← Chapters

ရိုက်ချက်

Vol. 6 Ch. 90

ရိုက်ချက်

Vol. 6 Ch. 90

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း ၉၀ - ရိုက်ချက်

Translator – Than Toe Aung

သူ၏ အလစ်ချောင်း တိုက်ခိုက်မှုက စိတ်ဝိညာဉ်ကျား၏ ဦးခေါင်းကို မထိဘဲ လွဲချော်သွားတာကို တွေ့လိုက်ရသောအခါ စွန်းထောင်သည် စိတ်ပျက်သွားပြီး မချင့်မရဲနှင့် အေးစက်စက် လှမ်းဟောက်လိုက်၏။

“တိရစ္ဆာန်ကောင်.. မင်းကံကောင်းသွားတယ်မှတ်”

“မင်းကတော့.. သေချင်နေပြီ.. ထင်တယ်!”

ဆူဇီမို၏ မျက်လုံးအိမ်ထဲတွင် သားရဲဆန်သော အလင်းရောင်က ဖျတ်ကနဲ ဝင်‌ရောက်လာပြီး တစ်လုံးချင်း ဟိန်းဟောက်လိုက်၏။ ရုတ်တရတ်ဆိုသလို သူသည် ခြေတစ်လှမ်းထဲနှင့် ပေနှစ်ဆယ်အကွာက စွန်းထောင်ဆီသို့ ရောက်လာလေ၏။

ကောင်းကင်ထယ်သွားခြေလှမ်းပင် ဖြစ်ပါ၏။

လှုပ်ရှားပုံက ရိုးရှင်းသော်လည်း စွန်းထောင်သည် ကြောက်လန့်တုန်လှုပ်သွားပြီး မျက်နှာက သွေးဆုတ်သွား၏။ ရုတ်တရတ် သူခံစားမိလိုက်သည်မှာ သူ့ရှေ့ကလူသည် လူသားတစ်ယောက် မဟုတ်တော့ဘဲ ရှေးဦးသားရဲတစ်ကောင် ဖြစ်လာသည် ဟူ၍ပင်။

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် စွန်းထောင်၏ ပါးပြင်ပေါ်သို့ လက်ပြန်တစ်ချက် ရိုက်ထည့်လိုက်၏။

ဘန်း!

စွန်းထောင်သည် ဘာမှပင် ပြန်မလုပ်လိုက်နိုင်ပေ။ သူနောက်ဆုံး သိလိုက်သည်မှာ သူ့အမြင်အာရုံက မှောင်မိုက်သွားတာပင်။ ဆူဇီမို၏ ရိုက်ချက်ဖြင့် သူသည် မြေပြင်သို့ ခေါင်းငိုက်စိုက်ကျသွားပြီး သူခေါင်းကျရာ မြေပြင်သည် ချိုင့်ဝင်သွားလေသည်။ သွားအချို့က ကျွတ်ထွက်ကုန်ပြီး သူ့ ပါးစပ်၊ နှာခေါင်း၊ နားနှင့် မျက်လုံးတို့မှ သွေးများက စီးကျလာ၏။ သူသည် နေရာမှာတင် သတိလစ်သွားချေပြီ။

“အဲ့”

လူတိုင်း၏ အမြင်အာရုံထက် ကျော်လွန်သော သူတို့အထက် ကောင်းကင်ယံရှိ တိမ်လွှာများကြားမှ အာမေဋိတ်သံတစ်ခုက ထွက်ပေါ်လာ၏။ ဧရာမတောင်ပံကြီးများနှင့် သတ္တဝါတစ်ကောင်သည် သူ၏ မျက်လုံးတစ်စုံဖြင့် အောက်ဘက်ရှိ အရာရာတိုင်းကို လေ့လာအကဲခတ်နေ၏။

“ထူးဆန်းလိုက်တာ.. ဘာကြောင့်များ သူ့သွေးက...”

ထိုအသံက တိုးညင်းပြီး မည်သူမျှ ကြားရခြင်း မရှိပေ။

စိတ်ဝိညာဉ်ပြိုင်ကွင်း၌...

