အခန်း(၂၂) ဘော့စ်ဖေးက ဖြောင့်မတ်လွန်းတယ်
Vol. 2 Ch. 22
အခန်း(၂၂) ဘော့စ်ဖေးက ဖြောင့်မတ်လွန်းတယ်
အဆောင်ထဲက တခြားသူများလည်း ထိုနည်းလည်းကောင်း ပြဿနာများကို တွေ့ဖို့ သိပ်မကြာလိုက်ပေ။
"စတိုးထဲမှာ ဝယ်လို့ရတဲ့ ပစ္စည်း ဘာလို့ တစ်မျိုးတည်း ရှိနေတာလဲ။"
"ယွမ် ၃၀ ပဲ ဖြည့်လို့ရတာလား။"
"ပြီးတော့လည်း ဝယ်ပြီးရင် တစ်ရက်ကို ၁၀ ခေါက်ဆွဲခွင့် နောက်ထပ်တစ်ခုပဲ ရမှာလား။ အသုံးမဝင်လိုက်တာ။"
"ပရီမီယံ စနစ်တွေ ဘာတွေကော။ သုံးပြည်ထောင် ကတ်ဂိမ်းမှာဆို ၈ ဆင့်လောက် ရှိနေပြီကွ။"
အားလုံးက ရွမ်ကွမ်းကျန့်ကို လှည့်ကြည့်ကုန်ကြသည်။
သို့သော်လည်း သူလည်း ဘာတွေဖြစ်နေမှန်း မသိပါ။
စဥ်းစားရင်း သူပြန်ပြောလိုက်၏။ "ငါလည်း အခြေအနေ အတိအကျကို မသိဘူး။ ဧကန္တ ဘော့စ်ဖေးကို မေးကြည့်လို့ ရလောက်တယ်။ ဧကန္တ တချို့ စဥ်းစားချင့်ချိန်မှုတွေကြောင့်လား၊ ဒါမှမဟုတ် ဒါက နောက်ဆုံး ဗားရှင်း မဟုတ်တာကြောင့်များလား မသိဘူးနော်။"
ရွမ်ကွမ်းကျန့်လည်း ဇဝေဇဝါဖြစ်နေပြီး ရင်းမြစ် ဝက်ဘ်ဆိုက် ဆက်သွယ်ရေးမှတဆင့် ဖေးချမ့်အတွက် မက်ဆေ့ချ် ချန်ခဲ့ပါသည်။
"ဘော့စ်ဖေး ဂိမ်းထဲမှာ ပရီမီယံ စနစ်ကော တခြား ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေကော မရှိတာ ကျွန်တော်တွေ့မိတယ်။ ဒီဂိမ်းက စမ်းသပ်ဆဲ အဆင့်ပဲ ရှိသေးတာကြောင့်လား။ အဲ့ဒီ ရွေးချယ်ခွင့်တွေကို နောက်ဆုံးဗားရှင်းမှာမှ ထည့်မှာ မဟုတ်လား။"
သိပ်မကြာလိုက်ပေ။ ဖေးချမ့်ထံမှ စာပြန်လာာသည်။
"ဒါ နောက်ဆုံးဗားရှင်းလေ။"
ရွမ်ကွမ်းကျန့် ထိတ်လန့်သွားသည်။ "ဒါဆို... ဂိမ်းထဲက ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေကကော ဘယ်မှာလဲဗျ။"
ဖေးချမ့်က ပြန်ပြော၏။ "ရာသက်ပန် မန်ဘာဝင်ကတ်က ငါတို့ဂိမ်းက ရောင်းချမယ့် တစ်ခုတည်းသော ပစ္စည်းပဲ။ ပြီးတော့ တခြား ထုတ်ကုန်အသစ်တွေကို ထပ်ထုတ်ဖို့ စိတ်ကူးလည်း မရှိဘူး။”
ရွမ်ကွမ်းကျန့် : "ဘာလို့လဲဗျ"
ဖေးချမ့် : "ဘာလို့လဲဟုတ်လား။ ဘာမှ မဘာလို့လဲဘူး။ ငါတို့ဂိမ်းရဲ့ စျေးဗျူဟာက ပုံသေစျေး တစ်ခုတည်း ထားဖို့ပဲ။ ကစားသမားတွေက ဂိမ်းကို ဝယ်ဖို့အတွက်နဲ့ ၁၀ ယွမ်တောင် သုံးပြီးပြီလေ။ ငါတို့ ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေ ထပ်ထည့်လို့ ဖြစ်ပါ့မလား။"
