← Chapters

အခန်း(၈၀) ရုပ်ရှင်လောကထဲ ဝင်မယ်ဟုတ်လား

Vol. 6 Ch. 80

အခန်း(၈၀) ရုပ်ရှင်လောကထဲ ဝင်မယ်ဟုတ်လား

Vol. 6 Ch. 80

အခန်း(၈၀) ရုပ်ရှင်လောကထဲ ဝင်မယ်ဟုတ်လား

ဖေးချမ့်၏ ရုံးခန်းတွင်...

"ဘယ်လိုလဲ မာကြီး။ မင်းဆုံးဖြတ်ချက် ချပြီးသွားပြီလား" ဖေးချမ့်က လက်ဖက်ရည်သောက်ပြီး မေးလိုက်ပါသည်။

"မချရသေးဘူး" မာယန်က အားတက်သရောဖြေလိုက်ပါသည်။

"ဖွီးးး"

ဖေးချမ့်က လက်ဖက်ရည်များ ထွေးထုတ်မိမလိုတောင် ဖြစ်သွားသည်။ သို့သော်လည်း ဒေါသတော့ မထွက်ပါ။ နည်းနည်းတောင် ပျော်မိပါသည်။ ကြည့်ရတာ မာကြီး သူ့အတွက် လွယ်ကူအောင် လုပ်ပေးတော့မည် ထင်သည်။

အားလုံးသာ မာကြီးလိုဖြစ်နေပါက စနစ်ရန်ပုံငွေထဲက ပိုက်ဆံတွေကို သူ့ကိုယ်ပိုင်အကောင့်ထဲ ထည့်နိုင်ခဲ့တာ ကြာပြီ ဖြစ်သည်။

"အခု ငါ့ရဲ့အဓိက တာဝန်က သင့်တော်တဲ့ အကူအညီပေးနိုင်မယ့်သူကို ရှာဖို့ပဲ" မာယန်က လက်ဖက်ရည်ကို သောက်ရင်း အခြေအနေကို ကောင်းကောင်း အစီအစဥ်ဆွဲထားသည့် ပုံပေါ်နေပါသည်။

ဖေးချမ့် ရုတ်တရက် အနည်းငယ် စိတ်ပူလာသည်။

မာယန်ကို သူယုံကြည်သည်။ သို့သော် မာယန်၏ အကူအညီပေးသူကိုတော့ မယုံကြည်ပါ။

မာယန်က တခြားသူတွေပြောတာကို အယုံလွယ်သော လူမျိုး ဖြစ်ပါသည်။ သူသာ အင်တာနက်ကဖေးဆိုင်ဖွင့်တာ တော်ပြီး အလုပ်ကြိုးစားသည့်လူမျိုးနဲ့ ဆုံတွေ့သွားရင် ဘယ်လိုလုပ်မည်နည်း။ မာယန်က ထိုကူညီပေးသူ ပြောတာကို အလုံးစုံ လိုက်နာရင် ဘယ်လိုလုပ်မည်နည်း။

အကျိုးဆက်က အတော်လေး အန္တရာယ်များလိမ့်မည်။

ဖေးချမ့် စိတ်ပူမှဖြစ်ပါမည်။ "မင်းက ဘယ်လို ကူညီသူမျိုး ရှာနေတာလဲ။"

"ပိုင်သု ထဲပါးမှာတစ်ယောက်တော့ တွေ့ထားတယ်။ သူက ပါရမီရှင်ပဲ။ အခုသူ့ကို လစာမြင့်မြင့်ပေးပြီး ဆွဲခေါ်တော့မလို့" မာယန်က ပြောလိုက်သည်။

သြော် ထဲပါးက ပါရမီရှင်တစ်ယောက်တဲ့လား။

ရပါတယ်၊ ရပါတယ်လေ။

ဖေးချမ့် စိတ်အေးသွားသည်။

ထဲပါးဆိုသည်မှာ တကယ်ပဲ ပုန်းကွယ်နေသည့် ပါရမီရှင်များကို တွေ့နိုင်သော နေရာတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် ဒီနှစ် ဒီလိုအချိန်တွင် ထဲပါးကို ကျယ်ကျယ်ပြန့်ပြန် အသုံးချလာကြပြီ ဖြစ်ပါသည်။ အကောင်းနဲ့အဆိုးနဲ့ ရောနှောနေသော်လည်း တချို့ပါရမီရှင်များကို တွေ့နိုင်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို မြှောက်ပြောပြီး လေကျယ်သည့် လူများကတော့ ပိုများသည်။

