← Chapters

ဝရမ်းစာရင်း

Vol. 18 Ch. 271

ဝရမ်းစာရင်း

Vol. 18 Ch. 271

လေသည် ညင်သာစွာ တိုက်ခတ်နေပြီး နေမင်းကြီးက ရောင်ဝါများကို ထုတ်လွှတ်နေ၏။

ပင်လယ်ပြင်၌ လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေသည်။

မွန်းတည့်နေ၊ ကြည်ပြာရောင်ကောင်းကင်နှင့် နက်မှောင်သော ပင်လယ်ကြီးတို့က ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ရပ်ဖြစ်နေပေသည်။

ပင်လယ်ပြင်မှ ဓားငါးလေးများ ခုန်ထွက်လာပြီး လှိုင်းကြပ်ခွပ်လေးများ ပေါ်လာသောအခါတွင် ပတ်ဝန်းကျင်မြင်ကွင်းက ပို၍ပင် ရှုမောဖွယ်ကောင်းလှသည်။ တချိန်တည်းမှာပင် နေရောင်အောက်၌ ပင်လယ်ပြင်က သက်တန့်ရောင်အလင်းများကို ရောင်ပြန်ဟပ်နေ၏။

သက်တန့်၏ အလှတရားနှင့် နေရောင်ခြည်၏ နွေးထွေးခြင်းတို့က နက်မှောင်ပြီး အေးစက်သော ပင်လယ်ပြင်၏ မာယာပရိယာတချို့ကို အဝေးသို့ ဆောင်ကြဉ်းသွားသည်။ ထိုအချိန်၌ ပင်လယ်ပြင်မှာ ငြိမ်သက်အေးဆေးနေသည့်အလားပင်။

ထိုပင်လယ်ပြင်ပိုင်နက်သည် ချီရွှဲ့ထုံဂိုဏ်းနှင့် အလွန် ဝေးကွာပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်နှင့် ပို၍ နီးသည်။ စစ်ပွဲကြောင့် ထိုဒေသ၌ ကုန်တင်သင်္ဘောများစွာ မရှိပေ။ သို့သော် သိပ်သည်းထူထပ်သော ဓာတ်နှောများကြောင့် ပင်လယ်ထဲ၌ ပင်လယ်သတ္တဝါအများအပြားကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။

မိုဆာဆောတစ်ကောင် ပင်လယ်အောက်တွင် မြန်ဆန်စွာ သွားလာနေသည်။ ၎င်း၏ သွေးဆာနေသော မျက်နှာ၊ အသည်းအေးဖွယ် စူးရှချွန်ထက်သော သွားများနှင့် ၎င်း၏ အရှိန်အဝါတို့ကြောင့် ပင်လယ်သတ္တဝါအများစုက ဝေးဝေးမှ ရှောင်နေကြပေသည်။

အတားအဆီးမရှိ၍ မိုဆာဆောကြီးသည် မြန်ဆန်သည်ထက် မြန်ဆန်စွာ သွားလာနေ၏။ သို့သော် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ထိုမိုဆာဆောကြီးကို စေ့စပ်သေချာစွာ ကြည့်နေမည်ဆိုပါက ထိုမိုဆာဆောကြီးမှာ သက်ရှိသတ္တဝါတစ်ကောင် မဟုတ်သည်ကို သိရပေမည်။

ယင်းသည် မန္တန်မှ ဖြစ်ပေါ်လာသော သတ္တဝါဖြစ်ပြီး အထဲတွင် လူငယ်လေးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။

လူငယ်လေး၏ ခေါင်းပေါ်၌ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ကာ သူ့အရှိန်အဝါကို ဖုံးကွယ်ပေးနေသော မီးတောက်လှိုင်းများ စီးဆင်းနေသည့် အနက်ရောင်အမိုးအကာတစ်ခု ရှိသည်။

ထိုလူငယ်လေး၏ အဝတ်အစားများသည် စုတ်ပြတ်နေပြီး သူ့ပုံစံက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအများစုမှာ စုတ်ပြဲနေပြီး သူ့အရှိန်အဝါ မတည်မငြိမ် ဖြစ်နေသည်။ သူ့ဒဏ်ရာများက အလွန် ပြင်းထန်ပြီး သူ့ကိုယ်ထဲတွင် အနက်ရောင်ဖျော့ဖျော့အမျှင်တန်းတစ်ခု ရှိနေသည်။

