← Chapters

စိတ်အနှောက်ယှက်ပေးတဲ့ငှက်ပေါက်......

Vol. 11 Ch. 148

စိတ်အနှောက်ယှက်ပေးတဲ့ငှက်ပေါက်......

Vol. 11 Ch. 148

လုချင်းအာ၏သည်းခံနိုင်စွမ်းများ ကုန်ခမ်းနေလေပြီ......

ပြီးခဲ့သောရက်ပိုင်းတွေထဲက ဝမ်ဟေးကျူတစ်ယောက် အကြောင်းမရှိအကြောင်းရှာ ရောက်ရောက်လာတတ်သည်။

ထိုသူလောက် စိတ်ရှုပ်စရာကောင်းသူမျိုး သူမ မတွေ့ဖူးသေးပေ။

သူမသည် ကျင့်ကြံမှုပြီးဆုံးသွားသောကြောင့် လီလော့နှင့်စကားပြောရန် စောင့်နေသော်လည်း ရောက်လာသူမှာ ဝမ်ဟေးကျူဖြစ်နေသည်။

" ချင်းအာ....ကိုယ်နဲ့မင်းက တိုက်ရင်းခိုက်ရင်းနဲ့ ရင်းနှီးခဲ့ကြတာမဟုတ်လား.....နည်းပြရွေးချယ်ပွဲမှာ မင်း ကိုယ့်​ကြောင့် ထိခိုက်သွားတော့ ကိုယ့်မှာ အိပ်လို့တောင်မပျော်နိုင်ဘူး...ဒါ့​ကြောင့် လာတောင်းပန်တာပါ...."

ဝမ်ဟေးကျူသည် စိတ်မကောင်းဖြစ်နေဟန်နှင့် မျက်လွှာချထားသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင်မူ လုချင်းအာ၏ လှပသွယ်လျသော ​ခြေတံရှည်များကို ငမ်း​ကြောထနေခြင်းဖြစ်သည်။

" တောင်းပန်ဖို့မလိုပါဘူး....ပြိုင်ဘက်တွေဆိုတာ အချင်းချင်းညှာတာနေစရာမှမလိုတာ...အဲ့တော့ နောက်တစ်ခါ နေရခက်အောင် ခဏခဏလာတောင်းပန်မနေပါနဲ့တော့...."

" ချင်းအာက အဲ့လိုပဲသတ်မှတ်လိုက်တာလား.....ကိုယ့်မှာ တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး...ကိုယ့်ရဲ့ စိတ်ရင်းအမှန်ကို အသိမှတ်ပြုပေးသင့်ပါတယ်ကွာ...."

လုချင်းအာ လှည့်ထွက်ဖို့ ပြန်လိုက်သောကြောင့် ဝမ်ဟေကျူး မျက်နှာပျက်သွားပြီး လှမ်းတားလိုက်လေသည်။

ထိုအချိန်တွင်​ လေတိုးသံကြားလိုက်ကြသည့်အတွက် ကျောက်စိမ်းယပ်တောင်ကို ဖြန့်လိုက်ပြီး ကာစီးလိုက်သည့်အခါ ရေစွမ်းအားမျှားတံအချို့ ကြမ်းပြင်ပေါ်သို့ ရေစက်များအဖြစ် စီးကျကုန်လေသည်။

" ဟေ့ကောင်...လောကကြီးမှာ ယောက်ကျားတိုင်းကသာ မိန်းကလေးတွေကို အတင်းနှောက်ယှက်ပြီးပိုးပန်းနေမယ်ဆို လူလွတ်တောင်ကျန်မှာ မဟုတ်တော့ဘူး..... "

လှောင်ပြောင်သရော်စကားများနှင့်အတူ ရောက်လာသော လီလော့သည် လူအုပ်ကြီးကို ဖြတ်ကျော်လာပြီး လုချင်းအာဆီ လျှောက်လာနေသည်။

လီလော့ကိုမြင်လိုက်ရသည့်အခါ လုချင်းအာ၏မျက်နှာလေး ချက်ချင်းဝင်းပလာသည်။ ဒါကိုမြင်လိုက်ရသည့်အခါ ဝမ်ဟေးကျူ မျင်မှောင်ကြုံ့လိုက်မိသည်။

" လီလော့ဆိုတာ မင်းလား....."

" ငါက နည်းနည်းမောက်မာတတ်ပေမယ့်...ရုပ်ချောတယ်လေ အဲ့တော့ မှတ်မိဖို့သိပ်မခက်ဘူးမဟုတ်လား...."

လီလော့ သူ့ကို တမင်ရန်စနေမှန်းသိသောလည်း ခက်ရခက်လှသည်။

" လီလော့ ပြာသာနာလာရှာမနေနဲ့...ငါနဲ့ မင်းကြားမှာ ဘာရန်ငြိုးမှမရှိဘဲ လာလို့မျှားနဲ့ပစ်ရတာလဲ...."

