အင်္ဂလိပ်ဘာသာ လိုအပ်တယ်
Vol. 20 Ch. 288
အောက်တိုဘာလ ၁၀ ရက်နေ့၊ တနင်္ဂနွေနေ့တွင်…
ချောင်းလျန်တစ်ယောက် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် အပြည့်အစုံ Walkthrough ၏ အပိုင်း ၁ ကိုတင်လိုက်ပါသည်။ အားရကျေနပ်စွာဖြင့် Browser ကို Refresh လုပ်လျက် Netizen များ၏ ကောမန့်များကို ဖတ်ရှုကာ ဗီဒီယို ရေပန်းစားလာမည့် အချိန်ကို စောင့်နေပါသည်။
ကောမန့်တွေကလည်း ရူးသွပ်ချင်စရာပင်။
“မြန်လိုက်တာဟေ့”
“နောက်ဆုံးတော့ တက်လာပြီကွ ပျော်လိုက်တာ”
“ဟာ အစ်ကိုကြီးချောင်းရဲ့ ဗီဒီယို ထွက်လာပြီ။ အရင်ဆုံး အားပေးမှုကို ပြသဖို့ Like လုပ်ပေးမယ်”
“အစ်ကိုကြီးချောင်းရဲ့ အတွေးရထားတွဲကြီးက ဂိမ်းကို ကစားနေတုန်း တော်တော်ရှင်းတာပဲ။ သူတကယ် နှံ့နှံ့စပ်စပ် လေ့လာထားတာ ဖြစ်မယ်”
“ဟုတ်တယ်။ အစ်ကိုကြီးချောင်းက အိမ်စာ မှန်မှန်လုပ်ထားတယ်။ စကေးမရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ ရှုထောင့်ကနေ ဂိမ်းကို ခံစားဖို့ ကြိုးစားပြီး ဂိမ်းထဲမှာ အဆင့်တက်ဖို့အတွက် ခက်ခဲတဲ့နေရာတွေမှာတောင် နည်းလမ်းကောင်းတွေ ဖော်ပြသွားတယ်။ ဒါ တကယ် အသုံးဝင်တာပဲ”
“ပရော်ဖက်ရှင်နယ် ဆန်လိုက်တာကွာ ဇာတ်လမ်းကို အရိပ်အမြွက်ပေးတာတွေ အများကြီးလည်း မြင်ရတယ်။ Like ၆၆ ခါလောက်ပေး ပစ်လိုက်ဦးမယ်”
“ငါ့ဦးနှောက် : ငါသိပြီ
ငါ့လက် : မင်းမသိသေးပါဘူး”
“ဆရာချောင်းနဲ့ လုံးဝ မတူတဲ့ ဂိမ်းကို ကစားနေရသလိုမျိုးကြီး။ သူ့ကျတော့ ဘာလို့ အဲ့လောက်လွယ်နေရတာလဲ”
Netizen များက ချောင်းလျန်ကို ဖားနေကြသဖြင့် ကိုယ့်ကိုယ်ကို အားရကျေနပ်သွားပါသည်။
ငါက ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဂိမ်းအညွှန်းတွေကို ထုတ်ပေးတာကွ။ တခြားကောင်တွေ ငါနဲ့ ယှဥ်နိုင်ပါ့မလား။
ချောင်းလျန်က သူထုတ်လုပ်လိုက်သည့် အပိုင်းကို အလွန်ဝမ်းသာအားရမှုရှိသည်။
သူ့ရဲ့ အားကောင်းတဲ့ ဂိမ်းစကေးတွေကို ကြွားဖို့ ရည်ရွယ်သည့် ဗီဒီယိုမဟုတ်ဘဲ သာမန် ကစားသမားတွေရဲ့ ရှုထောင့်ကနေ ကစားသည့် ဗီဒီယိုဖြစ်ပါသည်။ ဂိမ်မာတွေ ဂိမ်းကို အောင်နိုင်စေမည့် လွယ်ကူသည့်နည်းလမ်းများကို ပြသပေးနိုင်ဖို့ ရည်ရွယ်သည်။
