← Chapters

အခန်း(၁၃၄) ယွီအင်တာနက်ကဖေးရဲ့ အောင်မြင်မှုကို ပိုမြင့်တက်စေဖို့ရန်

Vol. 9 Ch. 134

အခန်း(၁၃၄) ယွီအင်တာနက်ကဖေးရဲ့ အောင်မြင်မှုကို ပိုမြင့်တက်စေဖို့ရန်

Vol. 9 Ch. 134

အခန်း(၁၃၄) ယွီအင်တာနက်ကဖေးရဲ့ အောင်မြင်မှုကို ပိုမြင့်တက်စေဖို့ရန်

ဖေးချမ့် ပေါင်ရှု၏ စကားလုံးများကိုနားမလည်ပါ။ သို့သော်လည်း တစ်ခုခုတော့ သေချာသွားပါသည်။ မကောင်းတာ တစ်ခုခု ထပ်ဖြစ်ပြန်ပြီ။

အစကတော့ သူခံစားရတာတွေ များနေပြီဟု ဖေးချမ့် ထင်ခဲ့မိသည်။ ဘော့စ်ဖေး၏ နေ့စဥ်ဘဝက ဝင်ငွေရှိနေပြီ။ ဂိမ်းဒီဇိုင်နာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ စနစ်ရန်ပုံငွေကို အကုန်သုံးဖို့ မဖြစ်နိုင်တော့သလောက် ရှိသည်။

ဒီ့ထက် ဆိုးရွားနိုင်သေးလို့လား။

အဖြေကတော့ ဆိုးရွားနိုင်ပါသေးသည်။

သတင်းတစ်ပုဒ်ကြောင့် ဖြတ်သွားဖြတ်လာများက ထန်းတာ့ကို အလွန်စိတ်ဝင်စားလာကြသည်။ ထို့ကြောင့် ၎င်း၏ ဂိမ်းများ တစ်ခေတ်ထလာခဲ့ပြန်သည်။

ဖေးချမ့် အခုဆို ပိုပြီးတောင် စိတ်ဓာတ်ကျသွားပါသည်။

ဒါဘာဖြစ်တာလဲ။ ဘဝက အတက်အကျတွေ များလှချည်လား။

သို့သော်လည်း တခြားရှုထောင့်ကကြည့်ရင်တော့ သတင်းအဆိုးကြီးတော့ မဟုတ်လှပါ။ သူက စနစ်ရန်ပုံငွေကို သုံးမကုန်တော့ပေ။ အရှုံးပေါ်ဖို့ မျှော်လင့်ချက် မရှိတော့သဖြင့် အမြတ်များများရလေလေ သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ငွေပိုဝင်လာလေလေ မဟုတ်လား။ ဒီရှုထောင့်က ကြည့်ရင်တော့... မဆိုးသလိုပဲ မဟုတ်ပါလား။

ဖေးချမ့် ကိုယ့်ဘဝကို သံသယဖြစ်လာပါသည်။

"ဒီနေ့အရမ်းပျော်ဖို့ကောင်းတဲ့နေ့ပဲ။ ငါတို့အားလုံး ဓာတ်ပုံအတူတူရိုက်ကြမလား" ကျူးရှောင်စဲက သူ့ DSLR ကိုမြှောက်ရင်း အော်လိုက်ပါသည်။

"အကြံကောင်းတယ်။”

"ဟုတ်တယ်၊ ဟုတ်တယ်။ မိသားစုဓာတ်ပုံရိုက်ကြရအောင်။”

"အားလုံး လာကြလာကြ သေချာမတ်တပ်ရပ်ကြဟေ့။”

"ဘော့စ်ဖေး ဘော့စ်ဖေးက အလယ်မှာနေပါ။"

အားလုံးက တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ကြရင်း ဖေးချမ့်ကို အလယ်ရောက်အောင် တွန်းလိုက်ပါသည်။

ကျူးရှောင်စဲက သူ့ DSLR ကို ကုန်းရင်း ချိန်ညှိနေသည်။ "ဟုတ်ပြီ အားလုံး ပြုံးမယ် ဝမ်း တူး သရီး အားလုံးပဲ အော်ကြမယ် - 'ဧရာမ ရောင်းအားကြီးအတွက် ဂုဏ်ပြုပါတယ်။”

