← Chapters

အများအကျိုးဆောင် ကိုယ်ကျိုးအောင်

Vol. 17 Ch. 247

အများအကျိုးဆောင် ကိုယ်ကျိုးအောင်

Vol. 17 Ch. 247

ချွမ်းမင် Review ၏ ဝန်ထမ်းများက အလုပ်လုပ်တာ ကျွမ်းကျင်တာကိုတော့ ငြင်းလို့ မရပေ။ ၂ မိနစ်ခန့် ကြာသောအခါ App ကို ဝမ်ဖန်း Refresh ပြန်လုပ်လိုက်သောအခါ စားသောက်ဆိုင်၏ တည်နေရာတွင် ကွက်လပ် ဆိုင်နေရာတစ်ခု ပေါ်လာသည်။

သို့သော်လည်း မည်သည့် အသေးစိတ် အချက်အလက်များမှ မရှိသလို၊ ဘာ Content မှလည်း မရှိပါ။

ချွမ်းမင် Review ၏ တခြားစာမျက်နှာများကို လှလှပပ ပြုလုပ်ထားသည်။ ဓာတ်ပုံများ၊ ဆိုင်နာမည်များ၊ အဆင့်သတ်မှတ်ချက်များ၊ ပျမ်းမျှ သုံးစွဲမှု၊ ဆိုင်နေရာ အတိအကျစသည်တို့ ပါရှိသည်။

သို့သော်လည်း ဒီနေရာကြီးမှာတော့ ပရိုဖိုင်း ကွက်လပ်တစ်ခုသာ ရှိသည်။ ဘာမှ ရေးမထားပါ။

ဝမ်ဖန်းက ခေတ္တစဥ်းစားကြည့်လိုက်ပြီး အချက်အလက်များ စတင်ရေးသားလေသည်။ နာမည်ကိုတော့ ကွက်လပ်အတိုင်း ချန်ထားခဲ့၏။ ပျမ်းမျှသုံးစွဲမှုကတော့ သူ့စားသုံးခဲ့သည့် ညစာအရ ၅,၀၀၀ ဝန်းကျင် ရှိသည်။

အဆင့်သတ်မှတ်ချက်နှင့် ပတ်သတ်၍ အနည်းငယ် ဒုက္ခပိုများပါသည်။

ဝမ်ဖန်းက အဆင့်သတ်မှတ်ချက် ၄.၈ မှတ်လောက် ပေးချင်သည်။ သို့သော်လည်း ကျင်းကျိုးမြို့ရှိ ၄.၈ မှတ်ရှိသော တခြား စားသောက်ဆိုင်အားလုံးကို ရှာဖွေကြည့်သောအခါ ထိုစားသောက်ဆိုင်တွေက ဒီအမည်မဲ့စားဖိုဆောင်ကို မမှီမှန်း သိလိုက်ရပါသည်။

အရသာ အပိုင်းကော၊ ဝန်းကျင်အနေအထား အပိုင်းကော၊ ဝန်ဆောင်မှုအပိုင်းကော အဆင့်သတ်မှတ်ချက် ၄.၈ မှတ်ပေးခြင်းက သိပ်ပြီး မသင့်တော်လှပါ။ ဒါဆိုလည်း အမှတ်ပြည့် ပေးလိုက်တာပေါ့။

ဝမ်ဖန်းက ချက်ချင်းပဲ စံနှုန်းအားလုံးအတွက် ၅/၅ ပေးလိုက်ပါသည်။

သူ့မှာ ထည့်စရာ ဓာတ်ပုံတော့မရှိပါ။ စားသောက်ဆိုင်က ဓာတ်ပုံရိုက်ခွင့်မပြုသောကြောင့်ဖြစ်ပါသည်။