"တကယ်တော့ ငါမူလအစီအစဥ်က အဲ့ ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ်ကိုတောင် မထည့်တော့မလို့ပဲ။ ဒါပေမယ့် ထည့်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းက ကစားသမားတချို့ရဲ့ လိုအပ်ချက်ကြောင့်ကွ။"
ရွမ်ကွမ်းကျန့်ခင်ဗျာ လုံးဝ မှင်သက်သွားပြီး အချိန်အတော်ကြာသည့်တိုင်အောင် ဘာပြန်ပြောရမှန်း မသိတော့ပါ။
(ဘော့စ်ဖေးက သဘောကောင်းလိုက်တာ)
သုံးပြည်ထောင် ကတ်ဂိမ်း၏ Paywall ကြီးက ယွမ် ၁,၀၀၀ ဝန်းကျင်တွင် ရှိပြီး ဘောစိ ကစားသမားများသာ အလွန်ရှားပါးသည့် ကတ်များကို ရရှိနိုင်သည်။ သာမန် ဂိမ်မာများကတော့ ခရမ်းရောင် ကတ်လေးတစ်ကတ် ရနိုင်ဖို့တောင် အချိန်အကြာကြီး ယူရပါမည်။
သို့သော်လည်း တစ္ဆေစစ်သူကြီး ဂိမ်းမှာတော့ အားလုံးက တန်းတူညီကြ၏။ တစ်ခုတည်းသော ခြားနားချက်လေးက ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ်တစ်ခုပဲ ဖြစ်ပါသည်။
ဒါက သုံးပြည်ထောင် ကတ်ဂိမ်းဆိုလျှင် ထိုငွေပမာဏမျိုးနဲ့ ၁၀ ကြိမ်ဆွဲခွင့် တစ်ခုတောင် ရနိုင်မည် မဟုတ်ပေ။
ရွမ်ကွမ်းကျန့် တစ်ယောက် ရုတ်တရက်ကြီး ဖေးချမ့်၏ လူကြီးလူကောင်း ဆန်သည့် နှလုံးသားကို သူ့စိတ်နဲ့ နှိုင်းယှဥ်ပြီး ဝေဖန်ခဲ့မိသည်ဟု ခံစားလိုက်ရပါသည်။
Paywall မရှိသည့် အကြောင်းအရင်းက ဂိမ်းမှာ မပြီးမြောက်သေးခြင်း သို့မဟုတ် တခြား အကြောင်းအရင်းများကြောင့်ဟု သူထင်ခဲ့မိပါသည်။
သို့သော်လည်း မေးကြည့်ပြီးမှ သူ နားလည်ခဲ့ရသည်။ ဖေးချမ့်က Paywall တစ်ခု လုံးဝ မဖန်တီးလိုပါ။ သူ ဖန်တီးချင်တာက အလွန်အမင်း တရားမျှတမှုရှိသော မိုဘိုင်းကတ်ဂိမ်းတစ်ခုမျှသာ ဖြစ်သည်။
သာမန်ကစားသမားများကိုလည်း ရှားပါးကတ်များ ရရှိသည့် ခံစားချက်မျိုးကို ရရှိစေချင်သည်။
ရွမ်ကွမ်းကျန့်၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာခဲ့သည်။ ဖေးချမ့်ကို မူရင်းပန်းချီပုံ တစ်စုံအတွက် ယွမ် ၃,၀၀၀ တောင်းခဲ့သည့်အတွက် သူ လွန်သွားခဲ့သည်ဟုပင် ခံစားသွားရပါသည်။
ဒီလို သဘောကောင်းတဲ့ စရိုက်မျိုးနဲ့ ဖန်တီးသူကို သူ စျေးလျှော့ပေးခဲ့သင့်သည်။