"ဧရာမ ရောင်းအားကြီးအတွက် ဂုဏ်ပြုပါတယ်။”

အားလုံးအတူတူအော်လိုက်ကြပြီး ကျယ်ပြောသည့် အပြုံးများ မျက်နှာပေါ်တွင် ပေါ်လာကြပါသည်။

ဖေးချမ့်က ဝန်ထမ်းများကြားထဲမှာ ရပ်နေပြီး အားလုံး၏ စစ်မှန်သော ဂုဏ်ပြုသံများကို ကြားလိုက်ရသောအခါ အလွန်ဇဝေဇဝါဖြစ်သွားမိသည်။ သူဘယ်လောက်ပဲ ကြိုးစားပါစေ ဒီတစ်ခေါက် ငွေစာရင်းရှင်းချိန်မှာ အရှုံးမပေါ်နိုင်တော့မှာကြောင့်  ဝမ်းနည်းမိပါသည်။ သို့သော်လည်း ငွေပမာဏ အတော်များများကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ်တော့ ပြောင်းနိုင်လိမ့်မည်။ ဒါက သူ့အတွက် မျှော်လင့်ချက်လေး ဖြစ်သည်။

ထို့ကြောင့် သူပျော်ရမှာလား မပျော်ရဘူးလား...

ဖေးချမ့်၏ စိတ်ဓာတ်ကျနေသော မျက်နှာထားက မသေချာမရေရာစွာဖြင့် ရုတ်တရက် အနည်းငယ် ပြုံးလိုက်ပါသည်။

ချလပ်…

ကျူးရှောင်စဲက ခလုတ်ကို နှိပ်လိုက်သောအခါ အလင်းရောင် ဖြတ်ခနဲ လင်းသွားပါသည်။ ဒီပုံရိပ်ကို DSLR ဖြင့် ပြီးပြည့်စုံစွာ ရိုက်ကူးနိုင်ခဲ့သည်။

ဖေးချမ့်က သက်ပြင်းချရင်း ရုံးခန်းထဲ ဦးတည်လိုက်ပါသည်။ တကယ်စိတ်အေးအေးထားပြီး ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ အတည်ပေါက် စဥ်းစားဖို့ အချိန်သာ လိုချင်မိပါသည်။

ကျုးရှောင်စဲက ဓာတ်ပုံကို ကွန်ပျူတာထဲ ထည့်လိုက်ပြီး အားလုံးကလည်း ဝိုင်းကြည့်လာကြပါသည်။

"ငါ့ကို မြန်မြန်ပို့ပေးပါ။”

"ဒါရိုက်တာကျူးရဲ့ ဓာတ်ပုံစကေးတွေက တကယ်ကောင်းတာပဲ။။ တကယ့်ပရော်ဖက်ရှင်နယ်ပဲ။"

"ဟမ် ဘော့စ်ဖေးအပြုံးက ဘာလား။"

"ချဲ့လိုက်စမ်း။"

"ထပ်ချဲ့ဦး။"

အားလုံးက ကွန်ပျူတာ ဖန်သားပြင်ကို အနီးကပ် ကြည့်လိုက်ကြသည်။ ဓာတ်ပုံထဲတွင် ဖေးချမ့်၏ မျက်နှာကြီးကို အကြိမ်ပေါင်းများစွာ ချဲ့ကားထားပြီးပြီ ဖြစ်သည်။ DSLR ၏ ရုပ်ထွက်ကြည်တောက်မှုကြောင့် ဖေးချမ့်၏ မျက်နှာထားက ရှင်းလင်းတောက်ပနေပါသည်။

သူ့မျက်လုံးများက ဝမ်းနည်းနေသည့် ခံစားချက်ကို သယ်ဆောင်နေသော်လည်း နှုတ်ခမ်းကတော့ ပြုံးနေပါသည်။ အပြုံးက အတင်းလုပ်ယူထားသော အပြုံးမျိုး မဟုတ်ပါ။ အပြုံးစစ်စစ်ဖြစ်ပါသည်။

ကျူးရှောင်စဲက ဟွမ်စစ်ပေါ်ကိုကြည့်လိုက်သည်။ ထို့နောက် ပေါင်ရှုနဲ့ အခြားသူများကိုပါ ကြည့်လိုက်ပါသည်။

"ဘော့စ်ဖေးရဲ့ အပြုံးက..."

