← Chapters

အခန်း(၄၉) ဆန်းစထရိုက်ခ် စတူဒီယို

Vol. 4 Ch. 49

အခန်း(၄၉) ဆန်းစထရိုက်ခ် စတူဒီယို

Vol. 4 Ch. 49

အခန်း(၄၉) ဆန်းစထရိုက်ခ် စတူဒီယို

ကွမ်ကျိုး

ဆန်းစထရိုက်ခ် စတူဒီယိုတွင်...။

"ထန်းတာ့ နက်ခ်ဝါ နည်းပညာ ကုမ္ပဏီလိမိတက် ဟုတ်လား"

"သူတို့က ငါတို့စတူဒီယိုကို ပညာဖလှယ်ဖို့ လာချင်တယ် ဟုတ်လား"

ကျိုးမူယန်က ခေါင်းရှုပ်သွား၏။

ဂိမ်းကုမ္ပဏီတစ်ခုက တခြားဂိမ်းကုမ္ပဏီတစ်ခုနဲ့ ပညာဖလှယ်တာကို သူ ကြားဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပုံမှန်ဆို ဒီလိုကိစ္စမျိုးကို တက္ကသိုလ်ကျောင်းသားများက အတွေ့အကြုံယူဖို့နှင့် ကျောင်းပြီးသောအခါ အလုပ်ခွင်ဝင်နိုင်အောင် ပြင်ဆင်ဖို့အတွက် လုပ်တတ်ကြသည်။

သို့သော် ကိုယ့်ဝန်ထမ်းများအတွက် ဒီလိုကိစ္စမျိုး စီစဥ်ပေးသော ဂိမ်းကုမ္ပဏီတစ်ခု ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

အနည်းဆုံးတော့ ပြည်တွင်းမှာ မရှိပေ။

အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းဂိမ်းကုမ္ပဏီအများစုက အမြတ်အစွန်းကိုသာ အာရုံစိုက်တတ်ကြ၏။ ဒီလို ပညာဖလှယ် ခရီးရှည်ကြီးက သေချောပေါက် ကုန်ကျစရိတ် များပြားပါလိမ့်မည်။

ခန့်မှန်းခြေ လူအယောက် ၃၀ အတွက် လေယာဥ်လက်မှတ်ဖိုး၊ ဟိုတယ်ခနှင့် တခြား ကုန်ကျစရိတ်များ၊ ထို့အပြင် ထိုရက်ပိုင်းများတွင် သူတို့ အလုပ်မလုပ်ကြမှာကိုပါ ထည့်တွက်သောအခါ တော်တော်လေး အရှုံးများပါသည်။

ထို့အပြင် ဒီလိုဆောင်ရွက်ခြင်းက ကုမ္ပဏီအတွက် အမြတ်အစွန်းတစ်ပြားမှ ပြန်ရနိုင်မှာ မဟုတ်ပေ။ အရှုံးသက်သက်သာ ဖြစ်သည်။

သူတို့က ပညာဖလှယ်ဖို့ဟု ခေါင်းစဥ်တပ်သော်လည်း ဘာပညာကို ဖလှယ်ကြမှာလဲ။

ဘယ်လို ကုမ္ပဏီက ဒီလောက်ထိ တုံးမှာလဲ...။

ကျိုးမူယန်၏ ပထမဆုံး တုံ့ပြန်မှုကတော့ ငြင်းဆန်ဖို့ပဲဖြစ်သည်။

သူက ဆန်းစထရိုက်ခ် စတူဒီယို၏ ပရိုဂျူဆာ ဖြစ်ပြီး ဒီလုပ်ငန်းထဲမှာလည်း အတော်လေး အာဏာကြီး၏။

အမှန်ပင်။ ပြောရမည်ဆိုလျှင် နာမည်ဆိုးဖြင့် ကျော်ကြားတာဖြစ်သည်။ ဆန်းစထရိုက်ခ် စတူဒီယိုကို မုန်းတီးကြသည့် လူများစွာ ရှိသဖြင့် သူက ပရိုဂျူဆာတစ်ယောက်လည်း ဖြစ်နေသောကြောင့် စော်ကားမှုများကို မရှောင်လွှဲနိုင်ပေ။