အဖြစ်အပျက်များက အားလုံးကို အုတ်သော်အောင်းနင်း ဖြစ်သွားစေ၏။

စွန်းထောင်က ချောင်းမြောင်းတိုက်ခိုက်လိုက်ပြီး စိတ်ဝိညာဉ်ကျားက ဒဏ်ရာရသွားသည့်အထိ သူတို့ လက်ခံနိုင်ကြ၏။

သို့‌သော် နောက်ထပ်ဖြစ်သွားသောအရာက သူတို့အားလုံးကို ကြောင်အသွားစေ၏။

ဖက်တီးလေးက ဆူဇီမိုကို တားမလို့ လုပ်နေစဉ်မှာပင် အဲ့ဒါက နောက်ကျသွားချေပြီ။

ဆူဇီမိုသည် စွန်းထောင်အပေါ် လက်တင်ရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ ထိုမျှသာမက စွန်းထောင်သည် လက်ဝါးတစ်ချက်တည်းဖြင့် မေ့မျောသွားချေပြီ။ သူ အသက်ရှင်သေးရဲ့လားဆိုတာပင် မသေချာပေ။

“အငိုက်မိသွားတာ.. ဟုတ်တယ် အငိုက်မိသွားတာပဲ ဖြစ်ရမယ်”

ထိုအရာက လူတိုင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသော အတွေးဖြစ်၏။

စွန်းထောင်သည် စိတ်ဝိညာဉ်တောင်ထွတ်မှ အဆင့်၈ ချီစုဖွဲ့စစ်သည်တော်ဖြစ်၏။ နတ်ပန်းပဲတောင်ထွတ်က အဆင့်၆ ချီစုဖွဲ့စစ်သည်တော် တစ်ယောက်အနေနှင့် သူ့ကို တစ်ချက်တည်းနှင့် ထိချက်နာအောင် လုပ်ဖို့ဆိုသည်မှာ နမော်နမဲ့နှင့် အငိုက်မိသွားသောကြောင့်သာ ဖြစ်ရပေမည်။

“သွားပါပြီကွာ.. နောင်ကြီးက ဂိုဏ်းစည်းကမ်းကို လျစ်လျူရှုပြီး ဂိုဏ်းသားအချင်းချင်းကို တိုက်ခိုက်လိုက်ပြီ.. စွန်းထောင်က သေသလား ရှင်သလားတောင် မသိရတော့ဘူး.. တစ်ကယ် ဆိုးပြီပဲ”

“အတင့်ရဲလိုက်တာ”

“မောက်မာလိုက်တာ”

“ဆူဇီမို.. မင်း ဂိုဏ်းစည်းကမ်းကို ဖောက်ရဲတယ်ပေါ့.. မင်းကတော့ သေချင်နေပြီထင်တယ်”

များစွာသော စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များသည် ဆူဇီမိုကို ဝန်းရံလိုက်ကြပြီး ဒေါသတကြီး အော်ဟစ် ဟောက်လိုက်ကြ၏။

အားလုံးကို ဘေးကနေ ကြည့်၍ ဖုန်‌‌‌‌ဟောက်ယွီသည် မထီတရီပုံစံနှင့် စိတ်ထဲမှာ ရွှင်မြူးသွား၏။

“ကြည့်ရတာတောင် ငါတောင် ဝင်ပါစရာ မလိုတော့ဘူး ထင်ပါရဲ့.. တုံးအလိုက်တဲ့ မိုက်ရူးရဲလေးပဲ.. ဟဟ”

ဆူဇီမို၏ အမူအယာက ပြောင်းလဲမှုမရှိဘဲ သူသည် ဘေးပတ်လည်ရှိ စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်များကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် သူသည် မည်သူ့ကိုမျှ ဂရုမစိုက်ဟန်ဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စိတ်ဝိညာဉ်ကျား၏ ဒဏ်ရာကို ချက်ဆေးများ လိမ်းပေးလိုက်၏။

စိတ်ဝိညာဉ်ကျားက နာကျင်မှုကို တောင့်ခံလိုက်ပြီး ဆူဇီမိုကို မော့ကြည့်လိုက်၏။ သူ့ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရ၏။

ဘေးမှာရှိသော လမ့်ရိုက ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး အသိအမှတ်သည့်အနေနှင့် ခေါင်းညိတ်လိုက်၏။

အားလုံးကို ခဏဘေးဖယ်ထား.. စိတ်ဝိညာဉ်တောင်ထွတ်က တပည့်တစ်ထောင်ကျော်၏ ရှေ့မှောက်တွင် တည်ငြိမ်စွာ နေနိုင်တာတစ်ခုတည်းကပင် သူ့စိတ်စွမ်းအားက ဘယ်လောက်တည်ကြည် မြင့်မားကြောင်း ဖော်ပြနေ၏။

