ရှေ့ဆက်ပြီး ဘာလုပ်မလဲ မြန်မြန်စီစဉ်ရမယ်
Vol. 19 Ch. 282
ရုံးခန်းထဲမှာတော့ ဖေးချမ့်တစ်ယောက် အလွန် စိုးရိမ်ပူပန်ကာ ဂနာမငြိမ်ဖြစ်နေပါသည်။
“ဒီ Review သမားအတုတွေ ဘာလုပ်နေကြတာလဲဟ”
“ဘာအာနိသင်မှလည်း မတွေ့ရဘူး။ ဒီတိုင်းသာ ဆက်သွားရင် လူထုအမြင်တွေ တစ်ဖက်သက်ကြီးပဲ ဖြစ်သွားတော့မှာပဲ”
မနေ့က Review သမားအတုများကို ဖေးချမ့် စီစဥ်ပေးပြီးနောက် Weibo နဲ့ Forum တွေပေါ်က စကားဝိုင်းများကို အာရုံစိုက်ထားခဲ့ပါသည်။ တစ်ရက်နီးပါး ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ဂိမ်းကို ဘာမှ မစဥ်းစားဘဲ ဝေဖန်နေသည့် ပို့စ်တချို့ကလွဲပြီး ဘာမှ ကြီးကြီးမားမား မဖြစ်သေးပါ။
ထိုအရူးလို ဝေဖန်ချက်တွေက Netizen များ၏ စိတ်ခံစားချက်ကို မဆွနိုင်ပါ။ ဘယ်သူမှလည်း ဂရုမစိုက်ကြပါ။ ထိုပို့စ်တွေက တခြားပို့စ်တွေရဲ့ ဖုံးဖိမှုကိုလည်း အမြန်ခံနေရပါသည်။ ထို့အပြင် ဖုတုနဲ့ ပတ်သတ်တဲ့ Meme တွေလည်း ရေပန်းပိုစားလာသည်။ ဂိမ်းမကစားတဲ့လူတွေတောင် ထို Meme များကို အသုံးပြုနေပါပြီ။
အထူးသဖြင့် ‘ဖုတုနဲ့ကြိတ်မယ်’ ဟူသည့် Emoji များဖြစ်သည်။ Weibo၊ ဂိမ်မာ Chat Groupများနဲ့ Forum တွေပေါ်မှာ အလွန်ရေပန်စားလျက် ရှိသည်။ ကစားသမားတွေက ထို Meme များကို သဘောကျနေကြပါသည်။
Meme တွေရေပန်းစားလာတာနဲ့ လူပေါင်းများစွာကလည်း ဒီ Meme တွေ ဘယ်ဂိမ်းက ရောက်လာတာလဲဆိုတာ မေးကြလိမ့်မည်။ ထို့နောက် ဂိမ်းကို လူတွေ ပိုပိုပြီး စမ်းကစားလာချင်ကြလိမ့်မည်။ စိတ်ရှုပ်ဖို့ အကောင်းဆုံးက တခြားသူတွေကို ဂိမ်းကစားခိုင်းဖို့ ဆွယ်ချိန်တွင် ကစားသမားအများစုက အကြံဆိုးဖြင့် ဆွယ်ကြခြင်း ဖြစ်ပါသည်။
“အဲ့ဂိမ်းက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ လို့ခေါ်တယ်။ အရမ်းအားရဖို့ကောင်းတဲ့ ခုတ်ထစ်ဂိမ်းမျိုးပဲ။ စိတ်ဖိစီးမှုလျှော့ချပေးတဲ့ ဂိမ်းလေး။ ညဇီးကွက်လေးတွေ ကစားဖို့ အရမ်းသင့်တော်တယ်။ ဂိမ်းကို စမ်း ကစားကြည့်လိုက်ကြနော်။”
ဆင်တူကောမန့်များလည်း များစွာ ရှိပါသည်။
ဖေးချမ့် ဒီလိုလူတွေကို တစ်ခွန်းသာ ပြောလိုက်ချင်သည်။
လူမဆန်လိုက်တဲ့ ကောင်တွေ…