အမှန်ပင်။ အထူးမွန်းစတားများနဲ့ ဆုံတိုင်း ချောင်းလျန်က ဖိုင်သစ်တစ်ခုကို အမြဲ Save လုပ်ထားပါသည်။ ဒါက ထိုနေရာကို အဆင့်တက်ဖို့ မတူညီသည့် နည်းလမ်းများစွာ အသုံးပြုခွင့်ပေးသည်။ ဒါမှ ကြည့်ရှုသူတွေက သူတို့နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါသည်။
ဗီဒီယိုနဲ့ပတ်သတ်ပြီး တခြားစိတ်ဝင်စားစရာ အချက်တွေလည်းရှိပါသေးသည်။ ဥပမာ ဂိမ်းထဲက လျှို့ဝှက် အသေးစိတ်များနဲ့ Easter Eggs များ၊ တရားဝင် ဝတ္ထု၏ ဇာတ်လမ်း ဇာတ်ကွက်များကို စမ်းသပ်ခြင်း၊ ဂိမ်းရဲ့ ဇာတ်လမ်းမှာ မရှင်းလင်းတဲ့ အပိုင်းတွေနဲ့ ပတ်သတ်သည့် ချောင်းလျန်၏ အထင်အမြင် စသည်တို့ ဖြစ်သည်။
ချောင်းလျန်က မြန်ဆန်စွာ တိုးမြင့်နေသည့် ပရိသတ်အရေအတွက်ကို ကြည့်လိုက်ပြီး အလွန် ဝမ်းမြောက် ဝမ်းသာ ဖြစ်နေပါသည်။
ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ။
သေချာပေါက် ဘော့စ်ဖေးပဲပေါ့။
ဘော့စ်ဖေးသာ ချောင်းလျန်ကို ဂိမ်းကြိုတင် စမ်းသပ်ဖို့အတွက် ကျင်းကျိုးဆီ မဖိတ်ကြားခဲ့ပါက တခြား UP မာစတာတွေထက် ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ဆန်နိုင်မှာလဲ။
အားလုံးထက်စောအောင် ဘော့စ်ဖေးသာ သူ့ကို ဖိတ်ကြားပြီး မကစားခိုင်းခဲ့ပါက ခုချိန် ဂိမ်းထဲမှာ သူဘယ်လောက်တောင် နာကျင် ရုန်းကန်နေရမလဲ ချောင်းလျန် စိတ်ကူးယဥ်ကြည့်မိပါသည်။ အခုလောက်ဆို သူတစ်ပိုင်းသေနေလောက်ပြီ။
ဘော့စ်ဖေးချစ်တာကိုခံရတဲ့လူလို့ တခြား ဘယ်လို ပြောလို့ရဦးမှာလဲ။
ငါ့ကို ဂိမ်းကြိုကစားဖို့ ဖိတ်ကြားခဲ့ရုံတင်မကဘူး။ ငါ့ရဲ့တင်ပြချက်တွေ အပေါ်မူတည်ပြီး ဂိမ်းကိုလည်း ပြန်ပြင်ဆင်ခဲ့သေးတယ်။ ဂိမ်းရဲ့ အောင်မြင်မှုအတွက် ငါလည်း အထောက်အကူ ပြုခဲ့တာပဲ မဟုတ်ဘူးလား။
ပိုကြီးကျယ်အောင် ကြည့်လိုက်မယ်ဆို ငါ့ကိုယ်ငါ အရှုံးပေးပြီးကယ်တင်ခြင်းခံစေရဲ့ လက်ထောက်ဒီဇိုင်နာလို့ ခေါ်ရမလား။ ဒါမှမဟုတ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေရဲ့ အထူးစမ်းသပ်သူလို့ ခေါ်ရမလားပဲ။
ဟီးဟီး၊ နှစ်ခုစလုံးက မမှားပါဘူး။
ချောင်းလျန်က သူ့ပရိသတ်တွေနဲ့ စတင် ဆက်သွယ်လိုက်ပြီး စာပြန်ဖို့ ကျပန်းကောမန့်များ ရွေးချယ်လိုက်သည်။
