စုတ်ပြတ်နေသည့် ဂိမ်းတစ်ခု ရှာဖွေနေခြင်း
Vol. 1 Ch. 4
အခန်း(၄) စုတ်ပြတ်နေသည့် ဂိမ်းတစ်ခု ရှာဖွေနေခြင်း
ထိုနေ့ နေ့လည်ခင်းတွင် သူ့အတန်းဖော်များ တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြ၏။
သူတို့ထဲက တစ်ယောက်က လက်ထဲတွင် ကန်တင်းမှ ဝယ်လာသည့် အစားအစာများ ပါသော ပလတ်စတစ်အိတ်တစ်လုံးကို သယ်လာသည်။
ဖေးချမ့်က သူ့အရင်ဘဝက အဆောင်ဖော် မာယန်ဖြစ်ကြောင်း မှတ်မိပါသည်။ သူ့ရှည်ရှည်ကြီးကြီး မျက်နှာက မှတ်မိလွယ်၏။
"ယောက်ဖ ချန်။ မင်းအတန်းလစ်ဖို့ တော်တော် သတ္တိကောင်းပါလား။ ဒါပေမယ့် မင်း တကယ်ကံကောင်းသွားတယ်။ လက်ထောက် မော်နီတာက အတန်းခေါ်ချိန် စစ်မသွားဘူး" မာယန်က ဖေးချမ့်ကို 'ဘယ်လို ကံမျိုးလဲ' ဟူသည့် မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။
တခြားအခန်းဖော်များကလည်း လက်ပ်တော့များကို စဖွင့်နေကြလေပြီ။
"နေ့လည်ခင်း အတန်းချိန် မရှိဘူး။ ဘယ်သူ ဂိမ်းဆော့ကြဦးမလဲ"
"ငါပါမယ် မြန်မြန်လုပ်။ မာယန် မင်းဘယ်မှာလဲ"
"နေဦး ငါစားလို့ မပြီးသေးဘူးဟ"
"မြန်မြန်လုပ် လိပ်ရဲ့။ တခြားအဆောင်တွေက လူတွေ တစ်ယောက်ယောက် သွားခေါ်ကြစမ်းကွာ"
အဆောင်ထဲက တခြားသူတွေလည်း လက်ပ်တော့မျာကို ဖွင့်ကာ ၎င်းတို့၏ အိပ်ယာပေါ်တွင် စားပွဲခုံသေးသေးလေးများ ချကာ တင်လိုက်ကြသည်။
ဒါတွေက ကျောင်းအဆောင်တစ်ခု၏ စိတ်ပျက်ဖို့ကောင်းသော အခြေအနေများ ဖြစ်သည်။ အထပ်ဆင့် ကုတင်များအတွက် သီးသန့် စားပွဲခုံပင် မရှိဘဲ သူတို့အားလုံး ခြေခွေထိုင်ရင်းသာ ဂိမ်းကစားနိုင်ကြသည်။
သူ့ရဲ့ ခါးနာသည့် ပြဿနာများက ဒီအချိန်က စခဲ့သလားဟုပင် ဖေးချမ့် အမြဲတမ်း သံသယဖြစ်ခဲ့ပါသည်။
ဂိမ်းအကောင်းဆုံးကစားနိုင်ဖို့အတွက် သူတို့မှာ ကိုယ်ပိုင်လက်ပ်တော့ရှိပြီး အဆောင်တွေထဲမှာ ဂိမ်းကစားချိန်များ စုစည်းနိုင်ကြသော်လည်း ကျောင်းသားများစွာက အင်တာနက်ကဖေးများသို့ သွားဖို့သာ ပိုအားသန်ကြသည်။
မာယန်က အစားအသောက်များ ရှိနေသည့် ပလတ်စတစ်အိတ်ကို ထည့်ထားသော သံပန်းကန်လုံးအား ကိုင်ထား၏။ ခပ်သုတ်သုတ် စားသောက်လိုက်ပြီးနောက် ပလတ်စတစ်အိတ် တစ်အိတ်လုံးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါသည်။
ကန်တင်းမှ အားလုံး စားစရာများ ဝယ်လာရသည့် အကြောင်းအရင်းက နေ့လည်ခင်းတွင် အတန်းချိန်ရှိသောကြောင့်ဖြစ်သည်။
