← Chapters

မင်းတို့ကို ရွေးလိုက်ပြီ ကတ်ဂိမ်းတွေ

Vol. 1 Ch. 12

မင်းတို့ကို ရွေးလိုက်ပြီ ကတ်ဂိမ်းတွေ

Vol. 1 Ch. 12

အခန်း(၁၂) မင်းတို့ကို ရွေးလိုက်ပြီ ကတ်ဂိမ်းတွေ

သူ့အရင်ဘဝတုန်းက စမတ်ဖုန်းများ ၂၀၁၀ နှင့် ၂၀၁၁ ကာလအတွင်း ပိုမို ပေါများလာပြီး ရေပန်းစားလာခဲ့သည်။

ထိုလှိုင်းနှင့်အတူ ကတ်ဂိမ်းများကဲ့သို့ ရေပန်းစားဂိမ်းတချို့ကလည်း ၂၀၁၂ ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။

သို့သော်လည်း စမတ်ဖုန်းများက ဒီကမ္ဘာတွင် ပိုစောစော ပေါ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာပင် ကတ်ဂိမ်းများ ရှိိနေပါပြီ။

ယခု ၂၀၀၉ ခုနှစ်ဆို ကတ်ဂိမ်းများ ပေါပေါသောသော ရှိလာခဲ့သည်။

၎င်းတို့ကို စတင်မိတ်ဆက်စဥ်က ကတ်ဂိမ်းများမှာ တကယ်ပဲ ဆန်းသစ်ခဲ့ကာ အချိန်အကြာကြီး ရေပန်းစားခဲ့ကြသည်။

သို့သော်လည်း ကော်ပီကူးသူ အများအပြားတို့ကြောင့် ဂိမ်မာများက ရိုးအီလာပြီး ဆင်တူသည့် ဂိမ်းမျိုးဖန်တီးရုံနှင့် ငွေရတာမျိုး ရှိမလာတော့ပါ။

ဒီကမ္ဘာကြီးတွင် ကတ်ဂိမ်းများ၏ ဦးဆောင်လမ်းပြကြိးက သုံးပြည်ထောင်ဟု ခေါ်သည့် ဂိမ်းဖြစ်သည်။ ထိုဂိမ်းရေပန်းစားခဲ့ရသည့် အကြောင်းအရင်းက တချို့ရှိ၏။ ကာတွန်းဆန်ပြီး ချစ်ဖို့ကောင်းသည့် စတိုင်များ၊ ရှေးရိုးဆန်သည့် ကတ်ဂိမ်းကစားနည်းများ စသည်တို့ကြောင့် ဖြစ်သည်။

၂၀၀၈ ခုနှစ် သုံးပြည်ထောင်ဂိမ်း သိပ်ပြီး နာမည်မရစဥ်က ဂိမ်မာများက သာမန်ကာ လျှံကာသာ လက်ခံခဲ့ကြသည်။

သို့သော်လည်း စမတ်ဖုန်းများ၏ ရေပန်းစားမှု ကျေးဇူးကြောင့် ထိုဂိမ်းတစ်ခုတည်းနှင့် ဖန်တီးသူများအား ရွှေအိုးအပြည့် ရသွားစေပြီး ၎င်းတို့၏ ပြိုင်ဘက်များမှာလည်း မနာလိုမှုများဖြင့် ပြည့်နှက်နေကြသည်။

ဒီကမ္ဘာကြီးထဲတွင် ဂိမ်းအယ်ဒီတာများက အလွန်အဆင့်မြင့်ပြီး ဂိမ်းအနိမ့်စား ဖန်တီးသူများစွာက အလွယ်တကူ ဂိမ်းလောကထဲ ဝင်နိုင်သည်။ ဒီလိုနဲ့ ကော်ပီ ကတ်ဂိမ်းများစွာက အမြောက်အများပေါ်လာခဲ့ကြပြီး ၃ နှစ်မှ ၅ နှစ်အထိ ကြာရှည်ခံနိုင်သည့် စဦး ကတ်ဂိမ်း ရူးသွပ်မှုများကို တစ်ချက်တည်းနှင့် သေဆုံးသွားစေခဲ့သည်။

အခုတော့ ဂိမ်မာတွေက ကတ်ဂိမ်းများကို အထင်သေးမှု၊ အဆင့်နိမ့်မှုများဖြင့် ကြည့်နေကြလေပြီ။

ဖေးချမ့် လိုချင်တာလည်း ဒါပဲဖြစ်၏။

ထို့အပြင် သုံးပြည်ထောင်ဂိမ်းနှင့် အရင်ဘဝက ကတ်ဂိမ်းတို့အကြား ကြီးမားသော ခြားနားချက်တစ်ခုကို သူသတိထားမိသည်။