ဖြစ်နိုင်ချေကို တွက်ချက်ကြည့်လိုက်လျှင် မာယန် ကျွမ်းကျင်သူတစ်ယောက်ကို ရှာနိုင်မှာမျိုး မဖြစ်နိုင်ပါ။

"အသေးစိတ် ထပ်ပြောလို့ရမလား" ဖေးချမ့်က အသေအချာ ထိုင်လိုက်ပြီး လက်ဖက်ရည်ကို ထပ်သောက်လိုက်သည်။ ဖေးချမ့် သူ့တိုးတက်မှုကို အလွန်စိတ်ပူပေးနေတာကို မြင်ပြီး မာယန်က ပိုနိုးကြားလာကာ အတည်ပေါက် တင်ပြလိုက်ပါသည်။

"ငါတွေ့ထားတဲ့ လူက ခါပါဖိုရမ်ပေါ်မှာ ကဖေးဆိုင်ငယ် ပိုင်ရှင်တစ်ယောက်ပဲ။ သူက အရမ်းပါရမီရှိပြီး ထဲပါးမှာလည်း အရမ်းနာမည်ကြီးတယ်။"

"ငါတွေးနေတာ ငါသာ LAN ဆိုင်တစ်ဆိုင်ဖွင့်နိုင်ရင် အရေးအကြီးဆုံးက ကွန်ပျူတာတွေ မဟုတ်လား။ ဒီအချိန်မျိုးမှာတော့ နာမည်ကြီး ဘရန်းမော်ဒယ်တွေ ဝယ်လို့ မဖြစ်ဘူးမလား။ ငါထူးခြားချင်ရင် ငါ့ဖာသာငါဖန်တီးပြီး ငါ့ဖာသာငါ ပြင်ဆင်ရမယ်။"

"ဒါပေမယ့် ဘယ်လိုလုပ်ရမလဲငါမသိဘူး။ အဲ့တာကြောင့် ပါရမီရှင်တစ်ယောက်ကို ဆွဲခေါ်ပြီး ကူညီခိုင်းမလို့ကွ။ သူက ကွန်ပျူတာာ ဘယ်လိုဆင်ရမလဲသိတယ်။ ပြီးတော့ ကွန်ပျူတာ ဟာ့ဒ်ဝဲအကြောင်းလည်း ငါ့ထက်ပိုသိတယ်။ ငါ့ဆုံးဖြတ်ချက်က အဆင်ပြေတယ်မဟုတ်လား။”

ဖေးချမ့်က အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ ဘာမှ မမှားဘူး။ တွေးတာ ကောင်းတယ်။"

ဖေးချမ့်က အနည်းငယ် စိတ်ပူနေခဲ့သည်။ သို့သော်လည်း ကူညီသူက အင်တာနက် ကဖေးပိုင်ရှင်ဟု ကြားလိုက်ရသောအခါ ဖေးချမ့် ရုတ်တရက် ပိုပြီး စိတ်အေးသွားရပါသည်။

ဆိုရိုးစကားတစ်ခုရှိသည်။ လူတစ်ယောက်က ခါပါဖိုရမ်ကို ယွမ် ၃,၀၀၀ ဖြင့် ဝင်သွားပါက ပြန်သောအခါ ထို့ထက်ပိုပြီး သုံးမိပါလိမ့်မည်။

ထူပါးဖိုရမ်ကို ယွမ် သုံးထောင်ဖြင့်ဝင်သွားပါက အင်တာနက် ကဖေးဆိုင်ဖွင့်ဖို့ ငွေနည်းနည်းပဲ ကျန်ကာ အိမ်ပြန်ရနိုင်ပါသည်။

ခါပါဖိုရမ်နှင့် ထူပါးဖိုရမ်တို့က ထဲပါးတွင် ကွန်ပျူတာဆင်ဝါသနာရှင်များ စုစည်းသော ရေပန်းအစားဆုံး နေရာနှစ်ခုဖြစ်ပါသည်။ သို့သော်လည်း သူတို့နှစ်ခုက အလွန်ခြားနားစွာလည်ပတ်ကြသည်။

ခါပါဖိုရမ်တွင် လူတွေက ပိုကောင်းသည့် အစိတ်အပိုင်းများအတွက် ပိုက်ဆံပိုသုံးဖို့ တောင်းဆိုခံရပြီး ထူပါးဖိုရမ်မှတော့ ရည်ရွယ်ချက်က ဘက်ဂျက်ကို ထိန်းသိမ်းနိုင်မည့် စျေးကြီးပြီး တည်တံ့သော အစိတ်အပိုင်းများကို ရရှိနိုင်ဖို့ ဖြစ်ပါသည်။