"ဘာသဘောလဲ"

ရုံးခန်းထဲတွင်။

ဖေးချမ့်က စိတ်မပါစွာဖြင့် အင်တာနက်ပေါ် လျှောက်ကြည့်နေပါသည်။ ပေါင်ရှု၏ စကားများက အမှန်ပင်။ "ထန်းတာ့ဂိမ်း" ဆိုတာက  ဝေ့ပေါ် ပေါ်မှာ ရေပန်းစားရှာဖွေမှုတစ်ခု ဖြစ်လာခဲ့ကာ အင်တာနက်အသုံးပြုသူများကလည်း ဒီအကြောင်းအရာကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပါသည်။ တချို့လူများက သူတို့အိုင်ဒီယာများကိုပင် စတင် ထုတ်ဖော်လာသည်။

ဒီသတင်းက အထောက်အထား မခိုင်လုံသဖြင့် ဘယ်လောက်မှန်ကန်ပြီး ဘယ်လောက် မှားယွင်းကြောင်း ဘယ်သူမှ မသိပါ။ တချို့လူများက အကြီးအကျယ် ခန့်မှန်းနေကြသည်။ သို့သော်လည်း တကယ့် အစစ်နဲ့ အတုက ရောယှက်နေသည်။ အချိန်တိုအတွင်း ဘယ်သူမှ မခွဲခြားနိုင်လောက်ပါ။

ဖေးချမ့်က အချက်အလက်အားလုံးကို ကောင်းမွန်စွာ လျှို့ဝှက်ထားနိုင်ခဲ့သည်။ သူ့ဂုဏ်သတင်းနဲ့ ကုမ္ပဏီထဲမှာ တည်ရှိနေမှုကြောင့် အဓိက ဖြစ်သည်။ ထန်းတာ့ဝန်ထမ်းတိုင်းက ဖေးချမ့်အပေါ် ကျေးဇူးရှိသလို ခံစားရပြီး သူ့ကို ကိုးကွယ်ကြသည်။ ဖေးချမ့်က သူ့သရုပ်မှန် သို့မဟုတ် ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို မထုတ်ဖော်ဖို့ ရှင်းရှင်းလင်းလင်း တောင်းဆိုထားပြီးသားဖြစ်သဖြင့် အားလုံး တင်းတင်းကြပ်ကြပ် လိုက်နာကြပါသည်။

မာယိချွမ်လိုလူမျိုးက တိတ်တဆိတ် ထန်းတာ့ကိုကြော်ငြာဖို့ ကူညီပေးပြီး အင်တာဗျူးတစ်ခုကို လက်ခံခဲ့ရင်တောင် ဖေးချမ့်၏ ဆန္ဒအတိုင်းပဲ လိုက်နာရပါသည်။ ထန်းတာ့၏ ဝန်ထမ်းတစ်ယောက်ဖြစ်သည်ဟု လူရှေ့ထွက်ပြမှာ မဟုတ်ကြပါ။

ထို့ကြောင့် အခုထွက်ပေါ်နေသည့် ကောလဟာလများက အစစ်ကော အတုကော ရောနှောပါဝင်နေပါသည်။ ဘယ်သူကမှလည်း သတင်းရင်းမြစ်ကို အတည်မပြုနိုင်ပါ။

ဒီလျှို့ဝှက်အင်တာဗျူးက ဆန်းကြယ်သည့် ထန်းတာ့၏ အခွံကိုလှန်ပစ်ဖို့ ဖြစ်သည်။ နောက်ဆုံးတော့လည်း အခွံကို တစ်ဝက်သာ လှန်နိုင်ခဲ့ပါသည်။ အနောက်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပါ။ သို့သော်လည်း ဒီလို မသေချာ မရေရာတာကို ခန့်မှန်းရသည့် ခံစားချက်က လူတွေကို ပိုပြီး စိတ်ဝင်စားလာစေသည်။