ငွေပေးချေမှုအရဆိုလျှင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေ၏။

ဂိမ်းကို ပုံသေ ၅ ယွမ်ဖြင့် ဝယ်ယူနိုင်၏။ ထို့အပြင် ဂိမ်းထဲက ပစ္စည်းများကိုလည်း သင့်တင့် မျှတသည့် စျေးနှုန်းများဖြင့် ရောင်းချသည်။ ယွမ် ၂,၀၀၀ လောက်ဖြည့်မှ ရှားပါး ကတ်တစ်ကတ် ရနိုင်သည့် ဖြစ်စဥ်မျိုး ဒီကမ္ဘာကြီးထဲမှာ မရှိပါ။

ဂိမ်းထဲက ငွေပေးချေမှုများမှာ အများဆုံး ယွမ် ၁,၀၀၀ ဝန်းကျင်တွင်သာ ရှိသည်။ ထို့အလွန်တွင် ငွေသုံးစရာ နေရာမရှိတော့ပါ။

သို့သော်လည်း သုံးပြည်ထောင်ကတ်ဂိမ်းက လောဘကြီးသည်ဟု ဂိမ်မာများ၏ ဝေဖန်မှုကို ခံခဲ့ရပါသေးသည်။

အဘယ့်ကြောင့်ဆိုသော် ဒီကမ္ဘာကြီး၏ စီးပွားရေး စနစ်က ဖေးချမ့်၏ အရင်ဘဝနှင့် ခြားနားသောကြောင့်ဖြစ်သည်။

အားကောင်းသော အိုင်ပီ မူပိုင်ခွင့် ကာကွယ်ရေးများကြောင့် ဒီကမ္ဘာကြီးထဲတွင် ဂိမ်းခိုးကူးမှုက မမြင့်မားပေ။ ထို့ကြောင့် တစ်ကိုယ်တည်း ဂိမ်းဖန်တီးသူများ၏ ဘဝက ကောင်းမွန်လှပါသည်။

ထို့ကြောင့် ဂိမ်မာများ အသိအမှတ်ပြုပြီး အသားကျသည့် အဓိက အမြတ်ငွေမော်ဒယ်များမှာ တစ်ခါတည်း ဝယ်ယူခြင်း သို့မဟုတ် ငွေပြန်လည် ဖြည့်သွင်းကတ်များ ဖြစ်သည်။

သုံးပြည်ထောင် ကတ်ဂိမ်းတွင် ဖန်တီးသူများက လွန်လွန် ကျွံကျွံမလုပ်ရဲကြတာ သိသာပါသည်။ ဂိမ်းကို ၅ ယွမ်ဖြင့်သာ ရောင်းချပြီး ဂိမ်းအတွင်း ဝယ်ယူနိုင်မှု အနည်းငယ်သာ ရှိ၏။

ဒါတောင် ငရဲရောက်သည့်အထိ ဝေဖန်ခံခဲ့ရသည်။

မားကတ်တွင် ရှာဖွေလေ့လာရေး လုပ်ပြီးနောက် ဂိမ်းကို ဘယ်လိုစုတ်ပြတ်အောင် လုပ်ရမလဲဆိုတာ ဖေးချမ့်တစ်ယောက် စတင်စဥ်းစားခဲ့သည်။

အရိုးရှင်းဆုံး နည်းလမ်းကတော့ တိုက်ရိုက် ကူးချဖို့ပဲဖြစ်သည်။

မားကတ်ထဲတွင် ထိုဂိမ်းအမျိုးအစား၏ စဦး တည်ထောင်သူ ဖြစ်နေသည့် အလွန်အမင်း အောင်မြင်နေသည့် ဂိမ်းတစ်မျိုးရှိပါက ဖေးချမ့် လုပ်ဖို့လိုတာဆိုလို့ ၎င်းကို ကော်ပီကူးချဖို့သာ ဖြစ်ပြီး အရှုံးပေါ်ဖို့ သေချာနိုင်ပါပြီ။

ကတ်ဂိမ်းများက လောလောဆယ် နေဝင်ချိန် ဖြစ်နေပြီဖြစ်သဖြင့် ကတ်ဂိမ်းများ ဖန်တီးဖို့ အချိန်ကျပါပြီ။

သုံးပြည်ထောင်ကတ်ဂိမ်းက နာမည်ကြီးတယ် မဟုတ်လား။ ဒါဆို ငါလည်း သုံးပြည်ထောင်ကို အခြေခံပြီး ဂိမ်းတစ်ခုလုပ်တာပေါ့။

