိုယ်တိုင်ပင်လျှင် ဆယ်မိနစ်ခန််သာ အလင်းဖြာနိူင်ခဲ့ပြီး ကျန်းချင်းအာ၏ စံချိန်သည် မိနစ်နှစ်ဆယ်ဖြစ်သည်မဟုတ်လော။
လီလော့၏ အလင်းဖြာကြာချိန်သည် ဆယ့်ရှစ်မိနစ်ရှိနေပြီဖြစ်သည်။
နောက်ထပ်အချိန်နှစ်မိနစ် ကုန်ဆုံးသွားသော်လည်း အလင်းတန်းများ မှိန်ဖျော့မသွားသေးပေ။
" ဝိုးးးးး"
" လီလော့က ကျန်းချင်းအာကို ကျော်တက်သွားပြီပဲ...."
" လီလော့!!!"
ဒူဇီပိုင်ရွှမ်းတစ်ယောက် မနာလိုမှုများကြောင့် ပူလောင်နေလေပြီ။
// ဘာ့ကြောင့် အကြိမ်တိုင်း ကံကောင်းနေရတာလဲ.....//
" လီလော့ရဲ့ အလင်းဖြာမှုက အဲ့လောက်တောင်ကြာတယ်??"
စီချိုးယင်းသည် အံ့သြမှုအပြည့်ဖြင့် နှစ်ရောင်ခြယ်အလင်းတန်းကို ငေးကြည့်နေလေ၏။
သူမ လီလော့ကို ပထမဆုံး တွေ့ဆုံစဉ်ကတည်းက လုံးဝကို အထင်မကြီးခဲ့ပေ။ယခုမှသာ ကျန်းချင်းအာပြောခဲ့သမျှတွေကို အမှတ်ရလာမိတော့သည်။
ထိုစဉ်အခါက ပြန်မပြောရဲ၍သာငြိမ်နေခဲ့သော်လည်း ကျန်းချင်းအာ တစ်ဖက်သက် ကာကွယ်ပြောဆိုပေးနေသည်ဟုသာ ထင်မြင်ခဲ့သည်။
သို့သော်လည်း လီလော့သည် ထိပ်တန်းကျောင်းသား ဒူဇီပိုင်ရွှမ်းကိုပင် အနိုင်ပိုင်းခဲ့လေပြီ။
..................................................................
လုချင်းအာကလည်း လီလော့ကို ပြုံး၍ ငေးကြည့်နေသည်။
လီလော့သည် ဗလာနန်းတော်ရှိသည့် ဒုက္ခိတဘဝမှနေ၍ ယခုအဆင့်သို့ရောက်ရန် များစွာဖြတ်သန်းကျော်ဖြတ်ခဲ့ရသည်။
ထို့ကြောင့် လီလော့ ကောလိပ်တွင် မည်သို့သန်မာရင့်ကျက်လာမည်ကိုပျော်ရွှင်စွာ စောင့်ကြည့်နေရပေဉီးမည်။
" ဝိုးး အဲ့တာ အစ်ကိုလော့ပဲ...ဆရာသမားကတော့ ကောလိပ်မှာ အကြာဆုံးစံချိန်တင်နိုင်တော့မယ်ထင်တယ်...."
ယုလန် ထိုသို့ရေရွတ်နေရင်းကနေ အတွေးတစ်ခုဖြတ်ကနဲပေါ်လာခဲ့လေသည်။
" အင်း..ကျောက်ခွော်တို့နဲ့တွေ့ရင် " ကောလိပ်ရဲ့အကြာဆုံးစံချိန်ရှင်" ဆိုပြီး ဆိုင်းဘုတ်တစ်ခုလောက်လုပ်ခိုင်းရမယ်...ပြီးရင် အစ်ကိုလော့ရဲ့ အခန်းဝမှာ ချိတ်ပေးထားလိုက်မယ်...."
ကျောင်းသားများပွဲဆူနေသလို နည်းပြများကလည်း အပြင်ပိုင်းတွင်းအေးဆေးနေသလောက် စိတ်ထဲတွင် လှိုင်းထန်နေကြပြီဖြစ်သည်။
လီလော့ ဘယ်လောက်ကြာကြာအလင်းဖြာနိုင်မလဲ လူတိုင်းသိချင်နေကြသည်။
အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာတယ်.....
နောက်ထပ် မိနစ်နှစ်ဆယ်ခန့်အကြာတွင် လီလော့၏အလင်းဖြာမှု ပြီးဆုံးသွားခဲ့သည်။
ဤသည်မှာ ကျန်းချင်းအာ၏နှစ်ဆဖြစ်သည်။
မိနစ်လေးဆယ်ကြာ အလင်းဖြာနိုင်မှု.....
ဤသည်မှာ ကောလိပ်အတွက် နောက်ထပ်စံချိန်သစ်တစ်ခုဖြစ်လာလိမ့်မည်။
နည်းပြငါးယောက်စလုံး အံ့သြမှုကိုယ်စီဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
သေချာကြည့်လိုက်မည်ဆိုပါက ပုဝါစဖုံးကွယ်ထားသော ချီချန်း၏နှုတ်ခမ်းများထက်တွင် လှပသောအပြုံးများဝေဆာပွင့်လန်းနေသည်ကိုမြင်ရလိမ့်မည်။
" ငါထင်တဲ့အတိုင်းပဲ လီလော့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုမှာ ထူးခြားချက်တွေရှိတယ်...."
