← Chapters

အခန်း(၅၇) ဝန်ထမ်းပေါင်းစည်းပွဲဆိုတာ ကုန်းဆင်းဖို့ပဲ

Vol. 4 Ch. 57

အခန်း(၅၇) ဝန်ထမ်းပေါင်းစည်းပွဲဆိုတာ ကုန်းဆင်းဖို့ပဲ

Vol. 4 Ch. 57

အခန်း(၅၇) ဝန်ထမ်းပေါင်းစည်းပွဲဆိုတာ ကုန်းဆင်းဖို့ပဲ

လင်းဝမ်၏ ပထမဆုံး အလုပ်နေ့က ဧရာမ ကြိုဆိုပါတီပွဲကြီး ဖြစ်နေသည်။

ထိုနေ့လယ်ခင်း ၂ နာရီတွင် အားလုံး ရုံးထဲတွင် စုစည်းကြကာ ရုပ်ရှင်ရုံသို့ ချီတက်ခဲ့ကြ၏။

လက်ထောက်ရှင်း၏ အချိန်ဇယားအရ ပထမဆုံး VIP IMAX ရုပ်ရှင်ရုံတွင် ဘိုကင်တင်ထားပြီး နောက်ဆုံးထွက် ရုပ်ရှင်ဖြစ်သည့် Avatar ကို ကြည့်ရဖို့ ယွမ် ၄,၀၀၀ ကျော် ကုန်ကျခဲ့သည်။

ထို့နောက် ကျင်းကျိုးမြို့တော်က စျေးအကြီးဆုံး ဘူဖေးစားသောက်ဆိုင်ဖြစ်သည့် ငန်းရေကန်သို့ အားလုံး ရောက်လာခဲ့ကြသည်။ ဝန်ဆောင်ခ ၁၅ ရာခိုင်နှုန်းနှင့် လူတစ်ယောက်ကို ၄၂၈ ယွမ်နှုန်းဖြင့် တွက်ကြည့်လိုက်သောအခါ ထိုစားသောက်ပွဲကြောင့် ဖေးချမ့် နောက်ထပ် ယွမ် ၁၀,၀၀၀ ကျော် ကုန်ခဲ့ရပြန်သည်။

ညစာစားပြီးနောက် အနီးအနားရှိ KTV တစ်ခုသို့ သွားပြီး အနိမ့်ဆုံး ယွမ် ၆,၀၀၀ လောက်ကုန်ကျသည့် ဇိမ်ခံအခန်းတစ်ခုကို ငှားရမ်းခဲ့သည်။ ဖေးချမ့်က ဘားတွင် အချိန်ပိုဖြုန်းခဲ့ပြီး ကိန်းဂဏန်းအရေအတွက်ကို ဂဏန်း ငါးလုံးအထိ ဖြုန်းနိုင်ခဲ့သည်။

ဒါတောင် သူ မကျေနပ်သေးပေ။

ဒီလို ရုတ်ခြည်း ငွေဖြုန်းတီးမှုက မလုံလောက်သေးပါ။

သာမန်နေ့များနှင့် ယှဥ်ရင် သူစနစ်ရန်ပုံငွေကို သုံးဖို့ စနစ်က ပိုအလိုလိုက်နေသည်ဟု ခံစားမိသည်။

စနစ်၏ ကန့်သတ်မှုများက အခြေအနေပေါ် မူတည်သည် ထင်သည်။ သူစနစ်ရန်ပုံငွေကို မတူညီသော အကြောင်းပြချက်များကြောင့် သုံးစွဲလိုက်တိုင်း သူအများဆုံး ဖြုန်းနိုင်သည့် ပမာဏလည်း ပြောင်းလဲသွားတာ ဖြစ်နိုင်သည်။

အရင်တစ်ခေါက်ကိုပဲ ဥပမာယူကြည့်ပါ။ ဖေးချမ့် ကွမ်ကျိုးမြို့ကို ပညာဖလှယ်ဖို့ အကြောင်းပြချက်ဖြင့် သွားခဲ့စဥ်က လုပ်ငန်း ကုန်ကျစရိတ်များအရ သူတို့ ပိုက်ဆံသုံးနိုင်ခဲ့သည်။

