← Chapters

ဘီယာသောက် ဇာတ်ဝင်ခန်း

Vol. 23 Ch. 341

ဘီယာသောက် ဇာတ်ဝင်ခန်း

Vol. 23 Ch. 341

ယခုရိုက်ကူးတော့မည့် ဇာတ်ဝင်ခန်းက ခေါင်းဆောင် မင်းသမီးကို မတွေ့ခင် ခေါင်းဆောင်မင်းသားရဲ့ အာကာသယာဉ်လုံးထဲက ရည်ရွယ်ချက်မဲ့နေသော ဘဝ ဖြစ်သည်။

ထိုအာကာသယာဉ်လုံး၏ အကျယ်အဝန်းက အလွန် သေးငယ်ပါသည်။ အတော်လေး အရပ်ရှည်သည်ဟု ယူဆရသည့် လုကျစ်ယောင်ရဲ့ ခေါင်းက မျက်နှက်ကြက်ကို ထိဖို့ စင်တီမီတာ ဆယ်ကျော်လောက်သာ လိုသည်။ ထိုအာကာသ ယာဉ်လုံးတစ်ခုလုံး၏ အပြင်အဆင်က ရိုးရှင်းပြီး အနာဂတ်ဆန်သည်။ ပိုပိုလျှံလျှံ ဆင်ယင်ထားတာမျိုး မရှိပါ။

တီဗီဖန်သားပြင်ကြီး ရှိရမည့်နေရာမှာတော့ အစိမ်းရောင်ပိတ်ကားကြီးတစ်ခု ရှိနေပါသည်။ တီဗီ ပရိုဂရမ်များကို နောက်ပိုင်းအဆင့်များမှ ထည့်သွင်းသွားမှာ ဖြစ်သည်။

အသင့်စားအစားအစာ၊ အရေးပေါ် အစားအစာ၊ အာလူးကြော်၊ ဘီယာ စသည့် ရိုက်ကူးရေးအတွက် အသုံးပြုဖို့ ဇာတ်ဝင်ပစ္စည်းများလည်း ရှိသည်။

အမှန်ပင်။ ထို ဇာတ်ဝင်ပစ္စည်းများကို သီးသန့် ဖန်တီးထားခြင်း ဖြစ်၏။ ဘီယာပုံးတွေထဲက အသင့်သောက် ဘီယာဗူးရှည်ရှည်တွေရဲ့ အပြင်ဘက်မှာ တချို့ အထူးစတေကာတချို့ကို ကပ်ထားသည်။ တစ်ဖက်မှာတော့ မူရင်း တံဆိပ်ကို ဖုံးဖို့ ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ ဒီကမ္ဘာကြီးရဲ့ နောက်ခံဆက်တင်ကို ထင်ပေါ်စေဖို့ ဖြစ်သည်။

ဘီယာဗူးများပေါ်တွင် ကပ်ထားသည့် စိတ်ကူးယဉ် တံဆိပ်များအပြင် ရောင်စုံကြော်ငြာတချို့လည်း ရှိပါသေးသည်။ ဒီအနာဂတ်ကမ္ဘာထဲက ဆက်တင်က ကြော်ငြာတွေ အရမ်း လွှမ်းမိုးမှု ရှိသဖြင့် ဘီယာဗူးတွေတောင် အလွတ်မပေးဘူးဟု ပြသချင်တာ ဖြစ်ပါသည်။ ထို့နောက် လုကျစ်ယောင် အာကာသယာဉ်လုံးထဲမှာ လှဲလျောင်းလိုက်ပြီး ရိုက်ကူးရေး စတင်ခဲ့ပါသည်။

ပထမဆုံး အာကာသယာဉ်လုံးထဲမှာ သူ ဘာမှ မလုပ်ဘဲ တီဗီပေါ်က ကြော်ညာတွေ ထိုင်ကြည့်နေသည့် ဇာတ်ဝင်ခန်းတချို့ကို ရိုက်ရသည်။

ထိုဇာတ်ဝင်ခန်းများက ရိုက်ကူးဖို့ အတော်လေး လွယ်ကူပါသည်။ သရုပ်ဆောင်ဖို့တောင် အများကြီး မလိုအပ်ပါ။ ထို့ကြောင့် နည်းနည်းလောက် ရိုက်ကူးပြီးတာနဲ့ ခပ်မြန်မြန် ပြီးဆုံးသွားခဲ့ပါသည်။

