← Chapters

အခန်း(၁၁၀) ဘော့စ်ဖေးရဲ့ ကြော်ငြာနည်းလမ်း

Vol. 8 Ch. 110

အခန်း(၁၁၀) ဘော့စ်ဖေးရဲ့ ကြော်ငြာနည်းလမ်း

Vol. 8 Ch. 110

အခန်း(၁၁၀) ဘော့စ်ဖေးရဲ့ ကြော်ငြာနည်းလမ်း

ပေါင်ရှု၏ ရှင်းပြချက်ကိုကြားပြီးနောက် လုမင်လျန် အလွန်စိတ်ခံစားချက်ပြင်းပြသွားကာ လေးလံသွားရပါသည်။ ဒီလို တာဝန်ကြီးတစ်ခုတွင် ပါဝင်ရပြီး ရာဇဝင်တွင်မည့်ဂိမ်းမျိုးကို ဖန်တီးရသဖြင့် စိတ်ခံစားချက် ပြင်းပြခြင်း ဖြစ်သည်။ ပြည်တွင်းဂိမ်းလောကကို ဖွံ့ဖြိုးတိုးတက်စေရာတွင် အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့စေလိမ့်မည်။

လေးလံနေရခြင်းမှာ ဂိမ်း၏ အလားအလာကို စိုးရိမ်နေခြင်းကြောင့်ဖြစ်ပါသည်။ လူထုအတွက် စိတ်ဝင်စားဖို့ မကောင်းဘဲ ဂိမ်မာများအတွက်လည်း စိတ်ကျေနပ်စရာ မရှိသည့် ဂိမ်းမျိုးက တကယ်ပဲ အောင်မြင်ပါ့မလား။

နည်းနည်းလောက် သတိမဲ့သွားရုံနဲ့ ဂိမ်းစျေးကွက်ထဲ ကံဆိုးမိုးမှောင်ကျသွားနိုင်ပြီး ထန်းတာ့၏ ဂုဏ်သတင်းလည်း ပျက်စီးသွားနိုင်သည်။ ဒါက စမ်းသပ်ဖို့ အလွန်အန္တရာယ်များလွန်းသောအရာ ဖြစ်ပါသည်။

"ဘော့စ်ဖေးက ဒီလို အရမ်းအရေးကြီးတဲ့ ဗျူဟာမျိုးကို ပျော်ပျော်ရွှင်ရွှင်ပုံစံနဲ့ ဆုံးဖြတ်လိုက်တာ မယုံနိုင်ဘူး။ ဒီဂိမ်းသာ အရှုံးပေါ်သွားရင် ကျွန်တော်တို့ ပျားအကောင် တစ်သန်းလောက် တုပ်ပြီ။ ကျွန်တော်တို့ နာမည်လည်း အသားကုန်ပျက်ပြီပဲ။"

"ကျွန်တော်သာဆိုရင် အရမ်းစိတ်ပူပြီး ကောင်းကောင်းတောင် အိပ်နိုင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား။ ဒါပေမယ့် ဘော့စ်ဖေးကတော့ အရင်လို တည်ငြိမ်နေတုန်းပဲ။ တကယ်ပဲ ကြီးမားတဲ့အရာတွေကို ဆောင်ရွက်မယ့် လူမျိုးပဲ။"

လုမင်လျန် ဘော့စ်ဖေးကို အလွန်လေးစားသွားပြီး ဂိမ်းကို ဆက်လက်စမ်းသပ်ဖို့အတွက် အလုပ်စားပွဲကိုပြန်ဖို့ပြင်လိုက်ပါသည်။

"ဟုတ်သားပဲ၊ မင်းတို့တွေ ဒီဂိမ်းကို ဘယ်လို ကြော်ငြာဖို့ စီစဥ်ထားလဲ။" ပေါင်ရှုက ဒီကိစ္စကို ရုတ်တရက် စဥ်းစားမိသွားသည်။ ဂိမ်းဒီဇိုင်နာ အဆင်မပြေမှာကို စိတ်ပူခြင်း မဟုတ်ပါ။ ဒီတိုင်း သိချင်ခြင်း ဖြစ်ပါသည်။

ဒီတစ်ခေါက် ဘော့စ်ဖေး သူ့ကိုယ်ပိုင်ဂိမ်းကို ကြော်ငြာဖို့ ဘယ်လိုဆန်းသစ်ပြီး ထူးခြားတဲ့ နည်းလမ်းတွေ သုံးဦးမှာလဲ။

သူ တကယ် မျှော်လင့်စောင့်စားမိပါသည်။

လုမင်လျန် ခေတ္တ ကြက်သေ သေသွားသည်။ "အာ... အဲ့တာကတော့ မေးမကြည့်ရသေးဘူး။ အခုပဲ သွားမေးလိုက်တော့မယ်။"

...

