← Chapters

အခန်း(၄၁) အခြေအနေသုံးခု

Vol. 3 Ch. 41

အခန်း(၄၁) အခြေအနေသုံးခု

Vol. 3 Ch. 41

အခန်း(၄၁) အခြေအနေသုံးခု

ဖေးချမ့်က သူတို့နှစ်ယောက်ကို အံ့သြဖို့ အချိန်အများကြီး မပေးဘဲ ဆက်ပြောသည်။

"ဒီဂိမ်းအတွက် ငါ့မှာ တောင်းဆိုချက် သုံးခုပဲရှိတယ်”

"ပထမဆုံး ဒီဂိမ်းမှာ Story Mode (ဇာတ်လမ်းသွားMode) ရှိပြီး ဂိမ်မာတွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြခိုက်တဲ့ ဂိမ်းသက်သက်ပဲ မဖြစ်စေချင်ဘူး။ ငါတို့ရဲ့ဂိမ်းမှာ နက်နဲမှုနဲ့ အနှစ်သာာရရှိရမယ်"

"ဒုတိယအချက်ကတော့ ဂိမ်မာအသစ်တွေရဲ့ ခံစားချက်ကို ထည့်တွက်ပေးရမယ်။ ဂိမ်းက ပိုပြီးရိုးရှင်းလေလေ ပိုကောင်းလေလေပဲ”

"တတိယအချက်က အံ့ဖွယ်လက်နက်တွေကို ဖန်တီးရမယ်။ သူတို့ရဲ့ စျေးကိုတော့ ... အဲဒီလက်နက်တွေကို ရာသက်ပန်သုံးခွင့်ရမဲ့ စျေးက တစ်လက်ကို ၈၈၈ ပဲ။ အချိန်အကန့်အသတ် အစမ်းသုံးကာလအတွင်းက စျေးကိုတော့ မင်းတို့တွေ ဆုံးဖြတ်လို့ရတယ်”

အားလုံးက လုံးဝမှင်တက်နေပြီး ဖေးချမ့်ကတော့ စိတ်ထဲက ကြိတ်ဝမ်းသာနေသည်။

ဒါမျိုးက ဂိမ်းတစ်ဂိမ်းကို အလွယ်လေး ဖျက်ဆီးနိုင်တဲ့ အရာပဲ။

FPS ဂိမ်းဖန်တီးဖို့ ဖေးချမ့် စဥ်းစားနေတာ ကြာပါပြီ။

လုံးဝ အတွေ့အကြုံမရှိသည့် အဖွဲ့တစ်ဖွဲ့ကို FPS ဂိမ်းတစ်ခု ဖန်တီးခိုင်းလိုက်ကတည်းက တာထွက်မကောင်းတော့ပါ။

အဘယ်ကြောင့်ဆိုသော် တခြား ဂိမ်းများနဲ့ ယှဥ်လျှင် FPS ဂိမ်းများတွင် လက်တိကျဖို့အတွက် လိုအပ်ချက်ပိုမြင့်သည်။

ကမ္ဘာကြီးထဲက အကောင်းဆုံး FPS ဂိမ်းဖြစ်သည့် Counter Strike ဂိမ်းမှာ လက်တိကျမှု အရဆိုလျှင် အမှတ်ပြည့်ရနိုင်သည့် ဂိမ်းတစ်ခုဖြစ်သည်။

၉၉ မှတ်ရနိုင်သည့် ဂိမ်းတစ်ခု စျေးကွက်ထဲ ရှိနေလျှင်တောင် ကျရှုံးလိမ့်မည်။

အကြောင်းပြချက်ကတော့ အမာခံ FPS ဂိမ်မာများ၏ မျက်လုံးထဲတွင် ထို ၁ မှတ်ကွာဟမှုလေးက လုံးဝ ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။

Counter Strike ရှိနေမှတော့ ဘယ်သူက တခြား အဆင့်နိမ့်တဲ့ ဂိမ်းတွေကို သွားကစားဦးမှာလဲ။

