← Chapters

ကျောင်းတွင်းရမှတ်များ....

Vol. 11 Ch. 150

ကျောင်းတွင်းရမှတ်များ....

Vol. 11 Ch. 150

ပထမဆုံးအကြိမ် ကျင့်ကြံရေး အတန်းချိန် ပြီးဆုံးပြီးနောက်ပိုင်းတွင် လီလော့၏ ကျင့်ကြံမှုသည် ယခင်ကထက် ပိုမိုချောမွေ့အဆင်ပြေလာခဲ့သည်။

လေ့ကျင့်ရေးခန်းမထဲတွင်......

လီလော့နှင့် ချီချန်းတို့သည် မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်နေကြပြီး လက်ဖဝါးချင်းထိကပ်ထားကြသည်။

လီလော့သည် တစ်ခုခုကို အာရုံစူးစိုက်နေသည့်အတွက် မျက်ခုံးများ တွန့်ချိုးလျှက်ရှိသည်။

လီလော့၏ လက်ဖဝါးနှစ်ဖက်ကနေ နီလာရောင်နှင့် မြစိမ်းရောင်အလင်းတန်းနှစ်ခုထွက်ပေါ်နေပြီး ၎င်းတို့သည် ရေပဲ့တင်ထပ်သံနှင့် သစ်သားပဲ့တင်ထပ်သံတို့ပင်ဖြစ်ကြသည်။

၎င်းတို့ထွက်ပေါ်လာသည်နှင့်တစ်​ပြိုက်နက် အတားအဆီးမဲ့သော အင်အားတစ်ခုက ၎င်းတို့ကို ပေါင်းစည်းရန် အတင်းအကြပ်ဖိအားပေနေ၏။

ထိုအခါ မငြိမ်မသက်ဖြစ်နေသော အလင်းစက်လုံးတစ်ခုထွက်ပေါ်လာသည်။

ထိုအလင်းစက်လုံးထဲတွင် ရှိနေသော ရေနှင့်သစ်သားပဲ့တင်ထပ်သံတို့သည် ဖောက်ထွက်ရန် ရုန်းကန်တွန်းထိုးနေကြသည်။

" ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်သွားတဲ့ အခိုက်အတန့်ကို သေချာခံစားကြည့်... ပြီးရင် ဒီနှစ်ခုကြားက သဟဇာတမဖြစ်တဲ့အချက်တွေကို ဖယ်ထုတ်ပစ်ရမယ်....မင်းရဲ့နှလုံးသားထဲမှာ ဒီနှစ်ခု တစ်သားတည်းဖြစ်အောင် ပေါင်းစည်းလိုက်ပါ....."

ချီချန်း၏ အသံသည် သမုဒ္ဒရာရေပြင်ကဲ့သို့ အေးမြငြိမ်းအေးနေသည်။

လီလော့၏ စိတ်အာရုံအလုံးစုံသည် ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုဆီ နစ်မြှုပ်သွားသောအခါ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ တစ်ခုသည် အေးမြခြင်း၊ပိုးသားကဲ့သို့ နူးညံ့ချောမွေ့ခြင်းဟူသော ခံစားချက်မျိုးပေးစွမ်းနေပြီ...နောက်တစ်ခုသည် အသက်စွမ်းအား အငွေ့အသက်ကိုပေးစွမ်းနေသည်။

ချီချန်း၏ အတင်းအကြပ်ဖိအားပေးမှုကြောင့် ရေစီး​ကြောင်းတစ်ခုသည် သစ်မြစ်ထဲသို့ စီးဝင်သွားလေ၏။

လီလော့ ထိုမြင်ကွင်းကို အာရုံစိုက်နေသော်လည်း ချီချန်းက ရုတ်တရက် လက်ပြန်ရုတ်လိုက်လေသည်။

ထိုအခါ မြင်းရိုင်းနှစ်ကောင်ကို ဇာတ်ကြိုးလွှတ်လိုက်သော ထိန်းမရနိုင်တော့ပေ။

ဘုန်းးးးးးး

လီလော့၏ လက်ဖဝါးပေါ်မှ ပဲ့တင်ထပ်သံစွမ်းအားများ ပျောက်ကွယ်သွားလေပြီ။

လီလော့ မျက်လုံးဖွင့်လိုက်ပြီး စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်မိသည်။