မကြာမီ ပရိသတ်က ‘အောက်တိုဘာအတွက် အကောင်းဆုံးဗီဒီယို’ ဟုအမည်ပေးခြင်းခံထားရသည့် ဗီဒီယိုက ဇယားထဲတွင် အဆင့်တက်လာခဲ့သည်။
ပထမဆုံး ဂိမ်းချန်နယ်ရဲ့ အဆင့်သတ်မှတ်ချက် ဇယားမှာ ပေါ်လာာပြီး… ထို့နောက် အိုင်လီကျွန်းတစ်ခုလုံး၏ အဆင့်သတ်မှတ်ချက် ဇယားပေါ်မှာတောင် ပေါ်လာခဲ့ပါသည်။
ချောင်းလျန် အဆင့်သတ်မှတ်ချက်ဇယား ပေါ်က ဗီဒီယိုတွေကို စစ်ကြည့်လိုက်သောအခါ မြင်ဖူးနေသည့် UP မာစတာ၏ နာမည်တစ်ခုကို မြင်လိုက်ရပါသည်။
ဟောက်ရှုအိုင်ချီ ဖြစ်သည်။
သူ့ဗီဒီယိုအမည်က ‘အရှုံးပေးပြီးကယ်တင်ခြင်း ခံစေကို Link Live မှာ နိုင်ငံခြား UP မာစတာ တစ်ယောက် တိုက်ရိုက်လွှင့်သောအခါ’ ဟူ၍ ဖြစ်ပါသည်။
သူ့ဗီဒီယိုက လောလောဆယ် ရေပန်းစားနေဆဲ ဖြစ်ကာ ချောင်းလျန်၏ Walkthrough ဗီဒီယိုနောက် ကပ်သီးလေး ကပ်လိုက်လာသည်။
“အမ်… ဒီညီအစ်ကိုက ဘယ်ဆိုးလို့လဲ။ ငါ့ရဲ့ နိုင်ငံခြားမိတ်ဆွေလေး အခြေအနေဘယ်လို ရှိလဲ ကြည့်ရအောင်”
ချောင်းလျန် ဗီဒီယိုကို နှိပ်ကြည့်လိုက်သည်။
ဟောက်ရှုအိုင်ချီက နာမည်နဲ့ လိုက်ဖက်သည်ဟု ဆိုရမည်။ အတော်လေး ဆွဲဆောင်မှုရှိ၏။ သူ့ပုံစံက ခပ်ရူးရူးပုံစံမျိုး ပေါက်ကာ တခြားသူတွေကို ဖျော်ဖြေတတ်သည့် လူတစ်ယောက်ပုံစံ ဖြစ်ပါသည်။
ဒီတက်တက်ကြွကြွရှိသည့် နိုင်ငံခြား မိတ်ဆွေလေးက Link Live ပေါ်က သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဗီဒီယိုပြန်ရိုက်ပြီး အထူးပြုလုပ်ချက်လေးထည့်၊ စာတန်းထိုးလေး ထည့်လျက် အိုင်လီကျွန်းပေါ် ထပ်တင်ခဲ့ပါသည်။
ဟောက်ရှုအိုင်ချီက ဒီဗီဒီယိုမှာ ဆရာချောင်းနဲ့ လုံးဝ လမ်းစဥ်မတူမှန်း သိသာသည်။
ဆရာချောင်း၏ ဗီဒီယိုက Walkthrough တစ်ခု ဖြစ်၏။ မမြန်ဆန်သော်လည်း အကြောင်းအရာ ကြွယ်ဝမှုရှိသည်။ လုပ်ငန်းစဥ် တစ်ခုလုံးကို ကြိုတင်စီစဥ်ထားပြီးသား ဖြစ်ကာ အားလုံးကို ဇာတ်ညွှန်းအတိုင်းပဲ ရိုက်ကူးခဲ့သည်။ သူ့ကြည့်ရှုသူတွေကို ဂိမ်းက အတော်လေး ရိုးရှင်းသည်ဟု ခံစားသွားရအောင် လုပ်ပေးရမည်။
ဟောက်ရှုအိုင်ချီ၏ ဗီဒီယိုကတော့ ခြားနားပါသည်။ တစ်ချက်တည်းနဲ့ ရိုက်ကူးထားခြင်း ဖြစ်ကာ သူ့ကို မွန်းစတားပေါင်းစုံက သတ်ဖြတ်နေသည့် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတည်းမှာပင် တူညီသည့် မွန်းစတားများ၏ သတ်ဖြတ်မှုကို အကြိမ်ပေါင်းများစွာ ခံနေရသည်။ ဟောက်ရှုအိုင်ချီက ထိုသေဆုံးသည့်အခန်းများကို ပြုပြင်လိုက်ပြီး သူ့ဗီဒီယိုကို ပိုပြီး ပျော်စရာကောင်းအောင် လုပ်လိုက်သည်။