နောက်တစ်ခန်းက အရေးပေါ် အစားအစာများ စားသုံးနေသည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ ဖြစ်ပါသည်။

အိပ်ယာရဲ့ မျက်နှာချင်းဆိုင်မှာ အထူး ညစာစားသည့် နေရာတစ်ခုရှိသည်။ လူတစ်ယောက်စာအတွက် ဝင်ဆံ့ပါသည်။ စားပွဲရဲ့ ဘေး နံရံပေါ်မှာ ဖန်သားပြင် အသေးစားတစ်ခု ရှိပြီး အစားအသောက် ဝင်ပေါက်တစ်ခုလည်း ရှိပါသည်။

ဖန်သားပြင်အသေးစားလေးတွင် ယခုတော့ အစိမ်းရောင်ပိတ်ကားသာ ရှိသည်။ အော်ဒါမီနူးတစ်ခုကို နောက်ဆက်တွဲ ထုတ်လုပ်ရေးမှာ ကွန်ပြူတာ အထူးပြုလုပ်ချက်များနဲ့ ဖန်တီးသွားမှာ ဖြစ်သည်။ ဒီဖန်သားပြင်အသေးစားမှာ အစားအစာ အော်ဒါမှာဖို့ အသုံးမပြုသည့်အခါ အစားအသောက် ကြော်ငြာပေါင်းစုံ ထပ်ခါတလဲလဲလာနေပါလိမ့်မည်။

ဒီဇာတ်ဝင်ခန်းကလည်း ရိုးရှင်းပါသည်။ ခေါင်းဆောင်မင်းသားက အစားစားချိန် ရောက်သည့်အခါ သူ့ရဲ့ အရေးပေါ် အစားအသောက်ကို ရရှိမည် ဖြစ်သည်။ ဖန်သားပြင်လေးပေါ်မှာ ထပ်ခါ တလဲလဲ လာနေသည့် စားကောင်းသောက်ဖွယ်များကို ကြည့်ရင်း သူ့ရဲ့ အရေးပေါ် အစားအစာများကို စားနေရတာက ဇာတ်နာလွန်းပါသည်။

လုကျစ်ယောင်က ညစာစားပွဲဘေးမှာ ထိုင်လိုက်ပြီး အစားအစာဝင်ပေါက်ကို ကြက်သေ သေလျက် ကြည့်နေပါသည်။

အချိန်ကိုက် ပုံမှန်လုပ်ရိုးလုပ်စဉ်လိုဖြစ်နေသဖြင့် လုကျစ်ယောင် ဘာမှ မျှော်လင့်ချက် မရှိပါ။

အစားအသောက်ဝင်ပေါက်၏ အဝက ကလစ် ဟူသည့် အသံဖြင့် ပွင့်သွားသည်။ ကြည့်ကောင်းသည့် အထုတ်အပိုးတစ်ခုက အစားအစာ ဝင်ပေါက်မှတဆင့် ညစာစားပွဲပေါ်သို့ ကျလာသည်။

လုကျစ်ယောင်လည်း စုတ်ဖြဲကာ ဖွင့်လိုက်သောအခါ အထဲက အနက်ရောင်နဲ့ အဖြူရောင် အမှုန့်များ ပေါ်ထွက်လာသည်။

"အထဲက ဘာတွေလဲ" ဖေးချမ့် တိုးတိုးလေး မေးလိုက်ပါသည်။

"နို့မှုန့်နဲ့ ချောကလက်မှုန့်တွေပါ" ကျူးရှောင်စဲကလည်း တိုးတိုးလေး ပြန်ဖြေလိုက်ပါသည်။

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "အဆင်ပြေပါတယ်"

အနည်းဆုံးတော့ စားလို့ရပါသေးသည်။ ကြည့်ရတာ လုကျစ်ယောင်ကို ငွေထပ်ပေးဖို့ လိုမှာ မဟုတ်လောက်ပါ။

လုကျစ်ယောင်က ဗန်းကို ယူလိုက်ပြီး သူ့ဘေးက ရေထွက်ပေါက်တစ်ခုဆီ ယူသွားကာ ရေနွေး ထည့်လိုက်ပါသည်။ ထို့နောက် ဗန်းနဲ့ တစ်ခါတည်း ပါလာသည့် ဇွန်းသေးသေးလေးဖြင့် အညီအမျှ မွှေလိုက်သည်။ အမှန်ပင်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးက ဘာမှ မထူးခြားဘဲ အဓိပ္ပာယ်မဲ့လွန်းပါသည်။

