အခန်း(၉၇) ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ရှာဖွေမယ့် အစည်းအဝေး
Vol. 7 Ch. 97
အခန်း(၉၇) ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ရှာဖွေမယ့် အစည်းအဝေး
၂၄ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင်...
ဒီဇိုင်းအဖွဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။
ဒီဇိုင်းမူကြမ်းများကို သတ်မှတ်ပြီးကာ ထုတ်လုပ်ပြီးသားဖြစ်သဖြင့် ဖေးချမ့် အစည်းအဝေးပွဲကို မတက်ရောက်ခဲ့ပါ။ ဘော့စ်တစ်ယောက်အနေဖြင့် ဒီလိုအသေးအဖွဲကိစ္စများအား အာရုံစိုက်ဖို့ မလိုပေ။ အာရုံစိုက်စရာအကြောင်းလည်း မရှိပါ။
လုမင်းလျန်က ထိုအချိန်တွင် တာဝန်အားလုံးကို လွှဲပြောင်းယူထားပြီးဖြစ်ပါသည်။
ဟွမ်းစစ်ပေါ် သေပြီး -အဲ- အနားယူသွားပြီးကတည်းက အားလုံးအနည်းငယ် လမ်းပျောက်နေခဲ့သည်။ ယခင်တုန်းက အားလုံးမှာ ၎င်းတို့၏ ကိုယ်ပိုင် ကဏ္ဍလေးများ ရှိကြသည်။ ဒီဇိုင်းအဖွဲ့၏ တည်ဆောက်ပုံကိုလည်း ဘာမှ များများစားစား မပြောင်းလဲခဲ့ပါ။ ထို့ကြောင့် သူတို့ လမ်းမှန် အမြန်ဆုံး ပြန်ရောက်သွားခဲ့ပါသည်။
ထိုအချိန်တွင် လုမင်းလျန်ကလည်း တဖြည်းဖြည်းနဲ့ အစီစဥ်ဆွဲသူချုပ်အဖြစ် အသားကျလာခဲ့ပါသည်။ အလုပ်များကို ကိုယ်တိုင်သာလုပ်ပြီး တစ်ခါတစ်လေ သူများကို တာဝန်ပေးရမည့်အစား ကိုယ်တိုင် လုပ်တတ်သည်ကလွဲပြီး တခြားပြဿနာမရှိပါ။
အစီစဥ်ဆွဲသူချုပ် လုပ်ရတာ ကြာလာသောအခါ လုမင်းလျန်တစ်ယောက် ဒီအလုပ်မှာ ထင်ထားတာထက် ပိုလွယ်နေကြောင်း သိလိုက်ရပါသည်။
သမုဒ္ဒရာရဲတိုက်တုန်းက အတွေးအကြုံများကြောင့် ဒီအဖွဲ့မှာ အလွန်အမင်း ရင့်ကျက်လာခဲ့သည်။ လုမင်းလျန်က အလုပ်၏ အဓိက အချက်များကို သေချာအောင်လုပ်နိုင်သရွေ့ အဖွဲ့ထဲက တခြားလူများကလည်း ၎င်းတို့၏ ကဏ္ဍများကို သေသပ်စွာ ကိုင်တွယ်ကြပါလိမ့်မည်။
လုမင်းလျန် ရုတ်တရက်ကြီး အနည်းငယ် တွေးလိုက်မိပါသည်။
ဒါဆို လူတွေအများကြီး ဒီအလုပ်ကို လုပ်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ တစ်ခုတည်းသော ခြားနားချက်ဆိုလို့ သူတို့ကို အစီစဥ်ဆွဲသူချုပ်ဖြစ်လာဖို့ အခွင့်အရေးမပေးရသေးတာပဲရှိတယ်။