အတန်းချိန် မရှိပါက အိပ်ယာထဲတွင် အလောင်းလို လှဲလျောင်းနေကြမည် ဖြစ်ပါသည်။
တစ်ယောက်ယောက်က ကန်တင်းသို့ သွားဖို့ ဆုံးဖြတ်လိုက်လျှင် ကျန်တဲ့လူများက ဝိုင်းမှာကြသည်။
သို့သော်လည်း နောက်ပိုင်းတွေ ဒလီဘာရီများ ပေါ်လာခဲ့သည်။ သို့သော် ထိုအချိန်တုန်းက ဒလီဘာရီ ဆော့ဝဲများ မရှိသေးဘဲ ဖုန်းဆက်ပြီးသာ မှာယူနိုင်သည်။ ဆင်းရဲသည့် ကျောင်းသားတချို့က အချိန်ပိုင်းလုပ်ငန်းအဖြစ် လုပ်ကာ အပိုဝင်ငွေရှာကြသည်။
မာယန်က အပြင်ဘက်ကို ပြေးထွက်ပြီး အော်လိုက်သည်။ သိပ်မကြာမီ ဂိမ်းအခန်းထဲ ပြည့်လျှံသွား၏။
ဖေးချမ့်က ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်လိုက်သည်။ - ၅ ယောက် ၅ ယောက် ချရသော Gods Rising ဟုခေါ်သည့် MOBA ဂိမ်းတစ်ခုဖြစ်သည်။ ကစားပုံကစားနည်းက DOTA နှင့်ဆင်တူပြီး မတူညီအောင် ပြင်ဆင်ထားရုံသာ ရှိသည်။
အချိန်အရဆိုလျှင် League of Legends ကလည်း ၂၀၁၁ ခုနှစ်မှာ နာမည်စရလာခဲ့၏။ ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သော်လည်း ဂိမ်းက အလွန်ဆိုးရွားနေခဲ့သည်။
ထို့အပြင် ဒါကလည်း ဖေးချမ့်၏ အရင်ဘဝက ဗဟုသုတများအရပြောခြင်းဖြစ်၏။ ဒီကမ္ဘာကြီး၏ လက်ရှိပြောင်းလဲမှုများနဲ့သာဆို League of Legend ပေါ်တောင်ပေါ်လာနိုင်ပါ့မလား အာမမခံနိုင်ပေ။
ဒီအချိန်ကာလတွင် အင်တာနက် ကဖေးဆိုင်များ၌ MMORPG ဂိမ်းများက လွှမ်းမိုးဆဲဖြစ်ပြီး ရေပန်းအစားဆုံးဂိမ်းက Fantasy World ဖြစ်သည်။
God Rising လိုဂိမ်းတွေက ရေပန်းစားသော်လည်း အဆောင်များတွင်သာ ပိုပြီး ရေပန်းစားတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကို အွန်လိုင်းဂိမ်းစစ်စစ်ဟု ပြောလို့ မရသောကြောင့် ဖြစ်ပါသည်။
အင်တာနက်ကဖေးများတွင် ကစားသောအခါ Player vs Player (PVP) ဂိမ်းများရှိပြီး MMORPG ဂိမ်းများကို မယှဥ်နိုင်တော့ပါ
"ယောက်ဖချန် ဒီနေဘာလို့ ထိုင်းမှိုင်းနေတဲ့ပုံ ပေါက်နေတာလဲကွ။ မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား။"
မာယန်တစ်ယောက် ဖေးချမ့်၏ ပုံစံကိုကြည့်ပြီး ဇဝေဇဝါ ဖြစ်နေပါသည်။ "ငါတို့ တစ်ယောက် လိုနေသေးတယ်။ မင်း ဝင်ပါမလား"
ဖေးချမ့်က ခေါင်းခါလိုက်သည်။ "တော်ပြီး တခြားတစ်ယောက်သာ သွားရှာကွာ"