လီလော့က လုချင်းအာရှေ့တွင် ပိတ်ရပ်လိုက်ပြီး.....

" မင်း သူ့ကို ဒဏ်ရာရအောင်လုပ်လိုက်ကတည်းက မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးရန်စရှိနေခဲ့ပြီ...."

လုချင်းအာသည် ဝမ်ဟေးကျူကို တားဆီးရန်ကြိုးစားခဲ့သည့်အတွက် ဒဏ်ရာရခဲ့သည်။ထို့ကြောင့် လီလော့ ယောက်ကျားပီပီ လုချင်းအာရှေ့တွင် မားမားမတ်မတ် ရပ်တည်ပေးရမည်။

နည်းပြရွေးချယ်ပွဲသည် လွတ်လပ်စွာယှဉ်​ပြိုင်နိုင်သော ပြိုင်ပွဲဖြစ်သော်လည်း လုချင်းအာသည် သူ့အတွက် ဝမ်ဟေးကျူကို တားဆီးပေးခဲ့သည်။

လီလော့၏ ကျောပြင်ကို လုချင်းအာ တောက်ပသောမျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့မိသည်။

ရုတ်ရုတ်သဲသဲဖြစ်နေသောကြောင့် ကျောင်းသားများကလည်း ဝိုင်းအုံလာကြလေသည်။

ဝမ်ဟေးကျူက လီလော့ကို မိုက်ကန်းကန်းကြည့်လိုက်ပြီး....

" အဲ့တော့ မင်းက ဘာဖြစ်ချင်လဲ...."

" မင်း ငါ့သူငယ်ချင်းကို လာမနှောက်ယှက်နဲ့တော့..မင်း အခုလိုတွေလုပ်နေလို့လဲ ဘာမှအကျိုးမရှိဘူး...အမုန်းခံရတာပဲအဖတ်တင်လိမ့်မယ်...."

" ဟားးဟားးး ငါ့မှာ နည်းလမ်းရှိပြီးသားပါ...မင်းဘာမှ ဆရာလာလုပ်နေစရာမလိုဘူး...."

" ဘယ်လိုတောင် ခေါင်းမာလိုက်တဲ့ အဆိပ်ငှက်လေးလဲကွာ...."

" မင်း ဘာပြောလိုက်တယ်!!!"

" မင်းက လူလိုပြောနေလို့ နားမှနားမလည်တာ.....အရှက်ကွဲရမှ နေသာထိုင်သာရှိမယ့်ကောင်...လော့လန်အိမ်တော်သခင်လေးက ​​ပြိုင်ဘက်တွေကို ဘယ်လိုအနိုင်ပိုင်းခဲ့လဲဆိုတာ သေချာစုံစမ်းကြည့်လိုက်ဉီး...."

ဝမ်ဟေးကျူ၏ ကျောက်စိမ်းယပ်တောင်သည် ပဲ့တင်ထပ်သံစွမ်းအားများ​ကြောင့် အစိမ်းရောင်တောက်ပလာပြီး ရိုက်ချက်တစ်ခုထုတ်ဖော်လိုက်သည်။

လီလော့ကလည်း နှစ်မျိုးပေါင်းစပ်ထားသောစွမ်းအားများနှင့် ထိုကရိုက်ချက်ကို ဖျက်ချေလိုက်သည်။

" အိုး...ပွင့်လန်းခြင်းအဆင့် ရောက်နေပြီပဲ...."

တိုက်ကွက်တစ်ခုတည်းဖြင့် လီလော့၏ အဆင့်ကို ဝမ်ဟေးကျူ သိလိုက်လေပြီ။

" ကြည့်ရတာ အလင်းဖြာမှုကြောင့် အကျိုးရှိသွားပုံပဲ...ဒါပေမယ့် မင်းတစ်ယောက်တည်း အကျိုးရှိခဲ့တာ မဟုတ်ဘူးကွ....."

ဝမ်ဟေးကျူသည် ယပ်တောင်ကို ပြန်ပိတ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို အပြည့်အဝထုတ်ဖော်လိုက်လေသည်။

"ဒါ...ဒါ...."

" ဝမ်ဟေးကျူက ဆရာသခင်အဆင်အရဲ့ ဒုတိယအဆင့်​ဖြစ်တဲ့ မူလပုံသဏ္ဍာန်အဆင့်ရောက်သွားပြီပဲ...."

" ဟုတ်တယ်..အစကတည်းက ပွင့်လန်းခြင်းနှောင်းပိုင်းအဆင့်ဆိုတော့ အလင်းဖြာမှုပြီးတော့ အဆင့်တက်သွားတာ ထူးဆန်းမနေတော့ဘူး..... "

" အေးကွာ...ထိပ်တန်းအဆင့်နှစ် ပီသချက်ပဲ...."

ဝမ်ဟေးကျူက စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး....