အတွေ့အကြံရှိသူကိုယ်တိုင် လမ်းညွှန်ပေးနေသည့်တိုင် ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်ခြင်းသည် အင်မတန် ခက်ခဲလွန်းလှသည်။

" စိတ်ဓာတ်ကျမနေစမ်းနဲ့....အဲ့လောက် လွယ်ကူနေရင် မြို့စားအဆင့်တွေ ရိုက်သတ်လို့တောင် ကုန်မှာမဟုတ်ဘူး....."

လီလော့ ကောလိပ်ကိုရောက်သည်မှာ လဝက်ခန့်ရှိနေပြီဖြစ်သည်။ သုံးရက် တစ်ကြိမ် ရှန်းလိသစ်ပင်တွင် ကျင့်ကြံသည်မှအပ ကျန်သည့်​အချိန်များတွင် နည်းပြချီချန်းနှင့်အတူ ပဲ့တင်ထပ်သံပေါင်းစည်းရန် ကြိုးစားလေ့ကျင့်နေခဲ့သည်။သို့သော်လည်း လီလော့အတွက် ခက်ခဲနေဆဲပင်။

နည်းပြချီချန်းလို မြို့စားအဆင့်နည်းပြရှိနေ၍သာ ခံသာပေတော့သည်။နို့မိုဆို ဒီ့ထက်မက ခက်ခဲပင်ပန်းမည်သာ။

မည်သို့ပင်ဆိုစေ ချီချန်းပြောသည်ကလည်း မှန်ပေသည်။ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်းသည် မြို့စားအဆင့်များ၏ နယ်ပယ်ဖြစ်သည်။လီလော့လို ဆရာသခင်အဆင့်လောက်နှင့် ကြိုးစားနေခြင်းသည် မွေးကင်းစကလေးကို ပုဆိန်ပေးကိုင်နေသလိုဖြစ်နေသည်။

" ဖြည်းဖြည်းမှန်မှန်သာ ကြိုးစား....ပထမအဆင့်အောင်မြင်ရုံလောက်နဲ့တင် ဝမ်ဟေးကျုလောက်ကို အသာလေးဖြုတ်ချနိုင်ပြီ..."

" မဟုတ်သေးဘူးနော်....ဝမ်ဟေးကျူက ကျွန်တော်တို့နဲ့ တစ်ကျောင်းတည်းသားတွေမဟုတ်လား.... ဖြုတ်ချရမယ့်အစား အချင်းချင်းဖေးမပေးသင့်တာမဟုတ်ဘူးလား.... "

ချီချန်းက လီလော့ကို ကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်မောနေလေ၏။

ဝမ်ဟေးကျူနှင့် လီလော့တို့သည် မိန်းကလေးတစ်ယောက်ကြောင့် တစ်ဉီးနှင့်တစ်ဉီး ရန်စောင်နေကြသည်ကို လူတိုင်းသိကြသည်။

" နင့်မှာ ပဲ့တင်ထပ်သံနှစ်ခုရှိနေတယ်ဆိုပေမယ့်လည်း တခြားသူတွေကိုလည်း လျှော့တွက်မနေနဲ့ဉီး....ကျောင်းသားသစ်တွေထဲမှာ ရွက်ပုန်းသီးတွေ အများကြီးရှိနေနိုင်တယ်....ထိပ်တန်းအဆင့်တွေကလည်း ခရမ်းအဆင့်နည်းပြတွေ လက်အောက်မှာ နတ်ဘုရားလိုအမြန်နှုန်းတွေနဲ့ တိုးတက်လာကြပြီ...."

လီလော့ ခေါင်းညိတ်ပြလိုက်သည်။ တကယ်ဆိုသူက သူများတွေကို လျှော့တွက်နေတာမဟုတ်ပါဘူး....ကိုယ့်ကို တစ်ဖက်လူက လျှော့တွက်အောင်လုပ်ပြီး ကစားပွဲကို ပြောင်းပြန်လှန်ပစ်ရတာမျိုးကိုပဲသဘောကျတာ.....