ထိုအမျှင်တန်းမှာ လက်ဆုပ်လက်ကိုင်ပြ၍ မရဘဲ ပုံရိပ်ယောင်တစ်ခုအသွင်ဖြင့် ရှိနေသည်။ သို့သော်လည်း ထိုအမျှင်တန်းသည် လူငယ်လေး၏ အသွေးအသားများထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး သူ၏ပြန်လည်ကုစားခြင်းကို တားဆီးနေသည်။ ယင်းအပြင် ထိုအမျှင်တန်း ဖြတ်သန်းသွားသည့်နေရာတိုင်း လူငယ်လေး၏ အသားများ ခြောက်ကပ်ကာ တစ်ကိုယ်လုံး စုတ်ပြဲတော့မည့်အလားပင် သူ ခံစားနေရသည်။

ထိုလူငယ်လေးသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ လွတ်မြောက်လာခဲ့သော ရွှီချင်းမှလွဲ၍ တခြားလူ မဟုတ်ပေ။

သူ၏ တည်နေရာရွှေ့ပြောင်းခြင်းသည် အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်။ ပင်လယ်ထဲသို့ သူ တစ်ခါတည်း မရောက်ခဲ့ဘဲ ကမ်းရိုးတန်းတွင် ပေါ်လာခဲ့သည်။

သူသည် ရုပ်ဖျက်ခြင်းကို အမှီသဟဲပြု၍ ဒဏ်ရာများကို ကြိတ်မှိတ်တောင့်ခံရင်း ပင်လယ်ထဲသို့ အမြန်ဆုံး ထိုးဆင်းကာ အဝေးသို့ ထွက်ပြေးခဲ့သည်။ ထိုအတောအတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ထိပ်သီးကျင့်ကြံသူအနည်းငယ်ကို အာရုံခံမိခဲ့ပါသော်လည်း လုံခြုံဘေးကင်းစွာ ထွက်ပြေးနိုင်ခဲ့သည်။

ထိုသို့ သူ ဘေးကင်းသွားရသည့် အဓိကအကြောင်းအရင်းမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ခေါင်းဆောင်ကို အင်အားစိုက်ထုတ်၍ ရှာနေသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ရွှီချင်းကိုလည်း သူတို့ ရှာသည့်တိုင်အောင် ခေါင်းဆောင်ကို ရှာသည်နှင့် သိသိသာသာ ကွဲပြားသည်။

လက်ရှိအချိန်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဘိုးဘေးရုပ်ထုကြီး၏ နှာခေါင်းကြီး ပျက်စီးသွားသည်မှာ ဆယ်ရက်ရှိသွားပြီ ဖြစ်သည်။

ထိုဆယ်ရက်တာအတောအတွင်း ရွှီချင်းသည် မိုဆာဆောထဲ ဝင်ကာ ထွက်ပြေးနေခဲ့သည်။ သို့သော် သူ၏ဒဏ်ရာများ သက်သာမလာသည့်အတွက်ကြောင့် သူ့စိတ်ထဲ လေးလံနေ၏။

ထိုပုံရိပ်ယောင်အနက်ရောင်အမျှင်တန်းက သူ၏ ဒဏ်ရာသက်သာခြင်းအပေါ် သက်ရောက်နေခြင်းပင်။

ထိုအမျှင်တန်းသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူထံမှ လာခြင်း ဖြစ်သည်။ ရွှီချင်းမှာ လွတ်မြောက်သွားခဲ့ပါသော်လည်း သူ လွတ်မြောက်သွားပြီးနောက် သူ့ကိုယ်ပေါ် ထိုအနက်ရောင်အမျှင်တန်း ပေါ်လာခဲ့သည်။