အရင်အလုပ်တုန်းက တောက်တိုမယ်ရအလုပ် မှန်သမျှကို လုပ်ခဲ့တုန်းက နေ့တိုင်း အားအင်ကုန်ခမ်းကာ ခွေးတစ်ကောင်လို အချိန်ပိုလုပ်ခဲ့ရသည်။ သို့သော်လည်း သူ့အစွမ်းအစက လုံးဝ တက်မလာခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဖန်တရာတေနေသည့် သာမန်အလုပ်များကိုသာ လုပ်ခဲ့ရသောကြောင့် ဖြစ်ပါသည်။
သူ အလုပ်ရသောအခါ အစီအစဥ်ရေးဆွဲသူချုပ်အဖြစ် လုပ်နိုင်ပါ့မလားဟု စဥ်းစားမိစေခဲ့၏။
သို့သော်လည်း အချိန်တချို့ကြာသောအခါ သူထင်ထားလောာက် မခက်ခဲမှန်း သိလိုက်ရပါသည်။ အခုစဥ်းစားကြည့်ခါမှ အရင်ကုမ္ပဏီက အစီအစဥ်ရေးဆွဲသူချုပ်ရာထူးမှာ ဝန်ထမ်းများကို ၎င်းတို့၏ စီနီယာကျမှုနဲ့ အတွေ့အကြုံများအရ ပြိုင်ဆိုင်စေသည်။ သို့သော်လည်း ထိုအရာများက လိုအပ်သည့် အရည်အသွေးများ မဟုတ်ပါ။ သင့်တော်သည့် ဝန်ထမ်း စာရင်းတစ်ခုသာ ရလာနိုင်သည်။
ဘော့စ်ဖေးကိုယ်တိုင် လူတွေကို ရွေးချယ်ခန့်အပ်ပြီး အလုပ်ပေးတဲ့ နည်းလမ်းကြောင့်များလား။ လုမင်းလျန်တစ်ယောက် နေရာတိုင်းမှာ ပါရမီရှင်များ ရှိနေသောာ်လည်း အသိအမှတ်မပြုခံခဲ့ရမှန်း နားလည်ခဲ့ရပါသည်။
ခေါင်းဆောင်ကောင်းတစ်ယောက်က အကောင်းဆုံးကြိုးစားပြီး သူ့ဝန်ထမ်းများကို ၎င်းတို့၏ အလားအလာနဲ့ ဖန်တီးနိုင်စွမ်းတို့အား ပြသခွင့်ပေးရမည်။ ဝန်ထမ်းများအပေါ် အခွင့်ကောင်းယူတတ်သည့် ခေါင်းဆောင်များကတော့ စဥ်းစားဉာဏ်တုံးသွားမည့် စက်ရုပ်များအဖြစ် ပြောင်းလဲကြလိမ့်မည်။ ထို့ကြောင့် ဝန်ထမ်းများ၏ လုပ်ကိုင်နိုင်စွမ်းများ အချိန်နဲ့အမျှ လျော့ကျလာနိုင်ပါသည်။
ထိုသို့စဥ်းစားမိသောအခါ လုမင်းလျန် ဘော့စ်ဖေးအား လေးစားရမည့် အချက်တစ်ချက် တိုးလာခဲ့ပြန်ပါသည်။
လုမင်းလျန်က လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့အစည်းအဝေးပွဲအတွက် အဓိက အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ကျွန်တော် ဂိမ်းဒီဇိုင်နာအတွက် အသံသရုပ်ဆောင်လုပ်ဖို့ ရုံးကနေ ၂ ရက် ၃ ရက်လောက် ပျောက်သွားမယ်ဆိုတဲ့အကြောင်းပါ။ ဘာကြောင့်လဲလို့ မမေးကြပါနဲ့။ ကျွန်တော်လည်း မသိပါဘူး..."
