အခန်း(၇၈) ဂိမ်းနာမည် : ဂိမ်းဒီဇိုင်နာ
Vol. 6 Ch. 78
အခန်း(၇၈) ဂိမ်းနာမည် : ဂိမ်းဒီဇိုင်နာ
ဗုဒ္ဓဟူးနေ့...
အစည်းအဝေးခန်းထဲတွင်...
လုမင်းလျန်က အလွန်စိတ်လှုပ်ရှားနေပြီး အနည်းငယ် စိတ်လွင့်နေပါသည်။
အစည်းအဝေးစာပွဲပေါ်မှာ ယုံကြည်ချက်ရှိရှိနဲ့ ခြေထောက်တင်ထားနိုင်သည့် ဆရာကြီးနှစ်ယောက် မရှိတော့ပါ။
ပေါင်ရှုက မနေ့ကတည်းက အလုပ်မလာတော့တာဖြစ်သည်။ လစာခံစားခွင့် အားလပ်ရက် ၁ လ ပေးထားကာ ဘော့စ်ဖေးက သူ့ကို နိုင်ငံတော်ထဲက နာမည်ကြီး နေရာတချို့ကို သွားလည်ပြီး တခြား ဂိမ်းကုမ္ပဏီကြီးများထံမှ သွားသင်ယူဖို့ ပြောခဲ့ပါသည်။
ဟွမ်းစစ်ပေါ်ကလည်း အခုတလော ပေါ်မလာတော့ပါ။ ဘော့စ်ဖေး ဆုချထားသည့် ယွမ် ၁ သန်းဖြင့် သူဘာတွေလုပ်နေသလဲ ဘယ်သူမှမပြောနိုင်ပါ။
ထိုဘော့စ်ကြီးနှစ်ယောက်ကို အားကိုးလို့မရတော့သဖြင့် လုမင်းလျန်က အစီအစဥ်ဆွဲသူချုပ်ဖြစ်လာပြီး ဖိအားများစွာကို ခံစားလိုက်ရပါသည်။
ထို့အပြင် ဘော့စ်ဖေးက ဒီအစည်းအဝေးပွဲတွင် နောက်ထပ်ဆောင်ရွက်ရမည့် ပန်းတိုင်များကို ပြောပြသွားပြီးနောက် လုမင်းလျန် ပို၍ပင် စိတ်ပူပင်သွားခဲ့ပါသည်။
ဘော့စ်ဖေးပြောခဲ့တာက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို လတ်တလော အပ်ဒိတ်တင်ဦးမှာ မဟုတ်ကြောင်း ဖြစ်သည်။ ဝန်ထမ်းအင်အားအားလုံးကို နောက်ထပ် ဂိမ်းအသစ်ဖန်တီးဖို့သာ အာရုံစိုက်ထားမည်ဟု ပြောခဲ့၏။
ဒါက လုမင်းလျန် မထင်ထားသည့်အရာဖြစ်ပြီး သူ့အတွက် စိတ်ဖိစီးဖို့ ကောင်းပါသည်။
ယုတ္တိရှိအောင် ပြောရလျှင် အောင်မြင်သည့် ဂိမ်းနှစ်ခု လက်ထဲမှာ ရှိနေပြီးသားဖြစ်သဖြင့် အခုက ထိုဂိမ်းများမှတဆင့် ပိုက်ဆံရှာဖို့အချိန် ဖြစ်ပါသည်။ ဥပမာ edition အသစ်များ ထုတ်လုပ်ခြင်း၊ ကတ်အသစ်များ ဖန်တီးခြင်းနှင့် ဆန်းကြယ်လက်နက် အသစ်ထပ်မံဖန်တီးခြင်း စသည်တို့ ဖြစ်သည်။
သူတို့ ပိုက်ဆံကို အလွယ်လေးရှာနိုင်သည်။ အလွန် ဝင်ငွေကောင်းပါလိမ့်မည်။
လုမင်းလျန်ကလည်း ဒီအခွင့်အရေးကို အသုံးချပြီး သူ့လက်ရှိတာဝန်များကို အဆုံးသတ်ကာ တာဝန်အသစ်များကို ယူနိုင်သည်။ ပထမဆုံး တစ္ဆေစစ်သူကြီးနှင့် ဒီအတွက် edition အသစ်တစ်ခု ဖန်တီးမည် ဖြစ်သည်။ ထို့နောက် သူ့တာဝန်အသစ်ကို ဖြည်းဖြည်းချင်း အသားကျသွားအောင် လုပ်ပြီးမှ ဂိမ်းအသစ်တစ်ခုကို ဖန်တီးမည်ဖြစ်၏။ ဒါက ဘေးအကင်းဆုံး နည်းလမ်း ဖြစ်ပါသည်။