ထိုအမျှင်တန်းသည် အလွန် အားကောင်းလှသည်။ သက်စောင့်မီးတောက်များကို လောင်ကျွမ်းစေလိုက်သည့်တိုင်အောင် ၎င်းကို မသတ်နိုင်ခဲ့ပေ။ သက်စောင့်မီးအိမ်ကို ထွန်းညှိလိုက်သောအခါတွင် ၎င်းမှာ ကြောက်ရွံ့ဟန်ဖြစ်သွားပါသော်လည်း ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေး၍ သက်စောင့်မီးအိမ်၏ အစွမ်းကို အပြည့်အဝ အသုံးမချနိုင်သေးပေ။ ထို့ကြောင့် ထိုအမျှင်တန်းကို အပြီးတိုင် မသတ်ဖြတ်နိုင်ဘဲ ရပ်တန့်ရုံသာ သူ လုပ်နိုင်သေးသည်။

ရွှီချင်းသည် ထီးနက်ကို ရုပ်လုံးပေါ်စေလိုက်ပြီး အနက်ရောင်အမျှင်တန်း၏ အရှိန်အဝါကို ပျံ့နှံ့မသွားစေရန် တားဆီးလိုက်သည်။ ထိုဆယ်ရက်အတွင်း ကျင်းဝူလျန့်ဝမ့်လင်အတတ်ကိုလည်း အသုံးချကာ ထိုအနက်ရောင်အမျှင်တန်းကို သန့်စင်လိုက်သည်။

ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ အဆင့်အတန်းက အလွန် မြင့်မားသည်။ ရွှီချင်း၏ ကျင့်ကြံခြင်းအစွမ်းဖြင့် ထိုအတတ်ကို အစွမ်းကုန် မထုတ်ဖော်နိုင်သေးသည့်တိုင်အောင် သက်စောင့်မီးအိမ်နှင့်အတူ အနက်ရောင်အမျှင်တန်းကို သူ တဖြည်းဖြည်း တိုက်စားလာနိုင်ခဲ့သည်။ နောက်ဆုံး၌ အရိပ်လေးကိုပင် ထိုအမျှင်တန်းကို သူ ဝါးမျိုစေခဲ့သည်။ ထိုရင်းမြစ်သုံးခု၏ အစွမ်းကြောင့် နောက်ဆုံးတွင် ထိုအမျှင်တန်းမှာ လွင့်ပျယ်တော့မည့်လက္ခဏာများ ပြသလာသည်။

ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကြာသွားသည်။ တစ်လခွဲကြာပြီးနောက်တွင် ရွှီချင်းမှာ အနက်ရောင်အမျှင်တန်းကို ဖျက်ဆီးနိုင်ခဲ့သည်။

ထိုအနက်ရောင်အမျှင်တန်း ပျောက်ကွယ်သွားသည့်အခိုက် သူ သွေးမည်းတစ်လုပ်စာ အန်လိုက်သည်။

ထိုသွေးများတွင် ပြင်းထန်သော အဆိပ်များ ပါဝင်နေသည်။ ထိုသွေးများက မိုဆာဆောကို စွန်းထင်းကာ ပင်လယ်ထဲသို့ ပျံ့နှံ့သွားတော့မည့်အချိန်တွင် ရွှီချင်းသည် ပုလင်းလေးတစ်လုံးကို ထုတ်၍ သူ အန်လိုက်သည့် သွေးများကို သိမ်းဆည်းလိုက်သည်။

သူ အန်လိုက်သည့် သွေးတစ်လုပ်စာတွင် ယခင်က သူ တစ်ခါမှ မကြုံဖူးခဲ့သည့် အဆိပ်တစ်မျိုး ပါနေသည်ကို သူ အာရုံခံမိသည်။ ပို၍ တိကျစွာပြောရလျှင် ယင်းသည် အဆိပ်မဟုတ်ပေ။ ထိုသွေးများထဲတွင် မျက်လုံးဖြင့် စစ်ဆေးရန် ခက်ခဲသည့် မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်လေးများ ရှိနေသည်ကို သူ အာရုံခံမိသည်။

ထိုအနက်ရောင်အမျှင်တန်းသည် ထိုပိုးကောင်နက်လေးများစွာ စုပေါင်း၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“ ငါ လေ့လာရမယ်။ ဒီသွေးက ငါ့ရဲ့ဝှက်ဖဲတစ်ချပ် ဖြစ်လာနိုင်တယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပုလင်းကို ဂရုတစိုက် သိမ်းဆည်းပြီးနောက် ဒဏ်ရာများကို ကုသရန်ကိစ္စတွင် အာရုံစိုက်လိုက်သည်။