အခုအချိန်အထိ လုမင်းလျန်က ဖေးချမ့်သူ့ကို အသံသရုပ်ဆောင်အဖြစ် ဘာကြောင့်ရွေးခဲ့သလဲ နားမလည်နိုင်သေးပါ။ ဘယ်လိုပဲစဥ်းစားခဲ့ပါစေ သူ့ဆုံးဖြတ်ချက်က အထူးခြားဆုံး လူသားအပြုအမူဆုကို ရနိုင်ပါသည်။
သို့သော်လည်း ဆုံးဖြတ်ချက်ချတာ ဘော့စ်ဖေးဖြစ်နေသဖြင့် သံသယဖြစ်စရာမရှိဘဲ မှန်ကန်နိုင်ပါသည်။
တခြားလူများလည်း ကြောင်သွားကြသည်။ ဘာဖြစ်တယ်။
ဂိမ်းတစ်ခုကို အစီအစဥ်ဆွဲနေတုန်း တန်းလန်းကြီး အစီစဥ်ဆွဲသူချုပ်က အသံသရုပ်ဆောင်လုပ်ဖို့ အနားယူသွားတယ်တဲ့လား။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လုမင်းလျန်က ဆက်ပြော၏။ "ဒုတိယတစ်ချက်ကတော့ အားလုံးအချိန်ယူပြီး နောက်ခံစကားပြောတွေကို ဖတ်ကြည့်ပြီးတော့ ကိုယ့်ရဲ့ ကျရာတာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ မျှော်လင့်ပါတယ်။ ကျွမ်းကျင်သူ ရွမ်ကွမ်းကျန်နဲ့လည်း အချိန်မှန် ဆက်သွယ်ဖို့ လိုတယ်နော်။ ခင်ဗျားတို့ မရှင်းနိုင်တဲ့ ပြဿနာရှိလာရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ။"
လုမင်းလျန်က လာမည့် တာဝန်များအတွက် ရိုးရှင်းသော ညွှန်ကြားချက်များကို ပေးလိုက်ပါသည်။
ဂိမ်းထဲက နောက်ခံစကားပြောများအတွက် စာသားအများကြီး မရှိပါ။ အားလုံး ချောချောမွေ့မွေ့ အဆင်ပြေသွားပါက ၃ ရက်လောက်နဲ့ အလုပ်ပြီးနိုင်ပါသည်။
သူက ၃ ရက်သာ သွားမည်ဖြစ်သော်လည်း အချိန်ကတန်ဖိုးရှိပါသည်။ လုမင်းလျန်က သူတို့ ရေသာခိုကြမှာ သို့မဟုတ် သူတို့မကိုင်တွယ်နိုင်သည့် ပြဿနာမျိုးနဲ့ ကြုံရမှာကို စိုးရိမ်နေပါသည်။ ထို့ကြောင့် သူတို့ကို အကြိမ်ကြိမ် သတိပေးခဲ့ပါသည်။
သူ့ညွှန်ကြားချက်များကိုပေးပြီးနောက် အဖွဲ့က အလုပ်အကြောင်း အသေးစိတ်ကို လွတ်လွတ်လပ်လပ် စတင်ဆွေးနွေးလေသည်။ ဒီဇိုင်းမူကြမ်းက အလွန်အသေးစိတ်ကျသောကြောင့် ကျန်နေသည့် ပြဿနာအနည်းငယ်လည်း အမြန်ဆုံး ပြေလည်သွားပါသည်။
လင်းဝမ်တစ်ယောက် တစ်ချိန်လုံး ဇာတ်ညွှန်းမိတ္ထူတစ်ရွက်ကို ကိုင်ထားပြီး ဂီမ်းဒီဇိုင်နာ၏ နောက်ခံစကားပြောများကို ကြည့်နေသည်ကို လုမင်းလျန် သတိထားလိုက်မိပါသည်။
သူ အနည်းငယ် စိတ်ဝင်စားသွား၏။
နောက်ခံစကားပြောတွေကိုကြည့်ရင်း...
