← Chapters

အထူးလေ့ကျင့်ရေး....

Vol. 11 Ch. 151

အထူးလေ့ကျင့်ရေး....

Vol. 11 Ch. 151

ချီချန်း၏ အူလှိုက်သည်းလှိုက် ရယ်သံကြီးကြောင့် အမှတ်ချေးမည့် အတွေးလေး ပလုံသွားလေပြီ။

လော့လန်အိမ်တော်သခင်လေးသည် ​ကောလိပ်ရောက်ကာမှ သူတောင်းစားလုံးလုံး ဖြစ်ရချေပြီ။

တော်ဝင်သစ်စေးအတွက် အမှတ်ငါးထောင်ရှာရဉီးမည့်အပြင် လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်နှင့် စွမ်းအင်အရည် အတွက် အမှတ်ခြောက်ထောက်ထပ်ရှာရဉီးမည်။

" ဘာမှမပြောတော့ဘူးလား နည်းပြ...."

"အနည်းဆုံးတော့ နင့်မှာ ရည်မှန်းချက်ပန်းတိုင်ရှိလာပြီပဲ.... ဘာပြောရဉီးမှာလဲ....လပတ်စစ်ဆေးမှု နီးလာပြီ...အဲ့မှကောင်းကောင်းစွမ်းဆောင်နိုင်ရင် အမှတ်တွေရလာမှာပဲဟာ...."

"အဲ့ကနေ အမှတ်ဘယ်လောက်ရနိုင်လဲ...."

ချီချန်းက ရှင်းဖူနှင့် ပိုင်မျန်မျန်ကိုပါကြည့်လိုက်ပြီး.....

"လပတ်စစ်ဆေးမှုက နင်တို့ အရင်ကကြုံခဲ့ဖူးသလိုမဟုတ်ဘူး...သူက အဖွဲ့လိုက်လှုပ်ရှားရမှာ....ကိုယ့်အဖွဲ့သားရဲ့ အားသာချက်၊အားနည်းချက်ကို သေချာနားလည်ပြီး အတူတကွပူးပေါင်းလုပ်ဆောင်နိုင်မရမယ်.....အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ နင်တို့တိုက်နိုင်တဲ့ အဖွဲ့အရေအတွက်လိုက် အမှတ်ရမယ်...ခရမ်းအဆင့်အဖွဲ့ဆို အမှတ် ၅၀၀၊ ရွှေအဆင့်ဆို အမှတ်၁၀၀၊ ငွေအဆင့်ဆို အမှတ် ၂၀...."

လီလော့ စိတ်မထိန်းနိုင်တော့ပေ။ စိတ်ထဲတွင် ကျောင်းသားသစ်အားလုံးကို အနိုင်ယူလိုစိတ်များ ပြင်းပြလာလေသည်။

// မဖြစ်သေးဘူး....ကျောက်ခွော်တို့ကို ချန်ထားပေးရဉီးမယ်...ပြီးတော့ လုချင်းအာတို့အဖွဲ့ရောပဲ...အဲ့အဖွဲ့မှာ လုချင်းအာ မပါရင်တောင် ချင်ဇူလုရှိနေတဲ့အတွက် လက်ရှောင်ရမယ်...သီးသန့်ပစ်မှတ်ထားရမယ့်အဖွဲ့ကတော့ ရှန်ကျင်းရှောင်တို့အဖွဲ့ပဲ....//

အဆင့်သတ်မှတ်ချက်တိုက်ပွဲများသည် အဖွဲ့လိုက် လှုပ်ရှားရသော တိုက်ပွဲများဖြစ်သည်။ သူသည် ယခုချိန်ထိ မည်သူနှင့်မျှ အတူတကွမပူးပေါင်းဖူးသေးပေ။ နန်ဖန်းတွင် ယုလန်တို့နှင့် ပူးပေါင်းခဲ့သည်ဆိုသော်လည်း ပြောပလောက်သည်အထိ မနီးစပ်ခဲ့ပေ။

ယခုတိုက်ပွဲများသည် ဒိတ်ဒိတ်ကြဲ အဖွဲ့များနှင့် တိုက်ခိုက်ရမည့်တိုက်ပွဲများဖြစ်သည်။

" နောက်ဆို အခြားကျောင်းတော်တွေနဲ့ ပြိုင်ရင်လည်း အခုလိုပဲ အဖွဲ့လိုက်ပြိုင်ရမှာ...ကြိုတင်လေ့ကျင့်ထားတာ အကောင်းဆုံးပဲ.....အရေးကြီးဆုံးက တခြားသူတွေနဲ့တိုက်ခိုက်တဲ့အခါ ကိုယ့်မှာ အဖွဲ့ရှိနေတဲ့အတွက် အသက်ရှင်ဖို့အခွင့်အရေးပိုများတယ်....."