" ဒီမယ် ကောင်လေး...မင်းကိုစေတနာနဲ့တစ်ခုတော့ သတိပေးလိုက်မယ်....အဆိပ်ပဲ့တင်ထပ်သံပိုင်ရှင်တွေကို ဘယ်တော့မှ အထင်မသေးမိစေနဲ့....."

ဝမ်ဟေးကျူသည် ထိုသို့ပြောလိုက်ပြီး အဆိပ်စွမ်းအားများ ကပ်ညှိနေသောလီလော့၏လက်ချောင်းများကို   ညွှန်ပြနေသည်။

လီလော့ ကိုယ့်လက်ကိုယ် ငုံ့ကြည့်လိုက်သောအခါ ထိုအဆိပ်သည် အမှန်ပင်ထူးခြားလှသည်ကို နားလည်လိုက်ရသည်။ တခဏအတွင်းမှာပင်နေရာအတော်အများများဆီ ပျံ့နှံနေပြီဖြစ်သည်။

သို့သော်လည်း ထိတ်လန့်မသွားခဲ့ပေ။သူ၏ သစ်သားပဲ့တင်ထပ်သံသည် အဆိပ်များကို ချေဖျက်နိူင်စွမ်းရှိသည်မဟုတ်လော။

ထို့​ကြောင့် သစ်သားစွမ်းအားများ ထုတ်ဖော်လိုက်သည့်အခါ ဝမ်ဟေးကျူ၏အဆိပ်များသည် တခဏအတွင်း ပျောက်ကွယ်သွားလေတော့သည်။

" မဖြစ်စလောက်အဆိပ်လေးကိုလား...ကြည့်ကတာ ဒီအဆိပ်လောက်နဲ့ဆို ကြက်တောင်သတ်နိူင်မှာမဟုတ်ဘူး...."

" မိုက်ရိုင်းလိုက်တဲ့ကောင်.... "

" ဝမ်ဟေးကျူ....လီလော့ကို ငါ ရှင်းမယ်လို့ပြောထားပြီးသားနော်...."

ထိုအချိန်တွင် ဒူဇီပိုင်ရွှမ်း စိတ်မရှည်သောလေသံကို ကြားလိုက်ရလေသည်။

လုချင်းအာကလည်း ဒူဇီပိုင်ရွှမ်း ရောက်လာသောကြောင့် တိုက်ခိုက်ရန်အသင့်အနေအထားဖြင့် လီလော့ ဘေးတွင် ဘေးချင်းယှဉ် ရပ်နေလေပြီ။

သူမနောက်ထပ်​​ခြေတစ်လှမ်းတိုး ခါနီးတွင် ​ခြေထောက်အောက်၌ ပန်းနွယ်ပင်များရစ်သိုင်းလာပြီး သူမကို တားဆီးနေ၏။

လှည့်ကြည့်လိုက်သည့်အခါ ဆံပင်စည်းထားသော မိန်းကလေးတစ်ယောက်က သူမကို အေးစက်စက်ပြုံးပြနေသည်။

သူမသည် ဝမ်ဟေးကျူတို့၏ အဖွဲ့သား ချီလော့ဇီပင်ဖြစ်သည်။

" လီလော့...နည်းပြရွေးပွဲတုန်းက ငါ့ဘက်က နမော်နမဲ့နိုင်ခဲ့တဲ့အတွက် ရှုံးခဲ့ရတယ်...နောက်တစ်ခေါက် ထပ်တိုက်ကြတာပေါ့ကွာ....."

ဒူဇီပိုင်ရွှမ်း လီလော့ကို တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ရုတ်တရက် ရောက်ရှိလာသည့် အနက်ရောင်စွမ်းအားများသည့် ဝမ်းဗိုက်ကိုထိမှန်သွားလေသည်။

ဒူဇီပိုင်ရွှမ်းကလည်း ထိုတိုက်ခိုက်မှုကို နှစ်ဆတုံ့ပြန်လိုက်သည့်အခါ လီလော့တို့အနီးတွင် အနက်ရောင်အရိပ်တစ်ခုပေါ်လာခဲ့သည်။

"ရှင်းဖူ....မင်းလား...."

ထိုအရိပ်လူသားက လီလော့ကို ခေါင်းညိတ်ပြနေသည်။

ထိုအချိန်တွင် လုချင်းအာ၏ ခန္ဓာကိုယ်ပေါ် မီးစုန်းဓာတ်ပါသော အလင်းတန်းတစ်ခုကျရောက်လာပြီး ခြေထောက်အောက်မှ ပန်းနွယ်ပင်များကို နောက်ဆုတ်သွားစေခဲ့သည်။

ထိုမီးစုန်းအလင်းတန်းရှင်လေးသည် လုချင်းအာကို ချစ်စဖွယ်ကောင်းအောင် ပြုံးပြနေလေ၏။

သူမသည် ပိုင်မျန်မျန်သာပင်ဖြစ်လေတော့သည်။

All Chapters