ဝမ်ဖန်းက ဆိုင်အပြင်ဘက် ဝင်ပေါက်ကို ဓာတ်ပုံရိုက်နိုင်ခဲ့သည်။ သို့သော်လည်း ဘာမှ ပြောပလောက်စရာ မရှိသည့် ဗီလာတစ်လုံးနဲ့သာ တူနေပြီး အထဲက အရာတွေဘယ်လောက် အံ့သြဖို့ကောင်းသလဲဆိုတာာကို မဖော်ပြနိုင်ပါ။ ဒီလို ဝင်ပေါက်ပုံမျိုးကို တင်ဖို့ အဓိပ္ပာယ်ရှိလိမ့်မည်ဟု မထင်သဖြင့် ဘာမှ မတင်တော့ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

ထို့နောက် ဝမ်ဖန်း စတင်လေးနက်လာပြီး Review တစ်ခုရေးသားလိုက်သည်။ "အနှစ်ချုပ် ရေးသားရရင် လက်ရှိ ကျင်းကျိုးမြို့မှာ အထက်တန်းအဆန်ဆုံးဆိုင်ပါပဲ။ တခြားဆိုင်မရှိတော့ဘူး။ ကျွန်တော် ဟင်းလျာ ၃ - ၄ ပွဲ မှာစားခဲ့တယ်။ ပါဝင်ပစ္စည်းတွေက နိုင်ငံတစ်ဝှမ်းလုံးမှာ ရနိုင်တဲ့ အကောင်းဆုံး ပါဝင်ပစ္စည်းတွေကိုပဲ သုံးထားပြီး တစ်ရက် နှစ်ရက်လောက် ကြိုတင်အော်ဒါတင်ထားရတယ်။ ဟင်းလျာတွေရဲ့ အရသာက အံ့မခန်းပဲ။ ဟင်းလျာ များပြားမှုကြောင့် တခြားနေရာက စားဖိုမှူးတွေကိုတောင် ငှားထားတာ ဖြစ်နိုင်တယ်။”

"ဆိုင်အနေအထားက အရမ်းကို တိတ်ဆိတ်တယ်။ ပြီးတော့ ဟင်းလျာ အမျိုးအစား တစ်ခုချင်းစီအပေါ် မူတည်ပြီး စီစဥ်မှုတွေ လုပ်ထားသေးတယ်။ အများကြီး အားစိုက်ထုတ်ထားကြပါတယ်။”

"ဝန်ဆောင်မှုကလည်း ကောင်းမွန်တယ်။ ဘာမှ ယူသွားဖို့ကို မလိုဘူး။ အဲ့ကာ စားပွဲထိုးဝန်ထမ်းတွေက အားလုံး တာဝန်ယူပေးတယ်။ ဒါပေမယ့် အလွန်အကြူး နှောင့်ယှက်ခံရသလိုမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်ရသလိုမျိုး မခံစားမိဘူး။ မှော်ဆန်သလိုမျိုး ခံစားရပါတယ်။

"ပြီးတော့လည်း ဒီဆိုင်က စည်းကမ်း အရမ်း တင်းကြပ်တယ်။ ဓာတ်ပုံရိုက်ခွင့် လုံးဝ မပြုထားဘူး။ ဒါပေမယ့် အဲ့လို ခွင့်မပြုလို့ လူတွေက သူတို့ရှေ့က ဟင်းလျာတွေကို ပိုပြီး လေးလေးနက်နက် မြည်းစမ်းနိုင်စေတယ်။"

"ပြောရရင်တော့ ကျွန်တော်ပြောချင်တာက ကျင်းကျိုးမြို့မှာ နေတဲ့ ကျွန်တော့်မိတ်ဆွေတွေကတော့ ပွပေါက်တိုးတာပဲ။"

ဝမ်ဖန်းက သူ့ Review ကို အိုဗာတွေရေးဖို့ မလိုပေ။ အမှန်တိုင်းသာ သူ့အတွေ့အကြုံကို ရေးသားလိုက်သည်။

သို့သော်လည်း သူက သူ့ Red V အကောင့်ကို သုံးကာ ဒီ Review ကို ရေးသားနေခြင်း ဖြစ်၏။ သူ့ Review က တခြားသာမန် ကောမန့်များထက် ပိုပြီး လေးနက်ပါလိမ့်မည်။

ထိုနေ့ည...