ကျိုးမူယန်ဆိုတာ နာမည်ပြောင်သာဖြစ်သည်။ သူ့နာမည်အရင်းမဟုတ်ပါ။ တောင်ပိုင်းတွင် ကုမ္ပဏီများစွာ၌ နာမည်ပြောင်ရှိကြ၏။ ဆန်းစထရိုက်ခ် စတူဒီယိုကလည်း ထူးမခြားနားသာ ဖြစ်သည်။

မကြာသေးခင်ကမှ ဆန်းစထရိုက်ခ်စတူဒီယိုမှာ အွန်လိုင်း FPS ဂိမ်းတစ်ခုကို ဖန်တီးရင်း တန်းလန်းဖြစ်နေပြီး တစ်နှစ်ကျော်ကျော်လောက် ဖန်တီးခဲ့ကြရကာ ဖြန့်ချီဖို့အတွက် အတွင်းပိုင်း beta စမ်းသပ်ချက်များပင် ပြုလိုက်နေကြပါပြီ။

ဒီလို အရေးကြီးသည့် ကာလမျိုးတွင် ကျိုးမူယန်က ဝေးကွာလှသည့် ဟန်တုံးပြည်နယ်မှ  ဂိမ်းကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများကို ဧည့်ခံဖို့ စိတ်ရှုပ်မခံနိုင်ပါ။

"ဘော့စ်ကျိုး သူတို့က နာမည်ကြီး ကုမ္ပဏီနော်၊ တစ္ဆေစစ်သူကြီးကို ဖန်တီးခဲ့တာ၊ သူတို့ပဲ ကျွန်မတို့ အချိန်ယူပြီး သူတို့နဲ့တွေ့ဖို့ အကြံပေးချင်တယ်။ အချိန်မရှိရင်လည်း အစ်ကိုစွန်းကို သွားတွေ့ခိုင်းလိုက်လို့ ရတာပဲ။ သူတို့ကို ကုမ္ပဏီကို လိုက်ပြတာက ဘာမှ အပန်းမကြီးပါဘူး”

ရှင်းဟိုက်လူနှင့် ဆက်သွယ်ခဲ့သည့် စီမံခန့်ခွဲရေး ကောင်မလေးက သတိပေးလိုက်ပါသည်။

"သူတို့က တစ္ဆေစစ်သူကြီးကို လုပ်တဲ့လူတွေလား"

ကျိုးမူယန်က ကြက်သေသေသွားပြီး ချက်ချင်းဆိုသလိုပဲ ကောင်မလေး၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

ဆိုရိုးစကားအတိုင်းပင်။ မိတ်ဆွေ ပိုများလေလေ ဘဝမှာ ရွေးချယ်စရာတွေ ပိုများလာလေလေ ဖြစ်သည်။

သူတို့က ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ဒီလောက်ခရီးအရှည်ကြီးလာကာ ပညာဖလှယ်တာကို ငြင်းဆန်လိုက်ပါက နှလုံးသား မဲ့ရာ ကျလွန်းမည်။

ထို့အပြင် ကျိုးမူယန်လည်း တစ္ဆေစစ်သူကြီးကို သိပါသည်။ ဒါက လတ်တလော အလွန်ရေပန်းစားခဲ့သည့် မိုဘိုင်း ဂိမ်းတစ်ခုဖြစ်သည်။ ထိုဂိမ်းကို ဖန်တီးသူက ခေသူမဟုတ်တာ သိသာပါသည်။

ဧကန္တ ဒီလိုလူမျိုးတွေနဲ့ တွေ့ဆုံပြီး ရင်းနှီးအောင် လုပ်လိုက်တာ ကောင်းနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အများဆုံး တစ်ရက်လောက်သာ ကြာနိုင်ပြီး သူတို့ကလည်း ရုံးခန်းတွေထဲလျှောက်သွားပြီး သူများအလုပ်ကို မနှောင့်ယှက်နိုင်လောက်ပေ။

ထိုအတွေးဖြင့် ကျိုးမူယန်က ခေါင်းညိတ်လိုက်၏။ "ဟုတ်ပြီ ဒါဆိုလည်း လက်ခံလိုက်။ သူတို့နဲ ရက်စွဲတစ်ခု အရင်သတ်မှတ်လိုက်။ ငါကိုယ်တိုင် ကြိုဆိုမယ်"