ဒီတစ်ခေါက်ကျတော့ သမုဒ္ဒရာရဲတိုက်ဂိမ်းကို အောင်မြင်စွာ ဖန်တီးနိုင်မှုအား အောင်ပွဲခံသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့ အတူတူ စားသောက်ဖို့နှင့် ပျော်ရွှင်ဖို့အတွက် ရွေးချယ်စရာများကလည်း ပိုများလာခဲ့ခြင်း ဖြစ်နိုင်ပါသည်။

သာမန် တွေ့ဆုံပွဲတစ်ခုသာဆို ဘူဖေးအတွက် ကန့်သတ်ချက်က လူတစ်ယောက်ကို ယွမ် ၂၀၀ ဝန်းကျင်သာ ရှိလောက်သည်။ ထို့ထက် ပိုသုံးပါက စနစ်က အသိပေးချက် ထုတ်ပြန်ပါလိမ့်မည်။

သို့သော်လည်း ဒီတစ်ခေါက်တော့ ဖေးချမ့်၏ ခိုင်မာသော အကြောင်းပြချက်ကြောင့် သူတို့ ဘူဖေးကို ယွမ် ၄၀၀ ကျော်အောင် စားခဲ့တာတောင် စနစ်က သတိပေးချက် မထုတ်ပြန်ခဲ့ပါ။

စနစ်၏ စည်းကမ်းချက်စံနှုန်းများက ပုံသေ မဟုတ်ဘဲ အခြေအနေအရ ပြောင်းလဲနိုင်သည်ဟု ဖေးချမ့် ခန့်မှန်းလိုက်သည်။

ကောင်းမွန်သော အချက်တော့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်ကို သူစနစ်ရန်ပုံငွေကို သုံးစွဲသည့် နည်းလမ်းအပေါ်မူတည်ပြီး ဖေးချမ့် လွတ်လပ်မှုကို ပိုရနိုင်လိမ့်မည်။

သို့သော်လည်း အမှန်ပင်။ စနစ်ရန်ပုံငွေများက ကိုယ်ရေးကိုယ်တာ ကုန်ကျစရိတ်များထက် ကုမ္ပဏီအရေးကိစ္စများအတွက် သုံးဖို့သာ ကန့်သတ်ချက်ရှိပါသည်။

ပိုက်ဆံဖြုန်းဖို့ သူအကောင်းဆုံး ကြိုးစားနေခဲ့သော်လည်း အသုံးမဝင်သည့် ကြိုးစားမှုဟု ဖေးချမ့် ခံစားနေရဆဲဖြစ်သည်။

ဒီနေ့အသုံးစရိတ်ကိုပဲ နမူနာ ယူကြည့်ပါ။ သူတို့စုစုပေါင်း ၃၀,၀၀၀ တောင်ပြည့်အောင် မသုံးနိုင်ခဲ့ကြပေ။ သူမျှော်လင့်ထားတာ ဒီလို မဟုတ်ပေ။

သို့သော်လည်း အဆင်ပြေပါသည်။ ငွေစာရင်း ရှင်းချိန် တစ်ပတ်တောင် လိုသေးသဖြင့် ပိုက်ဆံများ ဆက်ဖြုန်းဖို့ အချိန်ရှိသေးသည်။

ဖေးချမ့်က ဒီဝန်ထမ်းပေါင်းစည်းပွဲကို စိတ်မဝင်စားသော်လည်း တခြားသူများကတော့ မတူချေ။

အထူးသဖြင့် မာယန်၊ ပေါင်ရှုနှင့် ဟွမ်စစ်ပေါ်အတွက်ဖြစ်သည်။ ဝန်ထမ်းပေါင်းစည်းပွဲကို ဆက်ကျင်းပရင်း အရာရာကို သူတို့ မှင်သက်နေမိပါသည်။

