← Chapters

ငါအကုန်လုံးကို ဆုံးရှုံးချင်တယ်

Vol. 1 Ch. 2

ငါအကုန်လုံးကို ဆုံးရှုံးချင်တယ်

Vol. 1 Ch. 2

အခန်း(၂) ငါအကုန်လုံးကို ဆုံးရှုံးချင်တယ်

"ဒီတော့ အခုမေးရမယ့် မေးခွန်းက ဘယ်လုပ်ငန်းနယ်ပယ်ထဲ ဝင်ရမလဲဆိုတာပဲ။"

ထိုအကြောင်းကို သေချာစဥ်းစားပြီးသွားသောအခါ ဖေးချမ့်က ဒီကမ္ဘာကြီး၏ အခြေအနေအား အရင်ဆုံး သိအောင် လေ့လာသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။

သူ့လက်ပ်တော့ကို ဖွင့်ပြီး ချမ့်တု ရှာဖွေရေး စာမျက်နှာတွင် ရှာလိုက်ပြီး လတ်တလော သတင်းများကို ဖတ်ကြည့်လိုက်၏။ အထူးသဖြင့် နည်းပညာသတင်းများကို ဖြစ်သည်။

"မတူတာတွေ တချို့တော့ ရှိတယ်။ ဒါပေမယ့် သေးသေးလေးတွေပါ" ဖေးချမ့် ကိစ္စများကို အကြမ်းဖျင်း နားလည်လာပြီ ဖြစ်သည်။

သူ့အရင်ဘဝနှင့် ဆင်တူစွာ ရေပန်းစားမှုများက အင်တာနက်ပေါ်တွင် ပေါများနေပါသေးသည်။ နည်းပညာများ၊ ဂိမ်းများနှင့် ရိုးရာ ယဥ်ကျေးမှု လုပ်ငန်းများတွင် လှည့်ပတ်နေဆဲဖြစ်သည်။

သို့သော်လည်း တန်ဖိုးကို ဖန်တီးပြီး စနစ်၏ စည်းမျဥ်းများကို မချိုးဖောက်မိအောင် လုပ်ဖို့ဆိုလျှင် ကုမ္ပဏီ စတင်တည်ထောင်သည့်အခါ သက်ဆိုင်ရာ ကျွမ်းကျင်သူများကို ဖေးချမ့် အလုပ်ခန့်အပ်ဖို့ လိုအပ်ပါသည်။

သူနှင့် မရင်းနှီးသည့် လုပ်ငန်းများတွင် ဖေးချမ့်က ကိစ္စများကို စစ်ဆေးရာတွင် ယုံကြည်ချက် ရှိမနေပါ။

အကယ်၍များ သူခန့်အပ်ထားတဲ့ ကျွမ်းကျင်သူတွေက တကယ်တော်ကြပြီး ပရောဂျက်ကို အောင်မြင်အောင် လုပ်နိုင်သွားကြရင် ဘယ်လိုလုပ်မလဲ။

အများကြီး စဥ်းစားပြီးနောက် ဖေးချမ့် ဂိမ်းလုပ်ငန်းလောကထဲ ဝင်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ဂိမ်းလုပ်ငန်းထဲတွင် ဖေးချမ့် ကိုယ်တိုင်ကိုယ်ကျ မလုပ်ကိုင်ဖူးသော်လည်း ဂိမ်းများစွာ ကစားဖူးသည်။ ဒီလို အတွေ့အကြုံမျိုးကြောင့် လုပ်ငန်းအကြောင်း အကြမ်းဖျင်း နားလည်ထား၏။

တခြားလုပ်ငန်းများနှင့် ယှဥ်လျှင် ဂိမ်းလောကထဲ သူ့စစ်ဆေးနိုင်စွမ်းကို ယုံကြည်ချက် ပိုရှိပါသည်။

ဂိမ်းကစားပုံ ကစားနည်းကို အနည်းငယ် ပြောင်းလဲလိုက်ရုံနှင့် ကျရှုံးသွားသည့် ဂိမ်းတစ်ခုကို သူဖန်တီးနိုင်သည်။ ဒါက သူ့ရနိုင်သော အကြီးမားဆုံး အားသာချက်ဖြစ်ပါသည်။