ဝမ်ဖန်း ဒီ Review ကို ရေးသားပြီးနောက် ကောမန့်နှင့် Like များစွာ ရရှိသွားခဲ့သည်။

ချွမ်းမင် Review၏ တွဲဖက်တည်ထောင်သူ တစ်ယောက်အနေဖြင့် ဝမ်ဖန်း၏ Review အကောင့်တွင် Red V အတည်ပြုချက်ရှိနေပြီး ချွမ်းမင် Review ၏ ဝန်ထမ်းများက အတွင်းဘက်မှ သူ့အကောင့်ကို ပိုပြီးဘက်လိုက်ပေးပါလိမ့်မည်။ အကောင့် ၂ ခုက စားသောက်ဆိုင်တစ်ခုတည်းကို Review ပေးကြလျှင် ဝမ်ဖန်း၏ Review က ပိုပြီးမြင်သာတာမျိုး ဖြစ်သည်။

တစ်ချိန်တည်းမှာာပင် ဝမ်ဖန်းက အားကောင်းပြီး တာဝန်သိတတ်သူတစ်ယောက် ဖြစ်သည်။ သူသွားခဲ့သည့် စားသောက်ဆိုင်တိုင်းကို အမြဲတမ်း လေးလေးနက်နက် Review လုပ်လေ့ ရှိပါသည်။

ထို့ကြောင့် ဝမ်ဖန်း၏ အကောင့်တွင် ပရိသတ် သောင်းနဲ့ချီပြီး ရှိနေသည်။ သူ့ Review အား ရေးသားလိုက်ပြီးနောက် သူ့ပရိသတ်များ ချက်ချင်း မြင်ကုန်ကြပါသည်။

သို့သော်လည်း ဒီစားသောက်ဆိုင်၏ အသေးစိတ် အချက်အလက် စာမျက်နှာကို မြင်ပြီးနောက် ထို Netizen များအားလုံး စိတ်ရှုပ်သွားကြလေသည်။

ဓာတ်ပုံလည်းမရှိ၊ စားသောက်ဆိုင်မှာ နာမည်တောင် မရှိပါ။ စာမျက်နှာ၏ နာမည်အပိုင်းက ကွက်လပ်ကြီး ဖြစ်နေသည်။ စာမျက်နှာကိုလည်း အလွန် အလောတကြီး ဖန်တီးထားပုံရသည်။ ထို့အောက်တွင် အဆင့်သတ်မှတ်ချက် ၅/၅ ကော၊ ပျမ်းမျှသုံးစွဲမှုစျေးနှုန်းတို့ကြောင့် အားလုံး ထိတ်လန့်ကုန်ကြသည်။

"ဒါက တရားဝင်ထောက်ခံချက်ကော ဟုတ်ရဲ့လား။"

"ဝက်ဘ်ဆိုက်က အဲ့ဒီ စားသောက်ဆိုင်ကို သဘောကျသွားတာလား။ ဒါဆိုရင်တော့ မကြာခင် အဲ့ဒီဆိုင် ရေပန်းစားလာတော့မှာပေါ့။"

"ဘော့စ်ဝမ်က Review ရေးတဲ့နေရာမှာ အရမ်း ဝေဖန်တတ်တာ။ အခုတော့ တကယ်ကြီး အဆင့်သတ်မှတ်ချက် အမှတ်ပြည့် ပေးထားတာလား။ မဟုတ်မှလွဲရော တရားဝင် ကြော်ငြာကြီးလား။"

"ဘော့စ်ဝမ်ကို ကြော်ငြာလုပ်ခိုင်းနိုင်တဲ့လူက ဘယ်သူများလဲ။ အဲ့ဒီလူက တကယ့်အကြီးစားကြီးပဲဖြစ်မယ်ထင်တယ်။"