သူမတောင်မှ ဆူဇီမို၏ တည်ငြိမ်မှုကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။

“အားလုံးပဲ စိတ်အေးအေး ထားကြပါ.. စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့”

ဖက်တီးလေး အားလုံးကို တောင်းဆို၍ ရယ်သံနှော၍ ပြောလိုက်၏။

“ခင်ဗျားတို့လဲ ကိုယ်ထိလက်ရောက် ဖြေရှင်းကြမယ်ဆိုရင် ခင်‌ဗျားတို့ပါ ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်သလို ဖြစ်ကုန်မှာပေါ့ဗျာ .. ဟုတ်တယ်မလား”

ထိုစကားကို ကြားပြီးနောက် များစွာသော စိတ်ဝိညာဉ်တောင်ထွတ်မှ တပည့်များသည် ဘာလုပ်လို့ လုပ်ရမည်မသိ ကြောင်ပြီး ရပ်သွားကြ၏။

ဖုန်ဟောက်ယွီသည် သူ့ဘေးရှိ စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်‌ယောက်ကို လှမ်းဆွဲလိုက်ပြီး တိုးတိုး ကပ်ပြောလိုက်၏။

နားလည်သဘောပေါက်သွားဟန်ဖြင့် ထိုတပည့်က သူ့ဓါးပျံကို ထုတ်၍ စီးနင်းလိုက်ပြီး စိတ်ဝိညာဉ်တောင်ထွတ်၏ နန်းဆောင်ဘက်သို့ ပြေးထွက်သွားလေ၏။

ထိုအရာကို မြင်လိုက်သောအခါ လမ့်ရို၏ မျက်လုံးထဲတွင် စက်ဆုပ်ရွံရှာမှုက ဖြတ်သန်းသွား၏။

သူမ အများကြီး တွေးကြည့်စရာ မလိုပေ။ ဖုန်ဟောက်ယွီက ဆူဇီမိုကို ကိုင်တွယ်ဖို့အတွက် ဂိုဏ်းက စီနီယာများထံ ကုန်းချောသတင်းပို့လိုက်ခြင်း ဖြစ်ပေမည်။

“ဆူဇီမို.. မင်းက ငါတို့ တောင်ထွတ်ရဲ့ ပိုင်နက်ထိလာပြီး ငါတို့လူကို လာပြီး တိုက်ခိုက်ရဲတယ်ပေါ့လေ.. ငါတို့ စိတ်ဝိညာဉ်တောင်ထွတ်က မင်းလုပ်ချင်တိုင်းလုပ်လို့ ရတဲ့နေရာများ မှတ်နေသလား”

အားလုံးက လွန်ဆွဲနေသော အခြေအနေတွင် ဖုန်ဟောက်ယွီက ရုတ်တရတ် မီးမွှေးပေးလိုက်၏။

ထိုအသံကို ကြားရသောအခါ ဖက်တီးလေးက ရင်ထိတ်သွား၏။

ဘယ်လောက်တောင် စဉ်းလဲလိုက်တဲ့လူလဲကွာ!

အခြေအနေက တည်ငြိမ်လာသော အချိန်တွင် ဆူဇီမိုက စိတ်ဝိညာဉ်တောင်ထွတ်ကို လာပြီး အကြမ်းဖက်သည့် လူတစ်ယောက်ပုံံစံဖြစ်အောင် ဖုန်ဟောက်ယွီက ချဲ့ကားလိုက်ခြင်း ဖြစ်၏။

ကိစ္စက ကြီးကျယ်လာလေလေ.. ဆူဇီမို၏ အပြစ်ဒဏ်က ပို၍ ပြင်းထန်လာပေလိမ့်မည်။

ဖုန်ဟောက်ယွီ၏ စကားကြောင့် စောစောက တွန့်ဆုတ်နေကြသော စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်များသည် တက်ကြွလာကြပြီး သူတို့၏ သိုလှောင်အိတ်များပေါ်သို့ လက်တင်ကာ တိုက်ခိုက်ဖို့ အဆင်သင့် ပြင်လိုက်ကြ၏။