ထို့အပြင် ဂိမ်းလုပ်ငန်းလောကထဲတွင် ပိုက်ဆံ ရှုံးဖို့ လွယ်ကူသည်။

တခြား လက်မှုလုပ်ငန်းများတွင် ပြန်ထေမိအောင် ပုံသေပစ္စည်းများကို ပြန်ရောင်းနိုင်သေးပြီး ရာနှုန်းပြည့် အရှုံးပေါ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဂိမ်းလုပ်ငန်း လောကထဲမှာတော့ အရှုံးက ကြီးမားလွန်းပြီး တန်ဖိုးမရှိသည့် ကုဒ်များသာ ကျန်ခဲ့မည်။

နောက်ထပ် ၁၀ နှစ်အကြာက သူ့မှတ်ဉာဏ်တွေနဲ့သာဆိုရင် အမြတ်ကြီးကြီးရသည့် ဂိမ်းမားကို တမင်တကာ ဖန်တီးဖို့ ရှောင်လွှဲနိုင်ပါက ပွဲပြီးပြီမဟုတ်လား။

အဆင့် ၁ : ဂိမ်းကို ဖန်တီးပါ။

အဆင့် ၂ : ငွေကို အရှုံးပေါ်အောင် လုပ်ပြီး စနစ် ရန်ပုံငွေတွေကို သူ့ကိုယ်ပိုင် စည်းစိမ်ထဲ လုံးဝ ပြောင်းလဲပစ်ပါ။

အဆင့် ၃ : စိတ်ကြိုက် သုံးစွဲပါ။

ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ဖေးချမ့်က သူသည် လုံးဝ ဥာဏ်ကြီးရှင်တစ်ယောက်ဟု ခံစားမိသည်။

သူ့ပန်းတိုင်ကို ဆုံးဖြတ်ပြီးနောက် ကူးသန်းရောင်းဝယ်ရေးဌာန၏ တရားဝင် ဝက်ဆိုက်ထဲ ဝင်ပြီး သူ့ မှတ်ပုံတင်အမှတ်နှင့် စကားဝှက်တို့ဖြင့် ဝင်ရောက်ပြီးနောက် သူ့ကုမ္ပဏီ၏ စီမံရေး ပရိုဖိုင်းကို ဒေါင်းလုပ်လုပ်ခဲ့ပါသည်။

သူ့နာမည်ဖြင့် စာရင်းသွင်းထားသည့် ကုမ္ပဏီ တစ်ခုရှိနေ၏။ - ထန်ဒါ နက်ခ်ဝေါ့ နည်းပညာ ကုမ္ပဏီ လိမိတက် - ရန်ပုံငွေ စုစုပေါင်း ယွမ် ၅၀,၀၀၀ ရှိနေပါသည်။

သူ့အတွက် စနစ်၏ မှောင်ခို နည်းပညာကို သုံးကာ စာရင်းသွင်းထားပေးခြင်း ဖြစ်နိုင်သည်။

စီးပွားရေး စွန့်စားမှု ကဏ္ဍတွင် ဖေးချမ့်၏ အရင်ဘဝနှင့် ဒီအခက်အခဲများ လျော့ကျသွားသည့် အပြိုင်လောကတို့အကြား ခြားနားချက် အကြီးကြီး ရှိနေ၏။

ပြည်သူများစွာကို ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အားပေးဖို့အတွက် ကုမ္ပဏီများ စတင်တည်ထောင်ဖို့က လွယ်ကူသည်။ ထို့အပြင် လုပ်ဆောင်ချက်အများစုကို နည်းပညာဖြင့် ပြုလုပ်ထားပြီး အွန်လိုင်းပေါ်တက်ကာ ပြီးဆုံးအောင် လုပ်နိုင်ပါသည်။

ဒါက စီးပွားရေး စွန့်စားရှင်များအတွက် အလွန် အထောက်အကူဖြစ်ပြီး ဖေးချမ့်၏ ၁၀ နှစ်လောက် ပိုကြာသောာ အရင်ဘဝမှာပင် ဒီလို ကဏ္ဍမျိုးကို လိုက်မမှီနိုင်ပါ။