"ဟုတ်ပါပြီ။ ဒါဆိုလည်း ဟိုဖက်ခန်းက ဝမ်ကြီးကို သွားခေါ်လိုက်မယ်" မာယန်က ထပ်ပြီး မမေးတော့ပါ။
သိပ်မကြာခင် အဆောင်ခန်း၏ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းနှစ်ဖက် ဆူညံသောင်းကျန်းကြတော့သည်။
"အလယ်လမ်းမှာ ပျောက်နေတယ် သတိထားကြ။"
"လခွမ်း။ ငါ့ကို ဘယ်လို သတ်သွားတာလဲ"
"ဟားဟားဟား Tank သုံးကောင်ပါတာတောင် သူတို့ အသတ်ခံရသေးတယ်။ Noob တွေကွာ။"
ဖေးချမ့်က မာယန်နောက်တွင် ရပ်နေပြီး သူ့ မြှားက မှန်သားပြင်ပေါ်တွင် ပြေးနေကာ ဘယ်လက်ဖြင့် ကီးဘုတ်ကို နှိပ်နေသည်ကို ကြည့်နေသည်။ ကီးဘုတ်ပေါ်က ဆက်တိုက် မြည်သံများက မာယန်၏ ကျွမ်းကျင်မှုကို ပြသနေပါသည။
ထို့နောက် အမှတ်ဇယားကို ကြည့်လိုက်သည်။ ၁၀ မိနစ်ရှိနေပြီ ဖြစ်ပြီး အမှတ်က ၁၀ - ၉ ဖြစ်၏။ မာယန်၏ Kill - Death ကတော့ ၀ - ၀ သာရှိသေး၏။
သူ့အခန်းဖော်များက ဒေါသထွက်နေပြီ ဖြစ်ပြီး သူကတော့ တာဝါအောက်တွင် နောက်ဆုံး ခုတ်ချက်ကို ဆက်တိုက်လွဲနေခဲ့ပါသည်။
၂၀၀၉ ခုနှစ်က အားလုံးငယ်ရွယ်ပြီး ဂိမ်းများ၏ ပျော်ရွှင်မှုကို ခံစားရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲဟု ဖေးချမ့် တမ်းတမိပါသည်။
သူအလုပ်စဝင်ကတည်းက ဂိမ်းကောင်း များစွာကို ဝယ်ခဲ့ပါသည်။ သို့သော် အားလုံးကို ဖုန်တက်သည့်အထိ စုဆောင်းထားပြီး သူကလည်း အကုန်လုံးကို မေ့နေခဲ့ပါသည်။
အလုပ်လုပ်ရသည့် ဘဝက အလွန်ပင်ပန်းရသည်။ အလုပ်ပြီးနောက် သူလုပ်ချင်သည့် တစ်ခုတည်းသောအရာကလည်း ခုံပေါ်တွင် လှဲကာ ဝက်ဘ်ဆိုက်များကို လျှောက်လှန်ခြင်း သို့မဟုတ် Livestream များကြည့်ရှုခြင်းသာ ဖြစ်သည်။ တကယ်တော့ သူက မိုဘိုင်းဂိမ်းများကို ကစားဖို့တောင် ပျင်းရိလွန်းနေပါသည်။ ဒီလို ကီးဘုတ်စကေးများလိုသည့် ဂိမ်းတွေဆို ပိုတောင်ဆိုးပါသေးသည်။
ကံကောင်းစွာနှင့် အခုတော့ မတူတော့ပေ။
စနစ်ရန်ပုံငွေကို အပြောင် ဖြုန်းနိုင်ပါက ဘာမှ အားစိုက်ထုတ်စရာမလိုဘဲ သူပိုက်ဆံ ရနိုင်မည် ဖြစ်သည်။ ငပျင်းတစ်ယောက်လို ဘဝမျိုးနှင့် ပျော်ပျော်ကြီးနေနိုင်ပါပြီ။
ဖေးချမ့်က သူ့ကုတင်ပေါ်တွင် လှဲလျောင်းပြီး သူ့အနာဂတ်အကြောင်း ရွှင်ရွှင်လန်းလန်းဖြင့် စိတ်ကူးယဥ်ကြည့်လိုက်ပါသည်။
ဒီတော့ ပထမဆုံး ယွမ် ၅၀,၀၀၀ကို ဘယ်လို သုံးရမလဲ...
