← Chapters

မင်းတို့ ငါ့ကို ကဗျာဖွဲ့ဖို့ ဖိအားပေးကိုပေးရမှ ဖြစ်မှာလား

Vol. 21 Ch. 310

မင်းတို့ ငါ့ကို ကဗျာဖွဲ့ဖို့ ဖိအားပေးကိုပေးရမှ ဖြစ်မှာလား

Vol. 21 Ch. 310

ပြောနေစရာပင် မလိုတော့ပေ။ ထိုအဖွဲ့၏ ပါဝင်မှုကြောင့် ကဗျာ ပလက်ဖောင်းတစ်ခုလုံးက သူတို့၏ နယ်မြေအဖြစ် ပြောင်းလဲသွားပြီး ကဗျာများရေးကာ အချင်းချင်း မျက်နှာချို သွေးနေကြလေသည်။

ဝေ့ပေါ်၌ သူတို့ အပြောအဆို ခံနေရသည်မှာ ကြာနေလေပြီ။

[ဒါကြီးက သောက်ကျိုးနည်း ဘာကြီးလဲ၊ ကဗျာကောင်း ဟုတ်လား၊ ငါ့ဖင်ကြီးကို ကောင်းနေလိုက်]

[အရမ်းစိုတာလား၊ သေချာပေါက်ကို စိုနေတာပေါ့၊ စိုနေလွန်းလို့ ငါ ကြည့်တောင် မကြည့်နိုင်ဘူး]

(စကားချပ် ကဗျာကောင်း 好湿 နှင့် အရမ်းစို 好诗ဟူသော စကားလုံးတို့က အသံထွက် ဆင်ပါတယ်)

[စီးပွားရေးအရ အချင်းချင်း မြှောက်ပင့်တယ်ဆိုရင်လည်း အကန့်အသန်လေးတော့ ရှိသင့်ပါတယ်ကွာ၊ ဒါကြီးက စကြဝဋ္ဌာလောက်ထိကို လွန်သွားပြီ]

[ဒီဟာမတိုင်ခင်တုန်းက သူတို့က ဝိုင်ရဲ့ ကဗျာကိုတောင် ဝေဖန်ရဲခဲ့သေးတယ်၊ အခု သူတို့နဲ့ ယှဉ်လိုက်ရင် ဝိုင်က ပညာရှင်တစ်ယောက်လိုပဲ]

[အပေါ်ကလူ၊ မင်း ပြောတာ မှားနေပြီကွ၊ ဝိုင်က နဂိုကတည်းက ပါရမီရှင်လေကွာ]

[ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး၊ တစ်ယောက်ယောက်လောက် ဝိုင်ကို ပုန်းနေရာကနေ ထွက်လာခိုင်းပြီး ကဗျာ နည်းနည်းလောက် ရေးခိုင်းစမ်းပါ၊ အဲ့ဒါမှ ငါ့မျက်လုံးတွေကို ဆေးလို့ရမှာ၊ ငါတို့ တရုတ်စာပေက အဲ့အရူးတွေကြောင့် ညစ်နွမ်းကုန်ပြီ]

…

စောဒကတက်သော အသံများ ဆက်လက် ထွက်ပေါ်နေလေသည်။ သူတို့ ရဲ့လင်းချန်၏ ဝေ့ပေါ် အကောင့်ထံ လာပြောသည်က မထူးဆန်းတော့ပါ။

သို့သော် အင်တာနက်ပေါ်၌ သဘောထား ကွဲလွဲမှု ပိုဖြစ်လေ ထိုအဖွဲ့၏ စိတ်လှုပ်ရှားမှုကို ပို၍ လောင်စာ ထည့်ပေးလိုက်သလို ဖြစ်သွားလေပင်။ သူတို့ တစ်ခါမှ အလွန် မကျော်ကြားဖူးပါ။ ယခု လူအများထံမှ အာရုံစိုက်ခြင်း ခံနေရသဖြင့် သူတို့ စိတ်မလှုပ်ရှားရန် မဖြစ်နိုင်ပေ။