"ဒီစားသောက်ဆိုင်မှာ ဘာလို့နာမည်မရှိတာလဲ။ စနစ်က Bug ကိုက်နေတာလား။"

"ဘော့စ်ဝမ် တစ်ယောက်တည်း ကောမန့် ရေးထားတာ။ ဓာတ်ပုံတောင် မရှိဘူး။"

"လူတစ်ယောက်ကို ၅,၀၀၀ တောင် ဟုတ်လား။ ငါ မတတ်နိုင်ဘူး။ ဘော့စ်ဝမ်က တော်တော်ချမ်းသာတာပဲ။ ငါတို့လို သာမန်လူတွေကတော့ တိတ်တိတ်လေးလေး ကြည့်နေရမှာပေါ့..."

"ကျင်းကျိုးမြို့ရဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေက ပေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေရဲ့ စံနှုန်းမှီဖို့ အဝေးကြီး လိုသေးတယ်။ အဲ့လောက်ကြီး စျေးကြီးတာ ဖြစ်နိုင်ပါ့မလား။"

အားလုံး ရုတ်တရက်ကြီး စိတ်လှုပ်ရှားသွားကြသည်။ သူတို့ ဟင်းလျာများ ဝယ်မစားနိုင်သော်လည်း ဆွေးနွေးလို့တော့ ရတယ်မဟုတ်လား။

ကျင်းကျိုးမြို့သားများစွာ အံ့သြမှင်သက်ကုန်ကြသည်။ ဘယ်တုန်းက ဒီလောက်အဆင့်မြင့်တဲ့ စားသောက်ဆိုင်မျိုး ကျင်းကျိုးမြို့မှာ ပေါ်လာခဲ့တာလဲ။ ဘာလို့ သူတို့ အရင်တုန်းက မကြားဖူးခဲ့ကြတာလဲ။

တခြားနေရာများမှ ဘောစိများကလည်း ဒီနေရာကြီးကို စိတ်ဝင်စားစ ပြုလာကြပါပြီ။ ဝမ်ဖန်းတောင် ၅/၅ အဆင့်သတ်မှတ်ချက်ပေးထားပါက ဒီစားသောက်ဆိုင်က သေချာပေါက် ဆိုးရွားမည်မဟုတ်ပါ။ သူတို့ နောက်တစ်ချိန် ကျင်းကျိုးမြို့သို့ အလုပ်ကိစ္စ သွားရောက်ဖို့လိုပါက ထိုဆိုင်သို့ စမ်းသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါသည်။

တက်ကြွသောာ ပရိသတ်များစွာက ဝမ်ဖန်း၏ Review တွင် ကောမန့်များရေးသားခဲ့ကြပြီး ဝမ်ဖန်းကလည်း သူတို့ကို ပျော်ပျော်ကြီး စာပြန်နေပါသည်။

"အရည်အသွေးမြင့် Review တွေမှာ အနည်းဆုံး ဓာတ်ပုံ ၃ ပုံ လိုတာ သိပါတယ်။ ဒါပေမယ့် အဲ့ဒီစားသောက်ဆိုင်က ဓာတ််ပုံရိုက်ခွင့်မပြုတော့ ပြစရာ ဘာမှ မရှိဘူး။"

"တကယ်စျေးကြီးတယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေ၊ အချက်အပြုတ်စွမ်းရည်တွေနဲ့ ဆိုင်အနေအထား၊ ဝန်ဆောင်မှုအကုန်လုံးက ပေးရနဲ့ စျေးနဲ့ တန်တယ်။ မင်းတို့တွေ အထူးဟင်းလျာတွေ စားရဖို့ မျှော်လင့်နေတာကြာပြီဆိုရင် အဲ့ဒီမှာ ပိုက်ဆံသွားဖြုန်းပြီး သွားစားလို့ ရတယ်။ ညစာ စားသုံးမှုရသက မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး။"