ဒါက မိုဘိုင်းဂိမ်းများနှင့် MMORPG ဂိမ်းများနှင့် ယှဥ်လျှင် လုံးဝ မတူညီသော ကဏ္ဍတစ်ခုလည်း ဖြစ်သည်။

ထိုဂိမ်းအမျိုးအစားနှစ်ခုကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲပြီး တစ်ခုနဲ့တစ်ခု မတူသည့်ပုံ ပေါက်အောင် ဖန်တီးနိုင်သည်။ အသေးစား အပြစ်အနာအဆာလေးများကတောင် သူတို့ကို ဂိမ်းအသစ်တစ်ခုလို ခံစားရစေမည်။

သို့သော်လည်း FPS ဂိမ်းများအတွက်တော့ လက်တိကျမှု တစ်ချက်လောက် ခြားနားသွားသည်နှင့် ဘာမှ ပြန်ပြုပြင်၍ မရတော့ပေ။

Counter Strike နဲ့ သွားယှဥ်ပြိုင်လိုက်တာက သေတွင်းထဲ ခုန်ဆင်းလိုက်သလိုပဲ။

ထို့အပြင် ဖေးချမ့်၏ လိုအပ်ချက်သုံးခုကလည်း တကယ်ဆိုးဝါးလှသည်။

Story Mode က ကောင်းမည့်ပုံပေါ်သော်လည်း ဒီအဖွဲ့၏ လုပ်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေသည်။

Story Mode ဆိုတာမျိုးက စွန့်စားရတာ ကြီးသော်လည်း ရလဒ်ကတော့ သေးငယ်တတ်သည့် နမူနာတစ်ခုဖြစ်သည်။ အဆုံးသတ် ရလဒ်များက မျှော်မှန်းထားတာထက် အမြဲလိုလို နိမ့်ကျနေတတ်၏။ အဖွဲ့က အားအများကြီးစိုက်ထုတ်ပြီး အချိန်အများကြီး ပေးရင်တောင် ဂိမ်မာတွေ မဝယ်လောက်ပါ။

အချိန်၊ လူအင်အားစသည့် ရင်းမြစ်များစွာတို့ဖြင့် Story Mode ကိုအလေးပေးလိုက်လျှင် ဂိမ်း၏ တခြားကဏ္ဍများတွင် ထိခိုက်မှု ရှိသွားနိုင်သည်။

ဂိမ်မာအသစ်များကို ရသပေးနိုင်ဖို့ ဂိမ်းကို တတ်နိုင်သမျှ ရိုးရှင်းအောင်လုပ်ဖို့ကလည်း ပစ်မှတ်ထားသည့် အုပ်စုကို ဒေါသထွက်သွားစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် FPS ဂိမ်းများက လက်ရွေးစင်ဂိမ်မာများဘက်သို့ ပိုတိမ်းညွတ်တတ်ကြသောကြောင့်ပင်။

အရေးအကြီးဆုံးက တတိယ လိုအပ်ချက်ဖြစ်သည်။

Paywall လက်နက်တွေ။

ဒါက ယခင်တစ္ဆေစစ်သူကြီးဂိမ်းမှ ဖေးချမ့် သင်ယူခဲ့ရသော သင်ခန်းစာဖြစ်သည်။

ယခင်ဘဝတုန်းက လက်တိကျမှု အဆင့် ပိုနိမ့်သော်လည်း Crossfire ဂိမ်းမှာ Counter Strike ဂိမ်းကို ကျော်တက်နိုင်ခဲ့သည်၊။

သို့သော်လည်း ဒီကမ္ဘာမှာတော့ Crossfire လည်းမရှိသလို ဆင်တူဂိမ်းများလည်း ရှိမနေပါ။

ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာကြီးထဲက ဂိမ်းလောကမှာ ဆင်တူညီသည့်ဂိမ်းများကို တည်ရှိခွင့် မပြုသောကြောင့်ဖြစ်သည်ဟု ဖေးချမ့် ထင်မိပါသည်။