အဆင့်မြင့် ကွန်ပျူတာတစ်လုံးလောက် အရင်ဝယ်လိုက်ရမလား။
ပြီးရင် အိမ်တစ်လုံးငှားပြီး ငပျင်းတစ်ယောက်လို သူ့ဘဝကို အရှက်မရှိ ဆက်နေထိုင်သွားမည်။
ဟင်းဟင်းဟင်း
ဖေးချမ့် မနေနိုင်ဘဲ ရယ်မောလိုက်၏။
"ကဲ ဒီအပတ်ရဲ့ အမှိုက်သရိုက်ဂိမ်း ဝေဖန်မှု အစီအဥ်ကတော့ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားပါပြီ။ ခင်ဗျားတို့ ဒယ်ဒီလေးတွေ ဒီအပတ်ရဲ့ အပိုင်းကို သဘောကျတယ်ဆိုရင်တော့ Like, Share နဲ့ Subscribe လေး လုပ်သွားကြဖို့ မမေ့ကြပါနဲ့နော်"
ပေကျင်းမြို့က အငှားအိမ်တစ်လုံးထဲတွင် ဝဝတုတ်တုတ် မျက်ခုံးထူထူ လူငယ်တစ်ယောက်က စိတ်ဓာတ်ကျနေသော မျက်လုံးများဖြင့် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဗီဒီယိုများကို ဆက်တိုက် မှတ်တမ်းတင်နေခဲ့ပါသည်။
သူက ချောင်းလျန်ဖြစ်၏။ အစုတ်ပလုပ် Web ဂိမ်းအပိုင်းတွင် နာမည်ကျော် UP မာစတာ တစ်ယောက်ဖြစ်ပြီး နာမည်ပြောင်က ဆရာချောင်းဖြစ်၏။ သူ့ပရိတ်သတ်များက သူ့ကို ချစ်မြတ်နိုးစွာဖြင့် 'ဂိမ်းချန်နယ်များရဲ့ ဘိုးအေကြီး' လို့ခေါ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဗီဒီယိုများကို အဆုံးသတ်ခါနီး အချိန်တိုင်း သူ့အဖေကို အမြဲဖုန်းခေါ်လေ့ရှိသောကြောင့်ဖြစ်သည်။
ပရော်ဖက်ရှင်နယ် UP မာစတာ တစ်ယောက်အနေဖြင့် ချောင်းလျန်က အနည်းငယ် နာမည်ကြီးပြီး ပရိတ်သတ်လည်း များစွာ ရှိ၏။ သို့သော်လည်း ဒီနှစ်က ၂၀၀၉ ခုနှစ် ဖြစ်သည်။ လက်ရှိ စီးပွားရေး စနစ်ကြောင့် သူ့ဝင်ငွေက အနည်းငယ် မတည်ငြိမ်ဘဲ ရှိနေပါသေးသည်။
စပွန်စာ ပါတနာကောင်းကောင်းလေး ရလိုက်ပါက လောလောဆယ် ပြန်လည် အဆင်ပြေသွားပြီး စားသောက်ဆိုင်တစ်ဆိုင်တွင် ကောင်းကောင်းမွန်မွန် စားသောက်နိုင်မည် ဖြစ်သည်။
မဟုတ်ပါက သာမန်စွပ်ပြုတ်နှင့် ခေါက်ဆွဲများကိုသာ စားပြီး ငတ်နေခြင်းကြောင့် ဝိတ်ပင် ကျသွားနိုင်သည်။
ချောင်းလျန်က တခြားလုပ်ငန်းလမ်းကြောင်းများကိုလည်း ကြိုးစားကြည့်ဖူးပါသည်။ သို့သော် ဒီအမှိုက်သရိုက်ဂိမ်း ဝေဖန်ခြင်းအပိုင်းက အလွန် တုန့်ပြန်အားကောင်းပြီး View အများဆုံးရှိကာ ဂိမ်းသဘောကျသည့် ပရိတ်သတ်များစွာကို ဆွဲဆောင်နိုင်သည်။
ချောင်းလျန်တွင် 'တစ်လအတွင်း ဂိမ်းကောင်း အသစ်များ' ဟူသည့် အပိုင်းတစ်ခုလည်း ရှိသေးပြီး စပွန်ဆာ ပါတနာများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက အမှိုက်သရိုက်ဂိမ်း ဝေဖန်ခြင်း ဟုခေါ်သည့် အပိုင်းမှ နာမည်ကြီးသွားခြင်းဖြစ်သည်။ သို့သော်လည်း သူနဲ့ စပွန်ဆာပိုစ့်အတွက် အလုပ် အတူတူ လုပ်ချင်သည့် ဘယ်လို ဂိမ်းကုန်သည်ကမှ ထိုနာမည်နှင့် နေရာတွင် ဘာမှတင်ရဲမည်မဟုတ်ပါ။
