← Chapters

အခန်း(၁၂၀) အိုင်လီကျွန်းဆိုတာ ဘယ်လိုဝက်ဘ်ဆိုက်လဲ။

Vol. 8 Ch. 120

အခန်း(၁၂၀) အိုင်လီကျွန်းဆိုတာ ဘယ်လိုဝက်ဘ်ဆိုက်လဲ။

Vol. 8 Ch. 120

အခန်း(၁၂၀) အိုင်လီကျွန်းဆိုတာ ဘယ်လိုဝက်ဘ်ဆိုက်လဲ။

ဖေးချမ့်တစ်ယောက် ဘာကြောင့် အားပါးတရ စားသောက်နေတာလဲဟု လုမင်လျန်အနည်းငယ် ဇဝေဇဝါဖြစ်နေပါသည်။

"ထူးဆန်းလိုက်တာ ဘော့စ်ဖေး ဒီနေ့တော်တော်ပျော်နေတဲ့ပုံပဲ။ အရင်တစ်ခေါက် ကုမ္ပဏီညစာစားပွဲနဲ့ တခြားစီပဲ။”

အနည်းငယ် ထူးဆန်းနေပါသည်။ ပေါင်ရှုပြောစကားအရဆို ဖေးချမ့်က အလွန်အထီးကျန်သူ ဖြစ်ရမည်။ ဒီလိုမျိုး ပြုမူမနေသင့်ပါ။

ပေါင်ရှ ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "မင်းမှားနေပြီ။”

"ဟင် ညီအစ်ကိုပေါင် ဘာကိုပြောချင်တာလဲ" လုမင်လျန် အလွန်စိတ်ရှုပ်သွားပါသည်။

ပေါင်ရှုက သက်ပြင်းချလိုက်ပြီး ရှင်းပြလိုက်၏။ "လောလောဆယ် စိတ်ဓာတ်မကျသင့်တဲ့ တစ်ယောက်တည်းသောလူက ဘော့စ်ဖေးကိုယ်တိုင်ပဲ။ စဥ်းစားကြည့်စမ်းပါ။ ဂိမ်းဒီဇိုင်နာက အဆင်ပြေမနေဘူး။ နာမည်ကော ရောင်းအားကော မျှော်လင့်ထားသလောက် ဖြစ်မလာဘူး။ အားလုံးရဲ့ စိတ်ဓာတ်က ကျနေပြီးသားပဲ။”

"ဘော့စ်ဖေးက ငါတို့ရဲ့ စိတ်ဝိညာဥ်ခေါင်းဆောင်တစ်ယောက်ပဲ။ သူလည်း စိုးရိမ်ပြီး စိတ်ပူနေတဲ့ပုံစံပေါက်နေရင် ဒီနေ့ ကုမ္ပဏီညစာစားပွဲ ဘာဖြစ်လာမလဲ။”

လုမင်လျန် သဘောပေါက်သွားသည်။ "အဲ့လိုကိုး ဘော့စ်ဖေးက သူ့ရဲ့ တက်ကြွတဲ့ပုံစံနဲ့ ကျွန်တော်တို့ကို အားပေးဖို့ကြိုးစားနေတာပဲ။"

"အမှန်ပဲ" ပေါင်ရှုက ဆက်ပြောလိုက်ပါသည်။ "ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ လူတွေကို စိတ်အားတက်ကြွအောင် ဦးဆောင်ပေးနိုင်ရမယ်။ သူ့မှာ အားကောင်းတဲ့ စိတ်ဓာတ်ရှိရမယ်။ အခက်အခဲ အတားအဆီးနဲ့ ကြုံတွေ့ရတဲ့အခါ အကောင်းအမြင်နိုင်ဆုံးလူဖြစ်ရမယ်။ အားလုံး ချောချောမွေ့မွေ့ ဖြစ်နေတဲ့အခါ သတိအရှိဆုံးလူဖြစ်ရမယ်။”

"ကမ္ဘာကြီးရဲ့ ပြဿနာတွေကို ပထမဆုံး ရင်ဆိုင်ရတဲ့လူဖြစ်ရုံတင်မကဘူး ပျော်ရွှင်မှုကို နောက်ဆုံးမှ ခံစားရတဲ့လူလည်း ဖြစ်တယ်။ ဒါပေမယ့် အခက်အခဲကို ကြုံတွေ့ရတဲ့အခါ အကောင်းမြင်တတ်တဲ့စိတ်နဲ့ တခြားသူတွေကို အားပေးရမယ်။”