ထို့နောက် ဇွန်းကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို ပလုတ်ပလောင်း စတင်ကျွေးမွေးတော့သည်။

လုကျစ်ယောင်က စားရင်းနဲ့ ဘေးက ဖန်သားပြင် အသေးစားလေးကို စိုက်ကြည့်နေသည်။ အခုလောလောဆယ်တော့ အစိမ်းရောင် ပိတ်ကား တစ်ခုသာ ဖြစ်သည်။ နောက်ပိုင်းအဆင့်တွေကျမှ ခပ်လန်းလန်း စားကောင်းသောက်ဖွယ်ရာများကို ကွန်ပြူတာ အထူးပြုလုပ်ချက်များဖြင့် ထည့်သွင်း ကြော်ငြာသွာားမည်ဖြစ်သည်။

လုကျစ်ယောင်က ခြားနားသည့် အကြည့်ဖြင့် အစိမ်းရောင်ပိတ်ကားကို ကြည့်နေသည်။ သူ့မျက်လုံးတွေက ထိုစားကောင်းသောက်ဖွယ်ရာများကို တမ်းတနေသည့်ပုံပေါက်ကာ တံတွေးမျိုချခြင်းနှင့် နှုတ်ခမ်းများကို လျှာဖြင့်သပ်ခြင်း စသည့်တို့ကို မသိစိတ်ဖြင့် လုပ်မိသော လုပ်ရပ်တွေကိုပါ မြင်နေရပါသည်။

"ကတ်"

"ခုနက မျက်နှာထားက နည်းနည်းပိုလွန်းတယ်။ ဇာတ်လမ်းအရဆိုရင် မင်းက အဲ့ဒီကြော်ငြာတွေကို နေ့တိုင်း ကြည့်နေရတာ။ အဲ့လို ကြီးကြီးမားမား တုန့်ပြန်ဖို့ မလိုဘူး။ အရသာ ရှိတဲ့ အစားအသောက်တွေကြောင့် အလိုအလျောက် တုန့်ပြန်မှုတချို့ ပေါ်အောင်ပဲ သရုပ်ဆောင်ပါ"

"ကျန်တာ အားလုံးအဆင်ပြေတယ်။ အိုကေ ပြန်စကြစို့"

ဒါရိုက်တာကျူးရှောင်စဲက သူမသင့်တော်ဘူးဟု ခံစားရသည့် အစိတ်အပိုင်းများကို ချက်ချင်း ထုတ်ပြလေ့ ရှိသည်။ လုကျစ်ယောင်လည်း လိုက်နာဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါသည်။

ဒီဇာတ်ဝင်ခန်းကိုလည်း နည်းနည်းပါးပါး ရိုက်ကူးပြီးနောက် အောင်မြင်သွားခဲ့ပါသည်။

ဖေးချမ့် ဘေးနားကနေ အနည်းငယ် သက်ပြင်းချမိသည်။ ဒီလုကျစ်ယောင်ဆိုတဲ့ကောင်က တကယ် သရုပ်ဆောင်တတ်ပါလား ဟမ်။

ကြည့်ရတာ လှပတဲ့ မနက်ဖြန်မှာ ပါဝင်ရသည့်အခါ အသက်ရှူတောင် အောင့်ထားသလို ခံစားရပါသည်။

လုကျစ်ယောင်က 'ရုံတင်ငွေအဆိပ်အတောက်'ဟု နာမည်ပြောင်ပေးခံထားရသူဖြစ်သည်။ သူ့ သရုပ်ဆောင်စွမ်းရည်များက မဆိုးသော်လည်း ပရိတ်သတ် ဝေဖန်တာကိုတော့ သူ မရှောင်နိုင်ခဲ့ပါ။

တွေ့ရအများဆုံး ဝေဖန်မှုများက သူက ရုပ်ချောလွန်းပြီး မောက်မာလွန်းကာ သရုပ်ဆောင်ရာတွင်လည်း အိုဗာဖြစ်လွန်းသည် ဟူ၍ ဖြစ်ပါသည်။