အပြင်ပိုင်းမှာ ဖေးချမ့်လုပ်နေတာက Paywell များစွာရှိသည့် Crossfire ကိုပုံတူကူးဖို့ ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် ဂိမ်းလောကက လုံးဝခြားနားသဖြင့် ရရှိလာမည့် အာနိသင်များကလည်း လုံးဝ ခြားနားပါလိမ့်မည်။

ယခင်ဘဝ ၂၀၀၉ ခုနှစ်တုန်းက Paywalls များပါသည့် Free to Play အခမဲ့ဂိမ်းများ ဖောင်းပွခဲ့သည်။

သို့သော်လည်း လက်ရှိကမ္ဘာမှာတော့ ရေပန်းစားမှုက ပုံသေ ဂိမ်းဝယ်ယူစျေးနှင့် ကစားဖို့ ပိုက်ဆံပေးရခြင်းတို့ဖြစ်ကြသည်။ သုံးပြည်ထောင်ကတ်ဂိမ်းလို ဂိမ်းမျိုးကတောင် ယွမ် ၁,၀၀၀ Paywall ကြီးရှိနေသည့်အတွက် ဂိမ်မာများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

သူတစ္ဆေစစ်သူကြီးဂိမ်းကို ဖန်တီးခဲ့စဥ်တုန်းက ဖေးချမ့်အမှားတစ်ခုလုပ်ခဲ့မိ၏။ ဂိမ်းအပေါ် အများကြီး စဥ်းစားပေးခဲ့မိသည်။ ထို့ကြောင့် ဂိမ်မာများက အလွန်အကောင်းမြင်သွားကြပြီး ဖေးချမ့်မျှော်လင့်မထားသည့် စကားအာနိသင်များ ပေါ်လာခဲ့ပါသည်။

တစ်နည်းအားဖြင့် ဖေးချမ့်က Items များကို သင့်တော်ရာတန်ဖိုးထက် အများကြီးနိမ့်အောင် ရောင်းချသည့် မိစ္ဆာ ဦးဆောင်လမ်းပြဖြစ်လာခဲ့ပါသည်။

သို့သော်လည်း အမှန်ပင်။ ထိုအဖြစ်အပျက် သူ့အတွက် ဆက်ပြီးဖန်တီးပေးမည့် အာနိသင်များကို ဖေးချမ့် စဥ်းစားပေးဖို့ မလိုတော့ပါ။ သူ့အဓိက ပန်းတိုင်က နောက်ဂိမ်းအတွက် ပိုက်ဆံအရှုံးပေါ်ဖို့ ဖြစ်သည်။

ဧကန္တ အကောင်းဆုံးနည်းလမ်းက ဂိမ်းတစ်ခုလုံး အပြစ်ဆိုစရာဖြစ်သွားအောင် Paywall ကို အလွန်အမင်း မြင့်မားအောင် ထားလိုက်ဖို့ပဲဖြစ်သည်။

မှန်ပါသည်။

Counter Strike ထက် ကွန်ထရိုးတိကျမှု အများကြီး ပိုနိမ့်သည့် FPS ဂိမ်းတစ်ခုဖြစ်ပြီး အရည်အသွေးကလည်း သာမန်ဖြစ်သည်။ ထို့အပြင် ပိုက်ဆံအများကြီးကို ရင်းမြစ်အတွက် အသုံးပြုပြီး အသုံးမဝင်သည့် Story အပိုင်းများကို ဖန်တီးထားသည်။ ဒါတင် မကသေးဘဲ ဂိမ်းထဲက သေနတ်များကိုလည်း ဒီတိုင်းသုံးလို့မရဘဲ ဝယ်ယူဖို့ ပိုက်ဆံ အများကြီး ကုန်နိုင်သည်။

ဂိမ်းကို ကစားလျှင် ဘာကောင်းကျိုးမှ မရှိ။

ဒီဂိမ်းက သေချာပေါက်ကို အရှုံးပေါ်လိမ့်မည်။

လောလောဆယ် ဖေးချမ့်လုပ်ခဲ့တာက အခြေအနေရပ် ၃ ခုပါသည့် တာဝန်များကို ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ကို ပေးအပ်လိုက်ခြင်းဖြစ်သည်။