သို့သော်လည်း ဘော့စ်ဖေးကတော့ လက်ရှိ ဂိမ်းများအတွက် edition အသစ်များ ထုတ်လုပ်ဖို့ အစီအစဥ် မရှိဘဲ ချက်ချင်းဆိုသလို ပရောဂျက်အသစ်ကို စတင်ချင်နေပါသည်။
ထို့ကြောင့် သက်တမ်းနှစ်ရက်သာ ရှိသေးသည့် အစီအစဥ်ဆွဲသူချုပ်အသစ်လေးဖြစ်သူ လုမင်းလျန်အား အလွန်လမ်းပျောက်ကာ စိတ်ရှုပ်ထွေးသွားစေပါသည်။
အမှန်ပင်။ ဘော့စ်ဖေးမှာ သူ့ဆုံးဖြတ်ချက်များအတွက် အကြောင်းပြချက်ရှိနေမှာကိုတော့ လုမင်းလျန် သေချာသိပါသည်။ ဘော့စ်ဖေးက ရှေ့ကိုသာ ဆက်တိုးနေတတ်သည့် လူမျိုးဖြစ်သည်။ ဒီတိုင်း ရပ်နေပြီး အမြတ်ငွေများကို ထိုင်တွက်နေတတ်သည့် သာမန် ဘော့စ်မျိုး မဟုတ်ပါ။ edition အသစ် ထုတ်လုပ်ပြီး ပိုက်ဆံရှာဖို့ ခဏလေးတောင် မနားဘဲ ပရောဂျက်အသစ်ကို ချက်ချင်း စွန့်စားသည်။ ဘော့စ်ဖေး၏ ရည်မှန်းချက်များ၊ အမြော်အမြင်နဲ့ အကြံတို့က လုံးဝ ရှင်းလင်းပါသည်။
"ဂိမ်းအသစ်အတွက် ကျွန်တော့်မှာ အကြံတချို့ ရှိပြီးသားပါ။ ကျေးဇူးပြုပြီး နားထောင်ပေးကြပါ။"
အစည်းအဝေးစားပွဲကြီး၏ ထိပ်နေရာတွင် ဖေးချမ့်က အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားရင်း ပြီးပြည့်စုံစွာ ထိုင်နေပါသည်။ လုမင်းလျန်က ဖေးချမ့်အကြောင်း အရင်ကထက်ပင် ပိုသေချာ သိပါသည်။
သို့သော်လည်း...
ဖေးချမ့် ဒီလိုလုပ်ရသည့် အကြောင်းအရင်းကတော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ သူဘာလို့ edition အသစ်ကို မထုတ်ရတာလဲ။ edtition အသစ်တစ်ခုကို ထုတ်လုပ်ဖို့အတွက် သေချာပေါက် ပိုက်ဆံတောင်းရမည်။ DLC အဖြစ် ရောင်းချရင်း ပိုက်ဆံရှာချင်ရှာ၊ သို့မဟုတ် ဂိမ်းထဲမှာ ကစားနိုင်သည့် ကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းရမည်။
စနစ်က လုံးဝ အခမဲ့ဖြစ်နေသော edition အသစ်ကို လက်ခံမှာ မဟုတ်ပေ။ ပြဿနာက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့မှာ ကစားသမားများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။ သူတို့က အလွန် ပိုက်ဆံသုံးချင်ကြသူများလည်း ဖြစ်သည်။ အခုအချိန်သာ edition အသစ်တစ်ခုကို ထုတ်လုပ်လိုက်ပါက ချက်ချင်းဆိုသလို ရောင်းအားတက်သွားနိုင်ပါသည်။
ထို့ကြောင့် နောက်ထပ် ပရောဂျက်အသစ်တစ်ခု လုပ်တာက ပိုဘေးကင်းလိမ့်မည်ဟု ဖေးချမ့် ခံစားမိခြင်း ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ပရောဂျက်အသစ်တစ်ခုကို ဖျက်ဆီးရတာက အောင်မြင်နေပြီးသား ဂိမ်းကို ဖျက်ဆီးရတာထက် အများကြီး ပိုလွယ်ကူသောကြောင့်ဖြစ်သည်။