တခြားကစားသမားတွေနဲ့ ဘော့စ်ဖေးကို ထိခိုက်စေတာတောင် လူအများစုက ထိုသို့ ပြုလုပ်နေကြလေသည်။ ဘာအကျိုးကျေးဇူးမှလည်း ပြန်ရကြမှာ မဟုတ်ပါ။ ကမ္ဘာကြီးထဲက အကျင့်ပျက်မှုများ နေ့စဥ်နဲ့အမျှ ပိုပို ဆိုးရွားလာပြီး လူတွေလည်း ပြောင်းလဲကုန်ကြပါပြီ။
သို့သော်လည်း ဖေးချမ့်လုပ်နိုင်တာဆိုလို့ စိတ်ဖိစီးမှုများနဲ့ စောင့်နေဖို့သာ ဖြစ်သည်။ တခြား ဖြေရှင်းချက် မရှိတော့ပါ။
Review သမားအတုများ၏ အခက်အခဲကိုလည်း ဖေးချမ့် နားလည်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အခြေအနေတွေအားလုံးက အကျပ်ရိုက်စရာဖြစ်ပြီး Review သမားအတုတွေ ဂိမ်းကို ဝေဖန်ဖို့ အရေးပါသည့် ဆင်ခြေကို ရှာဖွေဖို့ ခက်ခဲနေပါပြီ။
ဖေးချမ့်ကိုယ်တိုင်တောင် အသုံးချစရာ ဆင်ခြေကောင်းကောင်း စဥ်းစားလို့မရပေ။ ဂိမ်းအကြောင်း သေချာနားမလည်သည့် ထို review သမားအတုတွေဆို ပိုသာဆိုးနိုင်ပါသည်။
အဓိက အချက်မှာ ယခင်တုန်းက သူတို့ ဂိမ်း၏ ခက်ခဲမှုအဆင့်နဲ့ ကိုင်ပေါက်ပြီး ဂိမ်းကို ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် အခုတော့ ထိုအကြောင်းအရာလည်း အသုံးမဝင်တော့ါပ။
“ထားလိုက်ပါတော့ကွာ။ နောက်ဆက်တွဲ ဖြစ်လာတာတွေအတွက်ပဲ စီစဥ်ထားတော့မယ်”
သူ ရထားသည့် အကျိုးအမြတ်ကို ချေဖို့အတွက် ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးစခန်း ဘယ်လောက်များများ ဖွင့်ဖို့လိုအပ်မလဲဆိုတာ ဖေးချမ့် စတင်စဥ်းစားလိုက်ပါသည်။
ငွေစာရင်းရှင်းချိန်ရောက်ဖို့ ၃ ပတ်လိုသေးသော်လည်း တကယ်တမ်းက အခြေအနေတွေကို တစ်ခုခုလုပ်ဖို့ ဖေးချမ့်မှာ ၂ ပတ်သာ အချိန်ရသည်။
ဘာပဲဖြစ်ဖြစ် သူ အမြန်လုပ်မှဖြစ်မည်။
ဖေးချမ့် ကျန်းယွမ်ကို ချက်ချင်း ဖုန်းဆက်လိုက်၏။
“ဟွမ်ယုထျန်ကျဲက အင်တာနက်ကဖေးဆိုင် အခြေအနေ ဘယ်လိုရှိလဲ”
ကျန်းယွမ်က ပြန်ပြောလိုက်သည်။ “အာ… ဘော့စ်ဖေး ကျွန်တော်တို့ လောလောဆယ်တော့ အရှုံးပေါ်နေတုန်းပဲ”
“ကွန်ပျူတာ နေရာယူနှုန်းကကော”
ကျန်းယွမ်က ပြန်ပြော၏။ “၃၀ - ၄၀ ရာခိုင်နှုန်းလောက်။ ဒါပေမယ့် စိတ်ချထားပါ ဘော့စ်ဖေး။ သိပ်မကြာခင် အားလုံးအဆင်ပြေလာမယ်လို့ ကျွန်တော် ယုံကြည်တယ်”
‘အဆင်ပြေလာမယ်’ ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ဖေးချမ့် ပါးစပ်တောင် တွန့်သွားရသည်။