ရုတ်တရက် ရွမ်ကွမ်းကျန့်၏ ခေါင်းထဲ နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာခဲ့၏။ သူ အမြန် မေးကြည့်လိုက်ပါသည်။ "ဘော့စ်ချမ့် ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ။ ဂိမ်းက ဒေါင်းလုတ်ဆွဲတဲ့သူ သိပ်မရှိသေးဘူးနော်။ ခင်ဗျား မားကတ်တင်းလုပ်ငန်းစဥ်တွေ မလုပ်ရသေးလို့လား။"
ဖေးချမ့် "မားကတ်တင်းဟုတ်လား။ ဟားဟား ဘာမားတတ်တင်းမှ မလုပ်ဘူး။"
ရွမ်ကွမ်းကျန့် ကြောင်သွား၏။ "ဘာလို့ မလုပ်တာလဲ။"
ဂိမ်းတစ်ခုကို ဖန်တီးပြီး မားကတ်တင်း မဆင်းရတဲ့ အကြောင်းအရင်းက ဘာလဲ။
စားသောက်ဆိုင်ကောင်းကောင်း တစ်ဆိုင်ကတောင် လမ်းအစွန်အဖျားကို ရောက်သွားမှာ ကြောက်တတ်သည်။ မားကတ်တင်း မဆင်းဘဲ ဂိမ်မာတွေက ဒီဂိမ်းအကြောင်းကို ဘယ်လိုလုပ်ပြီး သိမှာလဲ။
ဖေးချမ့် ပြောလိုက်သည်။ "ငါ့မှာ ပိုက်ဆံ မရှိတော့လို့ကွ နမူနာတွေ၊ ပန်းချီရင်းမြစ်တွေ၊ နောက်ခံတီးလုံးနဲ့ အသံလုပ်ဆောင်ချက်တွေ၊ Cloud အငှား ဝန်ဆောင်မှုတွေ ဝယ်ဖို့ အတွက် စုစုပေါင်း ယွမ် ၃၀၀,၀၀၀ လောက် သုံးခဲ့ရတာ။ ငါ့မှာ အခု တစ်ပြားမှ မကျန်တော့ဘူး။"
ရွမ်ကွမ်းကျန့် မျက်ရည်ကျလောက်သည့်အထိ ခံစားသွားရပါသည်။
ဒီလူ့မှာ ဘယ်လို စိတ်ထားကောင်းမျိုး ရှိနေတာလဲ။
ရွမ်ကွမ်းကျန့်က သူ့ကို မူရင်းပန်းချီပုံများ လာအပ်စဥ်က ဖေးချမ့်တစ်ယောက် ဘယ်လောက်တောင် ရက်ရောခဲ့မှန်း ပြန်မှတ်မိသွားသည်။
အစကတော့ ရွမ်ကွမ်းကျန့်က ပုံလေးပုံပါသည့် တစ်စုံကို ယွမ် ၂,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့၏။ သို့သော်လည်း ဖေးချမ့်က ယွမ် ၂,၀၀၀ မှာ သူတို့၏ ဒီဇိုင်းဆွဲရာတွင် အလုပ်ကြိုးစားမှုအတွက် မတန်ဘူးဟု ဆိုကာ ယွမ် ၃,၀၀၀ အထိ တိုးပေးခဲ့ပါသည်။
ထိုအချိန်တုန်းက ရွမ်ကွမ်းကျန့်က ထန်းတာ့ နက်ခ်ဝါ့ကုမ္ပဏီမှ အလွန်အမင်း ချမ်းသာသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒီငွေပမာဏလောက်ကို ဂရုမစိုက်သော ကုမ္ပဏီဟု ထင်ခဲ့မိပါသည်။
အခုလက်ရှိပုံစံအတိုင်းဆို ဒီလို မဟုတ်လောက်ပါ။
ထန်းတာ့က ထင်သလောက် မချမ်းသာပေ။ သူတို့ရင်းနှီးမြှုပ်နှံငွေ ယွမ် ၃၀၀,၀၀၀ ကို ဂိမ်းအတွက် လုံးဝ အသုံးချခဲ့ပြီး မားကတ်တင်းဆင်းဖို့ပင် တစ်ပြားတစ်ချပ်မှ မကျန်တော့ပေ။
သူ စဥ်းစားကြည့်လိုက်သောအခါ အံ့အားသင့်သွားရပြီး ဘယ်လိုဖြစ်သွားမှန်း ရွမ်ကွမ်းကျန့် နားလည်သွားရပါသည်။
