← Chapters

စိတ်ကူးယဥ်တာတွေ အမှန်ဖြစ်လာတဲ့အခါ အမှန်တွေက စိတ်ကူးယဥ်ဖြစ်လာတယ်

Vol. 14 Ch. 206

စိတ်ကူးယဥ်တာတွေ အမှန်ဖြစ်လာတဲ့အခါ အမှန်တွေက စိတ်ကူးယဥ်ဖြစ်လာတယ်

Vol. 14 Ch. 206

သူလာဘ်ထိုးထားတဲ့စားပွဲထိုးသုံးယောက်က အတူတူပေါင်းပြီး သတင်းအတုပေးပါ့မလား။ ထို့အပြင် သူတို့ထဲက ဘယ်သူမှ ဘော့စ်ဖေးကို မတိုင်ကြားခဲ့ကြပါ။ ထို့ကြောင့် ဒီလို ဖြစ်နိုင်ခြေက နည်းပါသည်။

ဘာပဲဖြစ်ဖြစ် ထိုစားပွဲထိုးများက ဘော့စ်ဖေးနဲ့ ဘယ်လိုနည်းနဲ့မှ ဆက်နွယ်နေတာလည်း မဟုတ်ပါ။ သူတို့က ရာထူးစဥ်၏ အောက်ဆုံးရှိ အလုပ်သမားများ ဖြစ်ကြသည်။ ဒီလောက် သစ္စာရှိနိုင်ကြပါ့မလား။

အရေးအကြီးဆုံးကတော့ ဘော့စ်ဖေးကို လီရှိ အပြည့်အဝ အကဲခတ်ထားပုံအရ သူတို့ပေးသည့် သတင်းက ဖြစ်နိုင်ခြေ မြင့်ပါသည်။

ဘော့စ်ဖေး ခုတလော ဘာတွေလုပ်နေခဲ့တာလဲ။

တကယ်ပဲ မူရင်းဆိုင်ကို လာကြည့်တာ ရပ်လိုက်သည်။ မကြာခဏဆိုသလို မင်ယွမ်ဗီလာဆိုင်ခွဲကိုသာ သွားလည်ပတ်လေ့ရှိ၏။

ထို့အပြင် မာယန်ကော ကျန်းယွမ်ကော နှစ်ယောက်စလုံး မင်ယွမ်ဗီလာမှာပဲ အခြေချထားကြပါသည်။

ဒါတွေအားလုံးကိုကြည့်ခြင်းအားဖြင့် ဘော့စ်ဖေး၏ အာရုံစိုက်မှုက ဒီဆိုင်ကိုပြောင်းသွားပြီ ဖြစ်ကြောင်း သက်သေပြနိုင်ပါသည်။

ဘော့စ်ဖေးမှာ တာဝန်ယူစရာကိစ္စတွေ များပြားလွန်းပါသည်။ အစကတည်းက အလုပ်များနေသူ ဖြစ်၏။ ဒီဆိုင်ခွဲအတွက် ဘာအစီအစဥ်မှ မရှိပါက ဘာကြောင့် အချိန်တွေ အများကြီး သွားဖြုန်းနေမှာလဲ။

လီရှိကို သတင်းတုပေးဖို့အတွက်နဲ့ ဒါတွေအကုန်လုံးကို လုပ်ပါ့မလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘော့စ်ဖေးက ဒီလိုအဓိပ္ပာယ်မဲ့သော လုပ်ရပ်မျိုးတွေ လုပ်မှာ မဟုတ်ပါ။

ထို့ကြောင့် အားလုံးခြုံကြည့်လျှင် သတင်းက မှန်နိုင်ခြေ အလွန်မြင့်ပါသည်။ ဘော့စ်ဖေးက တကယ်ပဲ ယွီအင်တာနက်ကဖေး၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်တွင် မင်ယွမ်ဗီလာဆိုင်ခွဲကို ဗဟိုအဖြစ် သတ်မှတ်ထားသည်။ အရံအစီအစဥ်တွေတောင် ပြင်ဆင်ထားပါသည်။ ဒီစီးပွားရေးနယ်မြေကို ရေပန်းစားလာအောင် လုပ်ဖို့ ယုံကြည်ချက်များ ပြည့်ဝနေပါသည်။