သူတို့သည် တရုတ် ယဉ်ကျေးမှုကို ဖြန့်ဝေနေခြင်း ဖြစ်သည်။ သူတို့က တရုတ် ကဗျာများကို လူအများဆီသို့ ယူဆောင်လာပေးသူများ ဖြစ်ပေသည်။

သူတို့ ပခုံးတွင် လေးလံသော တာဝန်ဝတ္တရာများကို ထမ်းဆောင်ထားရသည်ဟု ခံစားမိကြီး ချက်ချင်း ကြောက်ရွံ့သလို ခံစားလာရသည်။

ထိုစဉ် နတ်ဘုရားများကို ပြစ်တင်ဝေဖန်ခဲ့သော စာရေးသူများ အဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌ ဟွမ်လီဟွာ လိုင်းပေါ် တက်လာပြီး သူ၏ အထင်အမြင်ကို ထပ်မံ၍ ပြောဆိုပြန်သည်။

အင်တာနက်ပေါ်မှ ဝေဖန်ပြောဆိုမှုများကို ဖတ်ပြီးနောက် သူ့ရင်ထဲ၌ စိတ်ပျက်သလို ခံစားလိုက်ရသည်။ လူများစွာက ဝိုင်၏ နာမည်ကို ထည့်ပြောလာပြီး သူ့အဖွဲ့၏ ကဗျာများက ဝိုင်နှင့် ဘာမှကို ယှဉ်လို့မရဟု ပြောသည်ကို မြင်သောအခါ သူ့စိတ်ရှည်သည်းခံမှုတို့ ကုန်ဆုံးသွားလေသည်။

*ငါ့အဖွဲ့အစည်းက ဘာအတွက် ရပ်တည်နေတာလဲ၊ ရိုးရာစာပေအတွက် ဆယ်စုနှစ်နဲ့ချီပြီး တည်ရှိနေခဲ့တာ၊ သူတို့က တရုတ် စာပေရဲ့ မျိုးဆက်တွေ၊ ဘယ်လိုလုပ် သူတို့က အွန်လိုင်း စာရေးသူတစ်ယောက်ရဲ့ ကျော်တက်တာကို ခံရတာလဲ*

သူ မနေနိုင်တော့ဘဲ ဝေ့ပေါ်၌ ပို့စ်တစ်ခု တင်လိုက်သည်။

[အခုတလော ဝေ့ပေါ်က ကဗျာရေးတဲ့ လူတွေနဲ့ အသက်ဝင်နေတယ်၊ လူတိုင်းရဲ့ အသံက ကျယ်လာပြီ၊ ဒါက တရုတ် ရိုးရာ စာပေရဲ့ တိုးတက်လာမှုကို ကိုယ်စားပြုတာပဲ၊ ပြီးတော့ ဒီအဖြစ်အပျက်က တရုတ် ရိုးရာ စာပေ ပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခွဲခြားမရတဲ့ အရာပဲ၊ ဒါ ငါတို့ကို အသိအမှတ် ပြုတဲ့ ပုံစံတစ်မျိုးမို့ ငါ ကျေနပ်မိတယ်၊ ဒါပေမဲ့ ငါ အခြားသော အသံတွေလည်း ကြားနေရတယ်၊ အဲ့ဒါကိုတော့ ငါ ရှေ့ထွက်ပြီး ပြောကိုပြောမှ ဖြစ်မယ်]

[ပထမဆုံးအနေနဲ့ ငါတို့ စာရေးသူများ အဖွဲ့အစည်းအတွင်းက အချို့သော ကဗျာတွေက စံချိန်စံနှုန်းနဲ့ မပြည့်မီဘူးဆိုတာကို ငါ ဝန်ခံတယ်၊ လူတိုင်း လူသစ်တစ်ယောက်အဖြစ် စတင်ခဲ့ရတာပဲလေ၊ သူတို့အတွက် သူတို့ လက်ရာတွေကို အားလုံးဆီ ချပြဖို့ သတ္တိလိုတယ်၊ ဒုတိယအနေနဲ့ ငါတို့ လက်ရာတွေထဲမှာ ကောင်းမွန်တဲ့ လက်ရာတွေ အများကြီး ရှိတယ်၊ ဥပမာ ပြောရရင် xx စာရေးသူ အဖွဲ့အစည်း ဥက္ကဋ္ဌ ရေးတဲ့ တောက်ပသော လစန္ဒာ၊ xx စာရေးသူ အဖွဲ့အစည်း ဒုဥက္ကဋ္ဌရေးတဲ့ အေးမြသော လေညင်း၊ xx စာရေးသူ အဖွဲ့အစည်း ဥက္ကဋ္ဌရေးတဲ့ စွတ်စွတ်ဖြူသော နှင်း၊ ဒီလက်ရာတွေက ဂန္ထဝင်လို့ သတ်မှတ်လို့ ရတယ်၊ ဝိုင်ရဲ့ ကဗျာတွေနဲ့ ယှဉ်လိုက်ရင် သူတို့တွေက အများကြီး ပိုကောင်းတယ်]