သို့သော်လည်း လုကျစ်ယောင်က အကျင့်မကောင်းသည့် လူတစ်ယောက်ပုံစံကို အလွန် လေးလေးနက်နက် သရုပ်ဆောင်နေပါသည်။ သူ့ပုံက ချောမောကာ အရမ်းကြီး အကျင့်မကောင်းတဲ့ပုံ ပေါက်နိုင်သော်လည်း အကျင့်မကောင်းတဲ့ ခံစားချက် တစ်ခုကတော့ ရှိိနေပါသည်။ ထို့နောက် ခဏကြာသောအခါ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးဖို့ ပြင်ဆင်ကြရင်း အလုပ်များကြပြန်ပါသည်။

"ဘော့စ်ဖေး နောက်ဇာတ်ဝင်ခန်းက စိတ်ဝင်စားဖို့ ကောင်းတယ်" ကျူးရှောင်စဲက ဖေးချမ့်ကို ပြောလိုက်၏။

ဖေးချမ့် "ဟမ်"

ကျူးရှောင်စဲက ထောင့်နားရှိ ဘီယာဗူးတချို့ကို ညွှန်ပြလိုက်ပါသည်။ "ဘီယာသောက်တဲ့ပုံကို အနီးကပ် ရိုက်ပြမယ်"

"ခေါင်းဆောင်မင်းသားက တီဗီပေါ်က ပဟေဠိဂိမ်းမှာ ပဟေဠိဒင်္ဂါးတွေ အများကြီး နိုင်သွားတာလေ။ အဲ့တာကြောင့် သူ့ကိုယ်သူ ဘီယာတစ်ဗူးနဲ့ ဆုချခဲ့တယ်"

"လုကျစ်ယောင် ကျင်းကျိုးမြို့ကနေ လာကတည်းက ဘာဘီယာမှ မသောက်ထားတော့ ကောင်းကောင်း သရုပ်ဆောင်နိုင်မှာပါ"

"သူ ရေတောင် မသောက်ဘဲ Hey Song Sarsaparilla, Oldendandia Water, Don Fan Shu Ye တို့လို ရွံစရာ အရည်တွေကို သောက်ထားတယ်"

"အဲ့တာတွေ အကုန်လုံးက သူ ဘီယာသောက်တဲ့အခါ ပြောင်ပြောင်မြောက်မြောက် ခိုင်ခိုင်မာမာ သရုပ်ဆောင်နိုင်ဖို့အတွက်ပဲ"

ဖေးချမ့် "... အဲ့လောက်ကြီး စတေးဖို့ လိုလို့လား။ အဲ့ဒီသောက်စရာတွေက လူသောက်လို့တောင် ရရဲ့လား။ ဒီအတိုင်း ရုပ်ရှင်တစ်ကားသက်သက်ပဲကို။ ကိုယ့်ဘဝကို ဖျက်ဆီးဖို့ မလိုပါဘူး..."

ဒါရိုက်တာ ကျူးရှောင်စဲက ပြုံးလိုက်သည်။ "အဲ့တာ အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ ကိုယ်တိုင် ကျင့်ကြံမှု တစ်ခုပါပဲ။ မစ္စတာကျန်းကျုထျင်တောင် လုကျစ်ယောင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးမဆုံး ဖြစ်နေတာလေဗျ"

နောက်တစ်ခေါက် ဖေးချမ့် ပြောစရာ စကား ပျောက်ဆုံးသွားရပြန်သည်။

ဒီလောက်ကြီး ကြိုးစားဖို့ တကယ်မလိုပါဘူးဟ

ရုံတင်ပိတ်ကားတွေပေါ်မှာ ဂန္တဝင်လက်ရာတစ်ခု ဖြစ်အောင်လုပ်နိုင်ပြီး ရေပန်းစား ရှာဖွေမှုတွေထဲ အပေါ်ဆုံး ရောက်လာမှ အကျိုးဆက်တွေက မှန်းဆလို့ မရနိုင်အောင် ဖြစ်လာလိမ့်မည်။

သို့သော်လည်း လုကျစ်ယောင်ကို ဘယ်လို သရုပ်ဆောင်ခိုင်းရမလဲ ဖေးချမ့်လည်း မသိပါ။ ဒီတိုင်း သတိကြီးကြီးထားရင်း စောင့်သာ ကြည့်နေနိုင်တော့သည်။

ဒီဇာတ်ဝင်ခန်းအစတွင် လုကျစ်ယောင်က အစိမ်းကောင်ပိတ်ကားကို ကြည့်လျက် အနိုင်ရရှိသွားသည့် ဖြစ်စဉ်တစ်ခုလုံးကို သရုပ်ဆောင်ရသည်။