ထိုသို့တွေးမိိရင်း လီရှိစိတ်လှုပ်ရှားသွားမိပါသည်။

ဘာပဲဖြစ်ဖြစ် ကျင်းကျိုးမြို့က ဒုတိယ အဆင့်ရှိသော မြို့တစ်မြို့သာဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများက အလွန်နည်းပါး၏။ လီရှိက အစောပိုင်းတုန်းက ယွီအင်တာနက်ကဖေး၏ ဖွံ့ဖြိုးမှုကိုနှောင့်ယှက်ဖို့ မျှော်လင့်ချက်ဖြင့် တခြားလုပ်ငန်းများကို ပရိုမိုးရှင်းဆင်းအောင် ငွေသုံးခဲ့သည်။ အစောပိုင်းတုန်းက လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းများ ဖန်တီးချင်ခဲ့သည်။ နောက်ဆုံးမှာတော့ သူ့အစီအစဥ် ကျရှုံးခဲ့ပါသည်။

ကံကောင်းစွာဖြင့် အချိန်အကြာကြီးလုပ်ခဲ့တာ မဟုတ်သဖြင့် ငွေတော့ အများကြီး မဆုံးရှုံးခဲ့ပေ။ ယွီအင်တာနက်ကဖေး မူရင်းဆိုင် ရေပန်းစားလာတာနဲ့ လီရှိ ငွေသုံးတာ ရပ်လိုက်ပါသည်။

ထို့အပြင် မူရင်းဆိုင် ရေပန်းစားလာကတည်းက ထိုလမ်းကို လာရောက်ကြသည့် ကတ်စတမ်မာများ ပိုမိုများပြားလာသည်။ ထို့ကြောင့် တခြားဆိုင်တွေလည်း အကျိုးကျေးဇူး ရကြပါသည်။

ဒီတစ်ခေါက်တော့ လီရှိက ယွီအင်တာနက်ကဖေးဆိုင်မှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ မမျှော်လင့်တော့ပါ။ ဒါက စိတ်ကူးယဥ်ဆန်သည့် အတွေးပဲဖြစ်မှာကို သူ သိပါသည်။

သို့သော်လည်း ဒီလိုဆိုရင်တောင် သူ ရထားသည့် သတင်းအချက်အလက်များဖြင့် တစ်ခုခုတော့ လုပ်ကြည့်ချင်ပါသေးသည်။

ဥပမာအားဖြင့် မင်ယွမ်ဗီလာတွင် တစ်ခုခုကို ဖန်တီးဖို့ အခွင့်အရေး ရယူချင်သည်။ ယွီအင်တာနက်ကဖေး မူရင်းဆိုင် နာမည်ကြီးလာတော့ ဘေးနားက ဆိုင်တွေပါ နာမည်ရလာခဲ့သည်။ ထိုလမ်းထဲရှိ ကော်ဖီဆိုင်များ၊ ဘားများ၊ အင်တာနက်ကဖေးဆိုင်များလည်း ကတ်စတမ်မာများကို ပိုမြင်ခဲ့ရပါသည်။ ရေပန်းစားသည့်ဆိုင်များအတွက် ဆိုင်ငှားခများလည်း တက်လာခဲ့ပါသည်။

ဒါကိုကြည့်ခြင်းအားဖြင့် မင်ယွမ်ဗီလာနယ်မြေကို စီးပွားရေးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲမည်ဟု ဖေးချမ့် ပြောတာက လေလုံးထွားနေတာ မဟုတ်မှန်း လီရှိ သိလိုက်ရပါသည်။