"ဟုတ်ကဲ့ပါ ဘော့စ်ကျိုး။ ပြီးတော့ လူသစ် ထုတ်စာရင်း ထွက်ပါပြီ။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပါဦး"

ကျိုးမူယန်က စာရင်းကို ကြည့်လိုက်ပါသည်။

"လင်းဝမ်ကလွဲပြီး တခြားသူတွေကို လုပ်နည်းအတိုင်း ထုတ်ပစ်လိုက်ပါ။"

"ဟုတ်ကဲ့ပါ" ကောင်မလေးက ဘာမှ ဆက်မပြောဘဲ စာရင်းဖြင့် ထွက်သွားခဲ့ပါသည်။

အနိမ့်ဆုံး လူထုတ်စနစ်မှာ ဂိမ်းကုမ္ပဏီများစွာတွင် ကျင့်သုံးနေကျဖြစ်သည်။ အထူးသဖြင့် ကျောင်းမှ လူများကို ပိုငှားထားသော ကုမ္ပဏီများတွင် ဖြစ်ကြ၏။

ဆန်းစထရိုက်ခ် ကုမ္ပဏီလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ သူတို့ ဘွဲ့ရ ကျောင်းသားများကို ငှားရမ်းပြီး လအနည်းငယ် အစမ်း ခန့်အပ်ကာ အနိမ့်ဆုံး အဆင့် သတ်မှတ်ခံရသည့် ၁၅ ရာခိုင်နှုန်းကို အလုပ်ဖြုတ်ပစ်မည်ဖြစသည်။

ထိုအလုပ်ဖြုတ်ခံလိုက်ရသော ဘွဲ့ရ ကျောင်းသားများအတွက် အလွန်ခွကျသော အခြေအနေ ဖြစ်သွားနိုင်သည်။

ပထမဆုံး သူတို့က ဘွဲ့ရကျောင်းသား အသစ်များ မဟုတ်တော့ဘဲ တခြား ကုမ္ပဏီ၏ ကျောင်းသား အလုပ်သင်ခေါ်ယူမှုများတွင်လည်း ပါဝင်နိုင်မှာ မဟုတ်တော့ပေ။

ဒုတိယ အနေဖြင့် သူတို့ အလုပ်အတွေ့အကြုံက လပိုင်းသာ ရှိသေးပြီး အရင်ကုမ္ပဏီ၏ အလုပ်ထုတ်ခြင်းကို ခံလိုက်ရသဖြင့် အနာဂတ် အလုပ်အကိုင်ရှာဖွေဖို့အတွက် အတော်လေး အကူအညီမဖြစ်နိုင်ပါ။

တစ်နည်းအားဖြင့် ကျိုးမူယန်၏ အမိန့်တစ်ခုတည်းကြောင့် အလုပ်ထုတ်ခံလိုက်ရသည့် ဘွဲ့ရကျောင်းသားများ၏ လမ်းတွင် ဧရာမ အဟန့်အတားကြီးတစ်ခုကို ပိတ်ပစ်လိုက်သလို ဖြစ်သွားပါသည်။

သို့သော် ကျိုးမူယန်က ဘာမှ မှားယွင်းသည်ဟု မခံစားရပေ။ အလုပ်ထုတ်ခံလိုက်ရသည့် ဘွဲ့ရကျောင်းသားများက သေချာပေါက် သူနှင့် သူ့မိသားစုကို ဆဲဆိုနေမှာ သိသော်လည်း သူဂရုမစိုက်ပေ။

ကျိုးမူယန်အတွက် ဂိမ်းလောကဆိုတော့ အသန်မာဆုံးသူများသာ ရှင်သန်နိုင်သည့် တောအုပ်ကြီးတစ်ခုဖြစ်သည်။

ဒီလို ရက်စက်သည့် ပတ်ဝန်းကျင်မျိုးတွင် ကရုဏာတရားဆိုတာမရှိပါ။

သို့သော်လည်း အမှန်ပင်။ စာရင်းတွင် ခြွင်းချက် တစ်ယောက်တော့ ရှိနေသည်။ လင်းဝမ် ဖြစ်သည်။

