အလွန်ချမ်းသာသောအမျိုးသမီး.......
Vol. 11 Ch. 154
လေ့ကျင်းရေးပြီးဆုံးသည့် အခါ လိလော့ရေမိုးချိုးပြီး မှန်မှာ ထင်ဟပ်နေတဲ့ ကိုယ့်ပုံရိပ်ကို ကိုယ်ပြန်ကြည့်လိုက်မိသည်။
" အပြင်ပန်းရုပ်ရည် ဘယ်လောက်ချောချော အတွင်းပိုင်းက အခွံလွတ်ကြီးဖြစ်နေတယ်...."
လီလော့ ကောလိပ်ကိုရောက်နေသည်မှာ ရက်နှစ်ဆယ်ခန့်ရှိနေပြီဖြစ်သည့်အတွက် ထောက်ပံ့ပေးနေသည့် ဝိဉာဉ်ရည်များလည်း ပြတ်လပ်သွားပြီဖြစ်သည်။
ယခုတစ်ခေါက်သုံးလိုက်သည့် ဝိဉာဉ်ရည်များသည် မြေသစ်သားပဲ့တင်ထပ်သံကို အဆင့်ငါးအထိ မြှင့်တင်ပေးနိုင်ခဲ့သော်လည်း ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်ခြောက်တွင်သာ သောင်တင်လျှက်ရှိသေးသည်။
အလွန်စျေးကြီးလှသော အဆင့်ခြောက်ဝိဉာဉ်ရည်များကို ကျန်းချင်းအာဘက်က ရသေလောက်ဝယ်ပေးမည်ဟု အာမခံထားသောလည်း လီလော့ သုံးနေသော နှုန်းကို အလျင်မမှီနိုင်သေးပေ။
ရှီးယန်ရုံးချုပ်သည် ယခုချိန်တွင် ဝင်ငွေကောင်းလာပြီဆိုသော်လည်း နေ့ချင်းညချင်း ချမ်းသာလာမည်မဟုတ်သေးပေ။
"ဟူးးး သည်းခံရုံပဲပေါ့...."
လီလော့ အဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
ဒုတိယအထပ်တွင် နည်းပြချီချန်းက ပိုင်မျန်မျန်ကို ပဲ့တင်ထပ်သံပြုပြင်ခြင်းပညာရပ်များလေ့ကျင့်ပေးရန် အခန်းတစ်ခု သီးသန့်ပြုလုပ်ထားပေးသည်။
အခန်းနံရံကို ကြည်လင်သောသလင်းကျောက်များနှင့် တည်ဆောက်ထားသောကြောင့် မည်သူမဆို လှမ်းမြင်နေရသည်။ ချီချန်းသည် နံရံကို မှီလျှက် ပျင်းတိပျင်းရွဲ မတ်တပ်ရပ်နေပြီး အခန်းထဲမှ ပိုင်မျန်မျန်ကို ကြည့်နေ၏။
အခန်းထဲတွင် ပိုင်မျန်မျန်သည် များစွာသောဖန်ပုလင်းများကြားတွင်ရပ်နေပြီး သူမနောက်ရှိ ကျောက်သင်ပုန်းပေါ်တွင် ရှုပ်ထွေးလှသော ကိန်းဂဏန်းများ ရေးမှတ်ထားသည်။
လီလော့ သူမကို ကြည််ပြီး အတော်အံ့သြသွားခဲ့လေသည်။ယခုချိန်တွင် ပိုင်မျန်မျန်သည် မြင်တွေ့နေကျ ရှက်တက်တက်အမူအရာမျိုးရှိမနေဘဲ ဝိဉာဉ်ရည်သန့်စင်ရေးအလုပ်ငန်းစဉ်များကို သံပတ်ပေးထားသောစက်ရုပ်တစ်ခုလို ခပ်တောင့်တောင့်ကြီးလုပ်ဆောင်နေသည်။
"ဒါ ပိုင်မျန်မျန်လား...."
" ဟုတ်တယ်....သူက အိမ်မက်မက်နေတဲ့အခြေနေမျိုးဖြစ်နေတာ...."
" ဟမ်...ဘာကို ပြောတာလဲ..."
" သူ့ရဲ့ အိမ်မက်ဆိုးရေလိပ်ပြာပဲ့တင်ထပ်သံရဲ့အထူးစွမ်းရည်ကြောင့်ပေါ့....သူ့ပဲ့တင်ထပ်သံမှာ အစွမ်းထက်တဲ့ ပုံရိပ်ယောင်စွမ်းရည်ရှိတယ်....သူအခု အဲ့တာကိုသုံးနေတာ.....အိမ်မက်နယ်မြေထဲရောက်သွားတဲ့အခါ သူ့ရဲ့ ဝိဉာဉ်ရည်သန့်စင်ရေး စွမ်းရည်တွေပိုတိုးတက်လာတယ်...ပြီးတော့ သာမန်အချိန်မှာ နားမလည်နိုင်တဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းနိုင်တယ်...."
" ဝိုးးး မိုက်လိုက်တာ...သူ့ပုံစံက မသိရင် အိမ်မက်ယောင်ပြီး လမ်းလျှောက်နေတာကျနေတာပဲ...."
" အထင်မသေးနဲ့..အခုဆို ပိုင်မျန်မျန်က ဝိဉာဉ်ရည်ထုတ်ဖော်နည်း ဆယ်မျိုးလောက် ရှာတွေ့ထားပြီးပြီ... အဆင့်လေးအောက်တစ်ခုမှ မရှိဘူး..."