ရုပ်ရှင်ကြည့်ဖို့အတွက် VIP IMAX ရုပ်ရှင်ရုံကြီး တစ်ခုလုံးကို နောက်ဆုံးထွက်ဇာတ်ကားကို 3D ဖြင့် ကြည့်ဖို့ ဘိုကင်တင်ခဲ့သည်။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ညစာဘူဖေးကလည်း တစ်ယောက်ကို ယွမ် ၄၀၀ ကျော်ကုန်ကျပြီး ဟင်းပွဲ ၅၀၀ ကျော်နှင့် ပင်လယ်စာ ၄၀၀ တို့ပါဝင်သည်။ ဆူးတောင်ပြာ တူနာ၊ နယူးဇီလန် ပုစွန်တုပ်၊ သြစတြေးလျ ကျောက်ပုစွန် စသဖြင့် သူတို့ လိုချင်တာ မှန်သမျှ အကုန်ရပါသည်။

Haagen Dazs ရေခဲမုန့်က အခမဲ့ဖြစ်ကြောင်း မာယန်မြင်လိုက်သောအအခါ ကုန်းဆင်းဖို့ ပြင်လိုက်သော်လည်း ဖေးချမ့်၏ ဝေဖန်မှုကို ခံခဲ့ရသည်။

'မင်းအစားအသောက် ဘယ်လိုရွေးရမလဲ မသိဘူးလား'

'ဘယ်ဟာက ပိုစျေးကြီးတာလဲ မသိဘူးလား မင်းမသိရင်လည်း Qiandu မှာ ရှာကြည့်လိုက်'

စားသောက်ဆိုင်ထဲတွင် စားသောက်နေစဥ် အားလုံး အဆင့်မြင့်သလို ခံစားချက်မျိုးကို ရခဲ့ကြသည်။ သူတို့ ထူးဆန်းသည့် အစားသအသောက်များကို တွေ့သောအခါ ကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ စျေးကြီးသည့်ပုံ ပေါ်ပါက ချက်ချင်း စားပစ်ကြမည်ဖြစ်သည်။

သူတို့အများစုက အသက် ၂၀ အစောပိုင်းသာ ရှိကြသေးပြီး စားနိုင်သောက်နိုင်ဆုံး အရွယ်ဖြစ်သည်။ ထို့ကြောင့် စားပွဲအများစုတွင် မြင့်မားစွာ ထပ်ထားသည့် ပန်းကန်အလွတ် များစွာ ရှိနေပါသည်။

တစ်ဖက်တွင် ဖေးချမ့်ကတော့ အလွန် တည်ငြိမ်နေပါသည်။

သူပြန်မဖွေးဖွားခင်တုန်းက ဒီလိုဘူဖေးများကို စားတာရှားပြီး အစားအသောက်များကလည်း ဆွဲဆောင်မှုရှိသည်။ သို့သော် သူ့စိတ်ထဲ ၅၀၀,၀၀၀ ကိုသာ တွေးနေမိပါသည်။

သူ ယွမ် ၅၀၀,၀၀၀ ကို ရနိုင်မယ်ဆိုရင် ဘာကို မစားနိုင်စရာအကြောင်းရှိလို့လဲ။

စနစ်၏ ထောက်ခံချက်ကို စောင့်ပြီး စားကောင်းသောက်ဖွယ်များ စားသောက်နိုင်ဖို့ စောင့်နေစရာ မလိုတော့ဘူး။

ဆူးတောင်ပြာ တူနာတစ်ကောင်ကို စားသုံးရင်း ဖေးချမ့်၏ စိတ်ထဲတွင် ယွမ် ၅၀၀,၀၀၀ ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

...