ဒီလိုသာဆို မင်ယွမ်ဗီလာအနီးမှာ တစ်ခုခု တည်ဆောက်လိုက်ရမလား။ အနီးအနားရှိ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဘားများ၊ အင်တာနက်ကဖေးများ၊ ဘုတ်ဂိမ်းကဖေးများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ ဆိုင်တစ်ဆိုင် နှစ်ဆိုင်လောက် ဖွင့်ပြီး ဒီနယ်မြေထဲက သူ့စီးပွားရေး တိုးတက်လာမှာကို စောင့်နေနိုင်သည်။ ထို့နောက် သူ့ဆိုင်တွေ ငွေ စတင် ဝင်လာပါလိမ့်မည်။

လီရှိက ဒီဆိုင်တွေကို ကိုယ်တိုင် လည်ပတ်ဖို့ အစီအစဥ်မရှိရင်တောင် အချိန်တန်သည့်အခါ ဆိုင်တွေကို ရောင်းလိုက်နိုင်ပါသည်။ တစ်ယောက်ယောက်က လွှဲပြောင်းယူချင်လိမ့်မည်။ သူ သိသလောက်တော့ ဒီလုပ်ငန်းမှ ပွပေါက်တိုးနိုင်ပါသည်။

လီရှိ ပိုပြီး စဥ်းစားကြည့်လေလေ ပိုပြီး ပျော်လာလေလေ ဖြစ်သည်။ ထို့ကြောင့် သတင်းတွေကို လိုချင်ခဲ့ခြင်း ဖြစ်၏။ ဘော့စ်ဖေးက ငယ်ရွယ်သော်လည်း စီးပွားရေးအတွက် အမြင်စူးရှသည်။ မားကတ်တင်းအတွက်လည်း ထူးခြားသည့် ပါရမီတစ်ခု ရှိ၏။ လီရှိ သူ့နောက်ကိုလိုက်လျှင် လမ်းမှန်ပါလိမ့်မည်။

ဒီလုပ်ငန်းထဲဘယ်လောက်များများ ရင်းနှီးမြှုပ်နှံရမလဲဆိုတာကတော့...

လီရှိ ခေတ္တစဥ်းစားကြည့်လိုက်သည်။ သူများများမြှုပ်နှံလေလေ များများရလေလေ ဖြစ်သည်။ နည်းနည်းမြှုပ်နှံလေလေ နည်းနည်း ရလေလေဖြစ်သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူတစ်ယောက် အနေဖြင့် ကြက်ဥအကုန်လုံးကို တစ်ခြင်းတည်း ပြွတ်သိပ်ထည့်လို့ မရမှန်း သိပါသည်။ ထို့ကြောင့် အဆင့်မြင့်အင်တာနက်ကဖေးဆိုင်တစ်ဆိုင်၊ ကော်ဖီဆိုင်တစ်ဆိုင်၊ ဘုတ်ဂိမ်းကဖေးဆိုင်တစ်ဆိုင် စသဖြင့် ရင်းနှီးမြှုပ်နှံလိုက်မည်။

တည်နေရာတွေကိုတော့ သတိထားပြီး ရွေးချယ်ပါမည်။ အဆင့်မြင့် အင်တာနက်ကဖေးဆိုင်နဲ့ ဘုတ်ဂိမ်းကဖေးတို့က တက္ကသိုလ်နဲ့ နီးနီးနားနားတွင် ရှိရမည်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသားများက အဓိက ဖြုန်းတီးသူများ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပဲ ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာတချို့ကို ဆွဲဆောင်နိုင်ပါ့လိမ့်မည်။

အမှန်ပင်။ ဒီလုပ်ငန်းတွေကို လီရှိကိုယ်တိုင် လည်ပတ်မှာ မဟုတ်ပါ။ သူ့အဆက်အသွယ်များကို အသုံးချမည်ဖြစ်သည်။ ဧကန္တ သူ ရင်းနှီးမြှုပ်နှံထားပြီးသား အင်တာနက်ကဖေး ဆိုင်ခွဲများ၏ ဘော့စ်တွေထဲက တစ်ယောက်ကို အယုံသွင်းပြီး ဒီနယ်မြေထဲမှာ ဆိုင်ခွဲတစ်ခုဖွင့်ခိုင်းလို့ ရနိုင်ပါသည်။ သူတို့ ခေတ်အမှီဆုံး မော်ဒယ်လ်မျိုးဖြင့် အင်တာနက်ကဖေးဆိုင်ကို ဖွင့်လှစ်လိုက်မည်ဖြစ်သည်။

