← Chapters

ဩဇာတိက္ကမနှင့်ပြည့်စုံခြင်း.....

Vol. 11 Ch. 149

ဩဇာတိက္ကမနှင့်ပြည့်စုံခြင်း.....

Vol. 11 Ch. 149

ဒူဇီပိုင်ရွှမ်း၊ချီလော့ဇီ၊ ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ရောက်လာကြသောအခါ နှစ်ဖွဲ့စလုံး ဘက်မျှသွားပြီး ဝမ်ဟေးကျူနှင့်လီလော့တို့နှစ်ယောက်၏ ရန်ပွဲကနေ အဖွဲ့နှစ်ဖွဲ့၏ ရန်ပွဲအဖြစ် အသွင်ပြောင်းသွားခဲ့လေပြီ။

" ဝိုးးး ခရမ်းအဆင့် နှစ်ဖွဲ့ ချကြတော့မယ်ထင်တယ်...."

" ပွဲကြီးပွဲကောင်းပဲဟေ့...."

ကျောင်းသားများကြားတွင် တီးတိုးသံများ စီညံနေလေ၏။

"ဝမ်ဟေးကျူ...မင်း မရှက်တတ်ဘူးလား. ...မှင်စာလိုအကောင်ရေ....မင်းရဲ့အနှောက်ယှက်ပေးမှုတွေကို ရပ်လိုက်ပါတော့....."

ထိုစဉ် လူအုပ်ထဲကနေ အော်သံကျယ်ကျယ်တစ်ခု စူးရှစွာထွက်ပေါ်လာခဲ့သည်။

လူစုလူဝေး၏ အခြားတစ်ဖက်တွင်လည်း.....

"ဝမ်ဟေးကျူ...မင်း မရှက်တတ်ဘူးလား. ...မှင်စာလိုအကောင်ရေ....မင်းရဲ့အနှောက်ယှက်ပေးမှုတွေကို ရပ်လိုက်ပါတော့....."ဟူသော သံယောင်လိုက်သည့်အော်သံကို ကြားလိုက်ရပြန်သည်။

လူအုပ်ကြီး၏ ရယ်မောသံကြောင့် ဝမ်ဟေးကျူ ဒေါသပုန်ထနေပြီး.....

" ဘယ်ကောင် အော်နေတာလဲ...သတ္တိရှိရင် မျက်နှာချင်းလာဆိုင်လိုက်....."

" သတ္တိမရှိပါဘူးဗျာ...."

မဆိုင်းမတွဘဲ ထွက်ပေါ်လာသော လှောင်ရယ်သံ​သည် ဝမ်ဟေးကျူ၏ ဒေါသမီးတောက်ပေါ် ဆီလောင်းလိုက်သည့်နှယ်။

လီလော့ကတော့ ဤသည်မှာ ယုလန်နှင့်ကျောက်ခွော်တို့လက်ချက်မှန်း သိနေသောကြောင့် သိမ့်သိမ့်တုန်အောင် ရယ်မောနေမိသည်။

ဝမ်ဟေးကျူ လူအုပ်ကြီးထဲကို ဝှေ့ဝဲကြည့်ပြီး တရားခံရှာနေစဉ်တွင် လေပြင်းတသုတ်တိုက်ခတ်သွားပြီး လီလော့တို့ဘေးသို့ လှံတစ်စင်းကိုင်ဆောင်ထားသော မိန်းကလေးတစ်ဉီးရောက်ရှိလာသည်။

" ဘယ်သူ ငါ့ညီမကို အနိုင်ကျင့်တာလဲ...."

သူမ၏ လှံဖျားသည် ချီလော့ဇီထံသို့ တည့်တည့်ကြီး ဉီးတည်ထားသည်။

ပိုင်တုတုပါ ရန်ပွဲထဲ ဝင်ပါလာမည်ဟု မည်သူမျှ ထင်မထားမိကြပေ။

ဝမ်ဟေးကျူက မည်းမှောင်နေသော မျက်နှာထားဖြင့် ပိုင်တုတုကို ကြည့်လိုက်ပြီး....

" နင်နဲ့ ဘာမှမဆိုင်တာကို ဝင်မချင်နဲ့....."

" ငါညီမကိုထိရင် ငါနဲ့ငြိမယ်...."

ဝမ်ဟေးကျူ ပြန်ပြောမယ်ရပြင်တုန်း လေးလံလှသော ဖိအားတစ်ခုသက်ရောက်လာသောကြောင့် မော့ကြည့်လိုက်သည့်အခါ ချင်ဇူလုသည် အမြင့်တစ်နေရာကနေ လက်ပိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ချင်ဇူလု၏ အရှိန်အဝါများ​ကြောင့် ဝမ်ဟေးကျူ တုန်ရီနေလေပြီ။

ချင်ဇူလုပါရောက်လာသောကြောင့် ပို၍ပင်ပွဲဆူသွားလေတော့သည်။

" တွေ့လား..ဒါကို သြဇာရှိတယ်လို့ခေါ်တယ်....ငါတို့တွေက ကောလိပ်ကို ကျင့်ကြံဖို့လာကြတာ....မင်း အခုလို အရှုပ်ထုပ်တွေလုပ်နေတာကို ဘယ်သူမှ လက်ခံနိုင်မှာမဟုတ်ဘူး...."

" စကားကြီးစကားကျယ်တွေပြောမနေစမ်းနဲ့....လပတ်စစ်ဆေးမှုကြရင်တွေ့ကြသေးတာပေါ့ကွာ...."

" ချင်းအာ...ကိုယ် လက်မလျော့သေးဘူးနော်....."