လင်းဝမ်၏ အာရုံကလည်း ထိုနည်းတူစွာပဲ မီနူးပေါ်မှာ ရှိမနေပေ။။

သူမအတွက် ထိုအစားအသောက် အားလုံးက ဘာမှအသစ်အဆန်း မဟုတ်ဘဲ ဒါတွေကို စိတ်ကုန်နေတာ ကြာခဲ့လေပြီ။

သူမ စိတ်ဝင်စားတာက ဝန်ထမ်းများနှင့် ဘော့စ်ဖေးတို့၏ ပြုမူ ပြောဆိုပုံများဖြစ်ကြသည်။

အားလုံး ဘယ်လောက်တောင် ပျော်နေသလဲ သူမ မြင်နေရ၏။

ထိုအပြုံးများမှာ ယခင် ဆန်းစထရိုက်ခ် စတူဒီယိုရှိ လုပ်ဖော်ကိုင်ဖက်များတွင် လင်းဝမ် တစ်ခါမှ မမြင်ဖူးခဲ့သည့် အပြုံးများဖြစ်သည်။

ဒီနေ့ စားကောင်းသောက်ဖွယ်တွေ စားနေရလို့လား။

မဖြစ်နိုင်ပါ။

ဒါက တစ်ယောက်ကို ၄၀၀ ဝန်းကျင်သာ ကုန်ကျသည့် ဘူဖေးဖြစ်ပြီး ဘာမှမထူးခြားပါ။

အားလုံးပျော်ရွှင်နေရသည့် အကြောင်းအရင်းမှာ ဘော့စ်ဖေး၏ အသိအမှတ်ပြုမှုကို သူတို့ ခံစားမိသောကြောင့် ဖြစ်နိုင်ပါသည်။

သူတို့ အလုပ်လုပ်ရတာကို ပျော်ရလောက်သည့်အထိ ဘော့စ်ဖေး၏ စရိုက်လက္ခဏာက သူတို့ကို နွေးထွေးစေခဲ့သည်။

ဝန်ထမ်းတွေနဲ့ ဘော့စ်တွေက အမြဲတမ်း ပဋိပက္ခဖြစ်နေရမယ်လို့ ဘယ်သူပြောလဲ။

အလုပ်လုပ်ရတာ စိတ်ပျက်ဖို့ကောင်းတဲ့ ကိစ္စလို့ ဘယ်သူပြောလဲ။

ဘော့စ်ဖေးနဲ့သာဆို ဒီလိုတွေ လုံးဝ မဟုတ်တာ သေချာပါသည်။

အလွန် သန့်စင်သည့် တွေ့ဆုံပွဲဖြစ်ပြီး ရှားပါးလွန်းလှပါသည်။

တခြား ကုမ္ပဏီများက ဝန်ထမ်းများ၏ အနားယူချိန်ကို အသုံးချပြီး ပိတ်ရက်များတွင်သာ တွေ့ဆုံပွဲများကို ကျင်းပတတ်ကြသည်။ ဒါတင်မကသေးဘဲ ထိုတွေ့ဆုံပွဲ အများစုက အရက်သောက်ဖို့သာ ဖြစ်သည်။ ကုမ္ပဏီ၏ ဝန်ထမ်းများအကြား ဆက်ဆံရေးကို တိုးမြှင့်ပေးရမည့်အစား ဝတ်ကျေတန်းကျေ ဆောင်ရွက်ရသည့် လူမှုရေး ပွဲတော် တစ်ခုလိုပင်။

လူအများစုက ဒါကို သဘောမကျကြသော်လည်း ရွေးချယ်စရာမရှိကြပါ။

သို့သော် ထန်းတာ့မှာတော့ မတူညီပေ။

ခေါင်းဆောင်များက စကားပြောပြီး ဝန်ထမ်းတွေက အရက်များငှဲ့ပေးရသည့် ခွကျသော ကဏ္ဍများ ထန်းတာ့မှာ မရှိပါ။ အားလုံးက ကိုယ့်အစားအသောက်ကို ပျော်ပျော်ကြီး စားသောက်နေကြသည်။

သန့်စင်လိုက်တဲ့ ဝန်ထမ်းပေါင်းစည်းပွဲပါလား။

ဒါတင်မကသေးဘဲ ဖေးချမ့်က တစ်ခုခုကို စဥ်းစားနေသည့် ပုံစံဖြင့် စိတ်မပါစွာ စားသောက်နေပုံကို လင်းဝမ် သတိထားမိသည်။