သူမက ကောင်မလေးတစ်ယောက်ဖြစ်ပြီး တခြားသူများလိုပဲ ပေကျင်းတက္ကသိုလ်ကြီးမှ မြင့်မားသော အရည်အချင်းများဖြင့် ခေါ်ယူခံထားရသူဖြစ်၏။

လူထုတ်စာရင်း၏ အဆင့်သတ်မှတ်ချက်အရ သူမလည်း အောက်ဆုံး ၁၅ ရာခိုင်နှုန်းတွင် ပါဝင်သည်။

တခြား လူငယ်တွေလိုပဲ လင်းဝမ်တွင် ရိုးလွန်းအလွန်းပြီး အလွန်အကောင်းမြင်တတ်သည့် အမှားများ ရှိခဲ့ပါသည်။

ကျိုးမူယန်အတွက် ဂိမ်းတွေက စီးပွားရေး ဖြစ်သည်။

သို့သော် လင်းဝမ်နှင့် တခြားလူငယ်တွေက ဂိမ်းတွေကို အနုပညာတစ်ခု သို့မဟုတ် စိတ်အားထက်သန်သော အိပ်မက်တစ်ခုလို မြင်နေကြသည်။ ထို့ကြောင့် သူတို့ဆောင်ရွက်သည့် ပုံစံများက လူထုတ်စနစ်၏ စံနှုန်းများကို ဆန့်ကျင်သလို ဖြစ်သွားခဲ့ပါသည်။

တစ်နည်းအားဖြင့် သူမက ဆန်းစထရိုက်ခ် စတူဒီယို လိုအပ်သည့် ပါရမီရှင်မျိုး မဟုတ်ပေ။

သို့သော် လူထုတ်စာရင်းထဲမှ သူမကို ကျိုးမူယန် ချန်ထားခဲ့ရသည့် အကြောင်းအရင်းရှိပါသည်။

သူမ၏ နောက်ကြောင်းက အလွန်ကြောက်ဖို့ ကောင်းသောာကြောင့်ဖြစ်သည်။

သူမက အဖေက အကြီးမားဆုံး ဆက်သွယ်ရေးနှင့် စမတ်ဟာ့ဒ်ဝဲဖြန့်ချီရေး ရှန်းဟွာ ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌကြီးဖြစ်သည်။ ကျိုးမူယန်က ဒီလိုလူမျိုးကို မတိုက်ခိုက်ရဲပေ။

တကယ်တော့ ဒီလိုလူမျိုးနဲ့  အဆက်အသွယ် ရနိုင်ဖို့ထက် လိုချင်တာ ဘာမှမရှိပါ။

အမှန်ပင်။ သူမက ဆန်းစထရိုက်ခ် စတူဒီယိုကို သာမန် အလုပ်သင်ခေါ်ယူခြင်းမှ ဝင်ရောက်ခဲ့သဖြင့် သူမ သရုပ်မှန် ပေါ်သွားပြီဖြစ်ကြောင်း လင်းဝမ် မသိခဲ့ပါ၊။

သို့သော်လည်း လင်းဝမ်က သူမအဖေ၏ သူမအပေါ်ထားသော ဂရုစိုက်မှုနှင့် စိုးရိမ်မှုတို့ကို လျှော့တွက်ခဲ့မိပါသည်။

လင်းဝမ် ဆန်းစထရိုက်ခ် စတူဒီယိုကို ဝင်ပြီး ဒုတိယမြောက်နေ့တွင် ရှန်းဟွာ ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌရုံးခန်းမှ ကျိုးမူယန် ဖုန်းတစ်ကော လက်ခံရရှိခဲ့သည်။

တောင်းဆိုချက် နှစ်ခုရှိခဲ့၏။

ပထမဆုံးမှာ ကျိုးမူယန်နှင့် ဆန်းစထရိုက်ခ် စတူဒီယိုတို့က လင်းဝမ်ကို ဂရုစိုက်ပေးပြီး သူမ အလုပ်အလွန်အကျွံလုပ်ကာ နာမကျန်း မဖြစ်အောင် ထိန်းပေးရမည်။