ထို့နောက် လီရှိလုပ်ဖို့လိုတာဆိုလို့ ရန်ပုံငွေများ ထောက်ပံ့ပေးဖို့သာဖြစ်ပါသည်။

ယွီအင်တာနက်ကဖေးဆိုင်မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေး မရှိမှန်း လီရှိ သေချာသွားပြီ ဖြစ်သဖြင့် တခြားလမ်းတွေရှာဖို့ လိုအပ်သည်။ တခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာရမည်။

ထို့နောက် သူလုပ်ဖို့လိုတာဆိုလို့ ဘော့စ်ဖေး လုပ်တာကို လိုက်လုပ်ဖို့သာ ဖြစ်သည်။ အောင်မြင်သွားတာနဲ့ ဝင်လာမဆဲ တသဲသဲ ဖြစ်သွားပါလိမ့်မည်။

ဖေးချမ့်ကတော့ မင်ယွမ်ဗီလာဆိုင်ခွဲ၏ အတွင်းသတင်းများကို ရယူဖို့ ဘယ်သူက စိတ်ဝင်စားနေမှန်း သေချာမသိသေးချေ။ သို့သော်လည်း သူ့အတွက် အရေးတော့ မကြီးပါ။ သတင်းကို ဝယ်ချင်တဲ့သူ ဝယ်နိုင်သည်။

ဖေးချမ့်ထုတ်ပေးလိုက်သည့် သတင်းက တကယ်ပဲ အတုဖြစ်ပါသည်။ သို့သော်လည်း သတင်းအစစ်ထက်တောင် အစစ်ဟု ပိုထင်ရသေးသည်။

ဖေးချမ့်၏ ရည်ရွယ်ချက်အစစ်ကတော့ ရှင်းလင်း၏။ မင်ယွမ်ဗီလာဆိုင်ခွဲနဲ့ ဘေးပတ်လည် နယ်မြေတစ်ခုလုံး အလွန်အမင်း ရေပန်းစားလာလိမ့်မည်ဟူ၍ အယုံမှားအောင် ဖန်တီးချင်ခြင်း ဖြစ်ပါသည်။ ထိုအခါ ဒီနယ်မြေအတွင်း လူတွေပိုပြီး ရင်းနှီးမြှုပ်နှံချင်လာကြလိမ့်မည်။

အင်တာနက်ကဖေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေသာ ဒီနယ်မြေထဲ ထပ်ဖွင့်မယ်ဆို ယွီအင်တာနက်ကဖေးကို လာမယ့်လူတွေ ပိုနည်းမသွားနိုင်ဘူးလား။

မင်ယွမ် ဗီလာဆိုင်ခွဲက ပုံမှန်အရှုံးပေါ်နေပြီး အနီးနားမှာလည်း ကတ်စတမ်မာက နည်းပါးလွန်းသည်။ မင်ယွမ်ဗီလာတွင် နေထိုင်သူကလည်း နည်းပါး၏။ ဟန်သုံးကျောက်ထုံတက္ကသိုလ် အရှေ့ကမ်းပက်စ်မှာလည်း ကျောင်းသား များများစားစား မရှိပါ။ ထို့အပြင် အင်တာနက်ကဖေးက ကမ်းပက်စ်နဲ့ ကွာဝေး၏။

ဒီလောက်တောင် စိတ်ဓာတ်ကျဖို့ ကောင်းနေပါပြီ။ ဒီနယ်မြေမှာ ဆိုင်တွေသာ ထပ်ဖွင့်လာပါက ယွီအင်တာနက်ကဖေးဆိုင်၏ ကတ်စတမ်မာများ ပိုနည်းပါးသွားလိမ့်မည်။ ထို့နောက် သူတို့ပိုပြီးတောင် စိတ်ဓာတ်ကျဖို့ ကောင်းသွားပါလိမ့်ညမ်။

ကံဆိုးသွားတဲ့ကောင် ဘယ်သူလဲဆိုတာကိုတော့ ...