ထန်းတာ့နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီလိမိတက်တွင် အရင်တုန်းက ဂိမ်းတစ်ခုသာ ထုတ်လုပ်ခဲ့၏။ အထီးကျန် ကန္တာရလမ်းဖြစ်သည်။ နာမည် အနည်းငယ် ရခဲ့သော်လည်း ၁ ယွမ်ဆိုသော ရောင်းစျေးမျိုးနဲ့ သူတို့ ဘယ်လောက် အမြတ်ရနိုင်မှာတဲ့လဲ။
သူတို့၏ ဒုတိယဂိမ်းအတွက် ရင်းနှီးမြှုပ်နှံငွေ ဘက်ဂျက် လျော့နည်းနေတာ သာမန်သာ ဖြစ်ပါသည်။
ဘက်ဂျက်မလောက်တဲ့ ကြားက ဘော့စ်ဖေးက မညစ်ပတ်ဘဲ နှစ်ဦးနှစ်ဖက်စလုံး မျှတပြီး လက်ခံနိုင်သည့် စျေးတစ်ခုကို ကမ်းလှမ်းခဲ့ပါသည်...။
ဖြောင့်မတ်လိုက်တာ။ ဖြောင့်မတ်လွန်းလိုက်တာ။
ရွမ်ကွမ်းကျန့် ရုတ်တရက် သနားသွားမိ၏။ မဟုတ်မှလွဲရော သူအရင်တုန်းက အခကြေးငွေသာ ပိုမယူခဲ့ပါက ဘော့စ်ဖေးတွင် မားကတ်တင်းဆင်းဖို့ ငွေရှိနိုင်လောက်မလား။
သို့သော်လည်း ဒီအကြောင်းကို ထုတ်မပြောသင့်ပါ။ ဘော့စ်ဖေးကလည်း သူ့စရိုက်အရ ပေးပြီးသားငွေ ပြန်မလိုချင်လောက်ပါ။ ထို့အပြင် ဒီလူက ကုမ္ပဏီတစ်ခု၏ ဘော့စ်ဖြစ်သဖြင့် မာနလည်း အနည်းငယ် ရှိရပါဦးမည်။
ထိုသို့ တွေးမိသောအခါ ရွမ်ကွမ်းကျန့်၏ နှလုံးသား စိတ်ဆင်းရဲစွာ မွန်းကျပ်လာခဲ့သည်။
ဒီလောက်ရိုးရှင်းသည့် ဂိမ်းတစ်ခုက မားကတ်တင်းဆင်းဖို့ ငွေမရှိတာတစ်ခုတည်းကြောင့် တိမ်ကော ပျောက်ကွယ်သွားတော့မည်။
ဘယ်လောက်တောင် ရင်နာဖို့ ကောင်းလိုက်သလဲ။
"ငါ့ကောင်တို့ အခု တစ္ဆေစစ်သူကြီးက ငါတို့တွေကို လိုအပ်နေပြီ ထင်တယ်။"
ရွမ်ကွမ်းကျန့်က အဆောင်ထဲက သူ့သူငယ်ချင်းများနှင့် သူ့အတွေးကို မျှဝေလိုက်ပါသည်။
ဟွမ်ကြီးနှင့် တခြားသူများလည်း ထိုနည်းလည်းကောင်း ကြောင်သွားရပါသည်။
"ဒီဂိမ်းက ရိုးရှင်းလွန်းတယ်။ ပိုက်ဆံရှာဖို့ စိတ်ကူး လုံးဝ မရှိတာလား။"
"ငွေမလိုချင်ဘဲ ဘယ်ကုမ္ပဏီကမှ ဂိမ်းမလုပ်ဘူးကွ။ ငါ့အမြင်မှာတော့ ဘော့စ်ဖေးက ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာရှိလို့ ငွေကို ကောက်ကျစ်တဲ့ နည်းလမ်းနဲ့ မရချင်တာ ဖြစ်မယ်ကွ။"
"ဟုတ်တယ်၊ သူ ငွေမလိုချင်ရင် ဂိမ်းကို လုံးဝ အခမဲ့ လုပ်ပေးလိုက်လို့ ရတာပဲ။ သူက အဲ့ဒီ ပုံသေ ၁၀ ယွမ်ကပဲ ငွေရဖို့ အားကိုးနေတာ ဖြစ်မယ်။"