ဒုတိယအနေဖြင့် လင်းဝမ်၏ ဂိမ်းလောကအပေါ် ထားသည့် အိပ်မက်များကို ကျိုးမူယန်က အမြန်ဆုံး ဖျက်ဆီးပေးရမည်ဖြစ်သည်။ ဒါမှ ဒီလောကတွင် အလုပ်လုပ်ချင်စိတ် သူမ ပျောက်သွားမည်ဖြစ်သည်။

ထိုစကားများကို ပြောရတွင် သူက ဗျူဟာ နည်းလမ်းကျသော်လည်း ကျိုးမူယန်လို ထက်မြက်သည့် လူတစ်ယောက်က ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ပါသည်။

လင်းဝမ်၏ အဖေက သူ့သမီးကို ဂိမ်းလောကထဲ မဝင်စေချင်ပေ။ သို့သော်လည်း ပွင့်ပွင်လင်းလင်း မတားမြစ်ရဲပေ။ သူတို့ ဆက်ဆံရေး ပျက်စီးသွားမှာကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒီလိုကွေ့ပတ်ပြီး ကြံစည်ရခြင်းဖြစ်သည်။

ဒီလိုကိစ္စမျိုးကို ကျိုးမူယန်က ချက်ချင်း လက်ခံခဲ့ပါသည်။

ဒါက ရှန်းဟွာ ကော်ပိုရေးရှင်းကြီးဖြစ်၏။ သူတို့နဲ့ ဆက်နွယ်မှုတချို့ ဖန်တီးနိုင်ပါက ဆန်းစထရိုက်ခ် စတူဒီယိုမှာ အနာဂတ်တွင် အကျိုးအမြတ်များသာ ရဖို့ ရှိပါသည်။

ထို့ကြောင့် လင်းဝမ်က လူထုတ်စာရင်းထဲမှ တစ်ယောက်တည်း ကျန်ခဲ့သူဖြစ်သည်။

ကျိုးမူယန်က လင်းဝမ်၏ ဂိမ်းလောကအပေါ် ထားသော စိတ်အားထက်သန်မှုကို အမြန်ဆုံး ပျောက်ဆုံးအောင် ဘယ်လိုနည်းလမ်းဖြင့် လုပ်ရမလဲ စဥ်းစားနေတာ ကြာပါပြီ။

ခက်တော့မခက်ပါ။

ဒီလောက၏ အမှန်တရားကို ပြသလိုက်ပါက အဆင်ပြေသွားပါလိမ့်မည်။

ဂိမ်းလောကကြီး သို့မဟုတ် ပြည်တွင်း ဂိမ်းလောကကြီးမှာ လက်ဝါးကြီးအုပ်သော လုပ်ငန်းတစ်ခုသာ ဖြစ်သည်။

လူထုတ်စာရင်းများ၊ ၉၉၆ စနစ်များ၊ ပိုက်ဆံအတွက် အိပ်မက်နှင့် စိတ်အားထက်သန်မှုများကို စွန့်လွှတ်ကာ၊ အနုပညာကိုလည်း ပိုက်ဆံအဖြစ် ပြောင်းလဲပစ်ရသည်။

ဒါတွေက ပြည်တွင်း ဂိမ်းလောကထဲမှာ ဘာမှ မထူးခြားပါ။

အမှန်ပင်။ ထိုအချက်များက လုံးဝ မှန်ကန်တာတော့ မဟုတ်ပေ။ ပြည်တွင်းတွင် သဘောထားပြည့်ဝသည့် ဒီဇိုင်နာ ပါရမီရှင်များနှင့် စတူဒီယိုများလည်း ရှိပါသေးသည်။

သို့သော် အလွန်အမင်း ရှားပါးပါသည်။

ဂိမ်းလောက၏ အမှန်တရားကို ပြလိုက်တာနဲ့ လင်းဝမ်သေချာပေါက် အလွန့်အလွန် စိတ်ပျက်သွားပြီး ထွက်သွားလိမ့်မည်ဟု ကျိုးမူယန် ယုံကြည်ထားသည့် ရာနှုန်းပြည့် သေချာပါသည်။

All Chapters