သို့သော်… ၃၀ - ၄၀ ရာခိုင်နှုန်း ဟုတ်လား။ ဒါဆို အဆင်ပြေနေတာပဲ သူတို့အရှုံးပေါ်နိုင်သည့် အချိုးအတွင်း ရှိနေပါသေးသည်။
သို့သော်လည်း ထိုနေရာမျိုးမှာ ကွန်ပျူတာနေရာအချိုးက ၃၀ - ၄၀ ရာခိုင်နှုန်းလောက််အထိ ရှိနိုင်လိမ့်မည်ဟု ဖေးချမ့် မမျှော်လင့်ခဲ့ပါ။
ဧကန္တ ဟွမ်ယုထျန်ကဲက ကြွယ်ဝချမ်းသာသူများသဖြင့် ထိုဆိုင်မှာ အင်တာနက်ကသုံးဖို့ လူတွေ ရွေးချယ်ကြတာများလား။
အင်း… အဲ့တာပဲဖြစ်နိုင်ချေများတယ်။ ဘာပဲဖြစ်ဖြစ် ကဖေးကို ကျင်းကျိုးမြို့ရဲ့ အကြီးဆုံး ရှော့ပင်းမောကြီးမှာ ဖွင့်ထားတာပဲလေ။ လူသွားလူလာများတာ ပုံမှန်ပါပဲ။
ထိုနေရာမှာသာ ဖေးချမ့် ကဖေးတွေ ထပ်ဖွင့်လိုက်ပါက အခြေအနေတွေ ပိုဆိုးသွားမယ်မဟုတ်လား။
အချိန်တွေ လည်ပတ်နေပါပြီ။ ဖေးချမ့် ဆုံးဖြတ်ချက် အမြန်ချရမည်။ “ယွီအင်တာနက်ကဖေး ၂ ဆိုင်… အဲ… ၃ ဆိုင်ထပ်ဖွင့်ဖို့ မင်းတို့ကို ငွေလွှဲပေးလိုက်မယ် ရှော့ပင်းမောအကြီးစားကြီးတွေမှာပဲ ဖွင့်ရမယ်နော် ဟွမ်ယုထျန်ကျဲ ဆိုင်ခွဲလိုပဲ။ နားလည်ကြလား”
“အချိန် ၂ ပတ်ပေးမယ်။ အဲ့ဒီ ၃ ဆိုင်စလုံးကို ၂ ပတ်အတွင်း လုပ်ငန်းစလို့ရအောင် သေချာလုပ် အချိန်မှီ လုပ်မှဖြစ်မယ်နော် ၁ ရက်လေးတောင် စွန်းသွားလို့မရဘူး။ လုပ်နိုင်မလား။”
Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းကလည်း အမြတ်တွေဝင်နေသည်။ ထိုဂိမ်းက ရရှိသည့် အမြတ်ပမာဏက အတော်လေးများသည်။ ဖေးချမ့် ဖိအားအများကြီး ကြုံတွေ့နေရသဖြင့် ငွေတွေပိုသုံးစွဲဖို့ လိုအပ်ပါသည်။ သူ အမြန်လည်း လုပ်မှဖြစ်မည်။ ကျန်းယွမ် ခေတ္တ ကြက်သေ သေသွား၏။ သူ့ကို ခိုင်မာသော လေသံဖြင့် ပြန်ပြောလိုက်ပါသည်။
“စိတ်ချ ဘော့စ်ဖေး၊ ကျွန်တော် ဒီတာဝန်ကို ကျေပွန်အောင် လုပ်ပါ့မယ်”
ကျန်းယွမ် ဖုန်းချလိုက်ပြီးနောက် အင်တာနက်ကဖေးထဲမှာ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်း ကစားနေသည့် ကတ်စတမ်မာကို ကြည့်ရင်း ရင်ထဲကြည်နူးသွားမိသည်။
ဘော့စ်ဖေးက တကယ်အားလုံးကို ထိန်းချုပ်ထားတာပါလား။ သူ ယွီအင်တာနက်ကဖေးကို မလာတာ ကြာပြီဖြစ်တာတောင် ဒီက လုပ်ငန်း အခြေအနေကောင်းနေမှန်း ဘယ်လိုသိသွားတာလဲ။