ဂိမ်းကစားနည်းက တူတူပဲ ဖြစ်သင့်ပြီး ရင်းမြစ် ဝက်ဘ်ဆိုက်ပေါ်က ကတ်ဂိမ်း နမူနာ တစ်ခုနဲ့ဆို ငွေသောင်းချီသုံးဖို့ လုံလောက်ပါပြီ။

အမှန်ပင်။ အနုပညာအရင်းအမြစ်များကိုတော့ ဒီတိုင်းကြီး ကူးချလို့မဖြစ်ပါ။ မူပိုင်ခွင့် ပြဿနာ တက်သွားနိုင်၏။

ဖေးချမ့်လည်း အစကတည်းက အနုပညာ စတိုင်ကို ကူးချဖို့ စိတ်ကူးမရှိပါ။ ဘာပဲဖြစ်ဖြစ် သူက အနုပညာရင်းမြစ်များကို အားကိုးပြီး ပိုက်ဆံဖြုန်းဖို့ ကြံနေတာပဲမဟုတ်လား။ နမူနာ တစ်ခုတည်းနဲ့ ၃၀၀,၀၀၀ စလုံးကို ဘယ်လို ဖြုန်းနိုင်မည်နည်း။

နောက်ထပ် အရေးကြီးသည့် အချက်တစ်ခုလည်း ရှိနေပါသေးသည်။ ဂိမ်း၏ Paywall (ဂိမ်းထဲကပစ္စည်းဝယ်ဖို့ ငွေအစစ်ပေးရသည့် စနစ်) ဖြစ်သည်။

သုံးပြည်ထောင် ကတ်ဂိမ်းတွင် ၎င်းတို့၏ Paywall ကို ထည့်သွင်းဖို့အတွက် အတော်လေး အကန့်အသတ်ရှိခဲ့၏။ ဖေးချမ့်၏ ဂိမ်းမှာတော့ ဂိမ်မာတွေကို Paywall အကြီးကြီးနဲ့ ဖိသတ်လိုက်ရမလား။

(မဟုတ်ဘူး မဖြစ်ဘူး)

ဖေးချမ့်တော့ ဒီလိုမထင်ပါ။

ဂိမ်မာများအကြောင်း သူကောင်းကောင်း နားလည်သည်။ ဒီကောင်တွေက ကြောင်သူတော်များ ဖြစ်ကြ၏။

ဂိမ်းတစ်ခုကို လူလိမ်ဂိမ်းဟု၊ ငွေတွင်းကြီးဟု ဆိုကာ ဘယ်တော့မှ ထပ်မကစားတော့ဘူးဟု ခြိမ်းခြောက်တတ်ကြသည်။

သို့သော်လည်း မတော်မတရား စျေးဖြင့် ဂိမ်းပစ္စည်းတစ်ခု ပေါ်လာလျှင် ထိုကြောင်သူတော်များက အပြစ်တင်နေသော်လည်း ဝယ်ကို ဝယ်ကြပါလိမ့်မည်။

ဖေးချမ့်သာ ဂိမ်းရဲ့ Paywall ကို ယွမ် သောင်းချီတဲ့အထိ အရမ်းမြင့်အောင် လုပ်လိုက်ပါက ဒီလို ကြောင်သူတော်တွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။

ကြောင်သူတော်တစ်ကောင်ရဲ့ သုံးစွဲအားက သာမန် ဂိမ်မာ ထောင်ချီနဲ့ ညီမျှသည်။ ကြောင်သူတော် ပမာဏ နည်းနည်းလေးကြောင့်နဲ့ သူ့ဂိမ်း အမြတ်များသွားရင် သူသွေးအန်သွားရမယ် မဟုတ်လား။

ထို့ကြောင့် သူ့တွေးပုံခေါ်ပုံကို ပြောင်းပြန် ပြန်လှည့်ရမည်။

ကြောင်သူတော်များ မတော်မတရား ဝယ်ယူခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ဂိမ်း၏ Paywall က လုံလုံလောက်လောက် နိမ့်ရပါလိမ့်မည်။

ဖေးချမ့် စဥ်းစားပြီးပါပြီ။ သုံးပြည်ထောင် ကတ်ဂိမ်းရဲ့ Paywall က ယွမ် ၁,၀၀၀ ဝန်းကျင်မှာ ရှိနေတာဆိုတော့ သူက ၅၀၀ ယွမ်လောက် လျှော့ချလိုက်ရုံပဲ။