နောက်ဆုံးမှာတော့ ခန္ဓာကြံ့ခိုင်မီးဆေးခြင်းနည်းစနစ် တစ်ခုကို လေ့ကျင့်ဖူးသော စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်ယောက်က ဆက်လက် မချုပ်တည်းနိုင်‌တော့ဘဲ ဆူဇီမိုအနားသို့ လျှောက်လာကာ ဆူဇီမိုကို ဆံပင်ကို လှမ်းဆွဲဖို့လုပ်ရင် ဖမ်းဟောက်လိုက်၏။

“ဆူဇီမို.. ငါတို့ မင်းကို မေးစရာတွေရှိတယ်.. သေသေချာချာ ဖြေစမ်း!”

“နေစမ်းပါကွာ!”

ပြန်တောင်လှည့်မကြည့်ဘဲ ဆူဇီမိုက လက်ပြန်ရိုက်ချလိုက်၏။ ရိုက်ချက်က ညင်သာသယောင် ထင်ရသော်လည်း ဖြောင်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။

သူ့လက်က ဆူဇီမိုထံသို့ မရောက်မီမှာပင် သူသည် ဆူဇီမို၏ ရိုက်ချက်ဖြင့် လူအုပ်ကြီးထဲသို့ လွင့်စင်ထွက်သွား၏။ သူ့သွားများက ကျွတ်ထွက်ကုန်ပြီး မြေပေါ်သို့ ပြုတ်ကျကုန်၏။

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။

ဖက်တီးလေးက ငိုချတော့မယောင် ဖြစ်နေချေပြီ။

သူသည် သူတတ်စွမ်းသမျှ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့၏။ အခုတော့ အားလုံးက အချည်းနှီး ဖြစ်ကုန်ပေပြီ။

ဆူဇီမို၏ ရိုက်ချက်များက အလွန်တရာ မြန်ဆန်လှပြီး မည်သူမျှ မ‌ရှောင်နိုင်သေးပေ။

ယခုအခါ စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်များက လုံးဝ ဒေါသထွက်နေကြပေပြီ။

များစွာသော စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်များသည် ဓါးပျံများကို ဆွဲထုတ်လိုက်ကြပြီး လေထဲတွင် ဝဲပျံနေစေ၍ အချိန်မရွေး စတင်တိုက်ခိုက်ကြဖို့ အသင့်ဖြစ်နေကြ၏။

နတ်ပန်းပဲ‌တောင်ထွတ်မှ တပည့်ဆယ့်လေးငါးယောက်ကလည်း ဆူဇီမိုကို ပိတ်ကာရပ်လိုက်ကြပြီး ဓါးပျံများကို ဆွဲထုတ်လိုက်ကြ၏။ တိုက်ပွဲက အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် အနေအထားပင်။

ဤသည်ကိုကြည့်၍ ဖုန်ဟောက်ယွီက ပိုလို့ ရွှင်ပျလာလေသည်။

“နေပါဦး.. မတိုက်ကြပါနဲ့ဦး မတိုက်ကြပါနဲ့ဦး”

အနေအထားကို ကြည့်၍ ဖက်တီးလေးသည် အကြပ်ရိုက်သွားပြီး သိုလှောင်အိတ်ထဲကနေ ညာလက်ဖြင့် ပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်၏။ သူသည် ဘယ်လက်ဖြင့် အဆောင်တစ်ခုကို ဆွဲထုတ်လိုက်ကာ ဆူဇီမို၏ ကျောကို ရိုက်ချလိုက်၏။

ချက်ခြင်းဆိုသလိုပင် ဆူဇီမို၏ ကိုယ်တစ်ဝိုက်တွင် အကာအကွယ် အလင်းအိမ်တစ်ခုက ပေါ်လာ၏။

၎င်းသည် ကာကွယ်ရေးအဆောင်တစ်ခု ဖြစ်၏။

ဖက်တီးလေးသည် ၎င်းအား သူ့အတွက်သုံးမည့်အစား ဆူဇီမိုကို ပေးလိုက်၏။

ဤလုပ်ရပ်က ဆူဇီမို၏ ရင်ကိုထိသွားစေ၏။

ဤလုပ်ရပ်ကြောင့် ဖက်တီးလေးသည် သူ၏ ရောင်းရင်းတပည့်များကို ဆန့်ကျင်မိသွားသည်မှာ ပြောစရာမလိုပေ။