ဘော့စ်ဖေးက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ထုတ်လိုက်ရင် ဂိမ်းရဲ့ ဟာ့ဒ်ဝဲအကောင်းစား လိုအပ်ချက်ကြောင့် ယွီအင်တာနက်ကဖေးဆီ ကတ်စတမ်မာတွေ ရောက်လာမယ်လို့ ကြိုခန့်မှန်းထားတာလား။
ယွီအင်တာနက်ကဖေးဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တုန်းက အချိန်ကို ပြန်တွေးမိသည်။ စီးပွားရေးက အတော်ဆိုးရွားခဲ့ပြီး ကွန်ပျူတာနေရာပြည့်နှုန်းကလည်း ၁၀ ရာခိုင်နှုန်းလောက်သာ ရှိသည်။ ကွန်ပျူတာအများစုက အလွတ်အတိုင်းပင်။
သို့သော်လည်း ဆိုင်ကို ကတ်စတမ်မာတွေ ပိုပိုပြီး ရောက်လာကြပါသည်။ အများစုက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းကို ကစားကြသည်။ တချို့က တခြား ဂိမ်းအကြီးစားများကို ကစားကြသည်။ သို့သော်လည်း တူညီတာတစ်ခုကတော့ သူတို့ကစားတဲ့ ဂိမ်းတွေတိုင်းက ကွန်ပျူတာ အကောင်းစား လိုအပ်သည်ဆိုတာပင်။
အချိန်တွေ ကြာလာတာနဲ့အမျှ ဆိုင်ထဲတွင် ကတ်စတမ်မာတွေ ပိုပို တိုးပွားလာသည်။ လတ်တလော ကွန်ပျူတာနေရာပြည့်နှုန်းကလည်း ၃၀ - ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားခဲ့ပါသည်။
ကြည့်ရတာ ဘော့စ်ဖေးက လုပ်ငန်းအခြေအနေ တိုးတက်နေတာကို သိသွားပြီး ဒီအချိန်ကို အခွင့်ကောင်းယူကာ ယွီအင်တာနက်ကဖေးဆိုင်တွေထပ်ဖွင့်ဖို့ ရင်းနှီးမြှုပ်နှံတာ ဖြစ်လောက်သည်။
ဟုတ်တယ်။ အဲ့လိုပဲဖြစ်မယ်။
ကျန်းယွမ် ချက်ချင်းပဲ တခြား ရှော့ပင်းမောများကို ဆက်သွယ်လိုက်ပြီး အင်တာနက်ကဖေးတွေ ထပ်ဖွင့်ဖို့ သင့်တော်သည့် နေရာများကို ရှာဖွေလိုက်သည်။
ဖုန်းချပြီးနောက် ဖေးချမ့် လုမင်လျန်ကို ဖုန်းဆက်လိုက်ပြန်သည်။ လုမင်လျန်ကို လေဆန်ပို့ဆောင်ရေးရုံး ၁၀၀ လောက် ထပ်ဖွင့်ခိုင်းလိုက်၏။
ပြောစရာမလိုအောင် လေဆန်ပို့ဆောင်ရေးရုံး ၁၀၀ ဆိုတာက စံအရေအတွက်ပဲဖြစ်ပါသည်။ လေဆန်ပို့ဆောင်ရေးရုံးတွေကို ဖွင့်ရတာက အစောပိုင်းမှာ ကုန်ကျစရိတ် နည်းသော်လည်း ဆိုင်ခန်းနေရာငှားဖို့၊ ဂိုထောင်စင်များ ဝယ်ယူဖို့၊ ဝန်ထမ်းများ ခန့်အပ်ဖို့ စသည်တို့အတွက် အချိန်တွေ အများကြီး လိုအပ်ပါသည်။