ဂိမ်းသစ်ပေါင်းများစွာက ထုတ်ထုတ်လိုက်ချင်းမှာပင် ကျရှုံးသွားတတ်ကြသည်။ ၎င်းတို့နောက်ကွယ်တွင် ပရော်ဖက်ရှင်နယ် ကြယ်ပွင့် ပရိုဂျူဆာတစ်ယောက်ရှိနေရင်တောင် အားလုံးကို ချောမွေ့အောင် ပြုလုပ်ဖို့က ခက်ခဲပါသည်။ ထို့အပြင် ဂိမ်းဟောင်းပေါင်းများစွာက ဆက်ထိန်းထားနိုင်ကြသေးသော်လည်း ပြုတ်မကျရုံတမယ်သာ ဖြစ်ကြသည်။
ထို့ကြောင့် ဖေးချမ့်က အသစ်ကစဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် အရင်တုန်းက အဖြစ်အပျက်ဆီကလည်း သင်ခန်းစာယူရဦးမည် ဖြစ်သည်။
အဲ့ဒီတုန်းက သူ့ရဲ့ အကြီးမားဆုံး အမှားက ဘာလဲ။
ပေါင်ရှုနဲ့ ဟွမ်းစစ်ပေါ်တို့ကို အလွန်ယုံကြည်လိုက်ခြင်း ဖြစ်ပါသည်။
ဖေးချမ့်က သူ့တောင်းဆိုချက်သုံးခုကို သူတို့နှစ်ယောက်က ဂိမ်းရဲ့ ရောင်းကောင်းစေမည့် အချက်များအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ ဒီတစ်ခေါက်တော့ ဖေးချမ့်က ပရောဂျက်တစ်ခုလုံးကို သူကိုယ်တိုင် ပိုပြီး ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပါသည်။ နောက်ထပ် သမုဒ္ဒရာရဲတိုက်တစ်ခုထွက်လာခွင့် မပေးနိုင််ပါ။
ရှောင်လုကိုပင် ဖန်တီးခွင့် မပေးရဲပေ။
အကယ်၍များ... ရှောင်လုက ပေါင်ရှုကို နောက်ကွယ်မှာ သွားတိုင်ပင်ပြီး ရုတ်တရက်ကြီး အကြံကောင်းတွေ ရသွားရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ဖေးချမ့်က ဒီတစ်ခေါက်တော့ သူ့စကား သူ့ဥပဒေသာ လုပ်တော့မည် ဖြစ်သည်။ ဖေးချမ့်က ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒီတစ်ခေါက်တော့ ကျွန်တော်တို့ သမိုင်းဝင်နိုင်မယ့် ဂိမ်းတစ်ခုကို ဖန်တီးကြမယ်။"
"ဂိမ်းရဲ့နာမည်က..."
"ဂိမ်းဒီဇိုင်နာ"
အစည်းအဝေးခန်းထဲက လူအားလုံး ဖေးချမ့်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။ သူတို့ နားမလည်သော်လည်း အထင်ကြီးစရာတော့ ကောင်းပါသည်။
ဒါက မဆိုးဘူးဟု ပြောရမည်။ ဒါက ဂိမ်းလောကထဲမှာ ထန်းတာ့ရဲ့ ရာဇဝင်ကို ပြောင်းလဲပေးမယ့် ဂိမ်းလား။
သို့သော်လည်း ခေါင်းစဥ်ကို ကြည့်ခြင်းအားဖြင့် အင်တာဗျူး သို့မဟုတ် မှတ်တမ်းများတွင် သုံးလို့ရသော်လည်း ဂိမ်းတစ်ခုအဖြစ် ဘယ်လို ပြောင်းလဲနိုင်မည်နည်း။
ထို့ကြောင့် အားလုံး စိတ်ပါဝင်စားစွာ နားထောင်နေကြပါသည်။
ဖေးချမ့်က အလွန်ယုံကြည်ချက်ပြည့်ဝနေပြီး အထင်ကြီးဖို့ကောင်းစွာ ပြောလိုက်ပါသည်။