"ဘော့စ်ဖေးက အဲ့လိုလူမျိုးမို့လို့ပဲ။ သူက ဂရုတစိုက် ခန့်မှန်းတတ်ပြီး အားလုံး သူ့အစီအစဥ်အတိုင်းပဲဖြစ်အောင် သေချာလုပ်တတ်တဲ့ လက်တွေ့ကျတဲ့ လူတစ်ယောက်ပဲ။ တစ်ချိန်တည်းမှာပဲ အကျိုးဆက်တွေကို စိတ်မပူဘဲ လုပ်တတ်တဲ့ ရဲရင့်တဲ့လူတစ်ယောက်လည်း ဖြစ်တယ်။”

"အဲ့တာကြောင့် ငါတို့တွေလည်း ဘော့စ်ဖေးကို စိတ်ပျက်စေလို့မဖြစ်ဘူး။ ငါတို့လည်း မြန်မြန် ပြန်ပြီး တက်ကြွလာရမယ်။ ထန်းတာ့က သေချာပေါက် မုန်တိုင်းကို ဖြတ်ကျော်ပြီး ရွက်လွှင့်နိုင်မယ်လို့ ငါယုံကြည်တယ်။ ဖြစ်သမျှအကြောင်း အကောင်းပဲ ပြီးတော့လည်း ဘော့စ်ဖေးရဲ့ ယုံကြည်မှုပြည့်ဝနေပုံကို ကြည့်ခြင်းအားဖြင့် အရန်အစီအစဥ် ရှိနေဦးမယ်လို့ ငါခံစားမိတယ်။”

"ဘော့စ်ဖေး အရှုံးမပေးသေးဘူး။ အခု ငါတို့ရဲ့ကျဆုံးမှုအကြောင်းပြောဖို့ စောလွန်းနေသေးတယ်။”

လုမင်လျန်၏ မျက်လုံးများ ပြန်လည်တောက်ပလာပါသည်။ "ဟုတ်တယ်။ ဘော့စ်ဖေးက အရှုံးမပေးသေးဘူး။ ဒီဂိမ်းကို မအောင်မြင်ဘူးလို့ ပြောလို့ရမလား။ ကျွန်တော်တို့ သေချာပေါက် ရလဒ်ကို ပြန်လှန်ပစ်နိုင်မှာ ကျွန်တော်တို့ ဘော့စ်ဖေးကို ယုံကြည်ထားရမယ်။”

...

တစ်ဖက်မှာတော့ ဟွမ်းစစ်ပေါ်၊ ကျူးရှောင်စဲနဲ့ ဖေးဟွမ်အလုပ်ရုံမှ တခြားဝန်ထမ်းအားလုံး အားတက်သရော စားသောက်နေကြပါသည်။ ဟွမ်းစစ်ပေါ်က အနည်းငယ် စိတ်ပူနေသည်။

"ဘော့စ်ဖေးကို အခု အဲ့အကြောင်းပြောဖို့ သင့်တော်ပါ့မလား။”

ကျူးရှောင်စဲလည်း ခဏတာမျှ စဥ်းစားကြည့်လိုက်ပြီး တည်တံ့သော လေသံဖြင့် ပြောလိုက်ပါသည်။ "အခုက အသင့်တော်ဆုံးအချိန်လို့ထင်တယ်။  ဂိမ်းဒီဇိုင်နာရဲ့ ရောင်းအားကလည်း တည်ငြိမ်နေတုန်းပဲ။ ဘော့စ်ဖေးက ထုတ်မပြပေမယ့် ရင်ထဲမှာ စိတ်ညစ်နေမှာ သေချာတယ်။”

"ဒီလိုသတင်းကောင်းမျိုးက ငါတို့လက်အောက်ငယ်သားတွေကို စိတ်ဓာတ်တက်ကြွစေပြီး ဘော့စ်ဖေးကိုလည်း စိတ်ချသွားစေလိမ့်မယ်။ ဂိမ်းကြောင့် ငါတို့အရှုံးပေါ်နိုင်ပေမယ့် ပြန်လာနိုင်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။”

"ငါတို့ပြန်လာမယ်လို့ပြောဖို့ စောလွန်းပါသေးတယ်" ဟွမ်းစစ်ပေါ်က ခေါင်းခါလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဟိုဘက်က အသစ်စက်စက် လုပ်ထားတဲ့ ဝက်ဘ်ဆိုက်လေ။ ဒါကို သာမန် သတင်းကောင်းတစ်ခုလို့ပဲ သတ်မှတ်လို့ ရတယ်။ သတင်းကောင်းကို ချဲ့ကားပြီး မပြောကြရအောင်။”

