တိုင်ကြားခြင်း....
Vol. 11 Ch. 153
ကောလိပ်၏ အထက်တန်းကျသော နန်းဆောင်တစ်ခုတွင် ဒုကျောင်းအုပ်စုရှင်းရှေ့တွင် ကျန်းချင်းအာသည် ရှန်ကျင်းရှောင်အကြောင်းတိုင်တန်းလျှက်ရှိသည်။
ကျန်းချင်းအာဘေးတွင် မျက်နှာထားခပ်တင်းတင်းနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ပါ အတူရှိနေသည်။
ထိုအမျိုးသမီးသည် ကျန်းချင်းအာ၏နည်းပြ ဟော်ရှု ဖြစ်သည်။
" စုရှင်း...ဟိုကောင် ရှန်ကျင်းရှောင်က တစတစပိုပိုဆိုးလာပြီ....နင် မနိုင်ရင်လည်း ငါ့နဲ့သာ လွှဲထားလိုက်...အဲ့ကောင်ကို ဉကွဲကောင်ညှစ်ပစ်လိုက်မယ်..."
ဟော်ရှု၏ အပြောကြမ်းကြမ်းများကြောင့် စုရှင်း လန့်ဖြန့်သွားပြီး.....
" စိတ်အေးအေးထားပါဉီး နည်းပြဟောင်ရှုရယ်....ရှန်ကျင်းရှောင်လာတဲ့အထိ ခဏစောင့်ကြတာပေါ့...."
ဟော်ရှုက မကျေနပ်ဟန်ဖြင့် နှာမှုတ်၍ မျင်နှာလွှဲထားလေသည်။
" ဒုကျောင်းအုပ်စုရှင်းကို ဒုက္ခပေးသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်...."
စုရှင်းက ကျန်းချင်းအာကို လက်ခါပြလိုက်ပြီး စကားစမြည်ပြောဆိုနေတုန်း ရှန်ကျင်းရှောင်ရောက်လာခဲ့လေသည်။
"ဒုကျောင်းအုပ်..."
စုရှင်းက ရှန်ကျင်းရှောင်ကို ဝေ့ဝိုက်မနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောချလိုက်လေသည်။
"ရှန်ကျင်းရှောင်....ကျန်းချင်းအာက ရှင့်ကို အကျင့်ပျက်မှု၊ တရားမျှတမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ ကျောင်းသားတစ်ယောက်ရဲ့ ကျင့်ကြံမှုကို ရည်ရွယ်ချက်ရှိရှိနှောင့်နှေးအောင် လုပ်တယ်လို့ တိုင်ချက်ဖွင့်ထားတယ်...."
" အိုး....တကယ့်ပြစ်မှုကြီးပါလား....ဒါနဲ့ သာမာန်ကျောင်းသားတစ်ယောက်က ခရမ်းအဆင့်နည်းပြတစ်ယောက်ကို ဒုကျောင်းအုပ်စီမှာ တိုင်ချက်ဖွင့်ဖို့ ဘယ်အချိန်ကတည်းက ခွင့်ပြုချက်ရသွားတာလဲ...."
" ရှန်ကျင်းရှောင်....အရင်အတိုင်း ပေါက်လွတ်ပဲစားတွေ ပြောနေတုန်းပဲနော်...ချင်းအာက သာမန်ကျောင်းသးမဟုတ်တော့ဘူး....အမာခံခုနှစ်ယောက်ထဲက တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးနေပြီ...နှစ်ကုန်တာနဲ့ တရားဝင်ခန့်အပ်ပေးတော့မှာ...."
ဟော်ရှုသည် တပည့်ထိ ဓားကြည့်ဆိုသည့် လူစားမျိုးပင်.....