...

ဖေးချမ့်၏ ရုံးခန်းထဲတွင်....

လုမင်လျန်က ဘော့စ်ဖေး၏ မျက်နှာကို ခိုးကြည့်လိုက်ပါသည်။ ဘော့စ်ဖေးက လုံးဝ စိတ်ဖိစီးနေသည့်ပုံလည်း မပေါ်ပါ။ သူ သေရေးရှင်ရေး စိုးရိမ်စိတ်မျိုး မရှိတော့ဘူးလား။ ဒါမှမဟုတ် ယုံကြည်ချက် ပြည့်ဝနေပြီး အရမ်းအဆင်ပြေတဲ့ အစီအစဥ်မျိုး ရှိနေတာလား။

ဘာပဲဖြစ်ဖြစ် လုမင်လျန်က အလွန်အထင်ကြီးသွားမိပါသည်။

ဖေးချမ့်ကတော့ တွေးနေ၏။

လုမင်လျန်က ဂိမ်းဒီဇိုင်နာကို ဘယ်လို ကြော်ငြာသင့်ကြောင်း လာမေးသည်။ အစကတော့ ဖေးချမ့် သိပ်ပြီး မတွေးခဲ့ပါ။ ဘယ်လိုမှ မကြော်ငြာဖို့တောင် စဥ်းစားထားခဲ့သည်။ သို့သော်လည်း လေးလေးနက်နက် ပြန်စဥ်းစားပြီးမှ ဒီလိုတွေးတာ မှားယွင်းကြောင်း ခံစားမိပါသည်။

ကိစ္စများကို ဆန်းသစ်သည့် အမြင်မျိုးနဲ့ သူ့ကြည့်ရမည်။ ရူးရူးမိုက်မိုက် အမြင်နဲ့ကြည့်လို့ မရတော့ပါ။

အထီးကျန်ကန္တာရလမ်းနဲ့ တစ္ဆေစစ်သူကြီးတို့ကို မထုတ်လုပ်ခင်တုန်းက ထန်းတာ့မှာ လူသိနည်းသည့် ကုမ္ပဏီငယ်တစ်ခု ဖြစ်သည်။ သူသာ ပိုက်ဆံဆုံးရှုံးချင်ပါက ဘာကြော်ငြာမှ မလုပ်လည်း အဆင်ပြေသည်။

အခုတော့ ခြားနားနေပါပြီ။

တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့က အလွန် လူသိများက ရေပန်းစားနေသဖြင့် ဖေးချမ့် တကူးတက ဂိမ်းဒီဇိုင်နာကို မကြော်ငြာရင်တောင် ကစားသမားများက သေချာပေါက် တွေ့သွားပါလိမ့်မည်။

ဒီဂိမ်းထုတ်လုပ်မှုကို သူတို့အား ဖုံးကွယ်မထားနိုင်ပါ။ ဒီလိုဆိုရင်တော့...

နည်းနည်းလောက် ကြော်ငြာလိုက်ရမလား။

သူပိုက်ဆံတွေ ပိုသုံးလို့တောင်ရသည်။ သို့သော်လည်း ဒီအစီအစဥ်ကို ဘယ်လို အကောင်အထည်ဖော်ရမလဲဆိုတာကိုတော့ သေသေချာချာ စဥ်းစားဖို့ လိုအပ်ပါသည်။ သာမန် ကြော်ငြာနည်းလမ်းများကို သုံးပြီး ဂိမ်းက ရေပန်းစားလာပါက ဆိုးရွားနိုင်ပါသည်။ ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုကတော့ ဘာကောင်းကွက်မှမရဘဲ ကြော်ငြာပြီး ပိုက်ဆံဖြုန်းဖို့ ဖြစ်ပါသည်။