မဟုတ်သေးဘူး ၁၀၀ ယွမ်

မဟုတ်သေးဘူး မလုံလောက်သေးဘူး ၃၀ ယွမ်

ကြောင်သူတော်များ ငွေဖြုန်းစရာ နေရာ မရှိတော့သည်အထိ သူလုပ်ပစ်မည်ဖြစ်သည်။

သို့သော်လည်း ကတ်ဂိမ်းတစ်ခု ဖြစ်သည့် အလျောက် သာမန် ကတ်နှင့် ရှားပါးကတ်များ ရှိရမည်။

ရိုးရှင်းသည့် နည်းလမ်းကတော့ ရှားပါးကတ်များအား Paywall နောက်တွင်ထည့်ကာ အမြတ်အစွန်းကို ပိုတိုးအောင် လုပ်ရမည်။

ဖေးချမ့်ကတော့ ထိုနည်းလမ်းကို ငြင်းပယ်၏။ ဘာပဲဖြစ်ဖြစ် သူက ငွေဆုံးရှုံးချင်ခြင်းသာဖြစ်ပြီး အမြတ်လိုချင်ခြင်း မဟုတ်ပါ။

စျေးအကြီးဆုံးဂိမ်းထဲက ပစ္စည်းမှာ ၃၀ ယွမ်ကျသင့်သည့် ရာသက်ပန် မန်ဘာဝင် ကတ်ဖြစ်သည်။ ထိုကတ်ကို ဝယ်ယူသည့် လူတိုင်းက နေ့စဥ် အပိုထပ်ဆောင်း ကတ်ဆွဲနိုင်ခွင့် ရရှိပါမည်။

ဒါကလွဲပြီး လူတွေ ပိုက်ဆံသုံးရမည့် တခြား နေရာရှိမည်မဟုတ်ပါ။

(မင်းတို့ကောင်တွေက ထန်းတာ့ကုမ္ပဏီကို ပိုက်ဆံလှူချင်ကြတယ်ပေါ့ စိတ်ကူးကြည့်လိုက်လေ)

သာမန် ဂိမ်မာများအတွက်တော့ သူတို့ ယွမ် ၃၀ တန် ကတ်ကို မဝယ်ရင်တောင် သူတို့လည်း ကတ်ဆွဲခွင့်တချို့ ရရှိမည်ဖြစ်သည်။ အနည်းငယ်သာ ပိုနည်းရုံရှိ၏။

ဒီလိုဆို ဂိမ်မာများ ပိုက်ဆံသုံးချင်စရာ အကြောင်းရှိမည်မဟုတ်တော့ပါ။

ဂိမ်း၏ စျေးနှုန်းကိုတော့ ဖေးချမ့်က အခမဲ့ သတ်မှတ်ချင်၏။ သို့သော်လည်း နောက်တစ်ခေါက် ပြန်စဥ်းစားကြည့်လိုက်ပြီး ထိုအကြံကို ဆန့်ကျင်လိုက်ပါသည်။

ယနေ့ခေတ်တွင် အခမဲ့ မိုဘိုင်းဂိမ်း များများ စားစား မရှိကြတော့ဘဲ အများစုက ၁ ယွမ် စျေးရှိ၏။

ဖေးချမ့်သာ ဂိမ်းကို အခမဲ့ လုပ်လိုက်ပါက ကစားသမားများစွာကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မည်။

ရုတ်တရက်ကြီး နာမည်ကြီးသွားရင် ဘယ်လိုလုပ်မလဲ။

ထို့ကြောင့် ဖေးချမ့်က ရေပန်းစားသည့် နည်းလမ်းကို ဆန့်ကျင်ပြီး ဝယ်စျေးကို ၁၀ ယွမ် အဖြစ် သတ်မှတ်လိုက်ပါသည်။

ဒါက သုံးပြည်ထောင် ကတ်ဂိမ်းထက်ပင် စျေးကြီးသေး၏။

အလွန်မြင့်မားသည့် ဝင်ပေါက် အကာအရံ တစ်ခုအနေဖြင့် ထို ၁၀ ယွမ်က သူ့အလုပ်သူ လုပ်ပြီး ကစားသမား ၉၀ ရာခိုင်နှုန်းလောက်ကို မဝယ်ယူဖို့ တားမြစ်ပြီးသား ဖြစ်သွားပါလိမ့်မည်။

စဥ်းစားကြည့်လိုက်ပါ။ နမူနာတစ်ခုပေါ် အခြေခံပြီး ဘာဆန်းသစ်တဲ့ အိုင်ဒီယာမှလည်း မပါဘဲ ရေပန်းအစားဆုံး ဂိမ်းထက် ၅ ယွမ် ပိုစျေးကြီးနေတဲ့ မိုဘိုင်း ဂိမ်းတစ်ခု...