နောက်ခံစကားပြောက ငါ့အလုပ် မဟုတ်ဘူးလား။
လင်းဝမ် ထန်းတာ့နက်ခ်ဝါ့ကုမ္ပဏီလီမိတက်မှာ ရှိနေတာ တစ်လကျော်ပါပြီ။
ဒီလထဲ တခြားဝန်ထမ်းများလိုပဲ အသေးစား လုပ်ငန်းမျာားကိုသာ လုပ်ကိုင်ရသေးသည်။ သူမက အလုပ်ကောင်းကောင်းလုပ်ပြီး တာဝန်သိတတ်သော ဝန်ထမ်းတစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း သူမကို တာဝန်ပေးထားသည့် အလုပ်က သိပ်ပြီး မခက်ခဲသောကြောင့် အဖွဲ့ထဲ မရှိတာ များပါသည်။
လင်းဝမ်က ဂိမ်းဒီဇိုင်နာ၏ နောက်ခံစကားပြော ဇာတ်ညွှန်းများကို ထပ်ခါထပ်ခါ လှန်ကြည့်နေမိသည်။ သူမ ဆက်တိုက်လှန်နေသဖြင့် တချို့စာမျက်နှာများဆို ပြဲတောင် ပြဲနေပါပြီ။
"ကျွန်...ကျွန်မ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီထင်တယ်" လင်းဝမ်က လုမင်းလျန်ကို ကြည့်လိုက်ပါသည်။
"ဟမ်" လုမင်းလျန်က ကြောင်သွားပါသည်။
"ကျွန်တော့်ကို နောက်ခံစကားပြောလုပ်ဖို့ တာဝန်ပေးခဲ့ရတဲ့ ရည်ရွယ်ချက်ကို ပြောတာလား။"
လင်းဝမ်က ခေါင်းကိုငြိမ့်ကာ ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြောလိုက်ပါသည်။ "ဟုတ်ပါတယ်။"
"မြန်မြန်ပြောပါ" လုမင်းလျန်ကလည်း အလွန်အမင်း စိတ်ဝင်စားသွားပါသည်။
ဘော့စ်ဖေးက သူ့ကိုဘာကြောင့် နောက်ခံစကားပြောလုပ်စေချင်မှန်း မသိဘဲ သူ့အလုပ် မပြီးမြောက်နိုင်ခြင်းကြောင့် ဂိမ်းကြန့်ကြာသွားမှာကို စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် သူ အလွန်အမင်း သိချင်နေခဲ့ပါသည်။
ယခု လင်းဝမ်ပြောတာကို ကြားလိုက်ရခါမှ ဘော့စ်ဖေးမှာ ပိုနက်နဲတဲ့ရည်ရွယ်ချက်ရှိနေတာ တကယ်ပဲလား။
လင်းဝမ်က ဇာတ်ညွှန်းများကို လှန်ကြည့်ရင်း သူမ၏ ဆန်းစစ်တတ်သော ပုံစံပြောင်းလိုက်ပါသည်။ "ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေက တော်တော်လေး နက်ရှိုင်းအောင် ဖုံးကွယ်ထားတာပဲ။ အဲ့တာကြောင့် ကျွန်မတို့ အစပိုင်း မမြင်နိုင်ခဲ့ကြတာ၊။ ကျွန်မလည်း ဘော့စ်ဖေးကိုယ်တိုင် အကြိမ်ပေါင်းများစွာ မွမ်းမံထားတဲ့ နောက်ခံစကားပြောတွေနဲ့ မကြာသေးခင်က ထွက်ထားတဲ့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝတို့ကို ပေါင်းကြည့်ပြီးမှ မသဲမကွဲ သိလိုက်ရတာပါ။"
"ဂိမ်းဒီဇိုင်နာက ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝနဲ့ ဆင်တူတယ်ထင်တယ်။ နှစ်ခုစလုံးက အရွဲ့တိုက်တဲ့ သက်ရောက်မှုမျိုးကို ရရှိဖို့ အမှောင်ဟာသတွေကို သုံးထားတယ်။ နောက်ခံစကားပြောက ဒီစာသားတွေကို ကြည့်ပါဦး။ နောက်ခံစကားပြောတွေက ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်တွေကို အစကတည်းက လွှမ်းမိုးလိမ့်မယ်။ သူအကြံပေးတဲ့ ဆုံးဖြတ်ချက်တိုင်းက အသင့်တော်ဆုံးနဲ့ အမြတ်ရနိုင်ဆုံးလို့ ထင်ရတယ်။”