ကျုးရှောင်စဲလည်း ခဏတာမျှစဥ်းစားလိုက်ပြီး ဟွမ်းစစ်ပေါ်၏ အမြင်ကိုလက်ခံလိုက်ပါသည်။ "အမှန်တိုင်းပဲ တင်ပြကြရအောင်။”

သူတို့ဝိုင်ခွက်များကို ကိုင်လိုက်ပြီး ဖေးချမ့်ဆီသို့ လျှောက်သွားကြပါသည်။ "ဘော့စ်ဖေး ခွက်ချင်း တိုက်ပါရစေ။”

ဖေးချမ့်က စိတ်ကောင်းဝင်နေသဖြင့် ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ခွက်ချင်းတိုက်လိုက်ကြကာ တစ်ကျိုက်တည်းသောက်လိုက်သည်။

ဝိုင်သောက်ပြီးနောက် ဟွမ်းစစ်ပေါ်က အနည်းငယ် တွန့်ဆုတ်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော် သတင်းကောင်း ပြောစရာရှိလို့ပါ။”

ဟမ်…

သတင်းကောင်းဟုတ်လား။

ဖေးချမ့် ချက်ချင်း သတိကြီးသွားသည်။

မင်းတို့ကောင်တွေ ဒီလိုပျော်ပွဲရွှင်ပွဲမှာ ငါ့ကို စိတ်အနှောင့်အယှက်မပေးနဲ့နော်။

ဖေးချမ့်က စိတ်အေးအေးထားဖို့ အကောင်းဆုံးကြိုးစားလိုက်ပြိး ပြောလိုက်ပါသည်။ "အေး ပြောလေ။”

"ဘော့စ်ဖေး ဒီလိုရှိပါတယ်။ ကျွန်တော်တို့ ဗီဒီယီုစီးရီးကို ထုတ်လွှင့်ပြသမှု မူပိုင်ခွင့် စာချုပ်ချုပ်ချင်တဲ့ ဗီဒီယိုဝက်ဘ်ဆိုက် အသစ်စက်စက်တစ်ခု ရှိပါတယ်။ စာချုပ်ချုပ်ပြီးတာနဲ့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို အဲ့ဒီဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်လွှင့်ပြသမှာပါ။”

"ဒါက ဝက်ဘ်ဆိုက်အသစ်ဆိုပေမယ့် လတ်တလော တော်တော်လေး တိုးတက်နေပါတယ်။ ပြီးတော့လည်း ဗီဒီယိုထုတ်လုပ်သူတွေကို ကြည့်ရှုသူ အရေအတွက်အလိုက် ဆုချမယ့် အစီအစဥ်လည်း သူတို့ စီစဥ်ထားပါတယ်။”

"သီးသန့်ထုတ်လွှင့်ပြသမူပိုင်ခွင့် သဘောတူစာချုပ်ကို ချုပ်ပြီးရင် အရည်အသွေးမြင့် ဗီဒီယိုဖန်တီးသူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အဲ့ဒီအစီအစဥ်အောက်မှာ တော်တော် ရမှာပါ။”

"ရှင်းရှင်းပြောရရင် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို ကြည့်ရှုဖို့အတွက် ကျွန်တော်တို့က လူတွေကို သူတို့ဝက်ဘ်ဆိုက်ဆီ ခေါ်ပေးမယ်။ ပြီးရင် သူတို့က ကြည့်ရှုသူအရေအတွက်ပေါ် မူတည်ပြီး အမြတ်ငွေကို ကျွန်တောာ်တို့နဲ့ ခွဲယူပါလိမ့်မယ်။”

"ဘော့စ်ဖေးပြောခဲ့သလိုပဲ ကျွန်တော်တို့ကုမ္ပဏီကို ကာကွယ်ရမယ်၊ ကျွန်တော်တို့ နာမည်ကို တန်ဖိုးထားရမယ်။ ကျွန်တော်တို့ အိုင်ပီကို တန်ဖိုးရှိအောင် လုပ်ရမယ်။ ငွေကြေးအတွက်နဲ့ အဲ့တာတွေကို မစတေးသင့်ဘူး။”

ဟွမ်းစစ်ပေါ် သူ့လေသံထဲက ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပါ။ သူတို့ရဲ့ စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ ဆောင်ရွက်ခဲ့တာ တော်တော်ကြာပါပြီ။ ယခု နောက်ဆုံးတော့ သူတို့ဝင်ငွေရနိုင်မည့် အခွင့်အရေးကို မြင်ခဲ့ရလေပြီ။ သူတို့ မပျော်ဘဲ နေနိုင်ပါ့မလား။