မာယန်သာ ထူပါးဖိုရမ်မှ ပညာရှင် သွားရှာတာဆို ဖေးချမ့် စိတ်ပူနိုင်ပါသေးသည်။

ဘာကြောင့်လဲ။ ထူပါးက ပါရမီရှင်များက ပိုက်ဆံချွေတာတာ အတော်ဆုံး ဖြစ်ကြသည်။

သူတို့သာ ကွန်ပျူတာကို ဆင်ဖို့ ဘက်ဂျက်နည်းနည်းပဲသုံးပြီး ပမာဏများများ အမြတ်နည်းနည်း ဟူသော ပုံစံမျိုး ကျင့်သုံးပါက ဒီအင်တာနက် ကဖေးမှာ တကယ် အဆင်ပြေသွားနိုင်လောက်သည်။

ဘာပဲဖြစ်ဖြစ် ဒါက ၂၀၁၀ ဖြစ်ပါသည်။ အလွန်စျေးပေါသည့် အင်တာနက်ကဖေးများက အလွန်ကြိုဆိုခံရဆဲဖြစ်ပါသည်။ တချို့ ပိုက်ဆံသိပ်မရှိသည့် ကျောင်းသားတချို့က Specs မြင့်မြင့် လိုအပ်သည့် ဂိမ်းများကို ကစားကြမှာ မဟုတ်ပေ။ ဒီလိုစျေးပေါသည့် အင်တာနက်ကဖေးတစ်ခုကိုသာ ဖန်တီးလိုက်ပါက ထိုကဖေးမှာ အိပ်ကြစားကြမည့် လူများနဲ့ ပြည့်နှက်သွားပါလိမ့်မည်။

သို့သော်လည်း ခါပါဖိုရမ်ကဆိုရင်တော့ ခြားနားပါလိမ့်မည်။ အင်တာနက်ကဖေးထဲက ကွန်ပျူတာ အားလုံးက တစ်လုံးကို ယွမ် ၂၀,၀၀၀ - ၃၀,၀၀၀ ဝန်းကျင်လောက်ရှိလိမ့်မည်။

လုံးဝ အားရစရာဖြစ်ပြီး အရှုံးပေါ်မှာကို ရှောင်လွှဲလို့မရနိုင်ပါ။

ထို့ကြောင့် ဖေးချမ့်အလွန်ပျော်ရွှင်နေပါသည်။ မာယန်က သူ့ကိုစိတ်မပျက်စေပေ။

"ဟုတ်ပါပြီ။ မင်း အဲ့ဒီပါရမီရှင်မျိုးကို ခေါ်ရမှာပေါ့။ မင်းသူ့အပေါ် သဘောကောင်းပြပြီး လစာ မြင့်မြင့်ပေးဖို့ မမေ့နဲ့နော်။ ဒီလို နတ်ဘုရားအဆင့်ရှိတဲ့ လူမျိုးကို လာကူညီစေချင်ရင် တစ်လ ယွမ် ၈,၀၀၀ လောက်ပဲ ပေးလို့မဖြစ်ဘူး ဟုတ်တယ်မလား။"

ဖေးချမ့်က မီးလောင်ရာ လေစပင့်ပါသည်။

မာယန်က အနည်းငယ် နာကျင်သွားပြီး ပြောလိုက်သည်။ "ယောက်ဖချမ့် ငါမင်းကို မဖုံးကွယ်တော့ပါဘူး... လက်ရှိ ငါ့လစာက ယွမ် ၅,၀၀၀ တည်း ရှိတာလေ..."

ဖေးချမ့်က မာယန်ကို အလုပ်သင်များအတွက် အမြင့်ဆုံး ပေးနိုင်သော လစာကို ပေးထားပါသည်။ တစ်လကို ယွမ် ၄,၀၀၀ ဖြစ်သည်။ ဝန်ထမ်းအားလုံးကို ၃၀ ရာခိုင်နှုန်း လစာတိုးပေးပြီးသွားသောအခါ မာယန်၏ လစာက ယွမ် ၅,၀၀၀ မျှသာ ရှိပါသေးသည်။

ဖေးချမ့်က ရယ်မောကာ ပြောလိုက်ပါသည်။ "စိတ်ချစမ်းပါကွာ။ ငါမင်းကို ပစ်ထားပါ့မလာား။ ဒှတာဝန်ကို အောင်မြင်တာနဲ့ ငါမင်းကို လစာတိုးပေးမယ်။ ဘောနပ်စ်လည်း ပါတယ်။"