“ဟေ့ကောင် ဖက်တီးပုတ်.. မင်းက ဘယ်ဘက်က နေမှာလဲ”  စိတ်ဝိညာဉ်တောင်ထွတ်၏ တပည့်တစ်ယောက်က လှမ်းအော်လိုက်၏။

ရုတ်တရတ်ဆိုသလို ဖက်တီးလေး၏ အမူအယာက ပျက်ယွင်းသွား၏။ သူ့မျက်နှာပေါ်က အပြုံးကလည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး ပြန်အော်လိုက်၏။

“ဘောပဲဟျောင့်.. ငါ့ဖာသာ ဘယ်ဘက်ကနေနေ မင်းစောက်ပူပါလို့လား”

ဖက်တီးလေး၏ အော်ဟစ်ကြိမ်းမောင်းသံက များစွာသော စိတ်ဝိညာဉ်တောင်ထွတ်က တပည့်များကို အံ့သြတုန်လှုပ်သွားစေ၏။

သူဂိုဏ်းကို စရောက်ကတည်းက ဖက်တီးလေး ဒေါသထွက်တာကို သည့်အရင်က သူမည်ကမျှ မမြင်ဖူးခဲ့ပေ။

သူ့အပြုအမူက မဆီလျော်တာကို နားလည်းသွားပြီး ဖက်တီးလေးက နှုတ်ခမ်းစူလိုက်၏။

“ငါ့ဘာသာ ဝတယ်ဆိုလဲ ဝတယ်ပေါ့.. ဒါပေမယ့် ငါ့ကို ဖက်တီးပုတ်လို့ခေါ်တဲ့လူတွေကို ငါအမုန်းဆုံးပဲ”

ရုတ်တရတ် ခပ်လှမ်းလှမ်းမှ အော်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“အားလုံးပဲ... လူခွဲကြစမ်း!”

အလင်းတန်းတစ်ခုက လျှင်မြန်စွာ ရောက်ရှိလာပြီး အားလုံး၏ အထက်၌ ဓါးပျံပေါ်တွင် မတ်တပ်ရပ်နေသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ပေါ်လာ၏။ သူ့နောက်တွင် ဖုန်‌ဟောက်ယွီစေလွှတ်ခဲ့သော တပည့်က ကပ်ပါလာ၏။

“စီနီယာအစ်ကိုချန်ကို နှုတ်ဆက်ပါတယ်”

“စီနီယာအစ်ကိုချန် ရောက်လာတာ အချိန်ကိုက်ပဲဗျို့.. ကျေးဇူးပြုပြီး တရားမျှတအောင် လုပ်ပေးပါဦးဗျာ.. ဒီနတ်ပန်းပဲတောင်ထွတ်က ဆူဇီမိုက ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ပြီး ဂိုဏ်းသားအချင်းချင်းကို တိုက်ခိုက်ခဲ့တယ်ဗျာ”

ဖက်တီးလေးက တီးတိုး ပြောလိုက်၏။

“နောင်ကြီး အဲ့လူကို သွားပြီး အာမခံမိစေနဲ့နော်.. သူက စည်းကမ်းထိန်းသိမ်းရေးခန်းမက အတွင်းစည်းတပည့်ချန်ယုပဲ.. အခု သူက ခင်ဗျားကို ပြဿနာရှာဖို့ ရောက်လာတာ ဖြစ်ရမယ်.. ဘာလို့ဆို သူက ဖုန်ဟောက်ယွီနဲ့ ရင်းနှီးတယ်လေ.. ကျေးဇူးပြုပြီး သည်းခံပါဗျာ”

ခဏရပ်ပြီးနောက် ဖက်တီးလေးက ဆူဇီမို သေချာသဘောမပေါက်မှာကို စိုးသောကြောင့် ဆက်ပြောလိုက်၏။

“ကျုပ်တို့က အတွင်းစည်းတပည့်တွေကို သွားပြီး ပုန်ကန်လို့ မရဘူးဗျ.. မဟုတ်ရင် ကျုပ်တို့ အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးပေးခံရတဲ့အခါ ဒုက္ခတွေ့လိမ့်မယ်.. နောက်ပြီးတော့ အခုသူက စည်းကမ်းထိန်းသိမ်းရေးခန်းမက ဖြစ်နေတာပဲ”

All Chapters