ငွေကြေးပမာဏက အများကြီး မဟုတ်နိုင်သော်လည်း ထိုငွေက ဗီဒီယို၏ နာမည်ကို ပျက်စေမှာ မဟုတ်ပါ။ ထုတ်ကုန်များကို အတင်းအကြပ် ကြော်ငြာသော စပွန်ဆာဆိုးများမှတဆင့် ငွေရှာခြင်း မဟုတ်ပါ။ အဆင့်မြင့် အမှတ်တံဆိပ် စပွန်ဆာကြော်ငြာများနဲ့ အဆင့်တူပါသည်။ ၎င်း၏ အာနိသင်က ပို၍ပင် ကောင်းလောက်သည်။

ဖေးချမ့် ခဏတာမျှ တိတ်ဆိတ်သွားသည်။ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရ၏။ "ဗီဒီယိုဝက်ဘ်ဆိုက် အသစ်စက်စက် ဟုတ်လား။ အဲ့ဒီဗီဒီယိုဝက်ဘ်ဆိုက်က... A သို့မဟုတ် B နဲ့ စတာများလား။”

Bilibili လို ဝက်ဘ်ဆိုက်မျိုး ဖြစ်သွားပါက ဆိုးရွားတာ တစ်ခုခု ဖြစ်သွားပါလိမ့်မည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က ကြက်သေသေသွားပြီး ပြန်ဖြေလိုက်ပါသည်။ "မဟုတ်ပါဘူး ဘော့စ်ဖေး။ အိုင်လီကျွန်းလို့ခေါ်တဲ့ ဝက်ဘ်ဆိုက်အသေးစားလေးပါ။ တချို့ကတော့ အိုင်ဆိုက်လို့ ခေါ်ကြတယ်။”

ဖေးချမ့် အလွန်စိတ်ရှုပ်သွား၏၊။

အိုင်ဆိုက်ဟုတ်လား၊ အိုင်လီကျွန်းဟုတ်လား။

တစ်ခါမှလည်း မကြားဖူးဘူး...။

A နဲ့စသော  AcFun B နဲ့စသော Bilibili တို့မဟုတ်ပါက အဆင်ပြေပါသည်။

ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။ နောက်နှစ်အနည်းငယ်အတွင်း ဒီကမ္ဘာက ပိုတေးတိုးဝက်ဘ်ဖြစ်သော Tudou.com မှာ ဖြည်းဖြည်းချင်း ကျရှုံးလာမည်ကို ရှင်းရှင်းလင်းလင်း သိထားပါသည်။

B ဆိုက်က ထိုကဲ့သို့ ရှေးဟောင်းဝက်ဘ်ဆိုက်များမှ ကြည့်ရှုသူများကို အဆင့်မြင့်သော ကောမန့် လုပ်ဆောင်ချက်များ၊ ကြော်ငြာမပါခြင်းများ၊ အရည်အသွေးမြင့် အော်ရဂျင်နယ် အကြောင်းအရာများဖြင့် ဆွဲခေါ်လိမ့်မည်။ အသစ်ထွက်လာသော Live-stream ပလက်ဖောင်းများစွာက ရှေးဟောင်းဗီဒီယိုဝက်ဘ်ဆိုက်များမှ ကြည့်ရှုသူတချို့ကို ဆွဲဆောင်လိမ့်မည်။

သို့သော်လည်း အိုင်လီကျွန်းဆိုတာ ဘယ်လို ဝက်ဘ်ဆိုက်လဲ။ တစ်ခါမှမကြားဖူးပါဘူး။

နာမည်ကိုက အနာဂတ်မှာ မအောင်မြင်မည့် နာမည်မျိုးပင်။ ရာဇဝင်မြစ်ထဲမှာ မကြာမီ ပျောက်ကွယ်တော့မည့် အရေးမပါသည့် ဝက်ဘ်ဆိုက်လေးဖြစ်နိုင်ပါသည်။

ဒီဝက်ဘ်ဆိုက်က မအောင်မြင်မည့် ဝက်ဘ်ဆိုက်ဆိုတော့လည်း...သူစာချုပ်ကို ချက်ချင်း လက်မှတ်ထိုးရမည်။ နည်းနည်းလောက် နှေးသွားတာနဲ့ စာချုပ်ကို ထပ်ချုပ်နိုင်မည့် အခွင့်အရေးပင်ရမှာ မဟုတ်တော့ပါ။ ထို့အပြင် သဘောတူစာချုပ်က သူတို့ကို ပိုက်ဆံ တိုက်ရိုက်ပေးမည့် စာချုပ်မျိုး မဟုတ်ပေ။ ကြည့်ရှုသူ အရေအတွက်အလိုက် ပေးအပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူစိတ်ပိုချသွားပါသည်။