"ဟင်းလျာတွေ အကြံပေးဖို့ကတော့ ခက်တယ်။ ငါလည်း ဟင်းလျာနည်းနည်းပဲ မှာခဲ့တာ။ အကုန်လုံးက တော်တော်ကောင်းကြတယ်။ တခြား ဟင်းလျာတွေလည်း မကောင်းဘဲ မနေဘူးလို့ ခံစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစားသောာက်ဆိုင်က ကျန်တာ အားလုံးထက် အရည်အသွေးကိုပဲ ပိုပြီးတန်ဖိုးထားကြတယ်။"

"ဒါက အလုပ်သဘောအရ တွဲလုပ်နေတာ မဟုတ်ဘူး။ တကယ်တော့ ဒီစားသောက်ဆိုင် ပိုင်ရှင်က ဇာတ်နိမ့်ပဲနေတတ်တာ။ သူတို့နဲ့ လုပ်ငန်းပါတနာကိစ္စ ဆွေးနွေးချင်ပေမယ့် အငြင်းခံလိုက်ရတယ်။ ချွမ်းမင် Review ရဲ့ မန်ဘာတစ်ယောက်အနေနဲ့ ဒီလိုစားသောက်ဆိုင်ကောင်းမျိုးကို အားလုံးဆီ ညွှန်းပေးဖို့က ငါ့မှာ တာဝန်ရှိတယ်။ ဒါက ချွမ်းမင် Review ရဲ့ အမြဲတမ်း မစ်ရှင်တစ်ခုပါပဲ။"

တက်ကြွမှုရှိသည့် ပရိသတ်တချို့ကို ရွေးချယ်ပြီး ၎င်းတို့၏ ကောမန့်များကို ရီပလိုင်း ပြန်ပြီးနောက် ဝမ်ဖန်း စိတ်ကျေနပ်စွာဖြင့် ဖုန်းကို ချလိုက်ပါသည်။

ချွမ်းမင် Review ကို စတင်တည်ထောင်ကတည်းက ၎င်း၏ မစ်ရှင်မှာ အချက်အလက်အားလုံးက လူထုဆီမှ ရရှိဖို့၊ လူထုကို ဝန်ဆောင်မှုပေးဖို့နဲ့ မကောင်းသည့်နေရာများက ပေါ်ထင်နေပြီး ကောင်းသည့် နေရာများက တိမ်မြုပ်မနေစေရန် စားသောက်ဆိုင်အားလုံးအတွက် ရိုးရိုးသားသား မှန်ကန်သည့် Review များ ပေးဖို့ ဖြစ်ပါသည်။

ချွမ်းမင် Review ၏ တွဲဖက်တည်ထောင်သူ တစ်ယောက်အနေဖြင့် ဒီလိုအချိန်မျိုးမှာ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။

အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဟူသည့် ဆိုရိုးစကားလိုပင်။

ဒီလို အမည်မဲ့ စားဖိုဆောင်ကို ကြော်ငြာဖို့အတွက် ကူညီပေးလိုက်ခြင်းဖြင့် ပိုင်ရှင်ကို ပျော်ရွှင်သွားစေပါလိမ့်မည်။ ထိုအခါ ပိုင်ရှင်က ချွမ်းမင် Review နဲ့တောင် အလုပ်အတူတူ လုပ်လာနိုင်ပါသည်။

ဝမ်ဖန်းက အားရကျေနပ်စွာဖြင့် တွေးတော နေမိသည်။

သြဂုတ်လ ၂၇ ရက်နေ့ သောကြာနေ့...