ဖေးချမ့်ပြောနိုင်တာဆိုလို့ ထိုလူက ငါးစာကို ဆန္ဒရှိရှိ ဟပ်ချင်နေသူဖြစ်သည်။ အစကတည်းက မကောင်းသည့်အကြံအစည်ဖြင့် ယွီအင်တာနက်ကဖေးနဲ့ပတ်သတ်သည့် အတွင်း သတင်းများကို ဝယ်ယူဖို့ကြိုးစားခဲ့သည်။ ထို့အပြင် ထိုသတင်းတွေကို ဘော့စ်ဖေးဆီက ဝယ်တာမဟုတ်ပေ။ ဘော့စ်ဖေးက ဒီလုပ်ရပ်ကြောင့် တစ်ပြားတစ်ချပ်မှမရလိုက််ပါ။ ဒါ့ကြောင့် ဖေးချမ့် မှတ်စုစာအုပ်ထဲ ချမှတ်ထားပြီး ကလဲ့စားချေရမည်ဖြစ်သည်။

အချိန်တိုအတွင်းမှာတော့ ဘာတုန့်ပြန်မှုမှ မတွေ့ရလောက်သေးဘူးဟု ဖေးချမ့် ခန့်မှန်းမိပါသည်။ ဘာပဲဖြစ်ဖြစ် ဒီနယ်မြေထဲမှာ ဆိုင်တွေ တည်ဆောာက်ဖို့က အနည်းဆုံး ၁ လတော့ ကြာလိမ့်မည်။

ထို့ကြောင့် လောလောဆယ်တော့ ဖေးချမ့် မစဥ်းစားဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထို့အစား တခြားကိစ္စများဖြင့် အလုပ်များနေလိုက်သည်။

လေဆန််ပို့ဆောင်ရေးရုံးများ ပြင်ဆင်မှု ပြီးခါနီးနေပါပြီ။ ပို့ဆောင်ရေးရုံးများအတွက် တည်နေရာများကို ရွေးချယ်ပြီးပါပြီ။ အဓိကအားဖြင့် လူနေရပ်ကွက်များဖြစ်သည်။ ကျင်းကျိုးတစ်မြို့လုံးကို မကာမိသော်လည်း နယ်မြေလုံလုံလောက်လောက်တော့ ကာမိထားပါသည်။

ဖေးချမ့်က လူတွေခန့်အပ်ဖို့၊ စင်များဝယ်ယူဖို့၊ ရုံးတွေကိုပြုပြင်မွမ်းမံဖို့ စသဖြင့်အလုပ်ပေါင်းစုံကြောင့် အလုပ်များနေခဲ့၏။ အားလုံး အဆင်ပြေပြေဖြစ်သွားပါက ဖေးချမ့် ပထမ လေဆန်ပို့ဆောင်ရေးရုံးကို တစ်ပတ်အတွင်း မြင်နိုင်ပါလိမ့်မည်။

ထို့အပြင် အရေးကြီးတာတစ်ခုလည်းရှိသေးသည်။ မကြာသေးခင်က ဖေးချမ့်စဥ်းစားနေသည့် အဆင့်မြင့် စားသောက်ဆိုင်ကြီးကိစ္စဖြစ်သည်။

ငန်းရေကန် စားသောက်ဆိုင်က ဖေးချမ့်အဖွဲ့၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ပါ။ ဒီ့အတွက် ငွေတွေ အများကြီး အသုံးချပြီး စားသောက်ဆိုင်တစ်ဆိုင်ကို ကိုယ့်ဖာသာကိုယ် ဖန်တီးရမည်။ ဒီအချိန်တောအတွင်း ဖေးချမ့် စားသောက်ဆိုင်အတွက် အကောင်းဆုံး တည်နေရာနဲ့ တည်ဆောာက်မှုတို့ကို စဥ်းစားနေခဲ့သည်။