သူသာ အနုတ်သဘောဆောင်သည့် ကြော်ငြာမျိုး ရနိုင်ပါက အကောင်းဆုံး ဖြစ်သည်။

လောလောဆယ် ဖေးချမ့် အသုံးပြုနိုင်သည့် ကြော်ငြာနည်းလမ်းများက အောက်ပါအတိုင်း အနည်းငယ်သာရှိသည်။

ထောက်ခံချက်များ ဝယ်ယူခြင်း၊ ကော်မာရှယ်များ၊ ကြော်ငြာပေးသူရှာဖွေခြင်း စသည်တို့ဖြစ်ပါသည်။

ဖေးချမ့် သေချာပေါက် ဒါတွေကို လုပ်မှာ မဟုတ်ပါ။

ထိုနည်းလမ်းများကြောင့် ပိုက်ဆံရနိုင်ခြေက အလွန်များပြားသောကြောင့်ဖြစ်ပါသည်။ ၎င်းတို့က အလွန် ရေပန်းစားသော ကြော်ငြာနည်းလမ်းများ ဖြစ်သည်။ ၎င်းတို့၏ အာနိသင်က ကွဲပြားနိုင်သော်လည်း ဂိမ်းဒီဇိုင်နာ၏ ပန်းချီစတိုင် အလွန်ကောင်းမွန်နေပုံအရ လူတွေ၏ အာရုံစိုက်မှုကို အလွယ်လေးရနိုင်ပါသည်။

ခိုးယူထားသည့် Video Materialများဖြင့် အင်တာနက်ပေါ်က လူလိမ်ကြော်ငြာများ၊ သို့မဟုတ် ပိုက်ဆံအများကြီး သုံးကာ နာမည်ကျော်များကို ငှားရမ်းပြီး ခွကျသော ကြော်ငြာစကားများ ပြောခိုင်းကာ ကြော်ငြာခြင်း စသည်တို့လည်း ရှိသေးသည်။ ထိုနည်းလမ်းအားလုံးက ပိုက်ဆံအကုန်အကျများသော်လည်း ထိုစုတ်ပြတ်သော ads များက သက်ရောက်မှု အတိုင်းအတာတစ်ခုတော့ ရှိသေးသည်။

ဂိမ်းဒီဇိုင်နာအတွက် ဒီလို စုတ်ပြတ်သည့် ကော်မာရှယ်မျိုး လုပ်လိုက်ပြီး ဂိမ်းရေပန်းစားလာပါက ဖေးချမ့် တကယ်ငိုမိပါမည်။

သူ မစွန့်စားရဲပါ။

ထို့ကြောင့် ဖေးချမ့် ဆင်တူသော နည်းလမ်းများကို သုံးဖို့ စိတ်ကူးမရှိပါ။ ငွေရနိုင်သည့် နည်းလမ်းများက အလွန်မြင့်မားလွန်းပါသည်။

သူခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဗီဒီယိုဝက်ဘ်ဆိုက်တစ်ခုကို သွားပြီး အကြောင်းအရာ ဖန်တီးသူ တစ်ယောက်ကို ငါတို့အတွက် ကြော်ငြာပေးဖို့ သွားတောင်းဆိုကြည့်ရအောင်"

"အကြောင်းအရာ ဖန်တီးသူ ဟုတ်လား။"

လုမင်လျန် ကြောင်သွားသည်။ သူဒီလို မစဥ်းစားရသေးပါ။ အရေးအကြီးဆုံးက တခြား ကြော်ငြာနည်းလမ်းများနဲ့ ယှဥ်လျှင် အကြောင်းအရာ ဖန်တီးသူများနဲ့ စပွန်ဆာများက နှုန်းထား အနိမ့်ဆုံးဖြစ်သည်။ ရလာမည့် သက်ရောက်မှုများကလည်း အဆိုးရွားဆုံး ဖြစ်သည်။ ဘော့စ်ဖေး ဒီနည်းလမ်းကို စဥ်းစားလိမ့်မည်ဟု လုမင်လျန် မတွေးခဲ့ပါ။