ဂိမ်းဒီဇိုင်နာနဲ့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝတို့က ပေါင်းစပ်သွားပြီး ထန်းတာ့၏ မှုန်ဝါးဝါး ပုံရိပ်တစ်ခုကို ပုံဖော်နိုင်ခဲ့ပါသည်။ လူပြောများသည့် ထိုနှစ်ခု ပေါင်းစပ်သွားသောအခါ ပြီးပြည့်စုံသော တစ်ခေတ်ပြန်ထမှုကို ဆောင်ကျဥ်းပေးနိုင်သွားခဲ့ပါသည်။

ဖေးချမ့်က သူ့ဂိမ်းမျိုးစုံ၏ အခြေအနေကို ကြည့်ဖို့ ပလက်ဖောင်းကို ဖွင့်ကြည့်လိုက်ပါသည်။ ကစားသမား မြင့်တက်လာမှုက ထင်သလောက် မမြန်ဆန်သော်လည်း ဂိမ်းလေးခုစလုံးမှာ မြင့်တက်လာခြင်း ဖြစ်ပါသည်။ အထီးကျန်ကန္တာရလမ်းကတောင် ဒေါင်းလုတ်ပမာဏ အနည်းငယ် တက်လာသည်။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝနဲ့ အိုင်လီကျွမ်း၏ သီးသန့်သဘောတူစာချုပ်ကြောင့် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို တစ်ချက်နှိပ်လိုက်တိုင်း ငွေတွေဝင်နေပါလိမ့်မည်။

ဖေးချမ့်က ပလက်ဖောင်းကို ပိတ်လိုက်သည်။ အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးသလို ကိုယ့်ကိုယ်ကို သံသယဖြစ်လာမိပါပြီ။ သူတကယ်ပဲ ကံကောင်းလွန်းကာ လုပ်လိုက်သည့် အရာတိုင်းက အောင်မြင်နေမှာလား။ စိတ်မပါလက်မပါ ကိစ္စတွေကို ဆောင်ရွက်ရင်တောင် အောင်မြင်နေဦးမှာလား။

မဖြစ်နိုင်ပါ။

ဖေးချမ့်က သူ့အကန့်အသတ်သူ သိပါသည်။ ယခင်တုန်းက သူ့အောင်မြင်မှုများကို ပြန်စဥ်းစားကြည့်ပါက ကံသက်သက်ကြောင့် အောင်မြင်ခဲ့တာလား။ မဟုတ်ပါ။

ကံလည်း ပါပါသည်။ ဥပမာအားဖြင့် ဆရာချောင်းသာ အထီးကျန်ကန္တာရလမ်းကို တိုက်တိုက်ဆိုင်ဆိုင် ရှာမတွေ့ခဲ့ပါက ဒီဂိမ်းကျရှုံးသွားလိမ့်မည်။ သို့သော်လည်း အားလုံးကံကြောင့်ဟု ပြောဖို့ကတော့ မမှန်ကန်ပါ။ ထို့အပြင် နက်ရှိုင်းသည့်အကြောင်းအရင်းများလည်း ရှိသေးပုံပေါ်ပါသည်။ ဖေးချမ့် လျစ်လျူရှုထားမိသည့် အချက်များ ဖြစ်သည်။

ဖေးချမ့် အချိန်ယူပြီး လေးလေးနက်နက် စဥ်းစားလိုက်ပါသည်။

အထီးကျန်ကန္တာရလမ်း၏ အောင်မြင်မှုက ၎င်း၏ ထူးခြားမှုကြောင့် ဖြစ်သည်။ တစ္ဆေစစ်သူကြီး၊ သမုဒ္ဒရာရဲတိုက်နဲ့ ဂိမ်းဒီဇိုင်နာတို့ကတော့...