တီဗီရှိုး၏ ရလဒ်များကို စောင့်နေစဉ် သူ ခံစားခဲ့ရသည့် စိတ်ဖိစိးမှု၊ သူ ကံထူးကြောင်း သိလိုက်ရသောအခါ ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှု၊ ထို့နောက် မျှော်လင့်ချက် ကြီးကြီးမားမားဖြင့် အစားအသောက်ဝင်ပေါက်နားကို သွားပြီး ဘီယာတစ်ဗူး ဝယ်ယူခဲ့ပါသည်။

ရိုက်ကွက် ၁ ကွက် ၂ ကွက်ပြီးသောအခါ ဘီယာသောက်သည့် ဇာတ်ဝင်ခန်းကို စတင်ခဲ့ကြပါသည်။

လုကျစ်ယောင်က အစားအသောက်ဝင်ပေါက်ဘေးရှိ ဖန်သားပြင်အသေးစားလေးထံသို့ ရောက်လာပြီး အစိမ်းရောင်ပိတ်ကားပေါ်မှာ တစ်ခုခု နှိပ်နေသလိုမျိုး သရုပ်ဆောင်လိုက်ပါသည်။ သူ့မျက်နှာထားက ဟန်ပါလှ၏။ ပဟေဠိမှ ဆုရရှိခဲ့သဖြင့် ပျော်ရွှင်မှုကြောင့် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ထင်ပေါ်နေပါသည်။ ဘီယာဗူးကို သူ့နှုတ်ခမ်းနား တေ့ရတော့မည့်အခါ မျှော်လင့်ချက် အရိပ်အယောင်နဲ့ သောက်ပြီးသောအခါ မသိစိတ်ဖြင့် နှုတ်ခမ်းကို လျက်လိုက်မိသည့် ပုံရိပ်များပေါ်လာခဲ့သည်။

ကျူးရှောင်စဲဘေးမှာ ရှိနေသည့် ဖေးချမ့်လည်း လုကျစ်ယောင်ရဲ့ အသေးစိပ်ကျကျ မျက်နှာထား ပြောင်းလဲမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပါသည်။ ရုတ်တရက်ကြီး ၁,၂,၃,၄,၅,၆,၇ ဟုသာ အော်တတ်သည့် ကောင်လေးအတွက် အနည်းငယ် လွမ်းဆွေးမိသလိုတောင် ဖြစ်သွားပါသည်။

ဘုတ်…

အစားအသောက်ဝင်ပေါက်မှ ဘီယာတစ်ဗူး ပြုတ်ကျလာသည်။

လုကျစ်ယောင်လည်း ပျော်ရွှင်စွာနဲ့ ချက်ချင်း ကောက်ကိုင်လိုက်ပါသည်။ အနည်းငယ် အေးမြနေသည့် ဘီယာဗူးပေါ်မှ ရေစက်ကလေးများ ဖြစ်ပေါ်နေတာကို မြင်ရသည်။ အဖုံးကို ရွှီးခနဲ မြည်အောင်ဖွင့်လိုက်ပြီး ခေါင်းမော့ကာ... ဂလု၊ ဂလု၊ ဂလု....

လုကျစ်ယောင် ဗူးတစ်ဝက်လုံး သောက်ပြီးမှ ရပ်တန့်လိုက်သည်။ ပျော်ရွှင်မှုများ၊ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာ တစ်ခုဖြင့် သက်ပြင်းချလိုက်ပါသည်။ သူ့လက်ထဲက ဘီယာဗူးကို တင်းတိမ်ရောင့်ရဲမှုဖြင့် ကြည့်လိုက်၏။

သူ့နှုတ်ခမ်းထောင့်က အမြှုပ်များကို သုတ်လိုက်သည်။ ထို့နောက် ခေါင်းကို ထပ်မော့ကာ လက်ကျန်ဘီယာကို အကုန်သောက်လိုက်ပါသည်။ ဘီယာဗူးလွတ်ကြီးကို ဆက်လက်မြှောက်ထားဆဲ ဖြစ်ပြီး လက်ကျန် တစ်စက် နှစ်စက်လောက် ကျလာဦးမလားဟု မျှော်လင့်နေပါသည်။