သူက စာပိုဒ်တစ်ခုလုံးကို ခပ်မြန်မြန် ရေးလိုက်ပြီး ဘဝခိုက်နေသော အပြုံးနှင့်အတူ ဝေ့ပေါ်ပေါ်သို့ တင်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် တင်လိုက်သည်နှင့် ကြည့်ရှုသူနှုန်းက တစ်ဟုန်ထိုး မြင့်တက်လာ၏။

[ချီးပဲ တော်တော် အရှက်မရှိတာပဲ၊ ရိုးရာ စာပေ တိုးတက်လာတာက သူတို့နဲ့ ဘာဆိုင်လို့လဲ]

[အခြေအနေကို စစ်ကြည့်ပါဦး၊ ဝိုင်ရဲ့ ကဗျာကြောင့် ဒီအစီအစဉ် ဖြစ်လာတာ ဟုတ်ပြီလား]

[ယီးပဲ ငါ ထပ်သည်းမခံနိုင်တော့ဘူး၊ ဒီငကြွားကောင်က ငါတို့ကို ချီးကျွေးနေတာလား၊ ဝိုင်ရေ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး …]

…

ထိုအခိုက်တွင် အခြားသော စာရေးသူ အဖွဲ့အစည်းမှ အဓိက အဖွဲ့ဝင်များက ထိုပို့စ်အောက်၌ ဝင်‌ရေးကြ လေသည်။

[ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌဟွမ်၊ ခင်ဗျားရဲ့ ကဗျာ ပန်းပွင့်က သိပ်ကို လှပလွန်းတယ်၊ တကယ့်ကို ဂန္ထဝင် ဆန်လွန်းပါတယ်]

[ဥက္ကဋ္ဌဟွမ်ရဲ့ စကားတွေကို ကျွန်တော်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို မြည်ဟီးနေပြီ၊ ဒါ မှန်ပါတယ်]

[ဥက္ကဋ္ဌဟွမ်ရဲ့ အကျဉ်းချုံး ရှင်းပြချက်က သိပ်တိကျတယ်၊ ဒါပေမဲ့ ကျုပ် နည်းနည်းလေး ထပ်ဖြည့် ချင်တယ်]

ထိုစဉ် စာရေးသူ အဖွဲ့အစည်း၏ အခြားသော ဒုက္ကဋ္ဌက ရှေ့ထွက်လာပြီး ဝင်ပြောသည်။

[လူတော်တော်များများက ဝိုင်ကိုတွဲတင်ပြီး သူ့ကို ကဗျာတစ်ပုဒ် စပ်ပေးဖို့ တောင်းဆိုနေကြတယ်၊ ဒါကို မြင်တော့ ကျုပ် ရယ်ချင်မိတယ်၊ အဲ့လူတွေက ကဗျာကို လုံးဝ နားမလည်ဘူးပဲ]