"ဒီဂိမ်းကတော့ အရမ်းရိုးရှင်းပါတယ်။ ဂိမ်းပရိုဂျူဆာတစ်ယောက်ရဲ့ ဘဝအကြောင််းပေါ့။ ဂိမ်းထဲမှာ ဂိမ်းဒီဇိုင်နာက ဆုံးဖြတ်ချက်တွေ ဆက်တိုက်ချရမယ်။ ဆုံးဖြတ်ချက်တိုင်းက မတူညီတဲ့ ရလဒ်တွေဆီကို ဦးတည်နေမယ်။"
"ဥပမာအာားဖြင့် ဂိမ်းအမျိုးအစား၊ Payment နည်းလမ်း၊ ကြော်ငြာဗျူဟာ စတာတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတယ်။ တစ်ချိန်တည်းမှာာပဲ။ ဂိမ်မာက ရုပ်ခြည်း ဖြစ်ပျက်လာတဲ့ event တွေနဲ့ ရင်ဆိုင်ရမယ်။ နောက်ဆုံးမှာတော့ ဂိမ်မာက ဂိမ်းတစ်ခုကို ဖန်တီးပြီး အမြတ်နဲ့ အွန်လိုင်းပေါ်က ရောင်းအားကို စောင့်ကြည့်နိုင်မယ်။ ဒါက အကြမ်းဖျင်း စိတ်ကူးပါ။ ခင်ဗျားတို့တွေ မေးစရာရှိရင် လွတ်လွတ်လပ်လပ်မေးလို့ ရပါတယ်။"
ဘယ်သူမှ စကားမပြောကြသေးပေ။ အားလုံးက အနည်းငယ် အံ့သြနေသည့်ပုံပင်။
ဖေးချမ့်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပါသည်။
အံ့သြနေကြပြီမလား။
ဟုတ်တယ်>
ဒါက ဘယ်သူမှ မလုပ်ဖူးတဲ့ အသစ်အဆန်း အမျိုးအစားပဲ။ ပြီးတော့လည်း သူ့ရဲ့ content က စိတ်ဝင်စားဖို့ မကောင်းဘူး။ ခမ်းနားအောင် လုပ်နိုင်ဖို့လည်း နည်းလမ်း မရှိဘူး။ ဂိမ်းကစားပုံကလည်း အရမ်းရိုးရှင်းနေမှာ။ ဂိမ်းလောကက အရမ်းစိတ်ပျက်စရာကောင်းပြီး ထိုင်းမှိုင်းလွန်းတယ်။ အဲ့တာမျိုးသာ ဂိမ်းတစ်ခု ဖြစ်လာလို့ကတော့ သေချာပေါက် ပျော်ဖို့ကောင်းမှာ မဟုတ်ဘူး။
ဒီလိုအမျိုးအစားက အောင်မြင်မှာ မဟုတ်ဘူး။
ဂိမ်မာအနည်းငယ်ကို ဆွဲဆောင်နိုင်သည့် လွတ်လပ်သည့် ဂိမ်းဖြစ်နေရင်တောင် ဝင်ငွေ များများစားစားရဖို့ ခက်ခဲနိုင်ပါသည်။ ထိုအချိန််ကျလျှင် ပန်းချီရင်းမြစ်ပေါ်တွင် ပိုက်ဆံပိုသုံးခြင်းက ရောင်းအားကျဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး အရင်းတောင် ပြန်မရနိုင်လောက်ပါ။
အမှန်ပင်။ ဖေးချမ့်က ဒီလိုလုပ်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးသည်။
လုမင်းလျန်က ပထမဆုံး လက်ထောင်လိုက်သူ ဖြစ်သည်။
"ဘော့စ်ဖေး ဒီဂိမ်းနောက်ကွယ်က ယေဘုယျ အိုင်ဒီယာကိုတော့ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်မေးချင်တာက ဒီဂိမ်းကို ဘယ်လိုနည်းလမ်းနဲ့ ဖော်ပြပြီး မားကတ်တင်းဆင်းမှာလဲ။ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဝတ္ထုအမျိုးအစားမျိုးလား။"
စိတ်ကြိုက်ရွေးချယ်နိုင်သည့် ဝတ္ထုအမျိုးအစား ရှင်းရှင်းပြောရလျှင် ကစားသမားက ဝတ္ထုဇာတ်ကောင်များဖြင့် ဆက်သွယ်နိုင်သော ဂိမ်းတစ်ခု ဖြစ်သည်။