သူမ၏ စကားသံထဲတွင် လှောင်ပြောင်သရော်တဲ့အရိပ်အမြွက်များ သိသိသာသာရောယှက်နေသည်။
ရှန်ကျင်းရှောင် ဘာပြန်ပြေယရမှန်းမသိတော့သောကြောင့် ရေနွေးကြမ်းသောက်၍ ဒေါသများကို မြိုချနေရရှာသည်။
" ဟားးဟားးး ဒီကောင်လေးရဲ့ အလင်းဖြာမှုက ကျန်းချင်းအာလောက်မတောက်ပပေမယ့် ကြာချိန်ကတော့ စံချိန်သစ်တင်သွားပြီဟေ့....ဘယ်သူပိုသာမလဲ သိချင်နေပြီ...."
" ဟုတ်တယ်...ဒီလောက်ကြာကြာ အလင်းဖြာနိုင်တာမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲ....."
" ဒါ ပဲ့တင်ထပ်သံနှစ်ခုရဲ့ ထူးခြားချက်ကြောင့်ပဲဖြစ်ရမယ်....."
လီလော့၏ ပဲ့တင်ထပ်သံများသည် နှစ်ခုပေါင်းလိုက်မှသာ အဆင့်ရှစ်သမားများလောက်ရှိပေလိမ့်မည်။ သို့သော်လည်း အဘယ့်ကြောင့် ထိုမျှကြာသည်အထိ အလင်းဖြာနိုင်ရသနည်း။
နည်းပြများလည်း မတွေးတတ်ကြတော့ပေ။
" အင်းးးး"
အကြာကြီးထိုင်နေခဲ့ရသောကြောင့် လီလော့ပျင်းကြောဆန့်လိုက်မိသည်။ ယခုချိန်တွင်သူ၏ အရိုးအရည်များသည် စိတ်ဝိဉာဉ်ရည်ထဲတွင် အကြာကြီးစိမ်ထားရသလို စွမ်းအားများပြည့်ဝနေလေ၏။
ပဲ့တင်ထပ်သံနန်းတော်ထဲရှိ မျိုးစေ့များသည်လည်း သဘာဝစွမ်းအင်များကို အပြည့်အဝစုပ်ယူလိုက်ရသဖြင့် မျိုးစေ့များပေါ်တွက် ပွင့်ချပ်သဏ္ဍာန်များ ဖြစ်ပေါ်လာခဲ့လေပြီ။
ပွင့်လန်းခြင်းအဆင့်.......
အလင်းဖြာမှုသည် လီလော့၏ ကျင့်ကြံမှုအဆင့်ကို မျိုးစေ့ချခြင်းအဆင့်မှာ ပွင့်လန်းခြင်းအဆင့်ဆီသို့ ခုန်တက်သွားစေခဲ့သည်။
" ငြိမ်ငြိမ်နေကြပါ...ရှန်းလိသစ်ပင်ဆီမှာ လေ့ကျင့်နိုင်တဲ့အချိန်က အကန့်အသတ်နဲ့မို့ အချိန်ကို အကျိုးရှိအောင် အသုံးချကြပါ...."
နည်းပြများ၏ သတိပေးသံကြောင့် ကျေင်းသားများသည် ကျင့်ကြံမှုတွင် တဖန်အာရုံစိုက်လိုက်ကြပြန်သည်။
လီလော့သည် အလင်းဖြာမှုပြီးဆုံးသွားသော်လည်း အချိန်ကျန်နေသေးသောကြောင့် ကျင့်ကြံမှုတွင် အာရုံစိုက်လိုက်ပြန်သည်။
ဤသို့ဖြင့် နောက်ထပ် အချိန်ခြောက်နာရီကုန်ဆုံးသွားလေတော့သည်။
" မဆိုးပါဘူး....တန်သားပဲ....."
ကောလိပ်တွင် ပထမဆုံးအကြိမ် စွမ်းအားကျင့်ကြံခြင်းဖြစ်သော်လည်း မျှော်မှန်းထားသည်ထက်ပင် အကျိုးထူးခဲ့သောကြောင့် အတော် ကျေနပ်နေမိသည်။
လီလော့ အောက်ဆင်းရန်ပြင်လိုက်သည့်အခါ လုချင်းအာကို ကျောင်းသားတစ်စုက ဝိုင်းထားသည်ကို လှမ်းမြင်လိုက်ရသည်။
သူမသည်လည်း ယခုမှ ကျင့်ကြံမှု ပြီးဆုံးခဲ့ပုံရသည်။
သို့သော် သူမကိုကြည့်ရသည်မှာ အလွန်စိတ်ရှုပ်နေပုံရသည်။
သူမ စိတ်ရှုပ်နေရခြင်း၏ အရင်းအမြစ်သည် ကျောက်စိမ်းယပ်တောင် တဖြတ်ဖြတ်ခပ်နေသော ပြီတီတီမျက်နှာရူးကောင်ဖြစ်သည်ကို အဝေးမှပင် လှမ်းမြင်နေရသည်။
ဝမ်ဟေးကျူ.......
လူပျို ၊အပျို ပိုးပန်းတာ သဘာဝကျပေမယ့် တစ်ဖက်လူက မနှစ်မျို့ရင် ဒါဟာ နှောက်ယှက်မှုပဲ.....
မင်း ငါ့သူငယ်ချင်းကို လာရှုပ်ပြန်ပြီလား အဆိပ်မင်းသမီးလေး......ငါ့တစ်သက်တာမှာ မင်းလောက် စိတ်ညစ်စရာကောင်းတဲ့သူမျိုး မတွေ့ဖူးဘူး......