[ကဗျာရေးတာနဲ့ ပတ်သက်လာရင် အရည်အချင်းအပြင် ဈာန်ဝင်ဖို့လည်း လိုအပ်တယ်၊ ဈာန်ဝင်ခြင်းက အတွေးကောင်းတွေကို ယူဆောင်လာပေးတယ်၊ ကျုပ်တို့ကဗျာတွေက အခက်အခဲတွေ၊ ဒုက္ခတွေ ကြားထဲကနေ မွေးဖွားလာတာ၊ အဲ့ဒါရဲ့ သဘောတရားက မှန်ကန်တဲ့ ပတ်ဝန်းကျင်နဲ့အတူ ဖြစ်ပေါ်လာတာ၊ ဒီလူတွေက ဝိုင်ကို တွဲပြီး စာတင်ပြီးတော့ သူ့ကို ထွက်လာဖို့ ခေါ်နေကြတယ်၊ ဒါပေမဲ့ သူ့ကိုယ်သူ လူလုံးပြလို့လား၊ လုံးဝပဲလေ၊ သူက ရုတ်တရက်ကြီး ကဗျာတစ်ပုဒ် ဖန်တီးလိမ့်မယ်လို့ သူတို့ မျှော်လင့် နေတာလား၊ သူရဲ့ အရည်အချင်းအရဆိုရင်တော့ ငါ စိတ်မကောင်းဘူး၊ လုံးဝ မဖြစ်နိုင်ဘူး]

[ဥက္ကဋ္ဌရှစ် ပြောတာမှန်တယ်၊ ဒါက အဓိပ္ပာယ် ရှိတယ်]

[ဟားဟားဟား ဟုတ်တယ်၊ မင်းတို့လည်း သိမှာပါ၊ အခုနောက်ပိုင်း ဝိုင်က သူ့ကိုယ်သူ လူလုံးထွက် မပြတော့ဘူးလေ၊ မင်းတို့က သူ့ကို ကဗျာတစ်ပုဒ် ဖန်တီးစေချင်တာလား၊ ဆုတောင်း]

[လိုရင်းပဲ ပြောမယ်၊ ဥက္ကဋ္ဌ ပြောတဲ့အတိုင်းပဲ ကဗျာတစ်ပုဒ် ရေးတာက ဘယ်တုန်းက လွယ်သွားတာလဲ၊ သူ တစ်ပုဒ် ရေးနိုင်တယ်ဆိုရင် ငါ ချီးသုံးပုံ စားပစ်လိုက်မယ်]

စာရေးသူများ အဖွဲ့အစည်း၏ အဖွဲ့ဝင်များက ဆက်လက်၍ အမွှမ်းတင်စကား ဆိုနေကြသည်။

[ငါ ထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး၊ ငါ ထွက်ပြေးဖို့ လိုနေပြီ၊ ဒီလူတွေက လွန်လွန်းတယ်]

[အနည်းဆုံးတော့ ဝိုင်ရဲ့ ကဗျာတွေက သူတို့ဟာတွေထက် အဆတစ်ရာ ပိုကောင်းတယ်လို့ ခံစားမိတယ်၊ အရှက်မရှိတဲ့ဟာတွေ]

[အမှိုက်ကောင်တောင် သူတို့လို စရိုက်ကျမှာ မဟုတ်ဘူး၊ သူတို့က အတော်ဆုံးပဲ … သူတို့ရဲ့ ယှဉ်ကြွားရင် ရှုံးမှာပဲ]

သို့သော် လူအချို့က ယိမ်းယိုင်ကုန်ကြသည်။ စာရေးသူများ အဖွဲ့အစည်းက ဤပြဿနာ၌ အခွင့်အာဏာ ရှိနေသဖြင့် သူတို့ကို လက်ခံလာအောင် လုပ်ရန် ပိုလွယ်ပေသည်။

[ကိုယ့်လူတို့ အငြင်းမပွားဘဲ နေရအောင်လေ၊ စာရေးသူများ အဖွဲ့အစည်းမှာလည်း သူတို့အချက်နဲ့ သူတို့ပဲလေ၊ ဘယ်လိုလုပ် သူက ကဗျာတစ်ပုဒ်ကို ရုတ်တရက်ကြီး စပ်နိုင်မှာလဲ]

[အဲ့ဒီ ဥက္ကဋ္ဌရဲ့ ကဗျာတွေက အတော်‌လေး ကောင်းတယ်လို့ ငါ ထင်တယ်၊ ဖတ်လို့ကောင်းတယ်]

[ဝိုင်ရဲ့ အမာခံ ပရိသတ် အများစုက လက်တွေ့ကို အသိအမှတ် မပြုနိုင်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် အိပ်မက် ကမ္ဘာထဲမှာ နေနေကြတာ]