ဒီလိုဂိမ်းမျိုးက ဖန်တီးရလွန်ကူပြီး အသုံးချပုံမျိုးစုံလည်းရှိသည်။ တူးဒီဇာတ်ဝင်ခန်းများနှင့် မူရင်းဇာတ်ကောင်များကို ဖန်တီးပြီး ဂိမ်းထဲကို စာသားတွေ အများကြီး ထည့်သွင်းဖို့သာ လိုအပ်သည်။ ဒီလောက်ဆို ဂိမ်းထဲမှာပါသမျှ အကုန် ဖြစ်ပါသည်။
လုမင်းလျန်၏ တွေးခေါ်ပုံအရ ဒီဂိမ်းက Chinese Parents လို ဂိမ်းမျိုးနဲ့ ဆင်တူနေပါသည်။ အမှန်ပင်။ လုမင်းလျန်က Chinese Parents ဂိမ်းကို မသိပါ။ တခြား စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းများကိုတော့ မြင်ဖူးပါသည်။
ဖေးချမ့်က ခေါင်းခါလိုက်၏။ "မဟုတ်ဘူး။"
စိတ်ကြိုက်ရွေးချယ်ဝတ္ထုဟုတ်လား။ ဘယ်ဟုတ်ပါ့မလဲ။
စိကြိုက်ရွေးချယ်ဝတ္ထုဂိမ်းတစ်ခုလုပ်ဖို့ သူဘယ်လောက်သုံးဖို့လိုမှာလဲ။ ပန်းချီပုံအနည်းငယ်နဲ့ နာမည်ကျော် နောက်ခံစကားပြော တချို့သာ လိုအပ်မည်။ ဒါဆို ယွမ် သိန်းကျော်နည်းနည်းလေးသာ ကုန်နိုင်ပြီး လုံလောက်မည် မဟုတ်ပေ။
သမုဒ္ဒရာရဲတိုက်က တစ်ပတ်ကို ယွမ် ၄၀၀,၀၀၀ - ၅၀၀,၀၀၀ လောက် ဝင်နေသည်။ ထို့ကြောင့် ဂိမ်းအသစ်မှာ ဒီလောက် နည်းနည်းလေး ရင်းနှီးမြှုပ်နှံလိုက်ပါက ပြဿနာ မရှိနိုင်ဘူးလား။
ဒါက သူ့ပြဿနာကို မပြေလည်စေနိုင်ပါ။
ဖေးချမ့်က ဂိမ်းအသစ်အတွက် အနည်းဆုံး ယွမ် ၂ သန်းနဲ့ အထက် ပစ်မှတ်ထားနေသည်။ ဒါမှ အရှုံးပေါ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။ မဟုတ်ပါက ယွမ်သိန်းအနည်းငယ်လောက်သာ အရှုံးပေါ်တာက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ဆီက ပြန်ရတာနဲ့ ကာမိမှာ မဟုတ်ပေ။
"ငါတို့ အကုန်လုံးကို သရီးဒီပဲ သွားမယ်။ အဆင့်အမြင့်ဆုံး သရီးဒီမော်ဒယ်ကို သုံးမှာနော်။ လူတွေဖြစ်ဖြစ် ဆက်တင်ဖြစ်ဖြစ် အကောင်းဆုံးပဲ လိုချင်တယ်။"
လုမင်းလျန် ကြက်သေ သေသွားပါသည်။
ထိုသို့လုပ်လိုက်ပါက ဘယ်လိုဖြစ်လာမလဲ သူစိတ်ကူးကြည့်လို့မရပါ။
စဥ်းစားကြည့်ရုံနဲ့ ထူးဆန်းနေပါသည်။
"စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းတစ်ခုအတွက်... အကုန်လုံးကို သရီးဒီသုံးမှာလား" လုမင်းလျန်က မေးခွန်းထုတ်လိုက်သည်။
"ဘာလို့ စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းတွေပဲ ထင်နေတာလဲ။" ဖေးချမ့်က ဆွံ့အသွားပြီး ခေါင်းခါလိုက်ပါသည်။ "ငါက စိတ်ကြိုက်ရွေးချယ်ဂိမ်းပုံစံမျိုးကို သုံးဖို့ အစီအစဥ်မရှိဘူး။ အရမ်း ခေတ်နောက်ကျလွန်းတယ်။"
"ဒီဂိမ်းကို ဖန်တီးဖို့အတွက် ပိုခိုင်မာပြီး ခေတ်မီတဲ့ နည်းလမ်းတွေ ဗျူဟာတွေကို သုံးကြမယ်။"