" ဆရာ....ကျင့်ကြံမှုမြန်အောင် လုပ်ပေးနိုင်တဲ့ ရတနာတွောတွေရှိသေးလား...."

" ဘယ်လောက်မြန်ချင်တာလဲ...."

" ငါးနှစ်အတွင်း မြို့စားအဆင့်ရောက်ချင်တာ....."

ချီချန်း တခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

" ရှိတယ်ပေါ့...."

" လေ့ကျင့်ရေးပြီးဆုံးတာနဲ့ ရေမိုးချိုးလိုက်....ပြီးရင် ကောင်းကောင်းကြီးအိပ်ပစ့လောက်...အိပ်မက်ထဲရောက်ရင် မြို့စားအဆင့်တင်မကဘူး ဘုရင်အဆင့်ပါရောက်ရင်ရောက်နေလောက်မယ်...."

လီလော့၏ မျက်နှာသည် ယင်ကောင်မြိုချလိုက်ရသလို ရှုံ့မဲ့နေလေ၏။ ပိုင်မျန်မျန်နှင့် ရှင်းဖူတို့ကတော့ ခေါင်းငုံ့ပြီး ခိုးရယ်နေကြသည်။

" နည်းပြကတော့ နောက်ပြီ....."

" နင့်ဘက်က အရင်စတာလေ....ငါးနှစ်အတွင်း မြို့စားအဆင့်ရောက်ချင်တယ်တဲ့...နင့်ရဲ့.ပဲ့တင်ထပ်သံနှစ်ခုကို ရယ်စရာလို့များထင်နေတာလား...."

" ဒါဆို ကျွန်တော် ဘယ်တော့လောက် မြို့စားအဆင့်ရောက်နိုင်မလဲဟင်...."

" မြို့စားအဆင့်ရောက်ဖို့ အရည်အချင်းနှင့်အလားအလာရှိရမယ်ဆိုပေမယ့်လည်း ကိုယ်ပိုင်နားလည်မှုနဲ့ ကံကောင်းမှုတွေလဲလိုသေးတယ်...အဲ့တော့ တိတိကျကျပြောဖို့ခက်တယ်....နင်သာဆို အနည်းဆုံးဆယ်နှစ်လောက်တော့ကြာလိမ့်မယ်...."

// ဆယ်နှစ်တဲ့လား...အဲ့လောက်ဆို ကျွန်တော် ကိစ္စတုံးနေလောက်ပြီ....//

ဤအတိုင်းသာဆို ကောလိပ်မှပေးသော အရင်းမြစ်များ ရနိုင်ရန် ရေကုန်ရေခမ်းကြိုးစားရတော့မည်။ထိုအခါမှသာ မြန်မြန် အဆင့်တက်နိုင်မည်ဖြစ်သည်။

လီလော့ကို သေချာအကဲခတ်ကြည့်လိုက်သည့်အခါ အမှန်ပင် အလျင်လိုနေမှန်းနားလည်လိုက်ရသည်။သို့သော်လည်း ဤသည်မှာ ယိမ်းယိုင်နေသော လော့လန်အိမ်တော်ကို တည့်မတ်ထိန်းသိမ်းပေးခြင်းသောကြောင့်ဟုသာယူဆလိုက်မိသည်။

" လီလော့...အလျင်လိုလျှင် လမ်းအိုလိုက်ရတယ်.....အရမ်းကြီးအလောမကြီးပါနဲ့...."

လီလော့ မချိပြုံးလေးသာ ပြုံးပြလိုက်တော့သည်။သူ့ဘဝ လက်ကျန်သက်တမ်းကြောင်း ထုတ်မပြောပြနိုင်သည့်အတွက် သူ့အပူကို ချီချန်းဘယ်နည်းနှင့်မျှ နားလည်နိုင်မည်မဟုတ်ပေ။

" ဒါပေမယ့် ကောလိပ်မှာ ကျင့်ကြံမှု အရှိန်မြှင့်ပေးနိူင်တဲ့ နည်းလမ်းတွေရှိပါသေးတယ်...ရှန်းလိသစ်ပင်မှာ ကျင့်ကြံတာကလည်း အရှိန်မြှင့်ပေးနိူင်တယ်ဆိုပေမယ့် စွမ်းအားကျင့်စဉ်တွေကလည်း အရေးပါသေးတယ်...နင့်အခုသုံးနေတာ မြို့စားအဆင့်ကျင့်စဉ်မဟုတ်ဘူးမလား...."