[ဟဲဟဲ လူတော်တော်များများက ယုံကြည်ဖို့ ငြင်းဆန်ကြတယ်၊ မင်းတို့ ဝိုင်ကို လူလုံးထွက်ပြလာအောင် လုပ်ပါလား၊ သူ ကဗျာတစ်ပုဒ် လက်တန်းစပ်ဖို့ မလိုပါဘူး၊ သုံးရက်အတွင်း လူတိုင်း ကြိုက်မယ့် ကဗျာတစ်ပုဒ် သူ ရေးနိုင်မယ်ဆိုရင် ငါ သူ့ဆီမှာ အညံ့ခံလိုက်မယ်]

ဥက္ကဋ္ဌရှစ်က စာရိုက်ရင်း ပို၍ မာန်တက်လာသည်။

[သူ ထွက်မလာရဲဘူးလို့ ငါ လောင်းရဲတယ်]

ရဲ့လင်းချန်သည် အစက အဖြစ်အပျက်ကို ကြည့်ရုံသာ ကြည့်ပြီး ဝင်မပါရန် စဉ်းစားထားခဲ့သည်။ သို့သော် မီးစက ထူးဆန်းစွာပင် သူ့ထံ စွဲကပ်လာ၏။

ပုတ်ခတ်ပြောဆိုမှုများက ရဲ့လင်းချန်၏ စိတ်အပေါ် သက်ရောက်မှု မရှိပါ။ ထိုအစား သူ့အား အနည်းငယ် စိတ်လှုပ်ရှားလာစေသည်။

*ဒီလူတွေက ငါ့တံခါးဝထိလာပြီး ရေပန်းစားမှုအမှတ်တွေ ပို့ပေးနေတာပါလား*

၎င်းသည် မူလက အသေးအဖွဲ ကိစ္စလေး ဖြစ်သော်လည်း သူတို့က ထိပ်တန်း ရှာဖွေမှုစာရင်းထဲ ပါသည်အထိ လုပ်နိုင်ခဲ့သည်။ ယင်းက သူ့အတွက် အတော်လေး အထောက်အကူ ဖြစ်စေသည်။

*လခွမ်း အံ့ဩစရာ ကောင်းလိုက်တဲ့ လူတွေပါလား*

*ငါက လူလုံးထွက်မပြရဲဘူးတဲ့လား၊ ဘာလို့ ငါ့လို ပါရမီရှင်က လူလုံးထွက်ပြရမှာလဲ*

*မင်းတို့က ငါ့ကို ကဗျာတစ်ပုဒ် စပ်ဖို့ ဖိအားပေးနေမှတော့ ငါကလည်း မင်းတို့အတိုင်း လိုက်လုပ်ပေး ရတာပေါ့*

ရဲ့လင်းချန် တွေဝေမနေဘဲ ဝေ့ပေါ်၌ ကြေညာလိုက်သည်။

[လက်တန်း ကဗျာ စပ်တာက အဲ့လောက် ခက်လို့လား]

ရိုးရှင်းသော စာလေး တစ်ကြောင်း ဖြစ်သော်လည်း ဝေ့ပေါ်အား တစ်ခဏအတွင်း အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။

[ချီးပဲ၊ စာရေးဆရာဝိုင်က ချက်ချင်း ပြန်ပြောတာလား]

[မြတ်စွာဘုရား၊ မြတ်စွာဘုရား နောက်ထပ် သွေးမိုးရွာတော့မှာပဲ]

[အဲ့လေသံကို မြင်လား၊ ဝိုင်က တန်းပြီး ကဗျာစပ်တော့မလို့လား မသိဘူး]

[ဝိုင်၊ မင်းက အရမ်း ထင်တိုင်းကြဲလွန်းတယ်၊ တစ်ဖက်လူက မင်းကို တမင်သက်သက် ဆွပေးနေတာ၊ မင်းက ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်နေပြီ]

[ဝိုင် သူတို့ကို ဥပေက္ခာ ပြုထားလိုက်ရအောင်၊ မင်းက ဘာလို့ သူတို့အတွက် လက်တန်း ကဗျာ စပ်ရမှာလဲ၊ ငါတို့လည်း အချိန်လိုတာပဲ]