ထိုအခြေအနေရပ် ၃ ခုကို ပြည့်မှီအောင် လုပ်နိုင်သရွေ့ ဂိမ်းကို ကျန်တာ သူတို့လုပ်ချင်တာ လုပ်နိုင်ပြီး ဖေးချမ့်လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။

အတွေ့အကြုံမရှိသည့် အဖွဲ့တစ်ခုက ဖန်တီးထားသည့် FPS ဂိမ်းတစ်ခုအတွက် သူတို့ထားနိုင်သည့် အကောင်းဆုံးမျှော်လင့်ချက်မှာ စမ်းသပ်စစ်ဆေးသည့် လုပ်ငန်းစဥ်ကို အောင်မြင်ဖို့ပဲဖြစ်သည်။ ပိုက်ဆံရဖို့ကတော့ စဥ်းတောင်မစဥ်းစားပါနဲ့တော့။

အမှန်ပင်။ ဖေးချမ့်၏ လိုအပ်ချက်များကို ကြားလိုက်ရသောအခါ ဟွမ်းစစ်ပေါ်နှင့် ပေါ်ရှုတို့ အတွေးနက်နက်ထဲ ရောက်သွားခဲ့ကြပါသည်။

လွတ်လပ်မှုကော ခက်ခဲမှုတို့ကောကြောင့် ဟွမ်းစစ်ပေါ် ထိတ်လန့်သွားခဲ့ရသည်။

အစကတော့ ဘော့စ်ဖေးလို ဝါရင့် ဖန်တီးသူ တစ်ယောက်က ပရောဂျက်တစ်ခုလုံးကို အကြမ်းဖျင်း ကိုင်တွယ်သွားမည်ဟု ထင်ခဲ့မိသည်။ အခုတော့ သူလုပ်ခဲ့တာဆိုလို့ သူတို့လျှောက်ဖို့ ယေဘုယျလမ်းစဥ်တစ်ခုကို ပစ်ပေးလိုက်ခြင်းပင်။

ဇာတ်လမ်းသွားတွေ၊ Paywall တွေ၊ ဂိမ်မာအသစ်တွေအတွက် လွယ်ကူရမှာတွေ ပါတဲ့ FPS ဂိမ်းတစ်ခု...

အလွန်ခက်ခဲနိုင်သည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က ချက်ချင်း ငြင်းဆန်မည် မဟုတ်ပေ။ အစည်းအဝေးမစခင်က ဘော့စ်ဖေးအတွက် အစွမ်းကုန်ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်ခါစ ရှိသေး၏။ ဒီတိုင်း လက်လျှော့လိုက်စရာ အကြောင်း လုံးဝ မရှိပါ။

အခက်အခဲ ပိုမြင့်မားလေလေ သူအလုပ်ပိုလုပ်မည်ဖြစ်လေလေ ဖြစ်သည်။

မဟုတ်ရင် ဒီလို ကောင်းမွန်တဲ့ အကျိုးကျေးဇူးနဲ့ ယုံကြည်မှုတွေအတွက် ဘော့စ်ဖေးကို ဘယ်လို ကျေးဇူးပြန်ဆပ်နိုင်ဦးမှာလဲ။

ပေါင်ရှုကတော့ ဟွမ်းစစ်ပေါ်လောက် အတွေးမများပေ။

သူ့ FPS ဂိမ်းအတွေ့အကြုံများကိုသာ ပြန်စဥ်းစားနေပြီး ဖေးချမ့် သတ်မှတ်ပေးထားသည့် မစ်ရှင်ကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲ စဥ်းစားနေ၏။

"ဘာမေးစရာရှိသေးလဲ” ဖေးချမ့်က မေးလိုက်သည်။

ဟွမ်းစစ်ပေါ်က မေးချင်သော်လည်း ဖေးချမ့်က ချက်ချင်း ထပ်ပြောလိုက်သည်။

"မရှိဘူးပေါ့ ကောင်းပါပြီ”