ဟောက်ရှုအိုင်ချီက သူ့သင်္ချိုင်းစာအဖြစ် ‘သူသေသွားပြီ’ ဟူသည့် စာကိုရေးထားပါသည်။ ကင်မရာက ရိုက်ကူးထားသည့် သူ့မျက်နှာထားများနဲ့ ပေါင်းစပ်လိုက်သောအခါ ကြည့်ရှုသူတွေ ဂိမ်းကို ကိုယ်တိုင်ကစားနေသလိုမျိုး အရိပ်အယောင်တွေ ပြသနိုင်ခဲ့ပါသည်။ အတော်လေး ရေပန်းစားသွားခဲ့သည်။
Bullet ကောမန့်များကို ကြည့်ခြင်းအားဖြင့် သူဆက်တိုက်သေနေတာတောင် ဟောက်ရှုအိုင်ချီ၏ ကြည့်ရှုသူတွေက အလွန်ပျော်ရွှင်နေကြဆဲ ဖြစ်မှန်း ချောင်းလျန် သိနိုင်ပါသည်။
“ဟားဟား Streamer သေသွားပြန်ပြီ”
“သူက ငါ့အတိုင်းပဲ။ ဘာမှ သံသယဖြစ်စရာ မရှိဘူး”
“တိုက်ရိုက်ထုတ်လွှင့်တဲ့သူကို နောက်တစ်ခေါက် ဂိမ်းပြန််စတဲ့အခါ သင်္ချိုင်းစာကို ‘အသုံးမကျဘူး’ လို့ ပြန်ပြောင်းဖို့ အကြံပေးချင်တယ်။ အာနိသင်က အရမ်းမိုက်သွားမှာပဲ”
“ထန်းတာ့ဂိမ်းက ငါ့တို့ နိုင်ငံကို ကျော်ကြားအောင် လုပ်ပေးခဲ့တာလား”
“ငါတို့ရဲ့ နိုင်ငံခြား မိတ်ဆွေတွေကိုတောင် နာကျင်အောင်လုပ်ပြီး နိုင်ငံတကာ ဆက်ဆံရေးတွေ ယိုယွင်းအောင် လုပ်နေပြီ”
“သေဆုံးရခြင်း အကြောင်းအရင်း : ‘ဒီမွန်းစတားက အဲ့လောက်ကြမ်းမယ့်ပုံမပေါ်ပါဘူး’”
“ငါဆရာချောင်းရဲ့ဗီဒီယိုကနေ ရောက်လာတာ။ ဟင်းလျာတစ်ခုကို ၂ ကြိမ်ပြန်စားရသလိုပဲ။ ဖျော်ဖြေရေး အာနိသင်က အရမ်းမိုက်တာပဲ”
“ထူးဆန်းလိုက်တာ။ ငါဒီဂိမ်းကို ကိုယ့်ဖာသာကိုယ် ကစားတုန်းကကျတော့ အရမ်းစိတ်ရှုပ်ဖို့ ကောင်းလွန်းလို့ ဂိမ်းခလုတ်ကို ထုရိုက်နေမိတာ။ သူများတွေ ကစားတာကို ကြည့်မှ ဘာလို့ ဒီလောက်ပျော်ဖို့ကောင်းနေတာလဲ”
“ကျေးဇူးပြုပြီး ဟောက်ရှုအိုင်ချီ။ နည်းပြတစ်ယောက် ရှာလိုက်စမ်းပါကွာ။ ငါဆက်မကြည့်နိုင်တော့ဘူး”
ဟောက်ရှုအိုင်ချီက Browser ထဲမှာ အွန်လိုင်း အဘိဓာန်တစ်ခုကို ဖွင့်ထားပြီး သူ့ဘေးမှာလည်း ဧရာမ အဘိဓာန်စာအုပ်ကြီး ချထားပါသည်။ ဂိမ်းထဲမှာ သူ နားမလည်သည့် စကားလုံးတွေကို တွေ့တိုင်း ရှာကြည့်လေ့ ရှိသည်။