ဖေးချမ့်က လုမင်လျန်ကို လေဆန်ပို့ဆောင်ရေး ရုံး ၁၀၀ ဖွင့်ဖို့သာ ခိုင်းလိုက်ခြင်း ဖြစ်၏။ ပို့ဆောင်ရေးရုံးတွေကို ပိုပြီးဖွင့်လေလ ပိုပျော်စရာကောင်းလေလေ ဖြစ်သည်။ လုမင်လျန်ကို ဖွင့်နိုင်သမျှ အများဆုံးဖွင့်စေချင်ရုံသာ ဖြစ်သည်။
ငွေစာရင်းရှင်းချိန်ကို မထိခိုက်သရွေ့ ဖေးချမ့်အတွက် အားလုံးအဆင်ပြေသည်။ ထိုအစီအစဥ်များကို ဆောင်ရွက်ပြီးနောက် ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက ရေပန်းစားလာပြီး သူ့ကိုငွေတွေအများကြီး ရှာပေးနေရင်တောင် ဖေးချမ့်အတွက် အဆုံးသတ် မဟုတ်နိုင်တော့ပါ။
အဆုံးသတ်ဖြစ်နေရင်တောင် အနည်းဆုံးတော့ အကြွင်းအကျန် ကောက်လို့ ရပါသေးသည်။
ဖေးချမ့် ထိုင်ခုံပေါ်မှီထိုင်လိုက်ကာ ညှိုးငယ်စရာ လေထုတစ်ခုက သူ့ကို ဝိုင်းရံလိုက်သည်။ ညှိုးငယ်သလို ခံစားနေရသော်လည်း ဘဝကို ရှေ့ဆက်တိုးရပါမည်။
ဖေးချမ့် Forum ကိုဖွင့်ကြည့်လိုက်ပြီး မျှော်လင့်ချက် သိပ်မထားဘဲ စာမျက်နှာကို Refresh လုပ်လိုက်ပါသည်။ ရုတ်တရက်ကြီး သူ့မျက်လုံးတွေ အရောင်တောက်သွားစေမည့် ပို့စ်တစ်ခုကို မြင်လိုက်ရ၏။
“ဟမ်။ နောက်ဆုံးတော့ Review သမားအတုတွေ ကိုယ့်အလုပ်ကိုယ်လုပ်ကြပြီလား”
“ငွေသုံးရတာ တန်သွားပြီပဲ”
ဘော့စ်ဖေးတစ်ယောက် ဖုန်းတွေဆက်ပြီး အလုပ်ရှုပ်နေချိန်တွင် Review သမားအတုတွေကလည်း အလုပ်ရှုပ်နေကြပါသည်။ တကျော့ပြန်လာနိုင်ဖို့ မျှော်လင့်ချက်က ကျဥ်းမြောင်းသော်လည်း အားလုံး လက်မလျှော့ကြသေးပါ။ Review သမားအတုများစွာက ကြိုးစားနေကြဆဲ ဖြစ်သည်။ တချို့က အလုပ်ကို စိတ်ပါလွန်းသဖြင် ငွေပြန်အမ်းခွင့် ကန့်သတ်ချက် အချိန်ကိုတောင် ကျော်လွန်သွားကြပါသည်။
သို့သော်လည်း ဂိမ်းထဲမှာ အဆင့်တွေ အများကြီး အောင်နိုင်နေသော်လည်း ဂိမ်းကို ဝေဖန်ဖို့ အကြံကောင်းကောင်းထုတ်ရသေးပါ။
ရုတ်တရက် Chat Group ထဲက မက်ဆေ့တစ်စောင်က အားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
“ငါ့ကောင်တို့ ဒီပို့စ်ကို ကြည့်လိုက်စမ်း ဖုတုက တချို့ မွန်းစတားတွေကို တိုက်ခိုက်ဖို့ပဲ သုံးလို့ရတာတဲ့ ပြန်လည်မွေးဖွားခြင်းနဲ့ ဖြစ်တည်ခြင်း ဇာတ်သိမ်းကို ရဖို့အတွက်ပဲ သုံးလို့ရတာ။ ငရဲအောက်ဆုံးအထပ်က ရန်သူတွေ ဒါမှမဟုတ် ငရဲမင်းရဲ့ နန်းတော်ထဲက ရန်သူတွေကို တိုက်ခိုက်ဖို့ သုံးမယ်ဆိုရင် လက်နက်ရဲ့ Damage က အရမ်းကျသွားလိမ့်မယ် ငါတို့ အဲ့အချက်ကို ပြဿနာ ရှာလို့ရမယ်ထင်လား”