တစ်ချိန်တည်းမှာပင် ပီကင်း တက္ကသိုလ်၏ ပါမောက္ခ ဝမ်ယွင်ကလည်း ဤအဖြစ်ကို လိုက်ကြည့်နေသည်။ စာရေးဆရာဝိုင်က စာတင်သည်ကို မြင်ပြီးနောက် သူ မလိုလားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

*ဒါက စိတ်ထင်ရာလုပ်လွန်းတယ်၊ လက်တန်း ကဗျာစပ်တာက ခုနစ်လှမ်းအတွင်း ကဗျာစပ်တာနဲ့ ဘာမှ မခြားနားဘူး၊ ရှေးခေတ်တုန်းက လူတွေတောင် အဲ့လိုလူကြောင့် အံ့ဩခဲ့ရတာ၊ အခုခေတ်မှာ အဲ့လိုလုပ်နိုင်ဖို့ ဖြစ်နိုင်လို့လား*

(စကားချပ် ခုနစ်လှမ်းအတွင်း ကဗျာစပ်ခြင်းဆိုတာက ဂန္ထဝင် စာပေထဲမှာ ပါတဲ့ ခုနစ်လှမ်းအတွင်း ကဗျာ စပ်နိုင်ရင်စပ်၊ မစပ်နိုင်ရင် အသတ်ခံရမယ်ဆိုတဲ့ ဉာဏ်ကြီးရှင် ပညာတော်သင်ကျောင်းသား တစ်ယောက်ကို ရည်ညွှန်းပြောဆိုထားတာပါ)

ရဲ့လင်းချန်သည် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို မသိကျိုးကျွန်ပြု၍ မျက်စိကို မှိတ်ကာ ကွန်ပျူတာပေါ်၌ စာမရိုက်ခင် တစ်ခဏမျှ အလေးအနက် တွေးတောနေလိုက်သည်။

[ပထမ ကဗျာ၊ လေညင်း]

[နှစ်သစ်ရဲ့ည၊ ကျောက်စိမ်းဧကရာဇ်ရဲ့ သံစဉ်တွေလိုပါပဲ

ညလေညင်းရဲ့ တိုက်ခတ်မှုမှာ ထောင်ချီတဲ့ ပန်းပွင့်တွေရဲ့ ရနံ့တွေ ပါဝင်နေလေရဲ့

ကြွေကြလာတဲ့ ကြယ်လေးတွေကလည်း တဖွဲဖွဲ ရွာသွန်းတဲ့ မိုးရေစက်တွေလိုပါပဲ]

အဖိုးတန် မြင်းရထားတွေက သွားလာနေလို့ စွတ်ကောင်းတစ်ခု ထင်ကျန်ရစ်လေတယ်

ဖီးနစ် ပလွေ တေးဂီတ ဖျော်ဖြေမှုက အချိန်တွေ ကုန်တာကို မှတ်တမ်းတင်နေလေရဲ့

ညမီးအိမ်တွေအောက်မှ ငါးတွေနဲ့ နဂါးလို ပုံသဏ္ဍာန်တွေက ကခုန် လှည့်ပတ်နေတယ်

သူမရဲ့ လိပ်ပြာပုံ ဆံထိုးလေးက ရွှေရောင်သန်းနေတယ်၊

ရယ်သံတွေ စကားပြောသံတွေကြားမှာ သူမရနံ့လေးက တဖြည်းဖြည်း လွင့်ပြယ်လာတယ်

လူအုပ်ထဲမှာ ငါ သူမရဲ့ အသွင်သဏ္ဌာန်ကို နေရာတိုင်းမှာ အချိန်နဲ့အမျှ ရှာနေမိတယ်

ငါ ရုတ်တရက် နောက်လှည့်ကြည့်လိုက်တော့ သူမကို အဲ့နေရာလေးမှာ တွေ့လိုက်တယ်

အလင်းရောင်တွေ မှေးမှိန်ပျောက်ကွယ်သွားတဲ့ နေရာလေးမှာပေါ့]

…

All Chapters