ဟော်ရှု၏ စကားများကြောင့် ရှန်ကျင်းရှောင် မျက်မှောင်ကြုံ့သွားလေသည်။
ကောလိပ်တွင် အမာခံခုနှစ်ဉီးသည် ကျောင်းသားများအတွက် အမြင့်ဆုံး ဂုဏ်ပုဒ်ဖြစ်ပြီး တရားဝင်ခန့်အပ်ပြီးပါက ခရမ်းအဆင့်နည်းပြများနှင့် တန်းတူ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးပိုင်းများတွင် ဝင်ရောက်ဆုံးဖြတ်ပေးနိုင်ပြီဖြစ်သည်။
အကယ်၍ ကျန်းချင်းအာသည် အရွေးချယ်ခံထားရသည်ဆိုလျှင် သာမာန်ကျောင်းသူမဟုတ်တော့ပေ။
သို့သော်လည်း အမာခံခုနှစ်ဉီးထဲမှ တစ်ယောက်ဖြစ်ရန် အနည်းဆုံး ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့် ရှိရပေမည်။ ကျန်းချင်းအာ တစ်နှစ်အတွင်း ထိုအဆင့်သို့ရောက်နိုင်မည်လော။ကြယ်လေးပွင့်ကျောင်းသားများပင် ထိုသို့မစွမ်းဆောင်နိုင်ကြသေးပေ။
" ကြယ်သုံးပွင့်ကျောင်းသူတစ်ယောက်က အမာခံခုနှစ်ဉီးစာရင်းဝင်ဖို့ ချွင်းချက်ထားပေးလိုက်ကြတာလား....ဒါပေမယ့် ကျုပ်ကိုဘာလို့ မဟုတ်မမှန်တာတွေ စွပ်စွဲနေရတာလဲ...နားမလည်နိုင်တော့ဘူး..... "
" နည်းပြရှန်ကျင်းရှောင်က နည်းပြရွေးချယ်ပွဲတုန်းကတည်းက လီလော့ကို ပစ်မှတ်ထားခဲ့ဖူးတယ်..အခုလာလး လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ငှားရမ်းသွားသေးတယ်...ဒါ့ကြောင့်အခုလို တိုင်ကြားလိုက်ရတာ...."
" နည်းပြရွေးပွဲတုန်းက လီလော့ရဲ့ အရည်အချင်းတွေ ပေါ်ထွက်လာအောင် လှုံဆော်ပေးလိုက်ရုံပါ..ဒီလိုမှမဟုတ်ရင် ခရမ်းအဆင့်နည်းပြလေးယောက်ဆီက ကမ်းလှမ်းခံရပါ့မလား....ကျင့်စဉ်ကလည်း ကျုပ် တကယ် လေ့လာစရာရှိလို့ ယူလာတာပါ...တမင်လုပ်တာမဟုတ်ပါဘူး...တိုက်ဆိုင်သွားတာဖြစ်ပါလိမ့်မယ်.....ဒါ့အပြင် လိုအပ်တဲ့သူရှိရင် ကျုပ်ဆီလာခဲ့ဖို့ မှတ်ချက်ရေးထားခဲ့ပေးတယ်လေ....ဒါကို ကျန်းချင်းအာဘက်က အကဲဆတ်ပြီး ဒုကျောင်းအုပ်အထိ တက်တိုင်တယ်ဆိုတော့......"
"ရှန်ကျင်းရှောင် နင်အကြံဒါအကုန်ပဲလား....နင် ချင်းအာနဲ့ အဆင်မပြေလို့ပြသာနာလိုက်ရှာနေတာမဟုတ်လား...ကြက်သတုံးကောင်...နင်လို လူစားမျိုးက နည်းပြဖြစ်ဖို့ မထိုက်တန်ဘူး.... "
ဟော်ရှု၏ အကြမ်းစား စကားလုံးများကို ရှန်ကျင်းရှောင်အတော်သည်းခံနေရသည်။
// အပေါက်ဆိုးလိုက်တဲ့မိန်းမ.... ဒါ့ကြောင့်မို့ သူ့မြင်တာနဲ့ အကုန်လန့်ပြေးကုန်တာ....//
စုရှင်းသည် ကြားချပေးသည့်အနေဖြင့်.....
" နည်းပြရှန်...လှိုင်းဆယ့်နှစ်ဆင့်ကိုလေ့လာလို့လဲ ရှင့်အတွက် ဘာမှ သိပ်ထူးခြားသွားမှာမဟုတ်ဘူးဆိုတော့ ...လောလောဆယ် ချင်းအာတို့ကို ပေးလိုက်ပါလား....နောက်မှ ထပ်ယူလိုက်ပါ...."