"ဥပမာအားဖြင့် Value-added ဝန်ဆောင်မှုနဲ့ Buy-to-play ပုံစံတို့အကြား ဆုံးဖြတ်တဲ့နေရာမှာ နောက်ခံစကားပြောက Value-added ဝန်ဆောင်မှုကို ရွေးဖို့ ဖျားယောင်းလိမ့်မယ်။ Low Paywall နဲ့ High Paywall ကို ရွေးတဲ့အခါကျရင် နောက်ခံစကားပြောက High Paywall ကိုရွေးဖို့ ဖျားယောင်းလိမ့်မယ်။"
"ရုပ်ထွက်စတိုင်အများကြီးကို ရွေးတဲ့အခါကျရင်လည်း နောက်ခံစကားပြောက လက်ရှိမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ကာတွန်းစတိုင်ကို ရွေးဖို့ ဖျားယောင်းလိမ့်မယ်။"
"တစ်ကြိမ်ချင်းစီမှာ အကြံပေးချက်တွေက သင့်တော်တယ်လို့ ထင်ရတယ်။ ဘာပဲဖြစ်ဖြစ် ဂိမ်းကုမ္ပဏီတွေက သူတို့ရဲ့အမြတ်ကို သေချာအောင် လုပ်ရမယ်မဟုတ်လား။ အချိန်တော်တော်များများမှာ အဲ့ဒီအကြံပေးထားတဲ့ ရွေးချယ်မှုတွေက ဝင်ငွေအကောင်းနိုင်ဆုံး ရွေးချယ်မှုတွေ ဖြစ်လိမ့်မယ်။"
"ဒါပေမယ့် နောက်ဆုံး ဘာဖြစ်သွားမလဲ။"
"နောက်ခံစကားပြော ပြောတဲ့အတိုင်း ကစားသမားက လိုက်နာရင် သူတို့ရဲ့ နာမည်ပျက်သွားမယ်။ ကစားသမားတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်။ အဆိုးဆုံးက သူတို့မှာရှိသမျှ အကုန်ပြောင်သွားလိမ့်မယ်။ အဲ့အချိန်ကျရင် နောက်ခံစကားပြောတွေက ဘော့စ်တစ်ယောက်ဖြစ်ပြီး ဆုံးဖြတ်ချက် မပြတ်သားခဲ့တဲ့အတွက် လှောင်ပြောင်လိမ့်မယ်။ သူပြောတဲ့အတိုင်း အကုန်လိုက်လုပ်လို့ လှောင်ပြောင်လိမ့်မယ်။"
"နောက်ခံစကားပြောတွေက အဲ့ဒီ ရလဒ်တွေအတွက် တာဝန်ရှိတယ်လို့ထင်လာား။ မဟုတ်ဘူး။ သူတို့က မကောင်းတဲ့အကြံကို ပေးရုံပဲ။ ရွေးချယ်မှုကို သေချာမလုပ်နိုင်တဲ့ ကိုယ်တိုင်ကပဲ ကျရှုံးမှုအတွက် ပထမဆုံး အပြစ်တင်သင့်တဲ့လူပဲ။"
"နောက်ခံစကားပြောတွေကြောင့်အဲ့ဒီအရှုံးက အနာပေါ်ဆားပက်သလို ဖြစ်လိမ့်မယ်။ အဲ့တာကြောင့် ကစားသမားတွေ နေရခက်ပြီး စစ်မှန်သလို ခံစားကြရလိမ့်မယ်။"
"အဲ့တာ အမှန်တရားပဲ။ အရွဲ့တိုက်တာလည်း ဟုတ်တယ်။"
"ကမ္ဘာကြီးထဲမှာ စိတ်ရှုပ်ဖို့ကောင်းပြီး လူမုန်းများတဲ့ ဂိမ်းတွေ ဘာလို့ အများကြီး ရှိနေတာာလဲ။ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ အဲ့ဒီဘော့စ်တွေလည်း ဒီလမ်းစဥ်အတိုင်း လိုက်ခဲ့ကြလို့ပေါ့။"
"နောက်ခံစကားပြောတွေက သူတို့ရဲ့နှလုံးသားထဲက လောဘလို့ခေါ်တဲ့မိစ္ဆာလိုပဲ။ တစ်ကြိမ်ကို ခြေတစ်လှမ်းစီ သူတို့ကို လမ်းမှားရောက်စေတယ်။ နောက်ဆုံးမှာတော့ သူတို့ ချောက်နက်ထဲ ကျရလိမ့်မယ်။"
လုမင်းလျန်က လင်းဝမ်ပြောတာကို ကြားသောအခါ ခေါင်းကို ပြင်းထန်စွာ ငြိမ့်လိုက်ပါသည်။
အများကြီး အဓိပ္ပာယ်ရှိတာပဲ
"ဒါပေယ့်... နောက်ခံစကားပြောတွေ ပြောတဲ့အတိုင်းလိုက်မလုပ်ရင်ကော ကစားသမားတွေက ဘာလို့ ကျရှုံးတာလဲ။ အဲ့တာကကော အရွဲ့တိုက်တာပဲလား။" ဒီဇိုင်နာတစ်ယောက်က လက်မြောက်ကာ မေးလိုက်ပါသည်။