ဒါက ၂၀၁၀ ခုနှစ်ဖြစ်ပြီး ချောင်းလျန်ကဲ့သို့ နာမည်ကြီး အကြောင်းအရာ ဖန်တီးသူများစွာကတောင် နာမည်ကြီး ထမင်းငတ်ဖြစ်နေကြဆဲဖြစ်သည်။

ဟွမ်းစစ်ပေါ် ဖန်တီးသည့် ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိလာသော ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝတောင် နောက်ဆုံးတော့ စုတ်ပြတ်သည့် စပွန်ဆာတောင်းဆိုမှုများသာ ရလာပါသည်။ အဆင့်မြင့်ပြီး စိတ်ကြိုက်ပြုလုပ်ထားသည့် ဗီဒီယိုများကို ဘယ်သူမှ စိတ်မဝင်စားကြပါ။

လူတွေက ဘာက ရေပန်းစားသလဲဆိုတာ မသိသေးသောကြောင့် ဖြစ်ပါသည်။ အရေးကြီးတာက အကြောင်းအရာ ဖန်တီးသူများမှာ တခြာား ကြော်ငြာနည်းလမ်းများကဲ့သို့ အောင်မြင်မှုမျိုး မရဖူးသေးသောကြောင့် ဖြစ်သည်။ ပိုက်ဆံရှိပါက ဗီဒီယိုဝက်ဘ်ဆိုက်ကို သွားပြီး ကော်မာရှယ်များကို တိုက်ရိုက်ဝယ်ယူနိုင်သည်။

ဂိမ်မာများက ဂိမ်းဗီဒီယိုတစ်ခုကို နှိပ်လိုက်ပြီး အစကတည်းက ကြော်ငြာတစ်ခုကို မြင်လိုက်ပါက အများစုမှာ ချက်ချင်း နှိပ်လိုက်နိုင်သည် မဟုတ်ပါလား။ ဒါက စပွန်ဆာတွေထက် ပိုကောင်းတဲ့ အာနိသင်မျိုး မရနိုင်ဘူးလား။

ထို့ကြောင့် လုမင်လျန် ခဏလောက် ပြန်မတုန့်ပြန်နိုင်ခဲ့ပါ။

သို့သော်လည်း အသိစိတ်ပြန်ဝင်လာပြီးပြောလိုက်ပါသည်။ "ကျွန်တော်နားလည်ပါပြီ ဘော့စ်ဖေး ဟွမ်းစစ်ပေါ်နဲ့ ဒါရိုက်တာ ကျူးရှောင်စဲတို့ကို ကျွန်တော်တို့ဂိမ်းအတွက် စိတ်ကြိုက်ပြုလုပ်ထားတဲ့ ကြော်ငြာဗီဒီယို သွားရိုက်ခိုင်းတာ မဟုတ်လား။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ရေပန်းစားမှုကို အသုံးချပြီး ဂိမ်းဒီဇိုင်နာရဲ့ ကြော်ငြာကို အထောက်အကူပြုမှာ မဟုတ်လား။"

ဖေးချမ့် "???"

ဘယ်တုန်းက ဟွမ်းစစ်ပေါ်နှင့် ကျူးရှောင်စဲတို့ကို သွားတွေ့ချင်တယ်လို့ ငါပြောမိလို့လဲ။ ငါ့စကားကို အထင်မလွဲနဲ့ကွ။

ကျူးရှောင်စဲနဲ့ သူတို့တွေကို လုံးဝ စိတ်ကြိုက်ပြုလုပ်ထားသည့် ဗီဒီယိုတွေ လုပ်ခိုင်းမှာ မဟုတ်ဘူး။ လုံးဝပဲ>

ပိုက်ဆံတန်ဖိုးများလွန်းတယ်။

ဖေးဟွမ်အလုပ်ရုံက ထန်းတာ့၏ အရန်လုပ်ငန်း ဖြစ်သည်။ ဖေးချမ့်သာ သူတို့ကို ဂိမ်းဒီဇိုင်နာအတွက် စိတ်ကြိုက်ပြုလုပ်ထားသည့် ဗီဒီယိုကြော်ငြာလုပ်ဖို့ သိန်းနဲ့ချီပြီး ပေးလိုက်ပါက ထို သိန်းချီပမာဏမှာ ဖေးဟွမ်အလုပ်ရုံ၏ အမြတ်ငွေဖြစ်လာပြီး ထန်းတာ့သို့ ပြန်ရောက်လာလိမ့်မည်။