ရှပြည်ထောင်စုတွင် ဝိဉာဉ်ရည်သန့်စင်ရေးဖော်မြူလာများကို ကြယ်တစ်ပွင့်မှ ကြယ်ငါးပွင့်အထိ အဆင့်သတ်မှတ်ထားကြသောကြောင့် ကြယ်လေးပွင့်ဆိုသည်မှာ တော်တော့်ကို အဆင့်မြင့်သည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။
ရှီးယန်တွင်ပင် ကြယ်သုံးပွင့်အဆင့်ဖော်မြူသာကိုသာ သုံးနေရသေးသည်။ ငွေကြေးအမြောက်အမြားအကုန်ခံပြီး သုတေသနပြုလုပ်သော်လည်း ကြယ်လေးပွင့်ဖော်မြူလာကို အခုထိ မရှာနိုင်သေးပေ။
ဤကလေးမ၏ ပိုင်ဆိုင်မှုသည် ရှီးယန်ထက်ပင်ကြွယ်ဝနေသေးသည်။
သူမသည် သိုသိုသိပ်သိပ်နေနေသော သူဌေးမကြီးတစ်ယောက်ဖြစ်နေလေ၏။
" ဘာ့ကြောင့် ပဲ့တင်ထပ်သံပြုပြင်သူခန်းမက သူ့ကို အသည်းအသန်လိုချင်နေလဲဆိုတာ သဘောပေါက်ပြီလား....လဝက်အတွင်း လာလာရှာနေကြတာ အခါပေါင်းမနည်းတော့ဘူး...."
လီလော့သည် သလင်းနံရံတစ်ဖက်ခြမ်းက မိန်းမပျိုလေးကို ရှားပါးရတနာတစ်ခုသဖွယ် လောဘတကြီး စိုက်ကြည့်နေလေ၏။
// အကယ်၍ ငါသာ သူ့ကို ဖီးဖြန်းနိုင်ရင်...မဟုတ်သေးဘူး ရှီးယန်စံအိမ်ကို ဖိတ်ကြားနိုင်ရင် သူ့ဖော်မြူလာနဲ့ ငါ့လျှို့ဝှက်ရေအရင်းမြစ်သာ ပေါင်းလိုက်ရင် ပွဲသိမ်းပြီပဲ....ပြီးတော့ နည်းပြချီချန်းလို အကျော်မော်တစ်ဉီးပါ ပါလာရင် ထိပ်တန်းစံအိမ်စာရင်းဝင်နိုင်ပြီ....//
လီလော့ လောဘကြောင့် အသားတွေပင်တဆတ်ဆတ်တုန်လာလေသည်။
" နင်ဘာတွေ တွေးနေလဲ သေချာမသိပေမယ့် အသားတွေတုန်နေတာတော့မြင်နေရတယ်...မြန်မြန်ရပ်ရင်ရပ် မရပ်ရင် ကန်ထုတ်ပစ်မယ်....."
နည်းပြ၏ချိန်းခြောက်သံကြားမှသာ လီလော့ လောဘကို အရှိန်သတ်လိုက်ရသည်။
" နင်သူ့ကို အခွင့်ကောင်းယူဖို့ စဉ်းစားမနေနဲ့...ပိုင်မျန်မျန်ကဖြူစင်ပေမယ့် အစ်မဖြစ်သူနဲ့ ပိုင်မိသားစုဝင်တွေက အစွယ်မပါတဲ့ကျားတွေမဟုတ်ဘူး...."
" နည်းပြ...ကျွန်တော်....ကျွန်တော်က ပိုင်မျန်မျန်နဲ့ ဗဟုသုတဖလှယ်ချင်ရုံပါ....ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့သားကို ကာကွယ်ပေးရမယ်မှန်း သိပါတယ်....."
နည်းပြချီချန်းက လီလော့၏ ပေါက်ကရစကားများကို လျစ်လျုရှူလိုက်ပြီး.....
" လပတ်စာမေးပွဲမှာ ဆုတစ်ခုထပ်တိုးပေးထားတာသိပြီးပြီလား...."
လီလော့ တကယ်မသိသည့်အတွက် ခေါင်းခါပြလိုက်သည်။
" လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်... "
လီလော့ မျက်ရည်အဝဲသားနဲ့ ဆို့နင့်လာပြီး.....
" နည်းပြ...နည်းပြ ကျွန်တော့်အပေါ် တကယ်တွေးပေးတာပဲ...."
ထိုကျင့်စဉ်အတွက် လီလော့ ခေါင်းကိုက်နေရသည်မှာ အတော်ကြာလှနေပြီ။ ယခုလို နည်းပြချီချန်းဘက်က ဆုအဖြစ်ပေးမည်ဆိုသောကြောင့် လီလော့ အတော်ထိရှခံစားလိုက်ရသည်။
// နည်းပြချီချန်းလောက်ကကောင်းတဲ့ နည်းပြရှိနိုင်ပါဉီးမလား.....//
" ငါမဟုတ်ဘူး....ရှန်ကျင်းရှောင်ပေးတာ...သူ့အိတ်စိုက်ပြီး ပေးတာ...."
ဟမ်...ရှန်ကျင်းရှောင်က ပေးတာတဲ့....ဒီလူတစ်ခန်းလွတ်သွားတာလား...ဒါမှမဟုတ် ပိုက်ဆံများကောက်ရထားလို့လား....