အနက်ရောင်အမျှင်တန်း ပျောက်ကွယ်သွားပြီဖြစ်၍ ရွှီချင်းမှာ မြန်ဆန်စွာ ပြန်လည်သက်သာလာသည်။ ထိုသို့ သက်သာလာစဉ်အတောအတွင်း ယခုတစ်ခေါက် သူ အချီကြီး ပွခဲ့သည်ကို သူ ပြန်တွေးရင်း ဓမ္မတံခါးခြောက်ဆယ့်ငါးခု ဖွင့်နိုင်ပြီဖြစ်၍ ကျေနပ်အားရနေသည်။

“ တန်တယ်ကွာ ”

ရွှီချင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သိုလှောင်အိတ်ထဲမှ ပစ္စည်းကို တွေးမိလိုက်သည်။ ထိုပစ္စည်းသည် ပေတစ်ရာကျော် အရွယ်အစားရှိပြီး ပုံစံအတိအကျမရှိဘဲ တစ်ချက်ကြည့်ရုံဖြင့် မည်သည့်ပစ္စည်းမှန်း ပြောရန် ခက်ခဲသည်။

ထိုပစ္စည်း၏ အပြည့်အစုံပုံသဏ္ဍာန်ကို အမှန်တကယ် မြင်ဖူးထားသူများသည်သာ ထိုပစ္စည်းမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ သတ္တမမြောက်ဘိုးဘေးရုပ်ထုကြီး၏ နှာခေါင်းအစိတ်အပိုင်းတစ်ခုဖြစ်သည်ကို သိပေမည်။

ထိုပစ္စည်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပိုင်နက်မှ ထွက်သွားသည်နှင့် ပြောင်းလဲကာ သာမန်ပစ္စည်းဖြစ်သွားသည့်အလား မီးခိုးရောင်ပြောင်းသွားသည်။ ယင်းပစ္စည်းကို ကြည့်လိုက်လျှင် ထူးဆန်းသည်ဟု မခံစားရတော့ပေ။

သို့တိုင်အောင်ရွှီချင်းသည် ထိုပစ္စည်းကို လွှင့်မပစ်ပေ။ ထိုပစ္စည်းတွင် နောက်ထပ်အသုံးဝင်သောနေရာ ရှိနိုင်သည်ဟု သူ ခံစားမိသည်။ ယင်းပစ္စည်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် အထွတ်အမြတ်ထားရာ နှာခေါင်းကြီး ဖြစ်သည် မဟုတ်ပါလား။

ရွှီချင်းသည် သူ လုပ်ခဲ့သည့်ကိစ္စကြောင့် မည်သည့်မုန်တိုင်းမျိုး ဖြစ်ပေါ်လာမည်ကို မသိပေ။ သူ အနည်းငယ် ခန့်မှန်းထားခဲ့ပါသော်လည်း မိုးမီးလောင်စေမည့် ကိစ္စမျိုး ဖြစ်မည်ဟူ၍ မထင်ပေ။

အလွန်ဆုံးအနေဖြင့် သူနှင့်ခေါင်းဆောင်တို့ ဝိညာဉ်ရေအနည်းငယ် သောက်ခဲ့ခြင်းသာ ရှိသည်။ ယင်းအပြင် ခေါင်းဆောင်က ရုပ်ထု၏ ခြေချောင်းကို ကိုက်ခဲ့မိ၍ ရုပ်ထု၏ အတွင်းထဲမှာ မျှခြေမညီတော့၍ ပြိုကွဲသွားခြင်းသာ ရှိသည်။

ထို့ထက်ပို၍ သူတို့ မလုပ်ခဲ့ပေ။ ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုအကြောင်း ခေါင်းဆောင် ပြောပြ၍ သူ သိခဲ့ရပြီး ထိုရုပ်ထုကြီးများက ပြန်လည်၍ အကောင်းပကတိဖြစ်နိုင်သည်ကို သိခဲ့သည်။ ထိုသတ္တမမြောက်ဘိုးဘေးရုပ်ထုကြီးမှာလည်း မူလအတိုင်း အကောင်းပကတိ ပြန်ဖြစ်နေလောက်ပေပြီ။