မဟုတ်မှလွဲရော ဂိမ်းနဲ့ ကုမ္ပဏီ အော်ပရေးရှင်းတွေအကြောင်း စဥ်းစားနေတာများလား။

အားလုံးက အားရပါးရ စားသောက်နေကြသော်လည်း ဖေးချမ့်ကတော့ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း စဥ်းစားနေပြီး စိတ်ပူပန်နေသည့်ပုံ ပေါက်နေပါသည်။

အမှန်ပင်။ ဒါက ဘော့စ်တစ်ယောက် ဖြစ်ရခြင်း၏ တာဝန်ပဲဖြစ်သည်။ ခေါင်းဆောင်များသည် အနာဂတ်ကို တွေးပူပြီး လက်အောက်ငယ်သားတွေ ပျော်ရွှင်ပြီးမှ ပျော်ရွှင်ကြတာဆိုတာ ဒါမျိုးကို ခေါ်သည်။

ဖေးချမ့်အကြောင်း လင်းဝမ် ပိုပြီး နားလည် အမြင်ကျယ်လာပြီဟု ခံစားမိပါသည်။

...

သူတို့ စားသောက်ကြပြီးသောအခါ အားလုံး အနီးအနားရှိ KTV မှ ဇိမ်ခံ အခန်းထဲသွားခဲ့ကြပြီး တစ်ညလုံး ပျော်ရွှင်ခဲ့ကြပါသည်။

သို့သော်လည်း သီချင်းမဆိုချင်ဘဲ အိမ်စောစော ပြန်ချင်သည့် တချို့ကောင်မလေးများအတွက် ဖေးချမ့်က ယောက်ျားလေး ဝန်ထမ်းများကို အငှားယာဥ် ငှားခိုင်းလိုက်ပြီး အိမ်ပြန်ပို့ခိုင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် အခန်းငှားခက လူတွေပြန်သွားသည်ဖြစ်စေ မပြန်သည်ဖြစ်စေ အရေးမကြီးဘဲ ဖေးချမ့်၏ ငွေဖြုန်းတီးမှုအပေါ်လည်း သက်ရောက်မှု ရှိမည် မဟုတ်ပေ။

သူ့သဘောထားက ရိုးရှင်းပါသည်။

မင်းတို့ကောင်တွေ ငါ့ကို စနစ်ရန်ပုံငွေသုံးတာကို ရပ်အောင်လုပ်တာက လွဲပြီး ကျန်တာအကုန်လုပ်လို့ရတယ်။

အခန်းထဲတွင် ဘားငယ်လေးနှစ်ခုနှင့် ကခုန်ရာ နေရာတစ်ခုရှိပြီး အားလုံး စိတ်ကြိုက် သောက်ကြသည်။ အရက်ဖြင့်ဖြင့် အချိုရည်ဖြစ်ဖြစ် ရသည်။

အစကတော့ အားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိနေကြ၏။ သို့သော် မာယန်က နာမည်ကျော် 'Transactional Love' သီချင်းကို အားရပါးရ ဆိုလိုက်သောအခါ တစ်နေရာလုံး တက်ကြွသွားတော့သည်။

အားလုံးက ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးလိုက်ကြသည်။ သူတို့ စိတ်ကြိုက် မိုက်ခရိုဖုန်းထဲသို့ အော်ဟစ်ကုန်ကြ၏။

လင်းဝမ်လည်း မပြန်ဘဲ သီချင်းတချို့ ဆိုခဲ့သည်။ သူမ၏ သာယာလှပသော အသံကြောင့် အားလုံးနွေးထွေးသွားကြပါသည်။

သူမ ဒီအဖွဲ့ကို သဘောကျနေပြီဖြစ်ကြောင်း သိခဲ့ရသည်။

ဒါက ဘော့စ်ဖေးကို ဝိုင်းရံကြရင်း ပျော်ပျော်နေတတ်ကြသည့် ချစ်ခင်ကြသော မိသားစုကြီး တစ်ခုလိုပင်။