ဘယ်အိတ်ကပ်ထဲက ထွက်ပြီး ညာအိတ်ကပ်ထဲ ပြန်ရောက်လာသလိုပင်။ အလွန်သက်သာသည့် နည်းလမ်း ဖြစ်သဖြင့် ဖေးချမ့် ခွင့်ပြုနိုင်ပါ့မလား။

ထို့အပြင် ကျူးရှောင်စဲက ပါရမီရှင် ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။ ဂိမ်းဒီဇိုင်နာနဲ့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ တို့ကလည်း ကိုက်ညီလိုက်ဖက်မှု ရှိနေသည်။ ဒါ့ကြောင့် ဂိမ်းနာမည်ကြီးလာရင် ဘယ်လိုလုပ်မလဲ။ ဖေးချမ့် နှစ်ဖက်စလုံးမှာ ရှုံးမသွားနိုင်ဘူးလား။

ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝသာ ဂိမ်းဒီဇိုင်နာနဲ့အတူတူ ရေပန်းစားလာလျှင် ဖေးချမ့် သွေးအန်သေပါလိမ့်မည်။

ထိုသို့စဥ်းစားမိကာ ဖေးချမ့် ခေါင်းခါလိုက်သည်။ "ဟွမ်းစစ်ပေါ်နဲ့ တခြားသူတွေကို သွားတွေ့ဖို့ စဥ်းစားနေတာ မဟုတ်ဘူး။ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝက နာမည်ရအောင် တည်ဆောက်တဲ့ အရေးကြီးအဆင့်မှာပဲ ရှိသေးတယ်။ သူတို့ရဲ့ အစီအစဥ်နဲ့ နာမည်ကို ဒီဂိမ်းကြော်ငြာတစ်ခုအတွက်ကြောင့်နဲ့ မနှောင့်ယှက်နိုင်ဘူး။"

"နားလည်ပါပြီ" လုမင်လျန်က သူ့ကိုယ်သူ အမြင်မကျယ်သည့်အတွက် အပြစ်တင်ကာ ခေါင်းငြိမ့်လိုက်ပါသည်။

ဘော့စ်ဖေးပြောတာ မှန်သည်။ လောလောဆယ် ဖေးဟွမ်အလုပ်ရုံက ၎င်း၏ နာမည်နဲ့ ရေပန်းစားမှုကို တည်ဆောက်ဖို့ လိုအပ်နေသည်။ စပွန်ဆာများနဲ့ လွန်လွန်ကျူးကျူး မလုပ်သင့်သေးပါ။

အထူးသဖြင့် ကုမ္ပဏီနှစ်ခုစလုံး၏ ဆက်ဆံရေးက အလွန်တင်းကြပ်သဖြင့် ကောလဟာလများ ထွက်လာနိင်ပါသည်။

"ဒါဆိုရင်... စျေးကွက်ထဲက ပရိတ်သတ်များပြီး ရေပန်းစားတဲ့ အကြောင်းအရာ ဖန်တီးသူတွေကို ကျွန်တော် ဆက်သွယ်လိုက်ရမလား။" လုမင်လျန်က မေးလိုက်ပါသည်။

ဖေးချမ့်စဥ်းစားလိုက်သည်။ "ဒီလိုဆိုရင်ကော ငါ မင်းကို မနက်ဖြန် စာရင်းကော စျေးနှုန်းတွေကော ပေးမယ်။ မင်းက အဲ့အတိုင်း လိုက်ဆက်သွယ်လိုက်ချေ။"

လုမင်လျန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး။"

ဟုတ်သားပဲ။ ဘော့စ်ဖေးက ငါ့အစွမ်းအစကို မယုံကြည်သေးဘဲ သူကိုယ်တိုင် တတ်နိုင်သလောက် ငါ့ကို ကူညီပေးနေတုန်းပဲ။ ငါကြိုးစားမှ ဖြစ်မယ်။

လုမင်လျန် အနည်းငယ်အရှက်ရမိပါသည်။

All Chapters