ထိုစကား​ကြောင့် သုံးယောက်စလုံး တုန်လှုပ်သွားကြလေသည်။ ကောလိပ်စရောက်သည့်နေ့ကတည်းက လူသားမျိုးနွယ် ရင်ဆိုင်နေကသော ကပ်ဘေးကြီးအကြောင်း ကြားသိထားပြီးဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ရတော့မည်သာ။

" အဆင့်သတ်မှတ်ချက်တိုက်ပွဲအတွက် ငါ့မှာ နင့်တို့ကိုဘာမှ တောင်းဆိုစရာမရှိဘူး....နင်တို့ တိုက်နိုင်ရင် နင်တို့ရမယ်....တစ်ခုတော့မှတ်ထားကြ...ကျောင်းတွင်းရမှတ်ဆိုတာ ကောလိပ်မှာသုံးတဲ့ ငွေကြေးပဲ...အမှတ်တွေနဲ့ အရင်းမြစ်တွေ ဝယ်လို့ရတယ်...အဲ့တော့ သူများတွေ ကိုယ့်ကိုကျော်တက်သွားတာမျိုးမလိုချင်ရင် ကြိုးစားကြပေါ့....."

လီလော့ လောဘတကြီး လျှာသပ်လိုက်မိသည်။ အဆင့်သတ်မှတ်ချကတိုက်ပွဲသည် သူ့အတွက်တော့ အဆီတဝင်းဝင်းနဲ့အသားတုံးကြီးသဖွယ်ပင်.....

အကယ်၍ အရင်းမြစ်အရနည်း၍ ကျင့်ကြံမှုနှောင်းနှေးမည်ဆိုလျှင် ပိုင်မျန်မျန်နှင့် ရှင်းဖူတို့အတွက် ပြသာနာသိပ်မရှိသော်လည်း သူ့အတွက်ကတော့ ငါးနှစ်ဟူသော အချိန်ကန့်သတ်ချက်ရှိနေသည် မဟုတ်လော။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို လီလော့အဖြစ်သည် ထွေးရအခက် အန်ရအခက်ပင်။

" ကျွန်တော့်တို့က အမှတ်နည်းနည်း များများပြသာနာမရှိပေမယ့် နည်းပြက နည်းပြရှန်ကျင်းရှောင်နဲ့ ပြိုင်ဘက်တွေဆိုတော့ ကျွန်တော့်တို့သာ ရလဒ်တွေဆိုးဝါးနေရင် နည်းပြမျက်နှာ ပျက်ရလိမ့်မယ်..."

" ကိုယ့်လူတွေ တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ငါတို့အသုံးမကျရင် နည်းပြပဲ ကဲ့ရဲ့ခံရမှာ...."

ပိုင်မျန်မျန်နှင့် ရှင်းဖူခင်မျာ ရုတ်တရက်ကြီး လေးလံသော တာဝန်ဝတ္တရားတစ်ခုဖိစီးလာသလို ခံစားလိုက်ရသည်။

// ငါတို့က လပတ်စာမေးပွဲ ဖြေရမှာလား ဆရာ့ကျေးဇူးသွားဆပ်ရမှာလား....//

လီလော့ပြောသမျှတိုင်းသည် ယုတ္တိတန်နေသော်လည်း မည်သူမျှ ဆရာဖြစ်သူကို မျက်နှာမပျက်စေချင်ကြပေ။

ထို့ကြောင့် နှစ်ယောက်စလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်။

ခေါင်းဆောင်နေရာကို တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်လိုက်ကြကတည်းက ထိုနှစ်ယောက်စလုံး စိတ်ပျော့သူများဖြစ်ကြသည်ကို လီလော့ အထာနပ်နေလေပြီ။ ဤအတိုင်းသာ မတုန်မလှုပ်ဆက်နေ နေမည်ဆိုပါက လီလော့တစ်ယောက်တည်းသာ အကုန်လုံးနှင့်ရင်ဆိုင်ရပေတော့မည်။ထို့ကြောင့် လူကြားကောင်းအောင် ဆရာ့ကျေးဇူး မြင့်မိုရ်ဉီးဟူ၍ခေါင်းစဉ်တပ်လိုက်ရခြင်းဖြစ်သည်။