ဟူရှောင်း မှင်သက်သွား၏။ ပို့စ်ကို အမြန်ဖွင့်ကာ ကြည့်လိုက်ပါသည်။
သူလည်း ဖုတုလက်နက်ကိုသုံးပြီး အဆင့်တွေ နိုင်ချင်သဖြင့် ဖုတုလက်နက်နဲ့ ပတ်သတ်သည့် ပို့စ်အားလုံးကို သေချာ အာရုံစိုက်ခဲ့သည်။
ဂိမ်းထွက်ထားတာ ၆ ရက် ရှိပါပြီ။ ဖုတုကို လွန်ခဲ့သည့် ၂ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မနေ့က ရေပန်းစားသွားခဲ့သည်။
ကျွမ်းကျင်ဂိမ်မာများစွာက ဂိမ်းရဲ့နောက်ဆုံးပိုင်းအဆင့်ကိုတောင် ရောက်နေပါပြီ။ ဖုတုလက်နက်ကို အသုံးပြုသည့် တချို့ ကစားသမားတွေကလည်း နောက်ဆုံးအဆင့်တချို့ကို ရောက်ကုန်ကြလေပြီ။
ဂိမ်း၏ ဆက်တင်အရဆို ဖုတုက ပြန်လည်မွေးဖွားခြင်းနှင့် ဖြစ်တည်ခြင်း လောက ၆ ပါး ဇာတ်သိမ်းကို ရရှိဖို့သာ အသုံးပြုနိုင်မည်။ ငရဲ၏ အောက်ဆုံးအထပ် သို့မဟုတ် ငရဲမင်း၏ နန်းတော်ထဲမှာ သုံးပါက လက်နက်၏ Damage က တခြားသာမန်လက်နက်တွေနဲ့ မခြားနားတော့ပါ။
ထို့ကြောင့် ဖုတုလက်နက်ကို အသုံးပြုနေသည့် ကစားသမားတွေက မရဏလောကသို့ အသွားလမ်းအဆင့်နဲ့ အသက်ကျောက်တုံး ၃ တုံးအဆင့်တို့ကိ ကျော်လွန်ပြီး မတူညီသည့် ဇာတ်သိမ်းများကို အဆုံးအဖြတ်ပေးမည့် နေရာကို ရောက်တာနဲ့ ပြဿနာများ ကြုံရပါမည်။ သို့သော်လည်း အဲ့ဒီအချက်မှာ ဘာဝေဖန်စရာရှိလို့လဲ။
ဟူရှောင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
Chat Group ထဲက လူတွေလည်း မေးခွန်းထုတ်လာကြသည်။
“ငါတို့ အဲ့တာကို ဘယ်လို အသုံးချရမှာလဲ”
“အဲ့တာ သာမန် ဂိမ်းဆက်တင်တစ်ခုပဲ မဟုတ်ဘူးလား”
“မဟုတ်ဘူး ငါတော့ ဒါက ကုမ္ပဏီ အသုံးချနေတဲ့ လှည့်ကွက်လို့ပဲမြင်တယ်။ ကစားသမားတွေကို စိတ်ပျက်သွားအောင် လုပ်ဖို့လေ သူတို့က ငါတို့ကို မွန်းစတား တချို့တလေကိုပဲ တိုက်ခိုက်လို့ရမယ့် လက်နက်မျိုးပေးတယ်။ ဂိမ်းက လွယ်တယ်ဆိုပြီး လှည့်စားဖို့အတွက် ရည်ရွယ်တာ။ ဒါပေမယ့် ၅ နာရီလောက်ကြာတဲ့အခါ ငွေပြန်အမ်းခွင့် ကန့်သတ်ချက် အချိန် ကုန်သွားမှ ကစားသမားတွေက ဂိမ်းရဲ့နောက်ဆုံးအဆင့်တွေမှာ ထပ်ပြီး အနှိပ်စက်ခံရဦးမယ်မှန်း သိသွားကြမှာလေ”
