ငါတကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်ပြောင်မြောက်သူ၊ ပါရမီရှင် ဖန်တီးသူ၊ ရာစုနှစ်၏ အမြော်အမြင်ရှိသူ။ ဤသည်မှာ ထန့်တကော်ပိုရေးရှင်း၏ ဥက္ကဌ ဖေးချမ့်အတွက် အသုံးပြုထားသော ဖော်ပြချက် ဖြစ်သည်။ သူ ပြန်လည်မွေးဖွားလာပြီးကတည်းက ဖေးချမ့်သည် သူကိုယ်တိုင် ငွေဆုံးရှုံးသွားအောင် လုပ်နိုင်ပါက ဆုပေးသည့်စနစ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ချာတူးလံဂိမ်းတစ်ခု ဖန်တီးဖို့ စိတ်ကူးကောင်းလေးတစ်ခု ချက်ချင်း အတွေးပေါက်သွားသည်။ “ဂိမ်းက အဖတ်ဆယ်မရရင် ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်တွေအားလုံး ဆုံးရှုံးသွားလိမ့်မယ်။” “ငွေဆုံးရှုံးဖို့ ဘယ်လောက်တောင်ခက်လိုက်သလဲ။” တကယ်တော့... ဒါက ဘယ်လောက် ခက်ခဲနိုင်မလဲ။ *** မကြာသေးမီက အထူးသတင်းထောက်တစ်ဦးသည် ထန့်တကော်ပိုရေးရှင်း၏ ဥက္ကဌ ဖေးချမ့်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထန့်တကော်ပိုရေးရှင်း၏ လက်ရှိတန်ဖိုးသည် ယွမ် ၁၀၀ ဘီလီယံသို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ လုပ်ငန်းစုတွင် ဂိမ်းများ၊ အင်တာနက်၊ ဒစ်ဂျစ်တယ် ဟာ့ဒ်ဝဲ၊ ဖျော်ဖြေရေးဆိုင်ရာ အင်တာတိန်းမန့်၊ မီဒီယာ၊ အစားအသောက်နှင့် အခြားနယ်ပယ်များတွင် လူတို့၏ ဘဝအခန်းကဏ္ဍအားလုံးကို နက်နဲစွာ ပြောင်းလဲစေသော ကဏ္ဍများစွာပါဝင်သည်။ အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်ပြောင်မြောက်သူ၊ ပါရမီရှင် ဖန်တီးသူ၊ ရာစုနှစ်၏ အမြော်အမြင်ရှိသူ။ ဤသည်မှာ ထန့်တကော်ပိုရေးရှင်း၏ ဥက္ကဌ ဖေးချမ့်အတွက် အသုံးပြုထားသော ဖော်ပြချက် ဖြစ်သည်။ သတင်းထောက်ကို မျက်နှာမူကာ ဖေးချမ့်သည် ခါးသီးစွာ ဖွင့်ဟခဲ့သည်။ “ကျွန်တော်က စီးပွားရေး ပါရမီရှင်တစ်ယောက် မဟုတ်ပါဘူး။ ဒါဟာ ကံတရားကြောင့်ပါ။ ကျွန်တော့်ရဲ့ မူလရည်မှန်းချက်က ယွမ်ငါးသောင်း ဆုံးရှုံးဖို့ပါပဲ...” ကြည့်ပါဦး၊ စီးပွားရေး ပါရမီရှင်တစ်ယောက်အနေနဲ့ ဖေးချမ့်က အရမ်းနှိမ့်ချလွန်းတယ်။