ဖေးချမ့်က ဂိမ်းခလုတ်ကို ဘေးချလိုက်ပြီး အနည်းငယ် တောင့်တင်းနေသည့် ပခုံးများကို နှိပ်နယ်လိုက်ပါသည်။

ပင်ပန်းလိုက်တာကွာ။

သူ တစ်ပတ်လောက် နာကျင်ခံစားလိုက်ရသည်။ ဂိမ်းကို တဖြည်းဖြည်း အသားကျလာပြီ ဖြစ်သော်လည်း ဖေးချမ့်က နာကျင်မှုမှ သာယာမှု ရှာဖွေဖို့ မလွယ်ကူသောသူဖြစ်သည်။ သူ့အတွက်တော့ နှိပ်စက်ခံနေရသလိုပင်။

"ပိုက်ဆံ အရှုံးပေါ်ဖို့အတွက်သာ မဟုတ်ရင် ဒီလောက် ကြိုးစားပမ်းစား လုပ်မနေပါဘူးကွာ..."

ဖေးချမ့် ဖန်သားပြင်ပေါ်က သူ့ဂိမ်းဇာတ်ကောင်ကို ကြည့်လိုက်သည်။ သူက 'ဖုတု' လက်နက်ကို ကိုင်ထားပြီး ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး၏ ဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လာမည့်နေ့များမှာလည်း ဖေးချမ့် ရက်စက်သည့် တိုက်ပွဲများစွာကို ဆင်နွှဲရဦးမည်။

ကံကောင်းစွာဖြင့် သူသွားနေသည့် ဒီနှုန်းတိုင်းအသာဆို ဂိမ်းကို တရားဝင်မထုတ်လုပ်ခင် ဖေးချမ့် ဒီဇာတ်သိမ်းကို ရနိုင်ပါလိမ့်မည်။

"ဆရာချောင်း ဘယ်လိုနေလဲ ငါသွားကြည့်ဦးမှပဲ" ဖေးချမ့် ကွန်ပျူတာကိုပိတ်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ယွီအင်တာနက်ကဖေးဆိုင်ကို သွားဖို့ ပြင်လိုက်ပါသည်။

မင်ယွမ်စားဖိုဆောင်တွင် ဆရာချောင်းနှင့် ညစာ စားသောက်ပြီးကတည်းက ဖေးချမ့် မင်ယွမ်စားဖိုဆောင်ကို တစ်ခါမှ ပြန်မသွားရသေးပါ။

ဖျော်ဖြေရေးနဲ့ ပတ်သတ်၍ စည်းမျဥ်းစည်းကမ်းများရှိကာ ဖေးချမ့်က ထိုနေရာတွင် ဧည့်သည်တစ်ယောက်ကို ဧည့်ခံထားပြီးသားဖြစ်သောကြောင့် ခဏခဏ လုပ်နေလို့ မဖြစ်ပါ။ စနစ်က ခွင့်ပြုမည် မဟုတ်ပေ။

ထို့ကြောင့် ၁ ပတ်ခန့် ကြာသွားပါက အခွင့်သာသည့် အချိန်တစ်ခုကို ရှာပြီး ဒီတစ်ပတ် အားလပ်ရပ်တွင် အကြောင်းပြချက်တစ်ခုခုပေးကာ မင်ယွမ်စားဖိုဆောင်ကို ထပ်သွားပြီး နောက်တစ်ခေါက် စားသုံးနိုင်လိမ့်မည်ဟု ဖေးချမ့် တွေးခဲ့၏။

အကြောင်းပြချက်ကတော့...

လွယ်ပါသည်။ ဆရာချောင်းကို ဂိမ်းအတွက် ပြောင်းလဲမှုများ ပြုလုပ်ဖို့ သူ့အထင်အမြင်များကို မေးနိုင်သည်။ ဒါဆို ထန်းတာ့အတွက် ကူညီထောက်ပံ့ပေးမှုအဖြစ် သတ်မှတ်နိုင်ပြီး သူ့စားဖိုဆောင်မှာ စားသောက်ဖို့အတွက် ကျိုးကြောင်းဆီလျော်ပါလိမ့်မည်။

ယွီအင်တာနက်ကဖေး ဟန်တုံးတက္ကသိုလ်ဆိုင်ခွဲ၌...