၎င်းတို့လည်း အတူတူပဲ ဖြစ်သည်။ ၎င်းတို့အောင်မြင်ဖို့ အခွင့်အရေးက နည်းပါးသော်လည်း အဆင်ပြေသွားနိုင်ချေ အတိုင်းအတာတစ်ခုအထိတော့ ရှိပါသည်။ တစ်ဖက်မှာတော့ ဖေးချမ့်က စျေးကွက်၏ စီစဥ်မှုကို တန်ပြန်ကာ ဂိမ်မာများ၏ အကြိုက်ကို ပြောင်းပြန်လှန်ချင်ခဲ့သည်။ သူစမ်းသပ်ကြည့်လိုက်တိုင်း ထူးကဲတာတွေပဲ လုပ်မိနေပါသည်။

နောက်တစ်ဖက်မှာတော့ ပိုက်ဆံပိုရဖို့အတွက် ဖေးချမ့်က လက်ရာမြောက်သည့် ပန်းချီရင်းမြစ်များအတွက် ငွေများစွာ သုံးစွဲခဲ့ပြီး ဝန်ထမ်းများ၏ စိတ်ခွန်အားနဲ့ စိတ်အားတက်ကြွမှုအတွက် ဘောနပ်စ်များစွာနဲ့ အကျိုးခံစားခွင့်များစွာ ပေးခဲ့သည်။

ထို့ကြောင့် အရည်အသွေး ကောင်းမွန်သည့် ဂိမ်းတစ်ခု အမြဲထွက်လာခဲ့သည်။

ဖေးချမ့် သူ့ခေါင်းသူ ရိုက်လိုက်ပါသည်။

"...ဒါ့ကြောင့်ကိုး... ငါလမ်းမှားနေခဲ့တာပဲ ဒီနည်းလမ်းအတိုင်း ငါ ဘာမှလုပ်လို့မရဘူး။ ငါတကယ် တုံးအတာပဲ။ ဂိမ်းတွေကို ဖန်တီးတဲ့အခါ ပုံမှန်အတိုင်းလေးပဲ လုပ်ရမလား။”

"မဟုတ်ဘူး၊ နေဦး။ ဒါလည်း မဟုတ်သေးဘူး..."

ဖေးချမ့်က ချက်ချင်းပဲ ဒီအတွေးကို ဖျောက်လိုက်ပါသည်။

တချို့ကုမ္ပဏီများက ရှိနေပြီးသား ဂိမ်းများကို အခြေခံပြီး ဖန်တီးခဲ့ရာ အောင်မြင်သွားသော အဖြစ်အပျက်များစွာ ရှိနေပါသည်။ ဖေးချမ့်၏ ကုမ္ပဏီတွင် "ထန်း" ဟူသည့်စာလုံးပါနေပြီး ဟာသ မဟုတ်ပါ။

"ငါသေချာစဥ်းစားဖို့ အချိန်လိုတယ်။ ငါမသိရမချင်း ဂိမ်းသစ် ဖန်တီးတာတွေကို ရပ်ထားလိုက်မယ်။ ငါထပ်ပြီး စွန့်စားလို့ မဖြစ်တော့ဘူး။ ငါ့မှာ အခု ငွေဝင်ပေါက်ကြီး ၃ ခုရှိနေပြီ။ နောက်တစ်ခုသာ ထပ်ပေါ်လာရင် ငါသေလိမ့်မယ်။”

ဖေးချမ့် ချက်ချင်းဆိုသလို ဂိမ်းသစ်ထုတ်လုပ်တာတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အဆင်ပြေသည်။ မကြာသေးခင်ကမှ အရင်ဂိမ်းများအတွက် အပ်ဒိတ်များ တင်ပေးမည်ဟု ဂိမ်မာများကို ကတိပေးခဲ့သည်။

နောက်အပတ်ကျရင် လုမင်လျန်နဲ့ တခြားသူတွေကို ရှိပြီးသားဂိမ်းတွေကိုပဲ အာရုံစိုက်ခိုင်းထားလိုက်မယ်။

ပုံမှန်အတိုင်းပဲ နောက်လကျရင် ပထမနေရာ ပထုတ်ခြင်းစနစ်ကို ဒီကောင်ရလိမ့်မယ်။

သို့သော်လည်း ဖေးချမ့်က လုမင်လျန်ကို မထုတ်ပစ်ချင်ပါ။ လက်ရှိ အခြေအနေအရဆို လုမင်လျန်က ဖေးချမ့်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာခဲ့သူ ဖြစ်ပါသည်။ ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့လို ကိုယ့်သဘောနဲ့ကိုယ် ဟိုထည့် ဒီထည့် မလုပ်တတ်ပေ။