“အဲ့ဒါကြောင့် ဒီအကွက်က ကစားသမားတွေကို ငွေပြန်တောင်းလို့မရအောင် တားတဲ့ လိမ်နည်းကြီးပဲ ဂိမ်းရဲ့ အဓိက အချက်က မပြောင်းလဲသေးဘူး။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကစားသမားတွေကို ရွံရှာသွားအောင်လုပ်ဖို့ပဲ”
“ဘာလဲဟ”
“အဲ့အကြောင်းအရင်းလောက်နဲ့ မလုံလောက်ပေမယ့် ငါတို့ အရင်က သုံးနေတဲ့ အရူးလို ဝေဖန်ချက်တွေထက်တော့ အများကြီး ပိုကောင်းတယ်”
“သူပြောတာ အဓိပ္ပာယ်ရှိတယ်ထင်တယ် ဒီဂိမ်းကုမ္ပဏီက ကစားသမားတွေကို တမင်သက်သက် ရွံအောင် လုပ်ဖို့ ကြိုးစားနေတာလား။ မွန်းစတား တချို့တလေကိုပဲ တိုက်ခိုက်ဖို့ သုံးနိုင်မယ့် လျှို့ဝှက် လက်နက်မျိုးကို ဖန်တီးလိုက်ရတာလဲ။ ဘာလို့ အဲ့ဒီလက်နက်နဲ့ မွန်းစတား အကုန်လုံးကို တိုက်ခွင့်မပြုတာလဲ”
“ဟုတ်တယ် ဂရုမစိုက်တော့ဘူးကွာ ငါတို့ ဒီအချက်အလက်ကို သုံးပြီး အငြင်းပွားစရာတွေ ဖန်တီးသင့်တယ်လို့ ထင်တယ်။ ကတ်စတမ်မာရဲ့ ငွေကို ယူထားပြီး ဘာမှမလုပ်ဘဲနေလို့မရဘူး”
သိပ်မကြာခင် Forum ပေါ်တွင် ရေပန်းစားပို့စ်တစ်ခုက ပေါ်လာခဲ့ပါသည်။
“ဖုတုက အလိမ်လက်နက်ကြီးပဲ ဒီဇိုင်းအဖွဲ့က တမင်သက်သက် မကောင်းတဲ့အကြံအစည်နဲ့ လုပ်ထားတာ။ သူတို့ထောင်ချောက်ကို မမိစေနဲ့”
“ဖုတုလက်နက်က ဂိမ်းရဲ့ အစောပိုင်းအဆင့်တွေမှာ အရမ်း အသုံးဝင်တာ အားလုံးသိပြီးလောက်ပြီပေါ့။ မွန်းစတားတွေကို တိုက်ရတာက ဟင်းသီးဟင်းရွက် လှီးရသလောက်ကို လွယ်တယ်။ ဒါပေမယ့် နောက်ပိုင်းအဆင့်တွေကို ရောက်တဲ့အခါကျရင်တော့ လက်နက်က တချို့မွန်းစတားတွေကို တိုက်ခိုက်ဖို့ အသုံးမဝင်တော့ဘူး။ သာမန်လက်နက်နဲ့တောင် မခြားတော့ဘူး။ အဲ့လက်နက်ကို အဆင့်တင်လို့မရမှန်းလည်း လူတွေသိကုန်ကြပြီ”
“အဲ့ဒီမှာ ဂိမ်းကုမ္ပဏီရဲ့ မရိုးသားမှု ပေါ်လာတာပဲ။ ငါတို့ကို ဒီလက်နက်နဲ့ ဂိမ်းကစားအောင် လှည့်စားခဲ့တာ။ ငွေပြန်အမ်းခွင့် ကန့်သတ်ချိန် ကုန်သွားတာနဲ့ ငါတို့ နောင်တရလည်း အရမ်းနောက်ကျသွားပြီ”
“ဒီဇိုင်နာက ဆိုက်ကိုကြီးထင်တယ်။ သူက ကစားသမားတွေကို နှိပ်စက်ဖို့သက်သက်နဲ့ ဂိမ်းကို ဖန်တီးခဲ့တာ။ ကုမ္ပဏီရဲ့ ထောက်ချောက်ကို မမိစေနဲ့”
“အနှိပ်စက်မခံချင်တဲ့ ကစားသမားတွေအကုန်လုံးကို ဂိမ်းကို လုံးဝ မကစားမိအောင် ရှောင်ကြ။ ဂိမ်းကို ဝယ်ပြီးသားဆိုရင်လည်း အမြန်ဆုံး ငွေပြန်တောင်းကြ ဖုတုလက်နက်ရဲ့ လှည့်စားတာကို မခံရစေနဲ့”