သူ့စကားလုံးများကို ပြန်မျိုသိပ်လိုက်ရ၏။

'မင်းငါတို့ကို စကားပြောခွင့်တောင် မပေးဘူး'

ဖေးချမ့်က အားလုံး၏ ပတ်လည်ကို လျှောက်လိုက်သည်။

"ဟုတ်ပြီ မူကြမ်း တင်ပြဖို့အတွက် ဒီဇိုင်းအဖွဲ့ အချိန်  ၁ ပတ်ရမယ်။ ပေါင်ရှု မင်းက ယေဘုယျ ပုံစံအတွက် ဖန်တီးတဲ့ အပိုင်းမှာ တာဝန်ယူရမယ်။ ဟွမ်းစစ်ပေါ် ဒီဇိုင်းအဖွဲ့ဖွဲ့ပြီးတော့ မူကြမ်းကို ပုံဖော်ဖို့အတွက် အစည်းအဝေးတွေ စခေါ်လိုက်တော့။ ပြီးရင် တာဝန်တွေလည်း သတ်မှတ်လိုက်”

"မာယန် လောလောဆယ် မင်းရဲ့အလုပ်က သူတို့ဆီကနေ သင်ယူပြီးတော့ ကူညီနိုင်ဖို့ အကောင်းဆုံးကြိုးစားဖို့ပဲ”

"ပြဿနာတစ်ခုခုရှိရင် ငါ့ကိုချက်ချင်း အကြောင်းကြားလိုက်။ အထူးသဖြင့် ငွေရေးကြေးရေးပြဿနာနဲ့ ပတ်သက်ရင်ပေါ့ မရှက်ကြနဲ့နော်”

"အစည်းအဝေးပြီးပါပြီ”

အစည်းအဝေး ပြီးသွားသောအခါ ဖေးချမ့် စိတ်အေးသွားတော့သည်။

ဘော့စ်တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်က ဒီလိုလား။

ဘာမှ စိတ်ပူစရာမလိုဘဲ သူ့လက်အောက် ငယ်သားတွေကို သူ့တာဝန်တွေကို လွှဲပြောင်းပေးလိုက်ရုံပဲလား။ ခံစားချက်က အဲ့လောက်တောင် ကောင်းတာလား။

သို့သော်လည်း အမှန်ပင်။ ဘော့စ်အများစုက ကြီးကြပ်သူများ ဖြစ်နေရင်တောင် ဝန်ထမ်းတွေကို လိုက်မေးမြန်းပြီး အလုပ်ကြိုးစားဖို့ ပြောရသည်။

သို့သော်လည်း ဖေးချမ့်ကတော့ တတ်နိုင်သမျှ များများ လွှတ်ပေးထားပြီး ဘာမှလည်း မေးမှာမဟုတ်ပါ။

အဆုံးသတ် ရလဒ်က ဘယ်လိုဖြစ်လာမလဲ သူစိတ်မပူပေ။

အရေးကြီးသည့် ကိစ္စများကိုတော့ သူသတ်မှတ် ဆောင်ရွက်ပေးရသည်။ ဥပမာ မူကြမ်းကို ဘယ်တော့ ပြီးရမလဲ၊ ပထမ demo prototype ကိုဘယ်တော့ပြီးရမလဲ၊ စမ်းသပ်စစ်ဆေးခြင်း ရွေးချယ်မှုရဲ့ deadline စသည်တို့ဖြစ်ကြသည်။

ဂိမ်းက သာမန်ဖြစ်ပြီး စမ်းသပ်စစ်ဆေးချက်ကို ကျော်လွန်နိုင်ကာ သူတို့ အချိန်ဖြုန်တီးရာ မကျလျှင် တော်ပါပြီ။ မဟုတ်ပါက စနစ်က စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်သွားနိုင်သည်။

ဖေးချမ့်၏ ပန်းတိုင်က သူ့လက်အောက်က လူတစ်စုကို ဂိမ်းထုတ်လုပ်ဖို့အတွက် ကြိုက်သလောက် ငွေသုံးစေချင်ခြင်းသာဖြစ်သည်။

All Chapters