နိုင်ငံခြားသားတွေ ဂိမ်းကို မကြိုက်သွားစေဖို့ ဖေးချမ့်က ဂိမ်းထဲ ရှေးဟောင်း မန်ဒရင်းစာ ကဗျာများစွာကို ထည့်ခဲ့သည်။ အရံဇာတ်လမ်း အသေးစိတ် အချက်အလက်များကို ပွင့်စေဖို့ ပဟေဠိတွေကိုတောင် ထည့်ခဲ့ပါသေးသည်။
ရှေးဟောင်းမန်ဒရင်းစာနဲ့ ပတ်သတ်သည့် ဗဟုသုတ များများစားစား ချောင်းလျန်မှာ မရှိသော်လည်း နည်းနည်းတော့ သိပါသည်။
အနည်းဆုံး ဂိမ်းထဲမှာ ဘာတွေဖြစ်နေသလဲ နားလည်နိုင်သေး၏။
သို့သော်လည်း ဟောက်ရှုအိုင်ချီလို လူမျိုးက ပိုပြီးခက်ခဲပါလိမ့်မည်။ မကြာခဏဆိုသလို သူမသိသည့် စကားလုံးများကို အဘိဓာန်ထဲမှာလည်း ရှာမတွေ့ပါ။ ရွေးချယ်စရာမရှိတော့ဘဲ သူ့မိတ်ဆွေတွေနဲ့ စိတ်အားထက်သန်မှုရှိသည့် ကြည့်ရှုသူတွေကို အကူအညီတောင်းရသည်။
ဘာပဲဖြစ်ဖြစ် ကဗျာတစ်ပုဒ်၊ ပဟေဠိ တစ်ပုဒ်၏ နောက်ကွယ်က အဓိပ္ပာယ်ကို ဟောက်ရှုအိုင်ချီ သိရှိသွားတိုင်း အလွန်အမင်း ပျော်ရွှင်သွားပြီး တစ်ခုခုကို အောင်မြင်သွားသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။
ဖေးချမ့်က ရှေးဟောင်းကဗျာစာများအတွင်း ပဟေဠိဖွက်ဖို့ စဥ်းစားခဲ့ပါသေးသည်။ ဒီလိုဆို ပိုပြီးတောင် ရက်စက်သွားနိုင်သည်။ သို့သော်လည်း အလုပ် အများကြီး ပိုရှုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဖေးချမ့်က လက်လျှော့လိုက်ခြင်းဖြစ်၏။ သူတို့လုပ်နိုင်ဖို့ နည်းလမ်း မရှိခဲ့ပေ။
ယဥ်ကျေးမှုစာပေ မေဂျာတွေတောင် ရှေးဟောင်း ကဗျာစာများ ရေးသားသည့် အတန်းကို မတက်ကြပါ။ ဖေးချမ့်က ဘွဲ့ရ ကျောင်းသားသစ်များကို ဂိမ်းအတွက် ကဗျာစာများ ရေးသားခိုင်းနိုင်ခဲ့ရင်တောင် ကဗျာတွေက ရှေးဟောင်းကဗျာတွေနဲ့ အကွာကြီး ကွာနိုင်ပါသည်။
ထို့အပြင် မာယိချွမ်နဲ့ ကျူးရှင်းအန်တို့ကလည်း ဂိမ်းဇာတ်လမ်းကို ရေးသားရင်း အလုပ်ရှုပ်နေကြသည်။ စကားလုံးတစ်လုံးတိုင်းကို လေးနက်အောင် လုပ်ပြီး အဓိပ္ပာယ်ရှိသည့် ကဗျာတွေထုတ်လုပ်ဖို့ အချိန်ကော အားကော မရှိခဲ့ပါ။
ထို့ကြောင့် ဂိမ်း၏ အကြောင်းအရာနဲ့ ကိုက်ညီမှုရှိသည့် လျစ်လျူရှုခံထားရသော်လည်း လေးနက်သည့် ကဗျာများကို ရွေးချယ်ကာ ဇာတ်လမ်းထဲ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
အွန်လိုင်း အဘိဓာန်၊ စာအုပ် အဘိဓာန်တို့၏ အကူအညီအဖြင့် ဒီပဟေဠိများကို ဖြေရှင်းဖို့ အားတွေ အများကြီး စိုက်ထုတ်ခဲ့ရပါသည်။