ခေါင်းဆောင်မှာမူ …

“ သူ မသေလောက်ပါဘူး ”

မည်သည့်အတွက်ကြောင့်မှန်း ရွှီချင်း မသိပါသော်လည်း ခေါင်းဆောင် အလွယ်တကူ သေမည်မဟုတ်သည်ကို သူ ခံစားမိသည်။ ထို့ကြောင့် ထိုအကြောင်းကို သူ များစွာ တွေးတောမနေတော့ပေ။ သူက မိုဆာဆောကြီးထဲတွင် ဆက်ထိုင်နေလိုက်ပြီး ဒဏ်ရာများကို ကုသရင်း မိုဆာဆောကြီး၏ ခေါင်းကို ထိန်းချုပ်၍ ရေသူမကျွန်းတည့်တည့်သို့ ဦးတည်လိုက်သည်။

ချီရွှဲ့ထုံဂိုဏ်းသို့ သူ ပြန်ရပေမည်။

သို့သော် ဤနေရာသည် ချီရွှဲ့ထုံဂိုဏ်းနှင့် အလွန် ဝေးကွာပြီး ယခုအတိုင်း ချီရွှဲ့ထုံဂိုဏ်းသို့ သွားမည်ဆိုပါက တစ်နှစ်ကြာသည့်တိုင်အောင် ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်ဦးမည် မဟုတ်ပေ။ ရေသူမကျွန်းပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုခြင်းသည်သာ အလွယ်ကူဆုံး ဖြစ်သည်။

ယင်းအပြင် စစ်ပွဲထဲ ပါဝင်နေသူတစ်ယောက်ဖြစ်၍ တည်နေရာရွှေ့ပြောင်းခမှာ အလကားဖြစ်သည်။ ထို့ကြောင့် ယင်းသည် ရွှီချင်း၏ ပထမရွေးချယ်မှု ဖြစ်သည်။

ရွှီချင်းသည် ဒဏ်ရာများကို ကုသရင်း မြန်ဆန်စွာ ခရီးဆက်နေစဉ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ၌ ဆူညံပွက်လောရိုက်နေသည်။ ပထမဦးစွာ သတ္တမမြောက် ဘိုးဘေးရုပ်အလောင်းရုပ်ထုကြီး၏ နှာခေါင်းကိစ္စမှာ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် ယင်းသည် တုန်လှုပ်ချောက်ချားသွားစေသော ကိစ္စတစ်ခုဖြစ်သည်။ ထိုသတင်း ပျံ့နှံ့သွားသည်နှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြသည်။

အထူးသဖြင့် သတ္တမမြောက် ဘိုးဘေးရုပ်အလောင်းရုပ်ထုကြီးဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဖြစ်လာကြသူများပင်။ သူတို့သည် အကြီးအကျယ် ဒေါသထွက်နေကြပြီး သူတို့နှင့် သတ္တမမြောက် ဘိုးဘေးရုပ်အလောင်းရုပ်ထုကြီးကြားတွင် နက်နဲသိမ်မွေ့သော အချိတ်အဆက်တစ်ခု ရှိနေသည်။

သို့ဖြစ်၍ သတ္တမမြောက်ဘိုးဘေးရုပ်အလောင်းရုပ်ထုကြီး၏ နှာခေါင်းကြီး ပျောက်ကွယ်သွားသည့်ကိစ္စသည် သူတို့အတွက် အကြီးအကျယ် အရှက်ရစရာ ကိစ္စကြီး ဖြစ်နေသည်။ ယင်းအပြင် လေ့လာစုံစမ်းရာမှတစ်ဆင့် ကြားရသော သတင်းကြောင့် သူတို့၏ အရှက်ရသည့်စိတ်ကို ငယ်ထိပ်သို့ ရောက်သွားစေခဲ့သည်။ ယင်းသတင်းမှာ သူခိုးနှစ်ယောက်က ချီရွှဲ့ထုံဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်သာ ဖြစ်နေသည်ဆိုသော သတင်းပင် ဖြစ်သည်။