နောက်ဆုံးတော့ လုကျစ်ယောင်က ဘီယာဗူးခံလွတ်ကို အမှိုက်ပုံးထဲ တွန့်ဆုတ်စွာ ပစ်လိုက်ပါတော့သည်။ သူ့ပါးစပ်ကို သုတ်ကာ တင်းတိမ်စွာဖြင့် လေတက်လိုက်ပြီး အိပ်ယာဆီပြန်ကာ ထပ်အိပ်နေလိုက်ပါတော့သည်။

လေတက်တာက အလွန် သဘာဝဆန်ပါသည်။ လုပ်ကြံထားသည့်ပုံတောင် မပေါ်ဘဲ လုကျစ်ယောင် အသောက်များပြီး တကယ် လေတက်သွားတာ ဖြစ်နိုင်ပါသည်။

"ရပ်တော့"

ပုံမှန်ဆို 'ကတ်'ဟု ပြောရသော်လည်း 'ရပ်တော့' ဆိုတာက ဖေးချမ့် အော်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒါရိုက်တာ ကျူးရှောင်စဲလည်း အမြန် 'ကတ်'ဟု ထပ်အော်ကာ ဖေးချမ့်ကို လေးလေးနက်နက် ကြည့်လိုက်ပါသည်။

"ဘော့စ်ဖေး သရုပ်ဆောင်တာ ပြဿနာ တစ်ခုခု ရှိလို့လား"

ဘော့စ်ဖေးက ဒီရုပ်ရှင်အတွက် စပွန်ဆာတစ်ယောက် ဖြစ်ရုံတင်မကဘဲ ဒီဇာတ်ညွှန်းရဲ့ မူရင်းစာရေးဆရာပါ ဖြစ်မှန်း ကျူးရှောင်စဲ ကောင်းကောင်း သိပါသည်။

ဘော့စ်ဖေးသာ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေအပေါ် အထင်အမြင် တစ်ခုခု ပေးချင်ပါက ဘော့စ်ဖေးရဲ့ မူလ ရည်ရွယ်ချက်နဲ့ သွေဖယ်နေတာ ရှိနေသည်ဟု ဆိုလိုပါသည်။ မူရင်းဖန်တီးသူရဲ့ အထင်အမြင်ကို လေးစားမှု ရှိပြီး ပြောင်းလဲပေးဖို့ လိုအပ်ပါသည်။

ဖေးချမ့် အနည်းငယ် မျှော်လင့်ချက် ကင်းမဲ့သွားသည်။

မင်း ကြိုးစားတာ အရမ်းလွန်လွန်းနေပြီ ဘရို။

ဘီယာသောက်တဲ့ မင်းမျက်နှာက Cooking Master Boy ထက်တောင် ပိုပြီး အိုဗာဖြစ်နေသေးတယ် 'တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းကြီး' နောက်ခံဂီတနဲ့ ရွှေရောင်အထူးပြုလုပ်ချက်တွေရယ်၊ ပင်လယ်ပြင်နဲ့ ကောင်းကင်ကြီး နောက်ခံတွေ မပါတာလေးပဲ ရှိတာကွ။

ရုပ်ရှင် စတင်ရုံတင်သည့်နေ့တွင် Weibo ပေါ်မှာ 'လုကျစ်ယောင် ဘီယာသောက်ခြင်း' ဟူ၍ ရေပန်းစားရှာဖွေမှုတစ်ခု ထွက်လာမှာကိုပင် ဖေးချမ့် ကြိုမြင်နေပါပြီ။

ဖေးချမ့်အနည်းငယ် ချောင်းဟပ်လိုက်၏။ "ဒါ တကယ် မလိုဘူး... ဒီတိုင်း သာမန်အတိုင်း သရုပ်ဆောင်စမ်းပါ..."

"ခေါင်းဆောင်မင်းသားက သာမန်လူတစ်ယောက်လေ။ ဒီတိုင်း သာမန်အတိုင်း သရုပ်ဆောင်စမ်းပါ"

လုကျစ်ယောင် မျက်နှာထားလည်း ဗလာကျင်းသွားခဲ့ပါသည်။ "အမ်"

သူ့သရုပ်ဆောင်စွမ်းရည်ကိုသူ ယုံကြည်ချက် ရှိပါသည်။ အစကတော့ ဒီဇာတ်ဝင်ခန်းကို ရုပ်ရှင် သမိုင်းကြောင်းတစ်လျှောက် အမှန်ရသွားကြတော့မည်ဟုပင် ထင်ထားခဲ့သည်။ သို့သော်လည်း မူရင်း ဇာတ်ညွှန်းဆရာကိုတော့ စိတ်မကျေနပ်စေခဲ့ပါ။

အာ...