ထိုမက်ဆေ့ကို တင်လိုက်တာနဲ့ Review သမားအတုတွေ စတင်လှုပ်ရှားကြသည်။
တချို့က ပို့စ်ကို ကောမန့်ရေးဖို့ တာဝန်ယူကာ တချို့ကတော့ ထို ပို့စ်ကို Forward လုပ်ဖို့ တာဝန်ယူကြသည်။ သိပ်မကြာခင် ထိုပို့စ်၏ ရေပန်းစားမှု ထိုးတက်သွားခဲ့ပါသည်။
အမှန်ပင်။ ဒီပို့စ်၏ သဘောသဘာဝက ဂိမ်းကို ဘာမှမစဥ်းစားဘဲ ဝေဖန်နေတာမျိုးသာဖြစ်သည်။ ထို့ကြောင့် ကစားသမားတွေအပေါ် သက်ရောက်မှု မရှိပေ။
သို့သော်လည်း Review သမားအတုများ၏ အားထုတ်ကြိုးပမ်းမှုကြောင့် ပို့စ်က အာနိသင်တချို့တော့ ရှိလာခဲ့ပါသည်။
ဖုတုလက်နက်ကြောင့် ဂိမ်းကို ကစားကြည့်ဖို့ တွေးမိသည့် Netizen များ စိတ်ပြောင်းသွားကြသည်။ ဖုတုလက်နက်ကို ဂိမ်း၏ အစောပိုင်းအဆင့်များမှာသာ သုံးနိုင်ပါက ဂိမ်းရဲ့ အဆင့်အများစုမှာ ဆက်ပြီး နာကျင်ခံစားရဦးမှာပဲ မဟုတ်လား။ အဲ့တာဆို ပိုဆိုးမသွားဘူးလား။
အစောပိုင်းမှာ အဝပျော်ထားသော်လည်း လက်နက်ဖြင့် အလွယ်တကူ အောင်ထားသည့် အဆင့်များအတွက် နောက်ပိုင်းအဆင့်တွေမှာ ပြန်လည်ပေးဆပ်ရမည်။ ထို့ကြောင့် ဂိမ်းကို ကစားကြည့်မည့် ကစားသမားများစွာကို အားလျော့သွားစေပါသည်။
ဖေးချမ့် နောက်ဆုံးတော့ ပြုံးမိလေပြီ။
Review သမားအတုတွေ တကယ်ပျော်တာပဲ ငါ့ပိုက်ဆံ အလကားမဖြစ်ဘူး ဂိမ်းကို ဘာမှမစဥ်းစားဘဲ ဝေဖန်ဖို့ တကယ်ကြီး နည်းလမ်းရှာတွေ့သွားကြတာပဲ။ သူတို့အတွက်လည်း လွယ်ခဲ့မှာ မဟုတ်ဘူး။
ဖေးချမ့် Review သမားအတုများကို သူတို့လုပ်ရပ်ကြောင့် ငွေပိုပေးချင်သွားသည်။
အခြေအမြစ်မရှိသည့် ဝေဖန်ချက်များက သက်ရောက်မှုသိပ်မရှိသော်လည်း ဖုတုလက်နက်က မွန်းစတားတချို့ကို တိုက်ခိုက်ဖို့သာ သုံးနိုင်သည်ဟူသည့်အချက်ကို မီးမောင်းထိုးပြသွားပါသည်။ ဒီလိုဆိုသေချာပေါက် ဂိမ်းစကေးညံ့သည့် ကစားသမားများစွာကို ဂိမ်းကစားဖို့ အားလျော့သွားစေလိမ့်မည်။
လူ ၁ ယောက်လောက်ကိုပဲ ဂိမ်းမကစားအောင် တားနိုင်လျှင်တောင် အောင်မြင်မှုက သတိထားမိစရာဖြစ်သည်။
Review သမားအတုများအတွက် သုံးလိုက်ရသည့်ငွေက တကယ်တန်ကြောင်း ဖေးချမ့် အံ့သြတကြီး ရေရွတ်မိပါတော့သည်။