အခြေတည်အဆင့်ဆိုသည်မှာ သာမန်လူများအမြင်၌ အလွန် အစွမ်းထက်ပါသော်ငြား မျိုးနွယ်ကြီးတစ်ခုအနေဖြင့် ယင်းအဆင့်မှာ စာမဖွဲ့လောက်ပေ။ ထိုကဲ့သို့ သာမညကျင့်ကြံသူလေးနှစ်ယောက်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အခြေစိုက်စခန်းမှာ မိုးမြေတုန်ဟီးစေသော ရာဇဝတ်မှုကြီး ကျူးလွန်သွားခဲ့သည်ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ ရှိမည်နည်း။

သာမန်မျိုးနွယ်ဝင်များပင် မဆိုထားဘိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဘုရင်၊ နန်းမျိုးဆက်များနှင့် အကြီးအကဲများသည်ပင် အကြီးအကျယ် ဒေါသထွက်နေကြသည်။

ထိုကိစ္စသည် မုန်တိုင်းတစ်ခုပမာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲ ပျံ့နှံ့သွားပြီးနောက် ချီရွှဲ့ထုံဂိုဏ်းနှင့် စစ်ပွဲအပေါ် သက်ရောက်သွားလေသည်။

စစ်မြေပြင်ရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အများစုမှာ ဆူညံပွက်လောရိုက်ကာ ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။ ယင်းသည် ရဲစွမ်းသတ္တိ ထကြွလာခြင်းဖြစ်ပါသော်လည်း ယင်းကြောင့် စစ်ပွဲဗျူဟာများကို ပြောင်းလဲသွားစေကာ အခြေအနေများကို မငြိမ်မသက်ဖြစ်သွားစေသည်။

စစ်ဖြစ်သောအခါ လက်အောက်ငယ်သားများ၏ အမျက်ဒေါသကို အသုံးချရာတွင် ထူးချွန်သော စစ်သေနာပတိများ ရှိပါသော်ငြား အမျက်ဒေါသဆိုသည်မှာ နှစ်ဖက်ချွန်ဓားတစ်လက်နှင့် ဆင်တူသည်။ မဆင်မခြင် အသုံးချမိပါက ကိုယ့်ကိုယ်ကိုသာ ပြန်လည်ထိခိုက်မိမည် ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်းမှ ဉာဏ်များသော မြေခွေးအိုကြီးများသည် ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံမည်နည်း။ သူတို့သည် ချက်ချင်းပင် တိုက်ပွဲအဟုန်ကို မြှင့်တင်လိုက်ရာ လဝက်အတွင်း တိုက်ပွဲမှာ နှစ်ဆခန့် ပြင်းထန်လာခဲ့သည်။

ပထမတွင် ချီရွှဲ့ထုံဂိုဏ်းမှ အထက်ပိုင်းပုဂ္ဂိုလ်များမှာ အံ့အားသင့်သွားခဲ့ကြပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းသားနှစ်ယောက်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲ၌ မိုးမြေတုန်ဟီးစေသော ကိစ္စကြီးတစ်ခု လုပ်ခဲ့သည်ကို ချက်ချင်း သိသွားကြသည်။

သူတို့သည်လည်း ကြားလိုက်ရသောသတင်းများကြောင့် အံ့သြတုန်လှုပ်သွားကြသည်။ တောင်သခင်များက သတ္တမမြောက်တောင်သခင်ကြီးကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ သူတို့ သိရသရွေ့ သတ္တမမြောက်တောင်သခင်ကြီး၏ တပည့်များသည်သာ ထိုကဲ့သို့ ကိစ္စများကို လုပ်တတ်ကြသည် မဟုတ်ပါလား။

ပြီးခဲ့သည့်နှစ်ပေါင်းခြောက်ဆယ်အကြာက ထိုကဲ့သို့ ကိစ္စမျိုး သတ္တမမြောက်တောင်သခင်ကြီး လုပ်ခဲ့ဖူးပြီး ယခုလောက် မကြီးသွားခဲ့ခြင်းသာ ရှိသည်။

သတ္တမမြောက်တောင်သခင်ကြီးသည်လည်း အံ့အားသင့်နေရ၏။ တစ်စုံတစ်ခုကို သူ တွေးမိလိုက်ပြီး မျက်နှာတစ်မျိုး ဖြစ်သွားပါသော်လည်း သူ တစ်ခွန်းမှ မဆိုပေ။

မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စကြီးသည် ချီရွှဲ့ထုံဂိုဏ်း၏ စစ်ပွဲအဟုန်ကို ကြီးစွာ တိုးတက်သွားစေခဲ့သည်။ ဘိုးဘေးသည်ပင် ပို၍ သဘောကျသွားရပြီး ကြီးကြီးမားမား အကျိုးဆောင်ခဲ့ကြသည့် ထိုဂိုဏ်းသားနှစ်ယောက်ကို ဆုများချီးမြှင့်မည်ဖြစ်ကြောင်း ကိုယ်တိုင် ထုတ်ပြောလိုက်သည်။

ထိုကဲ့သို့ ကိစ္စကြီးအား လုပ်ဆောင်ခဲ့ကြသည့် ဂိုဏ်းသားနှစ်ယောက်၏ နာမည်များကိုမူ ချီရွှဲ့ထုံဂိုဏ်း မစုံစမ်းနိုင်သေးခင်မှာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က သူတို့ကို ကူညီ၍ ရှာဖွေပေးလိုက်သည်။

ထိုဂိုဏ်းသားနှစ်ယောက်၏ နောက်ခံအကြောင်းအရာများကို စုံစမ်းပြီးနောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဝရမ်းစာရင်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ထိုဝရမ်းစာရင်းမှာ စစ်ပွဲမတိုင်ခင်ကတည်းက ရှိနေခဲ့ပြီး ပထမမှာ ရွှယ်လျန့်ကျစ်ဖြစ်ပြီး ဆုကြေးငွေကို ရက်ရက်ရောရော ပေးထားသည်။ ဒုတိယမှာ သတ္တမမြောက်တောင်သခင်ကြီးဖြစ်ပြီး သူ့နောက်တွင် တောင်သခင်များနှင့် လက်ထောက်တောင်သခင်များ ရှိသည်။

ထိုဆယ်ယောက်ကျော်ပြီးနောက် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်သည်။

ယခုတွင် ဝရမ်းစာရင်း အသစ်ပြောင်းလဲသွားပြီဖြစ်သည်။

ဝရမ်းစာရင်း

ပထမ၊ ချန်အားညို

သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ လူဆိုးထိန်းဌာနရဲ့ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဘိုးဘေးရုပ်ထု ရာဇဝတ်မှုမှာ သူက အဓိကလက်သည်တရားခံပဲ။ အဲဒီလူကို မြင်တာနဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှန်သမျှ သူ့အသားကို တစစီဖြတ်ပြီး အသားနဲ့သွေးကို ဝါးမျိုနိုင်အောင် အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားကြရမယ်။ အဲဒီလူကို သတ်နိုင်တဲ့သူမှန်သမျှ ဝိညာဉ်ကျောက်တုံးသန်းတစ်ရာ ရမယ့်အပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ မဟာတာအိုကို ဆက်ခံနိုင်မယ်။ ဘုရင်အလောင်းအလျာဖြစ်လာမယ့်အပြင် ရတနာသိုက်ထဲက ကြိုက်နှစ်သက်တဲ့ ပစ္စည်းဆယ်မျိုးကို ယူခွင့်ရှိမယ်။

ဒုတိယ၊ ရွှီချင်း

သတ္တမမြောက်တောင်ထိပ်က ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ လူဆိုးထိန်းဌာနရဲ့ လက်ထောက်ဌာနမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဘိုးဘေးရုပ်ထုရာဇဝတ်မှုမှာ သူက ကြံရာပါပဲ။ သူ့ကို မြင်တဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှန်သမျှ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ရမယ်။ သူ့ကို သတ်နိုင်တဲ့သူ မှန်သမျှ ဝိညာဉ်ကျောက်တုံးသန်းခုနစ်ဆယ်အပြင် ဘုရင်အလောင်းအလျာဂုဏ်ပုဒ်နဲ့ ရတနာသိုက်ထဲက ကြိုက်နှစ်သက်ရာ ရတနာဆယ်မျိုးကို ယူခွင့်ရှိမယ်။

တတိယ၊ ချီရွှဲ့ထုံဂိုဏ်းရဲ့ဘိုးဘေး၊ ရွှယ်လျန့်ကျစ် …

All Chapters