" အင်းလေ...ဒုကျောင်းအုပ်က အမိန့်ပေးနေမှတော့ လိုက်နာရမှာပေါ့...ဒါပေမယ့် သိပ်မကြာခင် လပတ်စာမေးပွဲဖြေရတော့မှာ သိကြတယ်မဟုတ်လား....ကျုပ်က ပွဲစီစဉ်သူတစ်ယောက်အနေနဲ့ ပထမရတဲ့အသင်းကို ဒီကျင့်စဉ် ဆုချမလို့.....ဟီးးဟီးကျူပ် အိတ်စိုက်ပြီး ပေးမှာပါဗျာ....."
" အရမ်းလဲ စိတ်ပူမနေပါနဲ့ အနိုင်ရတဲ့အဖွဲ့က မလိုချင်ဘူးဆို .ပြန်ပေးမှာပါ....အဲ့အခါကျမှ ချင်းအာသွားဝယ်လိုက်ပေါ့....."
ရှန်ကျင်းရှောင်၏ ဉာဏ်နီဉာဏ်နက်များမှုသည် ထင်ထားသည်ထက်ပင် သာလွန်နေသောကြောင့် စုရှင်း သေချာစိုက်ကြည့်နေမိတော့သည်။
သူသည် ကျင့်စဉ်ကို ဆုအဖြစ်ပေးမည်ဟုပြောလိုက်သောကြောင့် ဒီ့ထက်ပိုပြီးတောင်းဆိုနေလို့ မရတော့ပေ။
" ရှန်ကျင်းရှောင်...နင် ကြပ်ကြပ်သတိထားနေ....."
ဟော်ရှု၏ လေသံအနေအထားအရ ရှန်ကျင်းရှောင်ကို တူးတူးခါးခါးမုန်းနေပြီဖြစ်ကြောင်း စုရှင်းသဘောပေါက်သွားခဲ့လေပြီ။
ကျန်းချင်းအာက ရှုးရှူးရှားရှားဖြစ်နေသော ဟော်ရှုကို ထိန်းလိုက်ပြီး စုရှင်းကို.....
" ဒုကျောင်းအုပ်ကို ကျေးဇူးတင်ပါတယ်...."
ထိုသို့ပြောပြီး ဆရာတပည့်နှစ်ဉီး အခန်းထဲမှ ထွက်သွားကြလေသည်။
နှစ်ယောက်တည်းကျန်ခဲ့တော့မှသာ စုရှင်းက.....
" နည်းပြရှန်....ကျွန်မတို့ကောလိပ်မှာ ရှေးရိုးဆန်တဲ့ အမြင်မျိုးတွေမရှိပါဘူး...ရှင် ကျန်းချင်းအာကို နှစ်သက်တယ်ဆို ပွင့်ပွင့်လင်းလင်း ပိုးပန်းပါ...အခုလို လုပ်နေတာမျိုးတွေက အထင်သေးစရာကောင်းလွန်းတယ်....ရှင်က အခု မြို့စားအဆင့် ရောက်နေပြီဆိုပေမယ့် တစ်နေ့ ကျန်းချင်းအာ ရှင့်ထက်သာသွားရင် ဘာတွေဖြစ်လာလိမ့်မလဲ....."
ရှန်ကျင်းရှောင် တုန်လှုပ်သွားသော်လည်း ချက်ချင်း အမူအရာပြင်လိုက်ပြီး.....
" တခြားဘာကိစ္စမှမရှိတော့ဘူးဆို ပြန်လိုက်ပါဉီးမယ်...ခွင့်ပြုပါဉီး.... "
စုရှင်း ရှန်ကျင်းရှောင်၏ ကျောပြင်ကိုငေးရင်းအတွေးများနေလေသည်။
// ရှန်ကျင်းရှောင်...ရှင်ဘာတွေ ထပ်ကြံစည်ဉီးမလို့လဲ....//