ဒီလိုအခြေအနေကြောင့် လင်းဝမ်သည် သူမ ဝင်လာခဲ့သည့် နေရာ မမှားယွင်းကြောင်း ယုံကြည်သွားခဲ့ရပါသည်။

ထန်းတာ့က သူမ အသည်းအသန်ရှာဖွေခဲ့ရသည့် အဖြေဖြစ်သည်။

ပျော်ရွှင်စွာဖြင့် ဖေးချမ့်လည်း နည်းနည်းပါးပါး သောက်ခဲ့သည်။

မူးနေစဥ် စနစ်ရန်ပုံငွေ ယွမ် ၅၀၀,၀၀၀ စလုံး သူ့ကိုယ်ပိုင်စည်းစိမ်ထဲသို့ ဝင်ရောက်လာသည့် ငွေစာရင်းရှင်းမှုကို စနစ်ဆောင်ရွက်နေကြောင်း မြင်ယောင်နေမိပါသည်။

...

နောက်တစ်နေ့ နေ့လယ်ခင်းတွင် ဖေးချမ့်သည် သူ့အငှားတိုက်ခန်းမှာ နိုးလာခဲ့ပြီး မျက်လုံးများကို ဖြည်းချင်းစွာ ပွတ်လိုက်ပါသည်။

မနေ့ညက သူသောက်ခဲ့သော်လည်း သူတို့ အရည်အသွေးမြင့် ဝိုင်များကို သောက်ခဲ့ကြသောကြောင့် အရမ်းမူးတာမျိုး မဖြစ်ပါ။

ရေတစ်ခွက် ငှဲ့လိုက်ရင်း လက်ပ်တော့ကို ဖွင့်လိုက်သည်။

ဒါက လက်ပ်တော့ အသစ်တစ်လုံးဖြစ်၏။ အရင်လက်ပ်တော့ကတော့ ကျောင်းစတက်ပြီးကတည်းက ၆ လသာ သုံးရသေးသော်လည်း အနားယူသွားရပြီဖြစ်သည်။

ဖေးချမ့်၏ လက်ရှိ လက်ပ်တော့က အဆင့်မြင့် Alienware အမျိုအစားဖြစ်သည်။

စနစ်ရန်ပုံငွေကို ဘာပဲဖြစ်ဖြစ် သုံးရမှာဖြစ်သဖြင့် ဒီလိုလက်ပ်တော့မျိုး ပိုင်ဆိုင်ရခြင်းကို ဖေးချမ့် ရင်မခုန်တော့ပါ။

ESRO ၏ ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်ပြီး သမုဒ္ဒရာရဲတိုက်ကို စစ်ကြည့်လိုက်သည်။ စမ်းသပ်စစ်ဆေးသော လုပ်ငန်းစဥ် မပြီးမြောက်သေးမှန်း မြင်လိုက်ရ၏။

ဂိမ်းက ကြီးသဖြင့် စမ်းသပ်စစ်ဆေးမှု လုပ်ငန်းစဥ် ပိုကြာတာ ပုံမှန်ပဲဖြစ်သည်။ ထို့ကြောင့် နာရီ ၂၀ ကြာပြီးတာတောင် ဂိမ်းက စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဥ်အတွင်းမှာပဲ ရှိနေပါသေးသည်။

ဖေးချမ့်က လက်ပ်တော့ကို ပိတ်လိုက်ပြီး စိတ်လည်း သိပ်မပူပေ။

တခြားကုမ္ပဏီများကတော့ မားကတ်တင်း အစီအစဥ်များလည်း လုပ်ရဦးမည်ဖြစ်သဖြင့် ဂိမ်းက စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းစဥ်ကို ဘယ်တော့ အောင်မလဲ စိတ်ပူပင်နေကြနိုင်သည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဒီလိုလုပ်စရာ ဘာမှမရှိပါ။

ထို့ကြောင့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဥ်၌ ဂိမ်းဘယ်တော့ အောင်မလဲ ဘာအရေးကြီးဦးမည်နည်း။ ဘာမှ အရေးမကြီးပါ။

All Chapters