တည်နေရာပြဿနာတစ်ခုတည်းနဲ့ ဖေးချမ့် ခေါင်းကိုက်လောက်ပါသည်။ ပထမတော့ တိတ်ဆိတ်သည့် စီးပွားရေးနယ်မြေတစ်ခုတွင် စားသောက်ဆိုင်ကို တည်ဆောက်ဖို့ ရွေးချယ်ချင်ခဲ့သည်။ သို့သော်လည်း မသင့်တော်ဘူးဟု ခံစာမိ၏။ အဘယ့်ကောင့်ဆိုသော် စားသုံးသူ Review ဝက်ဘ်ဆိုက်များ ပေါ်နေပြီဖြစ်ပြီး အင်တာာနက်ကလည်း ကျယ်ပြန့်လှသည်။ ဒီလောက်စျေးကြီးသည့် စားသောက်ဆိုင်မျိုးကို အကြာကြီး ဖုံးကွယ်ထားဖို့ အလွန်ခက်ခဲပါလိမ့်မည်။

ဖေးချမ့်က ဒီလိုအဆင့်မြင့်စားသောက်ဆိုင်ကြီးကိုလည်း ဝန်ထမ်းများသာ သုံးဆောင်နိုင်မည့် ကုမ္ပဏီတွင်းကန်တင်းအဖြစ် ပြောင်းလဲလိုက်လို့ မရပါ။ စနစ်က သဘောတူမှာ မဟုတ်ပေ။ အဆင့်မြင့်စားသောက်ဆိုင်အား ကျင်းကျိုးမြို့က စားသုံးသူအားလုံးအတွက် ဖွင့်လှစ်မှ ရပါလိမ့်မည်။

အမှန်ပင်။ သာမန် စားသုံးသူများကတော့ တတ်နိုင်မှာ မဟုတ်ပေ။ သို့သော်လည်း သူဌေးများ စားသောက်ဆိုင်ကို တကယ်ရောက်လာလျှင် ဖေးချမ့် အတင်းနှင်ထုတ်လို့မရပါ။

ကျင်းကျိုးမြို့အတွင်း ကွမ်မင်းဒေသ၊ လင်ချန်းဒေသ စသည်ဖြင့် ရွေးချယ်စရာများစွာ ရှိပါသည်။ သို့သော်လည်း စားသောက်ဆိုင်ကို လူသိသွားတာနဲ့ အထက်တန်းလွှာလူအားလုံးက သူ့ကတ်စတမ်များ ဖြစ်လာကြလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကျင်းကျိုးမြို့တွင် အဆင့်မြင့်စားသောက်ဆိုင်က တစ်ဆိုင်သာ ရှိသည်။ တစ်ခါတစ်လေ စားကောင်းသောက်ကောင်းစားရဖို့ ခပ်ဝေးဝေးလာရတာ လူတွေ စိတ်မရှိလောက်ပေ။

အမှန်ပင်။ အမြတ်တော့ ရနိုင်မှာ မဟုတ်သော်လည်း အရှုံးပေါ်တာ နည်းသွားနိုင်ပါသည်။

ထို့ကြောင့် စဥ်းစားချင့်ချိန်မှုတချို့ လုပ်ပြီးနောက် စားသောက်ဆိုင်ကို မြို့တော်ဗဟိုနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ တည်နေရာက ပိုခြောက်ကပ်လေလေ ပိုကောင်းလေလေ ဖြစ်သည်။ ကတ်စတမ်မာများကို တတ်နိုင်သမျှ နည်းအောင် လုပ်ချင်ပါသည်။

လျှောက်ကြည့်ပြီးနောက် အကောင်းဆုံး တည်နေရာက သူမြင်ထားဖူးပြီးသား နေရာဖြစ်နေတာကို သိလိုက်ရပါသည်။ မင်ယွမ်ဗီလာ၊ ယွီအင်တာနက်ကဖေးဆိုင်ခွဲ တည်ရှိသည့် နေရာမှာပဲ ဖြစ်ပါသည်။

All Chapters