ဒါရိုက်တာကျူးရှောင်စဲကိုသာ သူပြန်ကြည့်နိုင်တော့သည်။

ဒါရိုက်တာ ကျူးရှောင်စဲလည်း ခေတ္တ စဉ်းစားကြည့်လိုက်သည်။ "ငါလည်း အစက အများကြီး မတွေးခဲ့ဘူး။ ဒါပေမယ့်... အခု ဘော့စ်ဖေး ပြောလိုက်မှ နည်းနည်း အိုဗာဖြစ်လွန်းသလို ငါလည်း ခံစားရတယ်။ မစ္စတာကျန်းကော ဘယ်လို သဘောရလဲ"

ကျန်းကျုထျင်က ခေါင်းငြိမ့်လိုက်၏။ "ဘော့စ်ဖေးက တကယ်ပဲ မူရင်းစာရေးဆရာပါပဲ။ ဇာတ်လမ်းနဲ့ ဒီဇာတ်ကောင်အပေါ်မှာ လေးလေးနက်နက် နားလည်မှု ရှိတယ်"

"ဘော့စ်ဖေး ပြောလိုက်တာက ကြားနေကျ စကားမျိုး ဖြစ်ပေမယ့် သူ ဘာကို ပြောချင်တာလဲ ငါတောင် အကြမ်းဖျင်းပဲ နားလည်နိုင်တယ်"

ဖေးချမ့် "?" ကြည့်ရတာ ထင်မထားသည့် တိုးတက်မှု တချို့ ရှိလာသည့် ပုံပင်။

ကျန်းကျုထျင်က လုကျစ်ယောင်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်ပါသည်။ "ငါတို့ ဒီဆက်တင်ကို ပြောင်းကြည့်ကြမယ်ဆိုပါစို့"

"မင်းက တစ်ရက်ကို ၁၈ နာရီ အလုပ်လုပ်ရတဲ့ ကူလီကောင်။ တစ်လလုံးနေမှ ဘီယာကို ၁ ဗူးပဲ သောက်နိုင်တယ်။ အနားမှာလည်း တခြား စိတ်ဖြေစရာ ဘာမှ မရှိတော့ ဘီယာက မင်း ရနိုင်တဲ့ အမြင့်ဆုံး ဖျော်ဖြေမှုတစ်ခုလိုပဲ။ အဲ့တာမျိုးဆိုရင်တော့ မင်းရဲ့ သရုပ်ဆောင်ပုံက အရည်အသွေး ပြည့်မှီတယ်။ ဆွဲဆောင်မှု အားကောင်းနိုင်တယ်ပေါ့"

"ဒါပေမယ့် အခု မင်း သရုပ်ဆောင်နေတဲ့ Role က အနာဂတ်က သာမန်လူတစ်ယောက်နေရာကလေ။ သူက တစ်လကို ဘီယာတစ်ဗူးပဲ သောက်နိုင်တာလား။ ဘယ်ဟုတ်မလဲ။ သူ့အတွက် တခြားအပန်းဖြေစရာ နည်းလမ်းတွေကော မရှိဘူးလား။ အဲ့တာလည်း မဟုတ်ဘူး"

"မင်းဘေးက ဖန်သားပြင်လေးက စားကောင်းသောက်ကောင်းတွေနဲ့ အရက်တွေအတွက် ကြော်ငြာ ဆက်တိုက် ပြသနေမှာ။ အဲ့ဒီဘီယာဗူးအတွက် ပျော်ရွှင်မှုက အဲ့ဒီကြော်ငြာတွေနဲ့ ယှဉ်လိုက်ရင် အရေးမပါဘူး"

"ခေါင်းဆောင်မင်းသားက တီဗီပေါ်က ပဟေဠိ ကစားပွဲမှာ အနိုင်ရပြီး ကိုယ့်ကိုယ်ကို ဘီယာတစ်ဗူးနဲ့ ဆုချချင်တာ။ ဆိုလိုတာက သူစုထားတဲ့ ငွေတွေကို သုံးချင်စိတ်သာ ရှိမယ်ဆိုရင် အချိန်မရွေး ဝယ်သောက်လို့ ရတယ်"

"အဲ့တာကြောင့် ဒီဘီယာဗူးက သူ့အတွက် အဖိုးတန်နေတာ မဟုတ်ဘူး"

All Chapters