လီလော့ ဘာတွေ ကြံစည်နေမှန်းမသိသော်လည်း အူကြောင်ကြောင်နှစ်ယောက်ကို စည်းရုံးနိုင်သည့်တစ်ချက်နှင့်ပင် ချီးကျူးချင်စရာကောင်းနေပြီမဟုတ်လော။

" အဖွဲ့သားအချင်းချင်း ပူးပေါင်းလုပ်ဆောင်တတ်အောင် ဒီနေ့ကစပြီး အထူးလေ့ကျင့်ရေးဆင်းရမယ်...."

ချီချန်း ထိုသို့ပြောလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည့်အခါ အရင်တစ်ခါ ထုတ်ပြခဲ့ဖူးသည် ကျောက်စိမ်းရေပြာကျားရဲကြီး ပေါ်ထွက်လာလေသည်။

" တစ်နေ့ကို သုံးနာရီလေ့ကျင့်ရမယ်....သူ့ကိုနိုင်အောင် တိုက်နိုင်မှ ထမင်းစားရမယ်...."

" မနိုင်ရင် အငတ်ခံနေရမယ်..."

..........

" ဝေါင်းးးး"

ကျားရဲ ဟိန်းဟောက်သံနှင့်အတူ လှုပ်ရှားနေသံများ လေ့ကျင့်ရေးခန်းမထဲတွင် ပျံ့လွှင့်နေလေ၏။

ကျားရဲကြီးသည် လေထုထဲတွင် တောက်ပစွာ ရပ်နေသည်။

လီလော့တို့သုံးယောက်ကတော့ ကျားရဲကြီးလက်ချက်ကြောင့် အခန်းထောင့်ဆီသို့ လွင့်စင်သွားကြသည်။

ကျားရဲကြီးအတွက်တော့ လီလော့တို့သုံးယောက်သည် ကြွက်ကလေးများသဖွယ်ပင်....

သုံးယောက်စလုံးကြမ်းပြင်ပေါ် ထိုင်လိုက်ပြီး ကျားရဲကြီးကို စိတ်ပျက်စွာ စိုက်ကြည့်နေကြသည်။

" ကျားကြီးက တကယ်သန်မာတယ်နော်....."

ဤသည်မှာ သုံးရက်မြောက်နေ့ဖြစ်သော်လည်း ယခုထိ နိုင်အောင်မတိုက်နိုင်ကြသေးပေ။

လီလော့က မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး.....

"ကျားက ဆရာသခင် ဒုတိယအဆင့်ဆိုတော့ ငါတို့ထက် တစ်ဆင့်သာနေတယ် ပဲ့တင်ထပ်သံစွမ်းအားနဲ့ ဖန်တီးထားတယ်ဆိုပေမယ့်လည်း ဒီကျားမှာ နည်းပြရဲ့တိုက်ပွဲအတွေ့အကြုံတွေ ပါနေတယ်....."

" နည်းပြက တကယ့်အံမခမ်းပဲ....."

ပိုင်မျန်မျန် ချီးကျူးလည်း ချီးကျုးလောက်ပေသည်။ အကယ်၍ ဤကျားရဲကြီးသာ ပဲ့တင်ထပ်သံစွမ်းအားနှင့် ဖန်တီးထားချင်းမဟုတ်ပါက အခုလောက်ဆို သူတို့သုံးယောက်စလုံး အခါတစ်ရာလောက်သေပြီးနေလောက်ပြီ။

လေ့ကျင့်ရေးခန်းမ၏ အမြင့်တစ်နေရာတွင်  နေ့လည်စာစားနေသည့် နည်းပြချီချန်းက သူ့တပည့်သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပေါင်မုန့်ကြမ်း သုံးခုပစ်ပေးလိုက်သည်။

" ဘာမှ မစားရသေးဘူးမလား....ပေါင်မုန့်ကြမ်းလေးစားပြီး ဝိတ်လျှော့လိုက်ကြ...."

" တောက်....ပေါင်မုန့်ကြမ်းကြီးပဲ စားနေရတာ သုံးရက်ရှိနေပြီ.....မုန်းစရာကောင်းလိုက်တာ...."

" ခေါင်းဆောင်...နည်း​ပြလစ်တာနဲ့ တစ်ခုခု ချက်ပေးမယ်လေ...."