ဘယ်သူက အဲ့ဒီဂိမ်းကို ဝယ်ရလောက်တဲ့ အထိ ရူးမှာလဲ။

အမှန်ပင်။ ထိုအကာအရံကို သူအမြင့်ကြီး တည်ဆောက်လို့လည်း မဖြစ်ပါ။

ထို ၁၀ ယွမ်က ဂိမ်မာများကို မဝယ်ယူဖို့ တားမြစ်ရအောင်သာ ဖြစ်သည်။ သူသာ ထပ်မြှင့်လိုက်ပါက ဝယ်ယူသူ ဂိမ်မာ ပမာဏ အနည်းငယ်လောက်နှင့် ဖေးချမ့် ပိုက်ဆံအများကြီး ရသွားနိုင်ပါသည်။

သူ များများရလေ များများရှုံးလေဖြစ်သည်။ အဆင်မပြေပါ။

ဒီလိုနှင့် ဖေးချမ့် သူ့ပန်းတိုင်ကို ဆုံးဖြတ်လိုက်ပါသည်။

ပထမဆုံး ဒီဂိမ်းက အခြေခံအကျဆုံး လုပ်ဆောင်ချက်များနှင့် ဂိမ်းတစ်ခု ဖြစ်ရမည်။

တခြား ကတ်ဂိမ်းများတွင် မတွေ့ရသည့် ကစားပုံကစားနည်းများကို ဒီဂိမ်းမှာလည်း တွေ့ရမှာမဟုတ်ပေ။

တခြား ကတ်ဂိမ်းများတွင် တွေ့ရသည့် ကစားပုံကစားနည်းများကိုတောင်် ဒီဂိမ်းမှာ တွေ့ချင်မှ တွေ့ရမည်။

အတိုချုန်းပြောရလျှင် ဂိမ်းကစားနည်းက ကျန်တာအားလုံးနီးပါးနှင့် လုံးဝတ ဆင်တူနေမည်ဖြစ်ပြီး ဘာမှ အသစ်အဆန်း ရှိမည် မဟုတ်ပေ။

ဒါတင်မကသေးဘဲ ဒီဂိမ်းက သုံးပြည်ထောင် ကတ်ဂိမ်းနှင့် တစ်ပုံစံတည်းတူသော ဂိမ်းဖြစ်သည်။

နှစ်ဂိမ်းစလုံးက သုံးပြည်ထောင်ခေတ်ကို အခြေပြုထားကြသည်။

နှစ်ဂိမ်းစလုံးက  မိုဘိုင်းဂိမ်းများ ဖြစ်ကြ၏။

သူတို့ဂိမ်းက အစစ်အမှန်ဖြစ်ပြီး ဖေးချမ့်ဂိမ်းကတော့ အတုအပဖြစ်၏။

သုံးပြည်ထောင်ကတ်ဂိမ်းအစား သူ့ဂိမ်းကို ရွေးစရာ အကြောင်းမရှိပါ။

နောက်ဆုံးပြောရလျှင်ဒီဂိမ်းက အလွန်ရူးမိုက်သော အမြတ်ငွေ ဗျူဟာမျိုးရှိသည့် ဂိမ်းတစ်ဂိမ်းဖြစ်ပါသည်။

ပထမဆုံး သာမန် မိုဘိုင်းဂိမ်မာများအတွက် အဟန့်အတားဖြစ်စေမည့် ၁၀ ယွမ် အကာအရံကြီး။

နောက်တော့ ကြောင်သူတော်ဂိမ်မာတွေ မတော်မတရား မဝယ်ယူနိုင်အောင် ထားတဲ့ ယွမ် ၃၀ Paywall။

"သောက်ရမ်းတော်တဲ့ ဉာဏ်ကြီးရှင် ငါပဲဟေ့"

"ကောင်းလိုက်တဲ့ အစီအစဥ်"

ဖေးချမ့် သူ့ကိုယ်သူ လုံးဝ အထင်ကြီးနေပါပြီ။ ဒီလို စုတ်ပြတ်နေတဲ့ ဒီဇိုင်းမျိုးနဲ့ ဒီဂိမ်း ဘယ်လိုလုပ် ပိုက်ဆံရမှာလဲ။

(မရနိုင်ဘူး လုံးဝ မရနိုင်ပါဘူးကွာ)

All Chapters