အမြဲတမ်း ဒီပဟေဠိများ၏ နောက်ကွယ်က အဓိပ္ပာယ်ကို ရှင်းပြလိုက်ပြီး “ဝိုး” “LoL” “တော်လိုက်တာ” ဟူသည့် ကောမန့်များဖြင့် ချီးကျူးခံရသည်။
Link Live မှာ Bullet ကောမန့်များ မရှိသေးသော်လည်း ပရိသတ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း ကောမန့်များ တန်းရေးနိုင်သည်။ ဒါက တိုက်ရိုက်ထုတ်လွှင့်သူနဲ့ ဆက်သွယ်နိုင်သည့် နည်းလမ်းဖြစ်သည်။
ဟောက်ရှုအိုင်ချီက တစ်ခါတစ်လေ သူ့နိုင်ငံခြား ကြည့်ရှုသူများ၏ ကောမန့်များကို မှတ်တမ်းယူပြီး ထိုကောမန့်များ နောက်ကွယ်က အဓိပ္ပာယ်ကိုလည်း ဘာသာ ပြန်ကြည့်ပါသေးသည်။ ဒါတွေကို ဗီဒီယိုအဆုံးမှ ပြသရမည်ဖြစ်သည်။
ဥပမာအားဖြင့် ဒီဗီဒီယိုကိုပဲ နမူနာ ယူကြည့်ပါ။ နောက်ဆုံးပိုင်းမှာ သူ့နိုင်ငံခြား ကြည့်ရှုသူတွေရဲ့ ကောမန့်တချို့ကို ပြသထားပါသည်။
“အရမ်းအဓိပ္ပာယ်ရှိတဲ့ ဂိမ်းပဲ။ ဒီလိုဂိမ်းမျိုးတွေ အများကြီး ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ”
“ဒီဂိမ်းကို ဘယ်မှာ ဝယ်လို့ရမလဲ ပြောပြပေးကြပါလား”
“ကြည့်ရတာ ဒီဂိမ်းကို ကစားသမားတွေအတွက် တကယ် ဖန်တီးပေးထားတာ ထင်တယ်။ သဘောကျစရာပဲ”
“အကြောင်းအရာကြွယ်ဝမှုရှိတယ်။ လက်တိကျမှုနဲ့ ရုပ်ထွက်တွေကလည်း မဆိုးဘူး။ နောက်ထပ် Content တွေကို မြင်ရဖို့ မစောင့်နိုင်တော့ဘူးကွာ”
“ငါတို့ အင်္ဂလိပ်ဘာသာစကား လိုတယ်”
“ငါတို့ ဂျပန်ဘာသာစကားလိုတယ်”
ချောင်းလျန် ထိုကောမန့်တွေကို ဖတ်ရှုရင်း ပြုံးလိုက်မိသည်။
“ဒီကောင်က အဘိဓာန်ကိုလည်းကြည့် ဂိမ်းကိုလည်း တစ်ပြိုင်တည်း ကစားနိုင်တယ်လား။ ငါတို့ နိုင်ငံခြားက မိတ်ဆွေတွေကို နာကျင်ခံစားသွားရအောင် လုပ်ဖို့ အချိန်ကျပြီထင်တယ် အဲ့လိုဆိုတော့မှ ဒီဂိမ်းက အရမ်းခက်တော့ နိုင်ငံခြားသားတွေက သဘောကျလာကြတာပေါ့”
“ငါ Like ပေးလိုက်ပါ့မယ်”
ချောင်းလျန်က ဟောက်ရှုအိုင်ချီ၏ ဗီဒီယိုကို Share ပေးလိုက်သည်။ သူတို့ တစ်ယောက်ဂုဏ်သတင်းကို တစ်ယောက် မှီခိုလို့ရတာကို အားရကျေနပ်နေမိပါသည်။
ထန်းတာ့ဂိမ်းတွင်…
အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ကိန်ဂဏန်းများကို မြင်ကာ TPDb ပေါ်က ဂိမ်းရဲ့ အဆင့်သတ်မှတ်ချက်နဲ့ ကောမန့်တွေကို ဖတ်ကြည့်လိုက်ပါသည်။ အားရကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်၏။