မာယန်က အပျော်လွန်သွားပါသည်။ "ကောင်းလိုက်တာ စိတ်ချပါ။ ဒီအင်တာနက် ကဖေးကို အကောင်းဆုံးဖြစ်အောင် ငါအားကုန်ကြိုးစားမယ်။"

"ငါမင်းကို ဘယ်နှခါပြောရမလဲ။ အင်တာနက်ကဖေးမဟုတ်ဘူးလို့။ LAN ဆိုင်တွေ၊ ဂိမ်းရသတွေ၊ ဟာ့ဒ်ဝဲရောင်းတာတွေ၊ ပွဲကြည့်တာတွေ အကုန်ပါမယ့် ကျယ်ပြန့်တဲ့ ဖျော်ဖြေရေး စင်တာကြီးပါလို့ပြောထားတယ်လေကွာ" ဖေးချမ့်က မာယန်၏ စကားကို ပြန်ပြင်ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ။ ငါသိပါတယ်။ ကျယ်ပြန့်တဲ့ ဖျော်ဖြေရေး အင်တာနက် ကဖေး" မာယန်က လက်ဖက်ရည် ပြီးအောင် သောက်လိုက်သည်။ "ဒါဆို ငါအလုပ်ဆက်လုပ်တော့မယ်ကွာ။"

"အင်း" ဖေးချမ့်က ကျေနပ်သွားပါသည်။

အခုတော့ ဂိမ်းပရောဂျက်အသစ်နဲ့ ပတ်သတ်ပြီး ကိစ္စများကိုလည်း အနည်းနဲ့အများ တည်ငြိမ်အောင် လုပ်ပြီးပြီ။ မာယန်ကတော့ ခါပါဖိုရမ်ရဲ့ ပါရမီရှင် လက်ထောက်နဲ့သာဆို အားလုံး တည်တည်ငြိမ်ငြိမ် ရှိလောက်ပါသည်။

ကျန်တာကတော့ ဟွမ်းစစ်ပေါ်ဘက်သာဖြစ်သည်။ သူ အနည်းငယ် စိတ်မသက်သာဖြစ်နေပါသည်။

ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို အဆင်ပြေလားမေးရန် စာပို့ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဟွမ်းစစ်ပေါ် လတ်တလော အလုပ်မလာပါ။ ဖေးချမ့်ကလည်း သူဘာတွေလုပ်နေသလဲ မသိရပါ။ ဟွမ်းစစ်ပေါ်၏ တိုးတက်မှုကို နားလည်ထားလျှင် ပိုကောင်းပါသည်။

"အိပ်မက်ရန်ပုံငွေအကြောင်း စဥ်းစားပြီးသွားပြီလား။ မင်းဘယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်လဲလို့ ဆုံးဖြတ်ပြီးသွားပြီလား။"

သိပ်မကြာခင် ဟွမ်းစစ်ပေါ်က စာပြန်ပါသည်။

"ကျွန်တော် ယေဘုယျ ဦးတည်ချက်တစ်ခုတော့ရှိတယ် ဘော့စ်ဖေး။ ရုပ်ရှင်လောကနဲ့ ပတ်သတ်တာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ထာားတယ်။ ဒါက အမြဲတမ်း ကျွန်တော့်ရဲ့ အိပ်မက် ဖြစ်ခဲ့တာလေ။ ကျွန်တော့်အတွက် အရမ်းခက်ခဲတာလေးတစ်ခုပဲ။ အဲ့တာကြောင့် ဂိမ်းလောကကို ရွေးချယ်ဖြစ်ခဲ့တာ။ အခု ကျွန်တော် အခွင့်အရေးရလာပြီဆိုတော့ ကျွန်တော့် အိပ်မက်တွေနောက်ပဲ လိုက်တော့မယ်ဗျာ။"

ဖေးချမ့်တစ်ယောက် ပျော်လွန်းသဖြင့် ကိုယ်ပေါင်ကိုယ် ထောင်းလိုက်ပါသည်။ ရုပ်ရှင်လောကတဲ့လားကွာ။

ဒါလုံးဝ ပြီးပြည့်စုံတာပဲ။ အဲ့ဒီလောကက မွဲတာ ပိုမြန်တယ်။

သို့သော်လည်း... ရုပ်ရှင်လောကထဲကို ယွမ် ၁ သန်းနဲ့ ဝင်ဖို့က အနည်းငယ် လောလွန်းမနေဘူးလား။ အာနိသင်ရှိပါ့မလား။

ဖေးချမ့် သံသယတော့ဖြစ်မိပါသည်။

"မင်းရန်ပုံငွေ လုံလုံလောက်လောက်ကော ရှိရဲ့လား။ ငါမင်းကို ရင်းနှီးမြှုပ်နှံငွေ ထပ်ပေးလို့ရတယ်နော်။ ပြဿနာ မရှိပါဘူး။"