ထိုဝက်ဘ်ဆိုက်အသေးစားလေးက အစကတည်းက ကြည့်ရှုသူ နည်းပါးသည်။ ဘောစ့်ဖေး၏ နေ့စဥ်ဘဝ၏ တည်နေရာကို တခြား ပလက်ဖောင်းသို့ ပြောင်းလိုက်သောအခါ ၎င်း၏ အမာခံကြည့်ရှုသူတချို့ကို ဆုံးရှုံးသွားနိုင်သည်။ ကြည့်ရှုသူနည်းနည်းလေးနဲ့ အမြတ် ဘယ်လောက်ရနိုင်မှာမို့လို့လဲ။

အမြတ်မရရုံတင်မကဘဲ ဗီဒီယိုစီးရီးလည်း ရေပန်းစားမှု လျော့ကျသွားနိုင်သည်။ တခြား ဝက်ဘ်ဆိုက်တွေမှာ မတင်ရဟုလည်း သဘောတူစာချုပ်တွင် ဖော်ပြထားသည်။ ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်အများကြီးကို ပစ်လိုက်ခြင်းပင်။

ဖေးချမ့်က ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းတယ် တော်တယ်။”

သာမန်ချီးကျူးစကားသာ ဖြစ်သော်လည်း ဟွမ်းစစ်ပေါ် အလွန်ပျော်ပါသည်။ ဘော့စ်ဖေးက ပုံမှန်ဆို တခြားသူတွေကို မချီးကျူးတတ်ပါ။ ဘော့စ်ဖေး၏ ချီူးကျူးမှုကို ခံလိုက်ရခြင်းကြောင့် ဆုပေါင်း ၃၀,၀၀၀ လောက် ပိုရတာထက်တောင် ပိုပျော်နေပါသည်။ ဟွမ်းစစ်ပေါ် အားတက်သရော ခေါင်းငြိမ့်လိုက်၏။ "စိတ်ချပါ ဘော့စ်ဖေး ကျွန်တော်တို့ ပိုကြိုးစားပါ့မယ်။”

ဖေးချမ့် ကိုယ့်အစာကို ပျော်ပျော်ကြီး ဆက်စားနေလိုက်ပါသည်။

ဒီနေ့တော့ သတင်းကောင်းနှစ်ခုကို တစ်ပြိုင်တည်းကြားလိုက်ရပါသည်။

ပျော်ရွှင်နေရင်းတန်းလန်း ဘေးနားက ရုတ်တရက်ကြီး ထွက်လာသည့် ပျော်မြူးသံများကို ကြားလိုက်ရပါသည်။

"ကောင်းလိုက်တာ"

"တကယ်ကြီးလား။ ငါတို့တော့ မယုံနိုင်စရာပဲဟေ့။”

"ဟားဟာားဟား တရားဝင်ပလက်ဖောင်းကိုယ်တိုင် ငါတို့ကို ညွှန်းဆိုပြီး ချီးကျူးထားတယ်။ ငါတို့ကို Home Page မှာ ကြော်ငြာပေးမယ်တဲ့။ ငါတို့ နာမည်ကြီးပြီဟေ့။”

ဖေးချမ့် တူဖြင့် ညှပ်လိုက်သည့် ဆူးတောင်ပြာ တူနာငါး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားပါသည်။

ဘာဖြစ်တာလဲ။

ဖေးချမ့် ချက်ချင်း သတိကြီးသွားသည်။

သူအခြေအနေတစ်ခုလုံးကို နွေးထွေးအောင် လုပ်ပေးခဲ့ရင်တောင် အများစုက စိတ်ဓာတ်ကျနေဆဲပဲဆိုတာ သူသေချာသိပါသည်။ သို့သော်လည်း အခုကြားနေရသည့် ပျော်ရွှင်သံများက ပုံမှန်ဟုတ်မနေပါ။ သူတို့၏စကားအစွန်းအစတချို့ကို ကြားလိုက်ရပြီး အန္တရာယ်အငွေ့အသက်များကို ရလိုက်ပါသည်။

ဖေးချမ့် အနည်းငယ် စိတ်ချောက်ချားလာ၏။

မကောင်းတာ... မကောင်းတာ တစ်ခုခု ဖြစ်သွားပြီလား။

All Chapters