"လီလော့...မင်းက စေ့စပ်ထားပြီးသားသူတစ်ယောက်ဖြစ်တဲ့အတွက် မင်း ချင်းအာကို နာမည်မပျက်စေချင်ရင် မဆိုင်တာတွေ ဝင်မရှုပ်ချင်စမ်းပါနဲ့.....ဒါမှမဟုတ်လို့ကတော့ ရွှေနဂါးဘဏ်တိုက်က  ဉက္ကဌယုလက်စာမိသွားလိမ့်မယ်....."

ဝမ်ဟေးကျူသည် အတော် အဆိပ်ပြင်းသူဖြစ်သည်။မနိုင်မှန်း သိရက်နှင့်ပင် စကားနာထိုးသွားနိုင်သေးသည်။

ဒူဇီပိုင်ရွှမ်းက လီလော့ထံ အေးစက်သော အကြည့်တစ်ချက် ပစ်လွှတ်ပြီး လှည့်ထွက်သွားလေသည်။

ချီလော့ဇီကတော့ အစောကြီးကတည်းကညပြေးနှင့်နေပြီ။

ဤသို့ဖြင့် ရန်ပွဲပြီးဆုံးသွားသောကြောင့် ကျောင်းသားများ စိတ်ပျက်နေကြသည်။

ပိုင်တုတုသည် ညီမဖြစ်သူကို တစ်စက်ကလေးမှ အထိအခိုက်မခံနိုင်သူဖြစ်သောကြောင့် သူမရောက်ရှိလာခြင်းကို လီလော့ အံ့သြမနေတော့ပေ။

သို့သော်လည်း ချင်ဇူလု ရောက်လာခြင်းကို အနည်းငယ်အံ့သြနေမိသည်။

" ချင်းအာ...နင်က ကာကွယ်ပေးတတ်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရထားတာပဲ...."

" နင် မသိသေးပါဘူး လီလော့ရယ်....သူက နည်းပြပြောင်းပေးဖို့ သုံးရက်အတွင်း ဆယ့်ရှစ်ကြိမ်လောက် တောင်းဆိုပြီးပြီဟဲ့....နည်းပြချောင်ရှန်းကလည်း တောက်လျှောက်ကိုငြင်းပစ်နေတာ....မနေ့တုန်းကဆို သူ့ကို ယင်ယွဲ့နဲ့ လက်ရည်ယှဉ်ခိုင်းလိုက်တာကို ပြတင်းပေါက်ကနေ ခုန်ချပြီးထွက်ပြေးသွားတယ်လေ...ယင်ယွဲ့ ခင်မျာ ငိုလိုက်တာမှပြောမနေနဲ့တော့....."

လီလော့ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

// ဒီကောင် တကယ်ကြီး မိန်းမတွေကို ကြောက်တာလား....//

" ဟူးး...စစ်တပ်ကျောင်းတော်ရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါလားနော်...."

လုချင်းအာကတော့ ချင်ဇူလုရောက်လာသည်ကို စိတ်ဝင်စားပုံမရဘဲ.....

" လော့လန်အိမ်တော်သခင်လေးက အရမ်းမိုက်တာပဲနော်...."

" အိုး...မဟုတ်တာဗျာ...အမြင်မတော်လို့ ဝင်ကူပေးရုံပါ...."

" ဒါဆို လော့လန်သခင်လေးဘက်က ဝမ်ဟေးကျူနောက်ဆုံးပြောသွားတဲ့စကားကို ဘယ်လို ထင်လဲ...."

" အော်...သူက သူ့စိတ်နဲ့နှိုင်းပြီးပြောသွားတာပါ...ငါတို့ရဲ့ ခင်မင်မှုတွေက ဒီလောက်နဲ့ ယိမ်းယိုင်သွားရလောက်အောင် သေးသိမ်နေတာမှမဟုတ်တာ...."

" ဒါနဲ့ စကားမစပ်...နင့်အမေလို ရွှေနဂါးဘဏ်တိုက်ကြီးကို အုပ်ချုပ်နေသူက ငါ့ကို လူကြားသူကြားထဲတော့ လာမရိုက်လောက်ပါဘူးနော်...ဒါကြီးက နည်းနည်းရု​ပ်ပေါက်တယ်လေ...."

" နင် ငါ့အမေကို ပေါက်ကရတွေမပြောနဲ့....."

" ကောင်းပါပြီ..ငါနဲ့ အပေါင်းအသင်းဖြစ်နေလို့ နင် သိက္ခာကျရတယ်ဆိုလည်း နောက်ဆို ဆင်ခြင်ပါ့မယ်...."

" ငါ..ငါပြောတာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး.... "

" ဒါပေမယ့် နင့်ဘက်က သံသယရှိနေလို့ ထုတ်မေးတာမဟုတ်လား.....နင်နဲ့ငါ့ကြားက ခင်မင်မှုအတိုင်းအတာကို ငါကသာ ပိုတွေးမိလိုက်တာပါ....."

" အဲ့လိုသဘောမျိုးမဟုတ်ပါဘူး....ငါမှားသွားတယ်....မမေးလိုက်သင့်ဘူး...."

" ထားလိုက်ပါတော့....ငါ့ဘက်ကပဲ လျှော့ပေးလိုက်ပါ့မယ်...အဲ့အစား....နောက်တစ်ခါကျရင် ယုလန်၊ ကျောက်ခွော်နဲ့ ငါ့ကို ထမင်းလိုက်ကျွေးလိုက်လေ......"

" နောက်တစ်ခုရှိသေးတယ်....နင့်အမေငါ့ကိုာလာရိုက်ရင် နင်တားထားပေးရမယ်နော်...."

လီလော့ ထိုသို့ပြောပြီးသည်နှင့် တချိုးတည်းလစ်​ပြေးလေတော့သည်။

All Chapters