"ဒါပေမယ့် တကယ်ခက်ခဲမယ့်ပုံပဲနော်။ ဂိမ်းက ဘယ်လောက်ပဲ ရိုးသားရိုးသား မားကတ်တင်း လုံးဝ မဆင်းဘဲနဲ့တော့ ရေပန်းစားလာဖို့ ခက်ခဲတယ်ကွ။"
"ငါတို့တွေ ကြေညာပေးလိုက်ရင်ကော ဘယ်လိုလဲ။"
"ရပါတယ်။ ဒါပေမယ့် ငါတို့က အများကြီးမှ မဟုတ်တာ... အဲ့တော့ ဘာအသုံးဝင်မှာလဲ။ ငါတို့မှာ Big V ကြီးတွေ နာမည်ကျော် UP မာစတာကြီးတွေရှိရင် ငါတို့ အာရုံစိုက်လာအောင် လုပ်ပေးလို့ရတယ်။ ဒါပေမယ့် ငါတို့မှာ အဲ့လိုရင်းမြစ်တွေမှ မရှိတာကွ။"
အားလုံး အတွေးတွေ နက်နက်ရှိုင်းရှိင်း ဝင်သွားကြပါသည်။
ဟွမ်ကြီးနှင့် တခြားသူများလည်း ရွမ်ကွမ်းကျန့်ကြောင့် စိတ်ပြောင်းသွားကြသည်။ တစ္ဆေ စစ်သူကြီးလို ဂိမ်းကောင်းတစ်ခုက နာမည်ကျသွားလို့ မဖြစ်ပါ။ မဟုတ်ပါက ပြည်တွင်း မိုဘိုင်းဂိမ်းစျေးကွက်အတွက် အရှုံးကြီး တစ်ခု ဖြစ်လာနိုင်ပါသည်။
သို့သော်လည်း ဘယ်လောက်ပဲ ဦးနှောက်စားကြပါစေ အကြံ များများစားစား ထွက်မလာကြပါဘူး။
သူတို့ လိုင်းပေါ်တက်ပြီး 'တစ္ဆေစစ်သူကြီးက ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်' လို့ဆက်တိုက် တင်နေလို့လည်း မရပေ။ အလွန် မလုံလောက်နိုင်ပြီး သူတို့အားဖြုန်းတီးရာလည်း ရောက်နိုင်ပါသည်။
ရုတ်တရက် ရွမ်ကွမ်းကျန့်က သူ့ပေါင်သူ ရိုက်လိုက်ပါသည်။ "ငါသိသွားပြီ။ ငါက နာမည်ကြီး ပန်းချီဆရာတွေရှိတဲ့ အုပ်စုတစ်ခုထဲ ဝင်ထားတယ်။ ဧကန္တ သူတို့ ကူညီပေးနိုင်မလားလို့ သွားမေးကြည့်လို့ရလောက်တယ်။"
ဟွမ်ကြီး ကြောင်သွား၏။ "မင်းက အဲ့လို အုပ်စုထဲ ပါနေတာလား။ ငါ ဘာလို့ မသိခဲ့ပါလိမ့်။"
"ဟူး ပြောရရင်တော့ အရှည်ကြီးပဲ။"
ရွမ်ကွမ်းကျန့်က သူ့ကွန်ပျူတာကို ဖွင့်ကာ ရှင်းပြလိုက်ပါသည်။ "မနှစ်က Concept ပန်းချီပြိုင်ပွဲတစ်ခုမှာ ငါအချိန်ပိုင်းလုပ်ခဲ့တုန်းက အချိန်ကို မှတ်မိလား။ အဲ့ဒီတုန်းက ဆရာချန်းချီနဲ့ ရင်းနှီးခဲ့ပြီး သူ့ကို ငါ့ပန်းချီတွေ ပြခဲ့တယ်။ သူက သဘောကျပြီး ငါ့ကို ဒီအတိုင်းပဲ ဆက်ပြီး တိုးတက်အောင် ကြိုးစားဖို့ပြောပြီး အုပ်စုတစ်ခုထဲတောင် ထည့်ပေးခဲ့တာကွ။”
ခေတ္တ ရပ်တန့်ပြီးနောက် သူ ဆက်ပြောသည်။ "အဲ့ဒီအုပ်စုထဲမှာ ငါတို့လောကရဲ့ နာမည်ကြီးတွေ စုနေတာတော့ မကောင်းဘူး။ အဲ့ဒီအုပ်စုထဲ စကားပြောဖို့ ရှက်လို့ အခုချိန်ထိ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့ရတာကွ။”