ချောင်းလျန်က ဂိမ်းကိုရပ်လိုက်ပြီး ထိုင်ခုံပေါ်မှီကာ ကော့တေးနှစ်ခွက် မှာလိုက်၏။ သူ အလွန်စိတ်ကျေနပ်နေပါသည်။

တစ်လလောက် ကစားပြီးနောက် တဖြည်းဖြည်းနဲ့ ဂိမ်းကို အသားကျလာပြီဆိုတာ သိလိုက်ရပါသည်။

အစပိုင်းမှာတော့ အလွန်ခက်ခဲသော်လည်း မွန်းစတားများ၏ ခက်ခဲမှုအဆင့် ပြဿနာတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဂိမ်းပုံစံအသစ်ကို ပြောင်းလဲထိန်းညှိရခြင်းကြောင့် ခက်ခဲခြင်း ဖြစ်သည်။

ဂိမ်မာတွေသာ ဒီလို ဂိမ်းကစားပုံကို အသားမကျနိုင်ပါက သူတို့ အလွန်ခက်ခဲသည်ဟု ထင်မိကြလိမ့်မည်။ သို့သော်လည်း အသားကျသွားတာနဲ့ ခက်ခဲမှုအဆင့်များ လျော့ကျသွားပါလိမ့်မည်။

သာမန် RPG ဂိမ်းများက ကစားသမားများကို အလွန်အလျှော့ပေးသည်။ ကစားသမားများမှ ပြုလုပ်လိုက်သော အမှားများကို အလွန်အကြူး အပြစ်ပေးမည် မဟုတ်ပါ။ ကစားသမားတွေကလည်း ဒါကိုအသားကျနေကြပြီဖြစ်သည်။ မွန်းစတားများကို သူတို့အား ၂ ချက်လောက် ထိုးခွင့်ပေးလိုက်တာက ဘာအကျိုးဆက်မှ မရှိလောက်ဘူးဟု ထင်ကြနိုင်သည်။ သို့သော်လည်း အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက အားပျော့သော မွန်းစတားများကို တိုက်ခိုက်ရာတွင်လည်း ဂိမ်မာများ အပြည့်အဝအာရုံစိုက်ထားဖို့ လိုအပ်ပါသည်။ မွန်စတားတိုက်၏ တိုက်ခိုက်မှုပုံစံများနဲ့ လျင်မြန်မှုများကိုပါ သေချာအာရုံစိုက်ထားရမည်။

ဒီလိုတွေးခေါ်ပုံမျိုးကို ပြောင်းလဲလိုက်တာနဲ့ ဂိမ်းက ထင်သလောက်မခက်မှန်း ချောင်းလျန် သိလိုက်ရပါသည်။ ဒီလိုဂိမ်းမျိုးက တခြား ဂိမ်းတွေထက်တောင် ပိုဆွဲဆောင်မှုရှိနေသည်ဟု ခံစားမိပါသည်။

"ဟး ငါတကယ်ပဲ အရင်တုန်းက ဘော့စ်ဖေးကို အထင်လွဲခဲ့မိတာပဲ၊ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက တကယ်ခက်တာကိုကြိုက်တဲ့ ဂိမ်မာတွေအတွက် ဂိမ်းပဲလေ။ ဆန်းသစ်တဲ့ အချက်တွေ အများကြီး ပါဝင်ပြီး ကစားသမားတွေကို နှိပ်စက်ဖို့သက်သက် ဖန်တီးထားတာ မဟုတ်ဘူး။"