ဖေးချမ့်က ပိုက်ဆံအရှုံးပေါ်မည့် လုပ်ငန်းပရောဂျက်များကို ကိုင်တွယ်နိုင်ခဲ့ပြီ။။ ရုပ်တရက်ကြီး ဒီလုပ်ငန်းမှာ ငွေပိုထည့်ချင်လာပါသည်။

တကယ်တော့ ဖေးချမ့်လည်း ပိုက်ဆံအရှုံးပေါ်ဖို့ ရုပ်ရှင်လောကထဲဝင်ဖို့ စဥ်းစားဖူးပါသည်။ ဒီအစီအစဥ်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးမရသေးရုံသာ ရှိသည်။ ဒါကောင်းမွန်လွန်းပါသည်။ ဟွမ်းစစ်ပေါ်က လမ်းခင်းပေးသဖြင့် ဖေးချမ့်က သူ့ဖာသာသူ စိတ်ရှုပ်ဖို့ မလိုတော့ပါ။

ဟွမ်းစစ်ပေါ်က အမြန်စာပြန်လိုက်ပါသည်။ "မလိုပါဘူးဗျာ။ မလိုပါဘူး။ ဘော့စ်ဖေး ကျွန်တော့်ကို အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းတောင် ပေးထားပြီးပြီပဲ။ ကျွန်တော် ဘယ်လိုလုပ် ထပ်တောင်းရက်မှာလဲ။"

"စိတ်ချပါ။ ကျွန်တော်က ရင်းနှီးမြှုပ်နှံဖို့ အများကြီးလိုအပ်တဲ့ နာမည်ကြီး ရုပ်ရှင်အမျိုးအစားတွေ မရိုက်ပါဘူး။ ကျွန်တော်က ပစ္စည်းကိရိယာနဲ့ ပြုပြင်ဖို့ သိပ်မလိုအပ်တဲ့ ဗီဒီယိုအတိုလေးတွေကိုပဲ လုပ်မှာပါ။ အများကြီး မကုန်ပါဘူး။ ယွမ် ၁ သန်းဆို လုံလောက်ပါပြီ။"

ဗီဲဒီယိုအတိုလေးတွေ ဟုတ်လား။

ဖေးချမ့် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ "မင်းရိုက်မယ့် ဗီဒီယိုအတိုလေးနာမည်က... အံ့အားသင့်ဖွယ်တော့ မဟုတ်ဘူးမလား။"

ဟွမ်းစစ်ပေါ် ကြောင်သွားသည်။ "အံ့အားသင့်ဖွယ် ဟုတ်လား။ အဲ့တာ ဘာကြီးလဲ။"

ဖေးချမ့် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည််။ အံ့အားသင့်ဖွယ် မဟုတ်ရင် အားလုံးအဆင်ပြေပါပြီ။

"မင်းမှာ ဇာတ်ညွှန်းရှိပြီလား။ ဒါရိုက်တာကော" ဖေးချမ့်က ထပ်မေးလိုက်သည်။

ဟွမ်းစစ်ပေါ်က စာပြန်၏။ "မရှိသေးပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်အခုရှာနေပါပြီ။ ဇာတ်ညွှန်းအသင့်ဖြစ်တာနဲ့ ဘော့စ်ကို အရင်ကြည့်ဖို့ ပို့လိုက်ပါ့မယ်။"

"ကောင်းပါပြီ" ဖေးချမ့် စိတ်အေးသွားပါသည်။

ဟွမ်းစစ်ပေါ်သာ ဗီဒီယိုအတိုလေးရိုက်မည်ဆိုပါက အံ့အားသင့်ဖွယ်မဟုတ်သရွေ့ အဆင်ပြေပါသည်။

ဒီအချိန်နဲ့ ဒီခေတ်မှာ ဗီဒီယိုအတိုလေးတွေရိုက်ကူးပြီး ရေပန်းစားမှုရဖို့ ခက်ခဲပါသည်။ ရေပန်းစားလာခဲ့ရင်တောင် ရောင်းနိုင်ဖို့ ခက်ခဲပါသည်။ အရှုံးတွေကိုလည်း ကြိုခန့်မှန်းထားရမည်။ ကြည့်ရတာ ဟွမ်းစစ်ပေါ်ဘက်မှာလည်း အာားလုံး ချောချောမွေ့မွေ့အဆင်ပြေနေသည့်ပုံပင်။

All Chapters