လီလော့ ဝါးလက်စကို ရပ်လိုက်မိသည်။ ဤသည်မှာ ပေါင်မုန့်ကြမ်း နွားသားရေလို အရသာကြောင့်မဟုတ်ဘဲ ရှင်းဖူ၏ ထိတ်လန့်တကြားအကြည့်ကြောင့်သာပင်.....

" မျန်မျန်....နည်းပြမသိအောင် ခိုးစားလို့မဖြစ်ဘူး...ငါတို့တွေ နည်းပြကို ကတိပေးထားပြီးပြီမဟုတ်လား...အဲ့တော့ ကျားရဲကြီးကို မနိူင်မချင်း ပေါင်မုန့်ကြမ်းပဲစားမှဖြစ်မယ်..."

" ဒါက ငါတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်နေတာ...."

ရှင်းဖူကလည်း လီလော့ စကားကိုထောက်ခံသည့်အနေဖြင့် လေးလေးနက်နက် ခေါင်းညိတ်ပြနေသည်။

" တောင်းပန်ပါတယ်... နည်းပြပြောတာ မှန်တယ်....."

" အေးပါ...အမှားကို သိရင် အမှန်ပြင်လိုက်ရုံပေါ့...."

// တော်သေးတာပေါ့....ပိုင်မျန်မျန် ချက်တာစားရမှာထက်စာရင် ပေါင်မုန့်ကြမ်းကမှပိုကောင်းပါသေးတယ်....//

ယခုချိန်ထိ ထိုအကြောင်းအရာများကို ထုတ်မပြောနိုင်သေးပေ။ ဤသည်မှာ သူမကို စိတ်ထိခိုက်သွားစေနိုင်ပြီး အခန့်မသင့်ပါက ပိုင်တုတုလက်စာမိသွားနိုင်သည်။

" ပေါင်မုန့်ကြီးချည်းပဲ ဆက်စားနေလို့မဖြစ်တော့ဘူး...နည်းလမ်းရှာမှဖြစ်နေတော့မယ်...."

ဘယ်လို ဝါးဝါး အရသာမရှိသည့်အတွက် ပေါင်မုန့်ကို နှစ်ကိုက်လောက်နှင့် လက်စဖျောက်လိုက်ပြီး ကျားရဲကြီးကို သေချာစူးစမ်းကြည့်လိုက်သည်။

" သုံးရက်အတွင်း ငါသတိထားမိတာတစ်ခုရှိတယ်....သူရဲ့ ငါးပေလောက်အကွာအဝေးထဲကို ရောက်သွားတာနဲ့ အရှိန်လျော့ကျသွားတယ်...ဒါက ကျားရဲကြီးရဲ့ ရေစေးရောင်ဝါ ကြောင့်နဲ့တူတယ်...ဒါကဘ ပြိုင်ဘက်ရဲ့ အရှိန်ကို လျှော့ချပေးနိုင်တဲ့ ရေပဲ့တင်ထပ်သံပညာရပ်ပဲ...."

" ဟုတ်တယ်...ကျွန်တော်ရဲ့ ရိုက်ချက်တွေလည်း မထိုးဖောက်နိုင်ဘူးဖြစ်နေတယ်...ကျားရဲကြီးက ခံစစ်သိပ်ကောင်းတယ်...."

" ခေါင်းဆောင်...ကျွန်မလည်း တစ်ခုသတိထားမိတယ်....ကျွန်မတို့တိုက်ခိုက်လိုက်ချိန်တိုင်း သူ့ရဲ့ ဘယ်ဘက်ရင်အုံမှာ အကြေးခွံလေးခုပြောင်းပြောင်းသွားတယ်...အဲ့တာ သူ့ရဲ့အားနည်းချက်များဖြစ်နေမလား....."

" အင်း ငါလည်းသတိထားမိတယ်...လာကွာ နောက်တစ်ကြိမ််ထပ်တိုက်ကြတာပေါ့.. ."

ပြီးတာနဲ့ သုံးယောက်သား ခေါင်းချင်းဆိုင် အစီစဉ်ဆွဲလိုက်ကြသည်။

" ကဲ.... ဒီတစ်ခါ အနိုင်ရရင် ငါ မင်းတို့ကိုကန်တင်းမှာ ထမင်းလိုက်ကျွေးမယ်...."

" ဟုတ်.....ကျွန်မလည်း ဟင်းတွေအများကြီးချက်ပေးမယ်.."

All Chapters