ထို့ကြောင့် စပွန်ဆာ ပါတနာများအတွက် သီးသန့်ဖြစ်သော တစ်လအတွင်း ဂိမ်းအသစ်ကောင်းများ ဟူသည့် အပိုင်းတစ်ခုကို ဖန်တီးခဲ့ပါသည်။ အမှိုက်သရိုက်ဂိမ်း ဝေဖန်ခြင်းနှင့် ယှဥ်လျှင် ဖော်လိုဝါ နည်းလွန်းနေခြင်းသာ ရှိသည်။
အမှိုက်သရိုက်ဂိမ်းဝေဖန်ခြင်းအတွက် နောက်ဆုံးအပိုင်းကို ရိုက်ကူးပြီးသောအခါ ချောင်းလျန်တစ်ယောက် မတင်ဖြစ်တာ ကြာခဲ့ပါပြီ။
တစ်ခုခု လိုအပ်နေသည်ဟု ခံစားနေရသည်။
ဟုတ်တယ်။ မှန်တယ်။ - စိတ်ဝိညာဥ်လိုအပ်နေတာ။
ဒီတစ်ခေါက် ဖော်ပြသည့် ဂိမ်းများက ဘာမှ ထူးခြားသည့်ပုံမပေါ်ဘဲ ရိုးရိုးတမ်းတမ်း အမှိုက်သရိုက်များသာ ဖြစ်နေသည်။
ဇာတ်ညွှန်းများ၊ ကုန်ကြမ်းများ၊ နောက်ခံအသံများကို ပြင်ဆင်ပြီး လုပ်ငန်းစဥ်တစ်ခုလုံးကို ဝီရိယ ရှိရှိ မှတ်တမ်းတင်ပြီး ဒီအပိုင်းကို ကြည့်ကောင်းသည်ဟု ချောင်းလျန် ခံစားမိတာတောင် ဘာထူးခြားချက်မှမရှိပါ။
ဂိမ်းများက အမှိုက်ဆန်လွန်းသဖြင့် ဘာမှ ပြောစရာပင်မရှိပေ။
ထို့ကြောင့် ချောင်းလျန်တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရ၏။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်အပေါ်မှီခိုပြီး သူနေထိုင်စားသောက်နေရတာ မဟုတ်လား။ သူ့ ကြည်ရှုသူပမာဏသာ တိုးတက်မလာပါက ပိုကောင်းသည့် စပွန်ဆာ ပါတနာများ ရဖို့ ပိုခက်ခဲနိုင်ပါသည်။
ထို့ကြောင့် ချောင်းလျန်က နောက်ဆုံးအပိုင်းကို တင်ဖို့ အလျှင်လိုမနေခြင်း ဖြစ်ပါသည်။ ထို့အစား တရားဝင်ဂိမ်းပလက်ဖောင်းပေါ်က ဂိမ်းအသစ်ညွှန်းဆိုချက်များကို လိုက်လံ ကြည့်ရှုနေသည်။ ထုတ်ပြဖို့အတွက် သူ့၏ စပါယ်ရှယ် အမှိုက်ကို ရှာဖွေနေခဲ့သည်။
ထိုအချိန်တွင် ဗိုက်ဆာလာသဖြင့် ရယ်ဒီမိတ် ခေါက်ဆွဲထုတ်တစ်ထုတ်ကို ဖောက်ကာ ရေနွေးကျိုထားလိုက်သည်။ သူ့အားအင်ကို ပြန်လည်ဖြည့်တင်းဖို့ ပြင်လိုက်၏။
ရေနွေးကို ကျိုထားတုန်း ချောင်းလျန်က ဂိမ်းအသစ်ကို ဆက်ရှာနေပါသည်။
"အထီးကျန် ကန္တာရလမ်းတဲ့လား။ ဘယ်လို သောက်စုတ်ဂိမ်းမျိုးလဲ။"
ချောင်းလျန်က ဂိမ်းအနှစ်ချုပ်ကို ဖတ်ကြည့်လိုက်သည်။
"သင့်ဘဝအကြောင်းကို စဥ်းစားချင့်ချိန်မိစေမည့် ကားမောင်းခရီးတစ်ခုတဲ့လား။"
"ဘဝကို ဘယ်လို စဥ်းစားချင့်ချိန်ရမှာတုန်း။"
ထိုအနှစ်ချုပ်ကြောင့် ချောင်းလျန် စိတ်ဝင်စားမှု မြင့်တက်လာသည်။
ဂီမ်းအပိုင်းတွင် ပရော်ဖက်ရှင်နယ် အကြောင်းအရာ ဖန်တီးသူ ဖြစ်သည့်အလျောက် ချောင်းလျန်က သူစိတ်ဝင်စားသည့် ဂိမ်းတိုင်းကို ကစားသူဖြစ်ပါသည်။
ဂိမ်းကို နှိပ်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဂိမ်းကို ဒေါင်းလုတ်ဆွဲခြင်း ပြီးဆုံးကာ အလိုလျောက် ပွင့်လာခဲ့ပါသည်