ထို့နည်းတူစွာ တခြား ပြောင်းလဲမှုများလည်း ရှိနေ၏။

ဥပမာအားဖြင့် ဆက်သွယ်ရေးနည်းပညာနှင့် ကလောက်နည်းပညာတို့ အလျင်အမြန် တိုးတက်လာမှုတို့ကြောင့် လုပ်ငန်းများစွာက ၎င်းတို့၏ ကွန်ယက်နှင့် ရင်းမြစ်များကို စုစည်းလာကြကာ အွန်လိုင်းပေါ်တွင် အလုပ်လုပ်ရခြင်း၏ အဆင်ပြေ ချောမွေ့မှုကို တိုးမြှင့်ပေးသည်။

ဂိမ်းစက်မှုလုပ်ငန်းကိုပဲ ဥပမာ ယူကြည့်ပါ။ စုပေါင်း တရားဝင် အဖွဲ့အစည်းကြီးတစ်ခုရှိ၏။ ဖျော်ဖြေရေး ဆော့ဖ်ဝဲအဆင့်မြင့် အဖွဲ့အစည်းဟု ခေါ်သည်။ အတိုကောက်ဆို ESRO ဖြစ်၏။ ၎င်းတို့က ဂိမ်းအမျိုးအစား ပေါင်းစုံကို စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း တာဝန်ယူထားကြသည်။

တချိန်တည်းမှာပင် ESRO တွင် စွန့်စား စီးပွားရေး လုပ်ငန်းရှင်အားလုံးအတွက် ရင်းမြစ်များ ချထားပေးသည့် တရားဝင် ဝက်ဘ်ဆိုက်တစ်ခု ရှိသေး၏။

ESRO ၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပြည်တွင်း ဂိမ်းစျေးကွက်၏ ရင်းမြစ်များ ပေါင်းစုထားမှုဟု မြင်နိုင်၏။ ထိုနေရာတွင် အားလုံးအသုံးပြုနိုင်သည့် အနုပညာအရင်းအမြစ်များ၊ ပရိုဂရမ်မင်း နမူနာများ၊ ဒီဇိုင်းအညွှန်းများဝယ်နိုင်ကာ ကိုယ်ပိုင်ဂိမ်းများ ဖန်တီးဖို့အတွက် ကျွမ်းကျင်သူများကိုပင် ငှားရမ်းနိုင်သည်။

ထိုအနုပညာအရင်းအမြစ်များ၊ ပရိုဂရမ်မင်း နမူနာများ စသည်တို့အားလုံးကို တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် ကုမ္ပဏီများအကြား မျှဝေထားပြီး ထိုက်သင့်သည့် တန်ဖိုးပေးကာ လူတိုင်း သုံးနိုင်သည်။

သို့သော်လည်း သာမန်အဆင့်နှင့် ပိုနိမ့်သော အဆင့်ရှိသည့် ရင်းမြစ်များသာ ဖြစ်ကြသည်။

ဝက်ဘ်ဆိုက်ပေါ်တွင် ထိပ်တန်းအဆင့် ဒီဇိုင်နာများကဲ့သို့ နာမည်ကြီးများကို ဆက်သွယ်ကာ အတူတူအလုပ်လုပ်ဖို့ ညှိနှိုင်းနိုင်၏။

ထို့အပြင် ESRO ကစျေးကွက်ပေါ်က ဂိမ်းအယ်ဒီတာများကို စုဆောင်းကာ ကိုယ်ပိုင် တရားဝင် ဂိမ်းအယ်ဒီတာ ပရိုဂရမ်တစ်ခုလုပ်ဆောင်ဖို့ ပြောကြားခဲ့သည်။ ကြိုးစားပြီး သင်ယူလျှင် လူအများစုက ပရိုဂရမ်မင်း နောက်ခံ ကောင်းကောင်းမရှိရင်တောင် ကိုင်တွယ်နိုင်ကြပါလိမ့်မည်။

All Chapters