ဖေးချမ့်က ဒါကို သဘောကျပါသည်။

ဒီတစ်ခေါက် ဂိမ်းဒီဇိုင်နာ၏ကျရှုံးမှုက ဖေးချမ့်အပြစ်သာ ဖြစ်သည်။ လုမင်လျန်ကို အပြစ်မတင်သင့်ပါ။ လုမင်လျန် တာဝန်ယူသည့် နောက်ခံစကားပြောကြောင့် ဂိမ်းအောင်မြင်လာတာ ဖြစ်သော်လည်း နောက်တစ်ခေါက် ဖေးချမ့် သူ့ကို ဒါမျိုးထပ်မလုပ်ခိုင်းပါက အဆင်ပြေပါပြီ။

ဖေးချမ့်က လုမင်လျန်အပေါ် ယုံကြည်ချက် ရှိသေးသဖြင့် သူ့ကို အလွယ်လေး ပထုတ်မှာ မဟုတ်ပါ။ အရေးအကြီးဆုံးက လုမင်လျန်ကို ဒုတိယဟွမ်စစ်ပေါ်ဖြစ်လာအောင် ပြောင်းလဲပေးလိုက်မိပါက သူဒုက္ခရောက်ပါလိမ့်မည်။

ထို့ကြောင့် စဥ်းစားပြီးနောက် လုမင်လျန်ကို လက်ရှိဂိမ်းများ၏ တည်းဖြတ်ထုတ်ဝေမှု အသစ်များအတွက် အစီအစဥ်ဆွဲသူချုပ် ဆက်လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထို့နောက် တည်းဖြတ်ထုတ်ဝေမှုအသစ်များအတွက် စျေးနိမ့်နိမ့် သတ်မှတ်ပေးလိုက်မည်။ ဒါက ပိုက်ဆံရနေနိုင်ဆဲ ဖြစ်သော်လည်း နည်းနိုင်သမျှ နည်းအောင် သူကြိုးစားပါမည်။

သူသာ အရှုံးပေါ်ချင်ပါက တခြားနည်းလမ်း ရှာရပါမည်။

"ငါ့တွေးပေါ်ခေါ်ပုံကို ပြန်ပြောင်းလဲရမယ်။ ဒီလိုသာဆို အရှုံးပေါ်ဖို့ အခု ငါဘာလုပ်ရမလဲ ရှင်းနေပြီ။ ငါ ယွီအင်တာနက်ကဖေးရဲ့ အောင်မြင်မှုကို ပိုမြင့်မားအောင် လုပ်ရမယ်။”

"ကျင်းကျိုးမြို့မှာ ဆိုင်ခွဲတွေ ဖွင့်မယ်။”

ဒီသံသရာကြီး ပြီးဆုံးဖို့အတွက် ၁ ပတ်သာ လိုတော့သည်။ ငွေစာရင်းရှင်းချိန် ရောက်ပါတော့မည်။ သို့သော်လည်း ဖေးချမ့်က နောက်တစ်ခေါက် ငွေစာရင်းရှင်းချိန်အတွက် ကြိုတင်စဥ်းစားနေပြီ ဖြစ်သည်။

BO5 ပြိုင်ပွဲလိုပင်။ အလွန်ဆိုးဆိုးရွားရွား ရှုံးနိမ့်နေပါက နောက်တစ်ပွဲအကြောင်း စဥ်းစားလို့ရပါပြီ....။

အခုချိန်ထိ ဖေးချမ့်၏ အအောင်မြင်ဆုံး လုပ်ငန်းက ယွီအင်တာနက်ကဖေး ဖြစ်သည်။ အရင်းငွေ ၃သန်းကို ပြန်မရသည့်အပြင် လတိုင်းလည်း ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေပါသည်။ ဖေးချမ့်၏ အအောင်မြင်ဆုံး စမ်းသပ်မှု ဖြစ်သည်။

ထို့ကြောင့် ဒီအတွေ့ကအကြုံကိုအသုံးချပြီး နောက်ထပ် ဆိုင်ခွဲများ ထပ်ဖွင့်ပါက...

သူရှုံးချင်သမျှ ရှုံးနိုင်ပြီမဟုတ်လား။

All Chapters