အင်း… အကုန်လုံး စည်ကားနေတာပဲ။
ဂိမ်း၏ ကိန်းဂဏန်းများကလည်း ပုံမှန်တိုးမြင့်နေသည်။ ရောင်းအား တိုးလာပြီး ငွေပြန်အမ်းနှုန်းက လျော့ကျသွားသည်။
ယခင်တုန်းက ၂၀ ရာခိုင်နှုန်းကျော်ခဲ့သော်လည်း အခုတော့ ၁၀ ရာခိုင်နှုန်းအောက် နည်းသွားပါပြီ။
TPDb ပေါ်က ဂိမ်းရဲ့ အဆင့်သတ်မှတ်ချက်ကလည်း ဆက်တိုက် ပြောင်းလဲနေပါသည်။ ယခုတော့ အနှစ်ချုပ် အဆင့်သတ်မှတ်ချက် ၈.၁ ရှိနေလေပြီ။ ကြည့်ရတာ နောက်ပိုင်း ဒီဂဏန်းတွေ ဆက်ပြီး တိုးလာနိုင်ခြေ ရှိနေပါသေးသည်။
အားလုံးထဲမှာ အရေးကြီးဆုံး အချက်က ရက်ပိုင်းအတွင်း မီဒီယာ Review တွေထွက်လာပါတော့မည်။
ပြည်တွင်း ဂိမ်းမီဒီယာတွေ ဒီဂိမ်းကို Review လုပ်နိုင်ဖို့အတွက်က တည်းဖြတ်အဖွဲ့ထဲက လူအားလုံး ပြီးအောင် ဆော့ကစားနိုင်ရမည်။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းက အလွန်ခက်ခဲ၏။ ဂိမ်းမီဒီယာတွေကလည်း လူသားတွေပဲဖြစ်သည်။ ဂိမ်းကို အချိန်တိုအတွင်း ပြီးအောင် မဆော့နိုင်သဖြင့် ဂိမ်းအတွက် Review ရေးဖို့ ငြင်းဆန်ခဲ့ကြသည်။ ထို့ကြောင့် အခုချိန်ထိ အရှုံးပေးပြီးကယ်တင်ခြင်းခံစေမှာ ဂိမ်းမီဒီယာ Review က သုညသာ ရှိနေပါသေးသည်။
မီဒီယာပလက်ဖောင်းတချို့က ဂိမ်းကို ခပ်မြင့်မြင့် အဆင့်သတ်မှတ်ချက်ပေးလိုက်ပါက TPDb ပေါ်က အဆင့်သတ်မှတ်ချက်တွေလည်း သေချာပေါက် တိုးမြင့်သွားလိမ့်မည်။
“ဘော့စ်ဖေးက တကယ် အစီအစဥ်တွေ အကုန်လုံးကို ဘယ်ရောက်ရောက် ချနိုင်တာပဲ။ ရုံးမလာတာ ၂ ရက်လောက်ရှိနေပြီဆိုပေမယ့် ဂိမ်းက သူမျှော်မှန်းထားတဲ့အတိုင်း တိုးတက်နေပြီ။ သူကတကယ့်ကို ယုံကြည်ချက် ပြည့်ဝတဲ့ လူတစ်ယောက်ပါလား”
လီယာ့တာ ကြည်နူးသွားခဲ့ရပါသည်။
နောက်တစ်ဖန် ကောမန့်များကို ထပ်ပြီး ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ရေပန်းစား ကောမန့်အသစ်များစွာကို သူမ မြင်လိုက်ရပါသည်။
“အင်္ဂလိပ်ဘာသာစကား လိုတယ်”
ကောမန့်များက အတူတူတွေချည်းပဲဖြစ်ကာ တစ်ခုပြီးတစ်ခု အစဥ်လိုက် တက်လာပုံရသည်။ သို့သော်လည်း ဒီကောမန့်တွေကို မန့်နေသည့် အသုံးပြုသူတွေကတော့ မတူကြပါ။