"ငါသာ ကစားသမားတွေကို မောင်းထုတ်ချင်တယ်ဆိုရင် ဂိမ်းဒီဇိုင်းကို အရမ်းခက်အောင် လုပ်လိုက်လို့ရတာပဲ။ ဂိမ်းကို အနိုင်ယူဖို့မဖြစ်နိုင်အောင် လုပ်ဖို့အတွက် ဘော့စ်ဖေးမှာ နည်းလမ်း ၁၀,၀၀၀ လောက်ရှိတာသိသာတယ်။ ဒါပေမယ့် သူမလုပ်ဘဲနဲ့ ကစားသမားတွေကို ဆက်ကြိုးစားပြီး ရှေ့ဆက်တိုးဖို့ အခွင့်အရေးပေးထားတာပဲ။”

"ဘော့စ်ဖေးကို အရင်တုန်းက သံသယတောင် ဝင်ခဲ့မိတယ်။ ငါ သံသယမဝင်ခဲ့သင့်ဘူး။"

ဒီဂိမ်းက အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု ပိုမိုခံစားလာရသည်။ အစောပိုင်းရက်များက ဒီဂိမ်းကို ကစားခြင်းက နှိပ်စက်မှုတစ်မျိုးဟု ခံစားခဲ့ရသည်။ အခုတော့ စိန်ခေါ်မှုတစ်ခုလို ခံစားနေရပြီဖြစ်ပြီး နေ့တိုင်းလည်း စိတ်လှုံ့ဆော်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ထို့အပြင် ယွီအင်တာနက်ကဖေးမှာ နေရာအလွန်အေးချမ်းသည်ဟုလည်း ခံစားမိပါသည်။

ဒီက ကွန်ပျူတာတွေက သူ့အိမ်က အဆင့်မြင့်ကွန်ပျူတာထက်တောင် ပိုကောင်းနေပါသည်။ Specs တွေက ကောင်းမွန်ရုံသာမကဘဲ ကီးဘုတ်များ၊ မောက်စ်များ၊ နားကြပ်များနှင့်၊ ဂိမ်းခလုတ်များကတောင် အကောင်းဆုံး ဖြစ်ပါသည်။

ကစားသမားတွေ စက္ကန့်ပိုင်းအတွင်း သေသွားနိုင်သည့် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေလို ရက်စက်သည့် ဂိမ်းမျိုးအတွက် မြင့်မားသည့် Frame Rate နှင့် ခိုင်မာသည့် အင်တာနက် ကွန်နက်ရှင်တို့က မရှိမဖြစ် လိုအပ်သည်။ ကွန်ပျူတာများက အလွန်ချောမွေ့နေသဖြင့် သူကစားတာကို မရပ်နိုင်လောက်အောင် ရှိပါသည်။

ထို့အပြင် ယွီအင်တာနက်ကဖေးမှာ ကော်ဖီနဲ့ ကော့တေးတွေလည်း ရှိသေးသည်။ နေ့စဥ် စားဖွယ်ရာများက အိမ်ချက်အစားအစာများသာ ဖြစ်သော်လည်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာလည်း ရှိပါသည်။ စားသောက်ဆိုင်တွေမှာ တည်ခင်းပေးလေ့ရှိသည့် ဆီရွှမ်းရွှမ်း အစားအစာတွေနဲ့ လုံးဝ ခြားနားပါသည်။

ချောင်းလျန်က ဒီမှာနေရတာ အတော်လေး သက်တောင့်သက်သာ ရှိပါသည်။ ဒီနေရာကြီးက ဂိမ်းစွဲနေသူများအတွက် ကောင်းကင်ဘုံကြီးတစ်ခုလိုပင်။

အမှန်ပင်။ တစ်ခုတည်းသော အားနည်းချက်က ဒီဆိုင်က အနည်းငယ်စျေးကြီးနေပါသည်။ သို့သော်လည်း သက်တောင့်သက်သာ ရှိသည့် ပတ်ဝန်းကျင်ကို ထည့်စဥ်းစားလျှင် ဒီစျေးနှုန်းက သင့်တော်သည်ဟု ထင်ရပါသည်။

All Chapters