"စွမ်းအားကျင့်စဉ်???"

လီလော့သည်ယခုထိ သုံးနေသေးသည့် အနက်ရောင်ရေတံခွန် အသက်ရှူကျင့်စဉ်သည် အဆင့်မြင့်စစ်သူကြီးအဆင့်သာရှိသည်။ မြို့စားအဆင့်ကျင့်စဉ်များသည် ပဲ့တင်ထပ်သံအဆင့်ခုနှစ်ရှိသူများသာ သုံးနိုင်သောကြောင့် ရေအလင်းပဲ့တင်ထပ်သံကို အသည်းအသန် အဆင့်မြှင့်ချင်ခဲ့သော်လည်း ယခုထိ မအောင်မြင်နိုင်သေးပေ။

"ပုံမှန်ဆို မြို့စားအဆင့်ကျင့်စဉ်တွေမှာ အဆင့်သတ်မှတ်ချက်တွေလိုအပ်ပေမယ့် နင့်အခုရောက်နေတာ လော့လန်အိမ်တော်မဟုတ်ဘူး....ကြယ်တာယာခရီးရှည်ကောလိပ် ဆိုတာမေ့မနေနဲ့ဉီး....."

" ကောလိပ်မှာ ဒါမျိုး ကျင့်စဉ်တွေရှိတယ်???"

" ငါ မှတ်မိသလောက်ဆို လှ်ိုင်းဆယ့်နှစ်ဆင့်မြို့စားကျင့်စဉ်က ပဲ့တင်ထပ်သံအဆင့်​ခြောက်ရှိရုံနဲ့ကျင့်ကြံလိို့ရတဲ့ တစ်ခုတည်းသော မြို့စားအဆင့်ကျင့်စဉ်ပဲ....."

ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ဖြစ်နေသည့်အတွက် လီလော့ အတော်ပျော်သွားလေပြီ။

"အဲ့ဒီ့ကျင့်စဉ်အပြင် ခန္ဓာကိုယ်ကို ဘေးဉပဒ်မဖြစ်စေဘဲ ကျင့်ကြံမှု အရှိန်မြှင့်ပေးနိုင်တဲ့ အခြားအရာတစ်ခုလည်း ရှိသေးတယ်...."

" အဲ့တာ ဘာလဲဟင်...."

" စွမ်းအင်အရည်..."

// ဘာတုန်းဟ နာမည်ကြီးကလည်း တောဆန်လိုက်တာ....."

" အိမ်မက်မက်မနေနဲ့....ဒါက ကောလိပ်ရဲ့အထူးထုတ်ကုန်...အဲ့တာကို ရှန်းလိသစ်ပင်ကနေ ထုတ်လုပ်ရတာဆိုတော့ တန်ဖိုးသိပ်ကြီးတယ်....ကောလိပ်မှာ ကျောင်းသားတွေ အနှစ်သက်ဆုံး ပစ္စည်းသုံးခုထဲကတစ်ခုဆိုလည်း မမှားဘူး... "

// ဖြစ်နိုင်မယ်ဆို ကောလိပ်ကြီးကို ဖက်ထားချင်လိုက်တာ....ကြယ်တာယာခရီးရှည်ကောလိပ်ကို အရမ်းချစ်မိသွားပြီ....//

" အဲ့နှစ်မျိုးကို ဘယ်လိုရနိုင်မလဲ...."

" လွယ်ပါတယ်....လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်က အမှတ် သုံးထောင်....စွမ်းအင်ရည်တစ်ပုလင်းကို အမှတ်သုံးထောင်....."

" နည်းပြ....တစ်ခုလောက်လေးလေးနက်နက်တောင်းဆိုပါရစေ....ကျွန်တော့်ကို အမှတ်နည်းနည်းလောက် အမှတ်ချေးပေးလို့ရမလားဟင်....."

" နင်ဘယ်လိုထင်လဲ...."

All Chapters