လီယာ့တာ ခေတ္တရပ်တန့်သွားပြီး ကြက်သေ သေသွား၏။
ပထမတော့ တစ်ယောက်ယောက်က သူတို့ကို လာပြောင်နေသည်ဟု ထင်ခဲ့၏။ သူတို့ ဂိမ်းကို အွန်လိုင်းပေါ်မှာလည်း မကြော်ငြာခဲ့သဖြင့် ဘာကြောင့် နိုင်ငံခြားသားတွေက စိတ်ဝင်စားမှာလဲ။
သို့သော်လည်း အနီးကပ် သေချာ စစ်ဆေးကြည့်ခါမှ ဆင်တူ ကောမန့်များစွာရှိနေမှန်း မြင်လိုက်ရပါသည်။
လီယာ့တာ ထိုကောမန့်များကို ထပ်ဖွင့်ကြည့်လိုက်ပြီး ၎င်းတို့၏ ဇစ်မြစ်ကို အတည်ပြုလိုက်သည်။
ဒီအသုံးပြုသူတွေက အိုင်လီကျွန်းပေါ်ရှိ ဟောက်ရှုအိုင်ချီဟုခေါ်သော UP မာစတာ တစ်ယောက်ကြောင့် ရောက်လာကြခြင်း ဖြစ်သည်။
ဟောက်ရှုအိုင်ချီက ကိုယ်တိုင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းကို တိုက်ရိုက်ထုတ်လွှင့် ကစားပြခဲ့သဖြင့် နိုင်ငံခြားသားများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ကြည့်ရတာ ဒီကြည့်ရှုသူတွေကလည်း အတော်လေး စိတ်အားထက်သန်မှုရှိနေသည့် ပုံစံပင်။
သို့သော် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက မန်ဒရင်း စကားနားမလည်တဲ့လူတွေ ကစားဖို့ ခက်ခဲလွန်းပါသည်။ ဒီလူတွေ ရွေးချယ်စရာ မရှိတော့ဘဲ ဂိမ်းထဲက ပဟေဠိများဖြေရှင်းဖို့ကို လက်လျှော့လိုက်ကြရတာ များသည်။
လီယာ့တာ ခေတ္တစဥ်းစားကြည့်လိုက်ပြီး ဒီကိစ္စကို ဘော့စ်ဖေးထံတင်ပြဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားစျေးကွက်ကြီးက ကျယ်ပြန့်လွန်းသည်။
သူတို့ ဂိမ်းကို ဘာသာပြန်ဖို့ ငွေနည်းနည်း ရင်းလိုက်လို့ ရသည်။ သူတို့ အင်္ဂလိပ်ဗားရှင်း တစ်ခု ထုတ်လိုက်တာနဲ့ နိုင်ငံခြား ထုတ်ဝေသူ တစ်ယောက်ကို ငှားရမ်းပြီး နိုင်ငံခြားမှာ ရောင်းချနိုင်သည်။ ဒီလိုဆို သူတို့ အမြတ်အစွန်းတွေ ပိုရလာနိုင်ပါသည်။
ထိုအတွေးဖြင့် လီယာ့တာ ဘော့စ်ဖေးကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်၏။
ဂိမ်းကို ဘာသာပြန်ပြီး နိုင်ငံခြား ထုတ်ဝေသူတွေကို ရှာဖို့က အသေးအဖွဲတာဝန် မဟုတ်ပေ။ အလုပ်နှစ်ခုစလုံးက ငွေလိုအပ်သည်။ နောက်ဆုံးဆုံးဖြတ်ချက် ချဖို့အတွက် ဘော့စ်ဖေးကို လီယာ့တာ မေးမြန်းရပါမည်။
“ဘော့စ်ဖေးကို လမ်းညွှန်ခိုင်းပြီး အင်္ဂလိပ် ဗားရှင်းထုတ်ဖို့ စိတ်ဝင်စားလား မေးကြည့်ဦးမယ်”